သထုံမြို့၌ ကားတိုက်ခံရ၍ အမျိုးသားတစ်ဦး သေဆုံး

2285
စော(NP News) - ဩဂုတ် ၂ဝ
မွန်ပြည်နယ်၊ သထုံမြို့၊ ဒုံးဝန်းကျေးရွာအုပ်စု၊ ဇရပ်ကျွန်းကျေးရွာတွင် ကားတိုက်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဩဂုတ်လ ၁၉ရက်)၊ ည(၈)နာရီ ၃ဝ မိနစ် ဝန်းကျင်အချိန်တွင် ဇရပ်ကျွန်းကျေးရွာ၊ ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမပေါ်၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မိုးကောင်းကယ်ဆယ်ရေး နှင့် နာရေးကူညီမှုအသင်းထံမှ သိရသည်။
"အဲဒီနေရာက လူပြတ်တယ်နောက်ပြီး အိမ်တွေလည်းမရှိဘူး။ ဘာကားတိုက်သွားတာလည်း မသိဘူး။ မိသားစုနဲ့ တော့ အဆက်အသွယ်ရပြီကြားတယ်" ဟု မိုးကောင်းကယ်ဆယ်ရေးနှင့် နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူ တစ်ဦးက NP News ကို ပြောသည်။
အဆိုပါအမျိုးသားသည် အသက် (၃ဝ)နှစ် ဝန်းကျင်ရှိပြီး ဦးခေါင်းနှင့် ခြေထောက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားကြောင်း သိရသည်။
၎င်း၏ ရုပ်အလောင်းအား သိမ်ဆပ်တိုက်နယ်ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Zawgyi Version;
သထုံၿမိဳ႕၌ ကားတိုက္ခံရ၍ အမ်ိဳးသားတစ္ဦး ေသဆုံး
ေစာ(NP News) - ဩဂုတ္ ၂ဝ
မြန္ျပည္နယ္၊ သထုံၿမိဳ႕၊ ဒုံးဝန္းေက်း႐ြာအုပ္စု၊ ဇရပ္ကြၽန္းေက်း႐ြာတြင္ ကားတိုက္ခံရ၍ အမ်ိဳးသားတစ္ဦး ေသဆုံးခဲ့ ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ဩဂုတ္လ ၁၉ရက္)၊ ည(၈)နာရီ ၃ဝ မိနစ္ ဝန္းက်င္အခ်ိန္တြင္ ဇရပ္ကြၽန္းေက်း႐ြာ၊ ရန္ကုန္-ေမာ္လၿမိဳင္အေဝးေျပးလမ္းမေပၚ၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း မိုးေကာင္းကယ္ဆယ္ေရး ႏွင့္ နာေရးကူညီမႈအသင္းထံမွ သိရသည္။
"အဲဒီေနရာက လူျပတ္တယ္ေနာက္ၿပီး အိမ္ေတြလည္းမရွိဘူး။ ဘာကားတိုက္သြားတာလည္း မသိဘူး။ မိသားစုနဲ႔ ေတာ့ အဆက္အသြယ္ရၿပီၾကားတယ္" ဟု မိုးေကာင္းကယ္ဆယ္ေရးႏွင့္ နာေရးကူညီမႈအသင္းမွ တာဝန္ရွိသူ တစ္ဦးက NP News ကို ေျပာသည္။
အဆိုပါအမ်ိဳးသားသည္ အသက္ (၃ဝ)ႏွစ္ ဝန္းက်င္ရွိၿပီး ဦးေခါင္းႏွင့္ ေျခေထာက္တြင္ ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး အခင္းျဖစ္ပြားရာေနရာတြင္ ေသဆုံးသြားေၾကာင္း သိရသည္။
၎၏ ႐ုပ္အေလာင္းအား သိမ္ဆပ္တိုက္နယ္ေဆး႐ုံ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။