ပေါင်စတာလင်ကို ဝုန်းကနဲ့ ပြိုကျအောင် ဖြိုလှဲပြီး အမြတ်ထုတ်ခဲ့သူ (ဘာသာပြန်ဆောင်းပါး)

 1860

မောင်တင်ထွန်း (နတ်မောက်) (NP News) - ဩဂုတ် ၂၁

လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက်က ဥရောပတိုက်မှာ ယူရိုဆိုတဲ့ ဘုံငွေကြေးတစ်ရပ်မပေါ်ပေါက်ခင်မှာ အနောက်ဥရောပနိုင်ငံများရဲ့ ငွေကြေးတွေအကြားမှာ ERM – Exchange Rate Mechanism ဆိုတဲ့ အပြန်အလှန် လဲလှယ်နှုန်းပုံသေသတ်မှတ်တဲ့ စနစ်နဲ့ ကုန်စည်ကူးသန်းရောင်းဝယ်ခဲ့ကြပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက်မှာ ဥရောပနိုင်ငံတွေက ကမ္ဘာစစ်လို အဖျက်အဆီးမျိုးထပ်မံမပေါ်ပေါက် ရလေအောင် ကာကွယ်ဖို့ဆိုရင် အချင်းချင်းချည်နှောင်ထားပြီး နီးနီးကပ်ကပ် ပူးပေါင်းထားတဲ့ ပြည်ထောင်စုတစ်ခု ဖွဲ့စည်းခြင်းကသာ တစ်ခုတည်းသောနည်းလမ်းလို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ စဉ်းစားကြတာက ဥရောပစီးပွားရေးဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အပြန်အလှန်အမှီသဟဲပြုနေကြမယ်ဆိုရင် နောက်ထပ်စစ်ပွဲတစ်ခုဖြစ်ပေါ်လာဖို့ မလွယ်ဘူးဆိုတဲ့ အိုင်ဒီယာပါ။ အန္တိမ ရည်မှန်းချက်ကတော့ ယူရိုငွေကြေးဆိုတာကို ဖန်တီးဖို့ပါ။ ဒါပေမယ့် အဲဒီတစ်ခုတည်းသော ဘုံငွေကြေးကို ၁၉၉၉ ခုနှစ်မှာ မစတင်မီ သူတို့နိုင်ငံအသီးသီးရဲ့ငွေကြေးတွေကို စီမံခန့်ခွဲဖို့ စနစ်တစ်ခုရှိခဲ့ပါတယ်။ ၁၉၇၉ ခုနှစ်မှာတုန်းက ဥရောပသမဂ္ဂဟာ သူတို့နိုင်ငံတွေရဲ့ ကိုယ်ပိုင်ငွေကြေးတွေကို စွန့်လွှတ်ဖို့ အဆင်သင့်မဖြစ်သေးပါ။ ဒါပေမယ့် သူတို့ရဲ့ငွေကြေးတွေကို ပုံသေသတ်မှတ်ထားတဲ့ နှုန်းတွေနဲ့ ချိတ်ဆက်ထားကြဖို့ သဘောတူထားကြပါတယ်။ ဒီလိုနည်းနဲ့ တစ်နိုင်ငံနဲ့တစ်နိုင်ငံဖြတ်ကျော်စီးပွားရေးလုပ်ကြတဲ့အခါ ငွေလဲနှုန်းအတက်အကျဖြစ်မှုကို ထိထိရောက် ရောက်ရှောင်ရှားနိုင်ပါတယ်။ ဒီစနစ်ကို ငွေလဲလှယ်နှုန်း ယန္တယား (Exchange Rate Mechanism- ERM) လို့ခေါ်ပြီး စာရွက်ပေါ်မှာတော့ အလုပ်လုပ်ရတာအလွန့်ကို အဆင်ပြေပါတယ်။ ဒါပေမယ့် အဲဒီနိုင်ငံတွေရဲ့ ဗဟိုဘဏ်တွေအတွက်တော့ အလွန်အားနည်းတဲ့ ပျော့ကွက်ဖြစ်စေပါတယ်။ အားလုံးသိကြတဲ့အတိုင်းဘဲ နေ့စဉ်နေ့စဉ် သွင်းကုန်ထုတ်ကုန်တွေအတွက် ကြီးမားတဲ့ ငွေကြေးပမာဏ ကို ဝယ်ကြရောင်းကြ အသွင်းအထုတ်လုပ်ကြရတဲ့အခါ စျေးကွက်ထဲက တကယ့်ငွေလဲနှုန်းအပေါ် သိသာတဲ့ ရိုက်ခတ်မှုဖြစ်စေပါတယ်။ ဒါကြောင့် နိုင်ငံတစ်နိုင်ငံဟာ ERM စနစ်ထဲမှာ ပါဝင်လာပြီဆိုရင် ဗဟိုဘဏ်ဟာစျေးကွက်ကို အဆက်မပြတ်စောင့်ကြည့်နေရပါတယ်။ တကယ်လို့ ငွေလဲနှုန်းက ပြင်ပနှုန်းနဲ့ သိပ်ပြီးကွာဟလာရင် ဝင်ရောက်စွက်ဖက်မှုလုပ်ရပါတယ်။ တကယ်လို့ ဝယ်ယူသူသိပ်များ လာရင် ဗဟိုဘဏ်ကဝင်ပြီး ရောင်းချပေးရပါတယ်။ တကယ်လို့ လူတွေက ရောင်းချမှု များလာရင် ဗဟိုဘဏ်က ဝင်ရောက်ပြီး ဝယ်ပေးရပါတယ်။ အသေးစိတ်အချက်အလက်တွေကိုဘေးဖယ်ထားပြီး ပြောရမယ်ဆိုရင် ERM စနစ်က ချို့ယွင်းချက်အပြစ်အနာအဆာရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ နိုင်ငံတိုင်းက တမူစီထူးခြားချက်တွေရှိနေလို့ပါ။ နိုင်ငံတစ်နိုင်ငံရဲ့ငွေကြေးက တခြားနိုင်ငံရဲ့ငွေကြေးနဲ့ သဘာဝကျတဲ့ နှုန်းထားနဲ့ ချိတ်ဆက်ထားတာ မဟုတ်ခဲ့ရင် ငွေကြေးဖေါင်းပွမှုနဲ့ စီးပွားရေးတိုးတက်မှု စတာတွေကို သူဘာမှမထိန်းချုပ်နိုင်ပါဘူး။ ဒါကြောင့် ဘဏ်တိုးနှုန်းကိုဘဲ အမြဲတန်းထိန်းညှိ ပေးနေရပါတယ်။

မာဂရက်သက်ချာက နားလည်ပေမယ့် အများက လက်မခံ
အဲဒီအချိန်က ယူကေရဲ့ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ မာဂရက်သက်ချာက ဒါကိုကောင်း ကောင်းနားလည်ပါတယ်။ ဒါကြောင့်လည်း ERM ပထမ စတင်ခဲ့စဉ် ဗြိတိန်နိုင်ငံမပါဝင်ခဲ့တာက ဒီကိစ္စကို သူဆန့်ကျင်ခဲ့လို့ပါ။ ဒါပေမဲ့ ၁၉၈၀ ခုနှစ်တွေမှာ ဗြိတိန်နိုင်ငံရဲ့ စီးပွားရေးအခြေအနေဆိုးရွားလာတဲ့အခါ သက်ချာရဲ့ ဥရောပသမဂ္ဂဆန့်ကျင်ရေး ဝါဒက ကွန်ဆာဗေးတစ်ပါတီထဲမှာ အခြေယိုင်လာပါတယ်။ ၁၉၉၀ ခုနှစ်အောက်တိုဘာလရောက်တော့ မာဂရက် သက်ချာရဲ့သြဇာအာဏာ အားနည်းဆုတ်ယုတ်လာတဲ့ အတွက် သူမက ဆန့်ကျင်နေပေမယ့် ဗြိတိန်ဟာ ERM စနစ်နဲ့ ချိတ်ဆက်ဆောင်ရွက်ပါတော့တယ်။ အဲဒီအချိန်က ဘဏ္ဍာရေးဝန်ကြီး ဂျွန်မေဂျာရဲ့ ကြိုးပမ်းချက်ကြောင့်ပါ။ နောက်တစ်လမကြာခင်မှာ သက်ချာနှုတ်ထွက်သွားပါတယ်။ ဂျွန်မေဂျာက ERM စနစ်မှာပါဝင်နိုင်တာကို အောင်မြင်မှုတစ်ခုအဖြစ် ဝံ့ကြွားပြီး ဝန်ကြီးချုပ်ဖြစ်လာပါတယ်။

၁၉၉၀ ခုနှစ်နိုဝင်ဘာလဟာ ဂျွန်မေဂျာအတွက် နိုင်ငံရေးအရအောင်မြင်မှုစတင်ခဲ့တဲ့ အချိန်လို့ဆိုနှိုင်သလို ဗြိတိန်နိုင်ငံရဲ့ စီးပွားရေး ပြဿနာတွေစတင်ခဲ့တဲ့အချိန်လည်းဖြစ်ပါတယ်။ ERM နဲ့ချိတ်ဆက်လိုက်တဲ့ အချိန်မှာဘဲ ဗြိတိန်ရဲ့ စီးပွားရေးက ကျဆင်းနေပါပြီ။ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးကျဆင်းပြီဆိုရင် ဗဟိုဘဏ် (ဒီနေရာမှာ အင်္ဂလန်ဘဏ် the Bank of England ) က စီးပွားရေးကိုထိန်းမတ်ဖို့ အတိုးနှုန်းတွေ လျှော့ချလိုပါတယ်။ ဒါပေမယ့် ERM အဖွဲ့ဝင်ဖြစ်တာကြောင့် ဒီလိုမလုပ်နိုင်ပါဘူး။ ဗြိတိသျှပေါင်ဟာ အစကတည်းက အလွန်အားနည်းတဲ့ငွေကြေးဖြစ်တာကြောင့် ယူကေရဲ့ ငွေကြေးဖေါင်းပွမှုဟာ ဂျာမနီထက် ၃ ဆမြင့်ပါတယ်။ တကယ်လို့ အင်္ဂလန်ဘဏ်က အတိုး နှုန်းတွေလျှော့ချပစ်မယ်ဆိုရင် ဗြိတိသျှစီးပွားရေးကို အထောက်အကူဖြစ်စေမှာပါ။ ဒါပေမယ့် အဲဒီလိုလုပ်တာက ပေါင်ရဲ့တန်ဖို့ကို အများကြီးချလိုက်သလိုဖြစ်မှာမို့ ERM ကနေထွက်ခွာရပါလိမ့်မယ်။ ဒါကို ဂျွန်မေဂျာက ဘယ်လိုမှခွင့်မပြုချင်ပါ။

ပေါင်ငွေတန်ဘိုး မကျအောင် ဗဟိုဘဏ်ကဝင်ရောက်ဝယ်ပေးခဲ့ရ
ဒီလိုနဲ့ ဘဏ်တိုးနှုန်းမြင့်မားနေတာကို မချနိုင်တဲ့အတွက် ၁၉၉၀ ခုနှစ်နဲ့ ၁၉၉၂ ခုနှစ်အကြားမှာ ဗြိတိသျှစီးပွားရေးဟာ ထိခိုက်ကျဆင်းလာပါတယ်။ ဒါကြောင့်ဗြိတိသျှပေါင်ငွေတန်ဖိုးကို ထိန်းထားနိုင်ဖို့ အတွက် ဒီနှစ် နှစ်အတွင်းမှာ အင်္ဂလန်ဘဏ်ဟာ စျေးကွက်ထဲကို မကြာခဏဝင်ရောက်ပြီး ပေါင်ငွေသန်းပေါင်းများစွာကို သူ့မှာရှိတဲ့ နိုင်ငံခြားအရန်ငွေတွေနဲ့ ဝယ်ယူပေးခဲ့ရပါတယ်။ ဒါပေမယ့် ပေါင်ငွေတန်ဖိုးက ဒီကာလအတွင်းမှာ ဆက်လက်ပြီး အားနည်းနေတာကြောင့် ပေါင်ငွေတန်ဖိုးကို ERM ကသတ်မှတ်ပေးထားတဲ့ (+/- 6%) ဘောင်အတွင်းရှိရုံလေးဘဲ တည်နေအောင်ထိန်းနိုင်ပါတယ်။ ဒီလိုအခြေအနေမှာ ငွေကြေးစျေးကစားသူတိုင်းလို လိုက ဗြိတိသျှပေါင်ဟာ တန်ဖိုးချရတော့မယ်ဆိုတာ နားလည်ကြပါတယ်။ ဒေါ်လာ ဘီလျံနဲ့ချီပြီး တန်ဖိုးကြီးတဲ့ ဒီပြဿနာဟာ ဖြစ်မဖြစ်ဆိုတာမဟုတ် တော့ဘဲ ဘယ်တော့လဲဆိုတဲ့ အချိန်ပြဿနာပါ။ ဒီအဖြေကို သိနေသူက ဂျော့ချ် ဆိုးရော့စ်ပါ။

သူက ၁၉၇၀ ခုနှစ်တွေကတည်းက ဟက်ဂျ် ဖန်း လို့ခေါ်တဲ့ ရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီတည်ထောင်ပြီး စီးပွား ရေးလုပ်နေခဲ့တာပါ။ သူ အဓိက အာရုံစိုက်တာက စျေးကွက်ရဲ့ အလားအလာတွေကို ကြိုတင်ခန့်မှန်းတွက်ဆ ရင်းနှီးမြှုပ်နှံတာနဲ့ တခါတရံမှာ စျေးကွက်ကို ကြီးကြီးမားမား သက်ရောက်စေမယ့် ဘေးကနေ ကူတွန်းချမဲ့ကိစ္စတွေကို တမင်လုပ်ဆောင်တာဖြစ်ပါတယ်။

ပေါင်ငွေကို တိုက်ခိုက်ဖို့ ပြင်ဆင်ပြီ
ဗြိတိသျှပေါင် တန်ဖိုးလျော့ကျသွားဖို့ အချက်အလက်တွေက အားလုံးအဆင်သင့်ဖြစ်နေပြီဆိုတာရယ်၊ သတင်းဆိုးတစ်ခုခုထွက်ပေါ်လာတာနဲ့ အင်္ဂလန်ဘဏ်ကို ဒုက္ခကောင်းကောင်းပေးနိုင်တဲ့ မောင်းပြုတ်တော့မယ်ဆိုတာ သူကောင်းကောင်းသိနေပါတယ်။

၁၉၉၂ ခုနှစ် သြဂုတ်လထဲမှာ ဆိုးရော့စ်နဲ့ သူ့ရဲ့ ရန်ပုံငွေကုမ္ပဏီက ပေါင်ကို ထိုးနှက်ဖို့ စတင်မောင်းဆင်ပါ တော့တယ်။ သူက ဘဏ်ကြီးတစ်ခု ဒါမှမဟုတ် တခြား ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတခုဆီကို သွားပြီး အတိုးနှုန်းတစ်ခု နဲ့ ပေါင်ငွေတွေကို ချေးယူပါတယ်။ ချေးယူရရှိလာတဲ့ ပေါင်ငွေတွေကို စျေးကွက်ထဲကပေါက်စျေးနဲ့ ဂျာမန် မတ်ငွေကိုဝယ်ယူပါတယ်။ တကယ်လို့ မကြာခင် ပေါင်ငွေတန်ဖိုးကျဆင်းသွားရင် သူဝယ်ထားတဲ့ ဂျာမန် မတ်ငွေကို ပေါင်နဲ့ ပြန်လဲပြီး ချေးငွေနဲ့အတိုးကို ပြန်ဆပ်လိုက်ခြင်းအားဖြင့် ငွေလဲနှုန်းအကြား ခြားနားချက် အမြတ်ကို သူရ ဖို့ရည်ရွယ်တာပါဘဲ။ ဒါကြောင့် ၉၂ ခုနှစ် သြဂုတ်လကုန်မှာ ဒေါ်လာ ၁.၅ ဘီလျံတန်ဖိုးရှိတဲ့ ပေါင်ငွေတွေကို ချေးယူ ထားလိုက်ပါပြီ။ ဒါပေမယ့် ငွေလဲနှုန်းက သိပ်အပြောင်းအလဲမရှိဘဲ၊ လှုပ်ရှားမှုရှိတယ်ဆိုရုံသာဖြစ်ပါတယ်။

သူမျှော်မှန်းထားတဲ့အတိုင်း ပေါင်ငွေဝရုန်းသုန်းကားဖြစ်စေဖို့အတွက် သတင်းတချို့လိုအပ်နေပါတယ်။ ကံကောင်းထောက်မစွာဘဲ စက်တင်ဘာလ ၁၆ ရက်မှာ ဂျာမန်ဗဟိုဘဏ် Bundesbank ရဲ့ ဥက္ကဋ္ဌဖြစ်သူက သဘောရိုးနဲ့ ဖြစ်ပုံရတဲ့ အင်တာဗျူးတစ်ခုကိုဖြေခဲ့ပါတယ်။ “ တချို့ငွေကြေးတွေက ဖိအားပေးခံရနိုင်တဲ့အခြေအနေရှိနေတာကို သူမကာကွယ်နိုင်ပါဘူး”ဆိုတဲ့ တိတိကျကျမရှိ၊ မရေရာလှတဲ့ ပြောဆိုချက်တစ်ခုကိုပြုလုပ်ခဲ့တာ ပါ။ ဒါပေမယ့် ဆိုးရော့စ်က ဒီကိစ္စဟာ သူ့အတွက် ချက်ကောင်းဘဲလို့မြင်ပါတယ်။ အဲဒီညမှာဘဲ၊ ဥရောပ တိုက်က အိပ်မောကျနေစဉ်မှာ ဆိုးရော့စ်က ဗြိတိသျှပေါင်ငွေ လက်ထဲကိုင်ထားတဲ့ နိုင်ငံတကာဘဏ် ဒါမှမဟုတ် ကုမ္ပဏီ ဒါမှမဟုတ် တစ်စုံတစ်ယောက်ဆီကို ဖုန်းဆက်ပြီး ပေါင်ငွေတွေအမြောက်အများကို အောင်အောင်မြင်မြင် ချေးယူခဲ့ပါတယ်။

မောင်းဖြုတ်လိုက်ပြီ
ဗြိတိသျှတွေ အိပ်ယာကနိုးလာချိန်မှာတော့ ဆိုးရော့စ်က သူ့လက်ထဲက ဒေါ်လာ (၁၀) ဘီလျံတန်ဖိုးရှိတဲ့ ပေါင်ငွေ အများအပြားကို စျေးကွက်ထဲမှာ ထိုးရောင်းချလိုက်ပါတယ်။ မျှော်လင့်မထားတဲ့ကိစ္စဖြစ်လို့ အင်္ဂလန်ဘဏ်ဟာ ဝရုန်းသုန်းကားဖြစ်သွားပါတော့တယ်။ အဲဒီနေ့ ဝန်ကြီးချုပ်ဂျွန်မေဂျာနဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက်မှာ ဘဏ္ဍာရေးဝန်ကြီးဟာ ကြံမိကြံရာ ဂမူးရှူးထိုးလုပ်ပါတော့တယ်။
စက်တင်ဘာလ ၁၇ ရက်၊ နံနက် ၈ နာရီ ၄၀ မိနစ်မှာ ဘဏ္ဍာရေးဝန်ကြီးက စျေးကွက်ထဲကနေ ပေါင်ငွေ တစ်ဘီလျံကိုဝယ်ယူဖို့ ခွင့်ပြုလိုက်ပါတယ်။ ဒါပေမယ့် သက်ရောက်မှုမရှိပါဘူး။ ဒါကြောင့် နံနက် ၉ နာရီမှာ နောက်ထပ် နှစ်ဘီလျံပေါင်ကိုထပ်မံဝယ်ယူခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ သူက ဂျွန်မေဂျာဆီကို ဖုန်းဆက်ပြီး ဘဏ်တိုးနှုန်းတွေ မြှင့်တင်ပေးနိုင်ဖို့ ခွင့်ပြုချက်တောင်းခံပါတယ်။ အစပိုင်းမှာ ဂျွန်မေဂျာက ဒါကို ခွင့်မပြုပါဘူး။ ဒီလိုလုပ်တာက နိုင်ငံရေးအရ ကိုယ့်ကိုကိုယ်သေကြောင်းကြံသလိုဖြစ်လိမ့်မယ်လို့ သူကယူဆပါတယ်။ ဒါပေမယ့် ဆိုးရော့စ်နဲ့ ‌‌စျေးကွက်ထဲက စျေးကစားသူတွေက ပေါင်ငွေတွေကို ဆက်လက်‌‌ရောင်းချနေပါတယ်။ နံနက် ၁၁ နာ ရီထိုးမှာတော့ ဂျွန်မေဂျာက လက်မြှောက်အရှုံးပေးလိုက်ပြီး ဘဏ်တိုးနှုန်းကို (၁၀ % မှ ၁၂ % သို့) ၂ ရာခိုင်နှုန်း တိုးမြှင့်ကြောင်း ရုတ်တရက်ကြေညာလိုက်ရပါတော့တယ်။ ဒီတိုးမြှင့်မှုက အတော်ကြီးပါတယ်။ အဲဒီနေ့ရဲ့ နောက်ဆုံးအချိန်တွေမှာတော့ ဗြိတိန်က စုစုပေါင်း ၂၇ ဘီလျံပေါင်ဝယ်လိုက်ရပြီး အတိုးနှုန်းကို နောက်ထပ်တကြိမ် ၁၅ % အထိ တိုးမြှင့်လိုက်ရပါတယ်။ ဆိုးရော့စ်တစ်ဦးတည်းက ပေါင်ငွေအားလုံးရဲ့ တဝက်လောက်ရောင်းချလိုက်တာဖြစ်ပြီး တစ်ကမ္ဘာလုံးက သူ့နောက်ကလိုက်လုပ်ကြတာပါ။

ည ၇ နာရီခွဲအချိန်မှာတော့ ဗြိတိသျှအစိုးရဟာ အောက်မှာဖေါ်ပြထားတဲ့ သတင်းစာ ရှင်းလင်းပွဲတစ်ခုလုပ်ပြီး အရှုံးကိုလက်ခံလိုက်ရပါတော့တယ်။

လန်ဒန်ဘဏ္ဍာရေးစျေးကွက်ရဲ့ ထူးခြားတဲ့နေ့တစ်နေ့ဟာ ဘဏ္ဍာရေးဝန်ကြီးရဲ့ ERM စနစ်ထဲမှာ ပေါင်ငွေကြေးပါဝင်မှု ဆိုင်းငံ့ကြောင်းကြေညာချက်နဲ့ အဆုံးသတ်ခဲ့ပါတယ်။ မနက်ပိုင်းက ကြေညာခဲ့တဲ့ နှစ်ကြိမ်တိတိ တိုးပေးခဲ့တဲ့ ဘဏ်တိုးနှုန်းကိုလည်း ဖျက်သိမ်းလိုက်ပါတော့တယ်။

“ဒီနေ့ကတော့တကယ့်ကိုခက်ခဲပြီး ဝရုန်းသုန်းကား ထိန်းမနိုင်သိမ်းမနိုင်တဲ့ နေ့တစ်နေ့ပါ။ ကြီးမားတဲ့ ငွေကြေး စျေးကစားမှုတွေက ERM ရဲ့ ပုံမှန်အလုပ်လုပ်ကိုင်မှုကို အနှောက်အယှက်ပေးခဲ့ ပါတယ်။ ဥရောပ ဘဏ္ဍာရေးဝန်ကြီးများကောင်စီရဲ့ ဥက္ကဋ္ဌအနေနဲ့ ကျွန်တော်ဟာ ဘရပ်ဆဲလ်မှာ ငွေကြေးကော်မတီ အစည်းအဝေးကို ဒီညမှာ ချက်ခြင်းခေါ်ယူခဲ့ပြီး၊ နိုင်ငံခြားငွေလဲလှယ်ရေးစျေးကွက် ပြန်လည်တည်ငြိမ်လာအောင်ဘယ်လိုလုပ်ကြမလဲ ဆိုတာစဉ်းစားခဲ့ကြပါတယ်။ ဒီလိုကာလမှာ၊ အစိုးရအနေနဲ့ ERM အဖွဲ့ဝင်ဖြစ်မှုကို ရပ်ဆိုင်းထားတာက ဗြိတိန်နိုင်ငံရဲ့ အကျိုးစီးပွားအတွက် အကောင်းဆုံးဆောင်ရွက်တာဖြစ်လိမ့်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။” လို့ ဘဏ္ဍာရေး ဝန်ကြီးက ကြေညာသွားပါတယ်။

ဂျော့ဆိုးရော့စ်တို့ အမြတ်ငွေ ပိုက်ပြီးထွက်သွားချိန်
နောက်ရက်တွေမှာတော့ နိုင်ငံခြားငွေလဲလှယ်ရေးစျေးကွက်ဟာ ကိုယ့်လမ်းကိုလျှောက်ကြပြီး၊ ဗြိတိသျှ ပေါင်ငွေဟာ ဂျာမန်မတ်နဲ့ယှဉ်ရင် ၁၅ % ၊ အမေရိကန်ဒေါ်လာနဲ့ ယှဉ်ရင် ၂၅ % အသီးသီးစျေးကျ သွားပါတယ်။ ဆိုးရော့စ်နဲ့ သူ့ရဲ့ရန်ပုံငွေအဖွဲ့က တစ်ဘီလျံဒေါ်လာဖိုးလောက် သပိတ်ဝင်အိတ်ဝင်မြတ်စွန်းခဲ့ပြီး ဗြိတိသျှ အခွန်ထမ်းတွေအနေနဲ့က ခန့်မှန်းခြေအားဖြင့် ၃.၃ ဘီလျံပေါင်နစ်နာသွားပါတယ်။

အမှန်တကယ်ဖြစ်လာတာတွေ
ဒီကိစ္စမှာ ရယ်စရာဖြစ်ရတာတစ်ခုက ခေါ်ဆိုလေ့ရှိတဲ့ အဲဒီ (Black Wednesday) မှောင်မိုက်တဲ့ ဗုဒ္ဓဟူးနေ့ ကျော်လွန်သွားပြီးတဲ့နောက်ပိုင်း အင်္ဂလန်ဘဏ်ကလည်း ပေါင်ငွေအပေါ်ထိန်းချုပ်မှု မလုပ်တော့တဲ့အခါ၊ နောက်နှစ်အတော်ကြာမှာ အတိုးနှုန်းကိုလည်း ဖြည်းဖြည်းချင်း လျှော့ချ ( ၁၀ % မှ ၆ % အထိ) လိုက်တော့ ဗြိတိသျှစီးပွားရေးဟာလည်း တဖြည်းဖြည်းပြန်လည် တိုးတက်လာပါတယ်။ ၁၉၉၇ ခုနှစ်ရောက်တဲ့အခါ ဗြိတိသျှပေါင်ရဲ့တန်ဖိုးက ERM အဖွဲ့ဝင်ဖြစ်စဉ်ကာလကထက် ပိုပြီးတန်ဖိုး တက်လာပါတယ်။ ယူကေနိုင်ငံကလည်း ၁၆ နှစ်မြောက် ဆက်တိုက်စီးပွားရေးတိုးတက်မှုရလာခဲ့ပါတယ်။ ဒါကြောင့်တချို့ကလည်း အဲဒီ ဗုဒ္ဓဟူးနေ့ကို (Black Wednesday) မှောင်မိုက်တဲ့ ဗုဒ္ဓဟူးနေ့ မဟုတ်ဘူး။ White Wednesday အဖြူရောင် ဗုဒ္ဓဟူးနေ့ လို့ ခေါ်ကြပါတယ်။

ဒါကြောင့် ဆိုးရော့စ်ဟာ ဗြိတိန်နိုင်ငံသား ကလေးလူကြီးအားလုံးအပေါ်က တစ်ယောက်ကို ၁၅ ဒေါ်လာ နှုန်းလောက် ရိတ်သွားခဲ့ပေမယ့် အမှန်တကယ်ဖြစ်လာတာက ဗြိတိန်နိုင်ငံကို ‌ရေကူးတတ်အောင် ရေကန်ထဲ ရုတ်တရက် ကန်ချလိုက်သူလို ကျေးဇူးတင်ရမယ့်ပုံဖြစ်နေပါတော့တယ်။

How Soros Made A Billion Dollars And Almost Broke Britain ကိုဆီလျော်အောင် ဘာသာပြန်သည်။
9:42
So in the end, Soros might’ve actually done the British a favor, even though he pocketed
9:47
about $15 for every man, woman and child in Great Britain.
9:51
Now, if you enjoy learning about financial markets then you’ll be happy to know that
9:56
I have two animated courses on Skillshare about how the stock market works.
10:01
The first one is a 20-minute general introduction, whereas the second one is a 40-minute exploration
10:06
that dives deeper into how stocks actually work and how you can value them.
10:11

zawgyi version
ေပါင္စတာလင္ကို ဝုန္းကနဲ႔ ၿပိဳက်ေအာင္ ၿဖိဳလွဲၿပီး အျမတ္ထုတ္ခဲ့သူ (ဘာသာျပန္ေဆာင္းပါး)
ေမာင္တင္ထြန္း (နတ္ေမာက္) (NP News) - ဩဂုတ္ ၂၁

လြန္ခဲ့တဲ့ ဆယ္စုႏွစ္တစ္ခုေလာက္က ဥေရာပတိုက္မွာ ယူ႐ိုဆိုတဲ့ ဘုံေငြေၾကးတစ္ရပ္မေပၚေပါက္ခင္မွာ အေနာက္ဥေရာပႏိုင္ငံမ်ားရဲ႕ ေငြေၾကးေတြအၾကားမွာ ERM – Exchange Rate Mechanism ဆိုတဲ့ အျပန္အလွန္ လဲလွယ္ႏႈန္းပုံေသသတ္မွတ္တဲ့ စနစ္နဲ႔ ကုန္စည္ကူးသန္းေရာင္းဝယ္ခဲ့ၾကပါတယ္။

ဒုတိယကမာၻစစ္ႀကီးၿပီးတဲ့ေနာက္မွာ ဥေရာပႏိုင္ငံေတြက ကမာၻစစ္လို အဖ်က္အဆီးမ်ိဳးထပ္မံမေပၚေပါက္ ရေလေအာင္ ကာကြယ္ဖို႔ဆိုရင္ အခ်င္းခ်င္းခ်ည္ေႏွာင္ထားၿပီး နီးနီးကပ္ကပ္ ပူးေပါင္းထားတဲ့ ျပည္ေထာင္စုတစ္ခု ဖြဲ႕စည္းျခင္းကသာ တစ္ခုတည္းေသာနည္းလမ္းလို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။ စဥ္းစားၾကတာက ဥေရာပစီးပြားေရးဟာ တစ္ႏိုင္ငံနဲ႔တစ္ႏိုင္ငံ အျပန္အလွန္အမွီသဟဲျပဳေနၾကမယ္ဆိုရင္ ေနာက္ထပ္စစ္ပြဲတစ္ခုျဖစ္ေပၚလာဖို႔ မလြယ္ဘူးဆိုတဲ့ အိုင္ဒီယာပါ။ အႏၲိမ ရည္မွန္းခ်က္ကေတာ့ ယူ႐ိုေငြေၾကးဆိုတာကို ဖန္တီးဖို႔ပါ။ ဒါေပမယ့္ အဲဒီတစ္ခုတည္းေသာ ဘုံေငြေၾကးကို ၁၉၉၉ ခုႏွစ္မွာ မစတင္မီ သူတို႔ႏိုင္ငံအသီးသီးရဲ႕ေငြေၾကးေတြကို စီမံခန႔္ခြဲဖို႔ စနစ္တစ္ခုရွိခဲ့ပါတယ္။ ၁၉၇၉ ခုႏွစ္မွာတုန္းက ဥေရာပသမဂၢဟာ သူတို႔ႏိုင္ငံေတြရဲ႕ ကိုယ္ပိုင္ေငြေၾကးေတြကို စြန႔္လႊတ္ဖို႔ အဆင္သင့္မျဖစ္ေသးပါ။ ဒါေပမယ့္ သူတို႔ရဲ႕ေငြေၾကးေတြကို ပုံေသသတ္မွတ္ထားတဲ့ ႏႈန္းေတြနဲ႔ ခ်ိတ္ဆက္ထားၾကဖို႔ သေဘာတူထားၾကပါတယ္။ ဒီလိုနည္းနဲ႔ တစ္ႏိုင္ငံနဲ႔တစ္ႏိုင္ငံျဖတ္ေက်ာ္စီးပြားေရးလုပ္ၾကတဲ့အခါ ေငြလဲႏႈန္းအတက္အက်ျဖစ္မႈကို ထိထိေရာက္ ေရာက္ေရွာင္ရွားႏိုင္ပါတယ္။ ဒီစနစ္ကို ေငြလဲလွယ္ႏႈန္း ယႏၲယား (Exchange Rate Mechanism- ERM) လို႔ေခၚၿပီး စာ႐ြက္ေပၚမွာေတာ့ အလုပ္လုပ္ရတာအလြန႔္ကို အဆင္ေျပပါတယ္။ ဒါေပမယ့္ အဲဒီႏိုင္ငံေတြရဲ႕ ဗဟိုဘဏ္ေတြအတြက္ေတာ့ အလြန္အားနည္းတဲ့ ေပ်ာ့ကြက္ျဖစ္ေစပါတယ္။ အားလုံးသိၾကတဲ့အတိုင္းဘဲ ေန႔စဥ္ေန႔စဥ္ သြင္းကုန္ထုတ္ကုန္ေတြအတြက္ ႀကီးမားတဲ့ ေငြေၾကးပမာဏ ကို ဝယ္ၾကေရာင္းၾက အသြင္းအထုတ္လုပ္ၾကရတဲ့အခါ ေစ်းကြက္ထဲက တကယ့္ေငြလဲႏႈန္းအေပၚ သိသာတဲ့ ႐ိုက္ခတ္မႈျဖစ္ေစပါတယ္။ ဒါေၾကာင့္ ႏိုင္ငံတစ္ႏိုင္ငံဟာ ERM စနစ္ထဲမွာ ပါဝင္လာၿပီဆိုရင္ ဗဟိုဘဏ္ဟာေစ်းကြက္ကို အဆက္မျပတ္ေစာင့္ၾကည့္ေနရပါတယ္။ တကယ္လို႔ ေငြလဲႏႈန္းက ျပင္ပႏႈန္းနဲ႔ သိပ္ၿပီးကြာဟလာရင္ ဝင္ေရာက္စြက္ဖက္မႈလုပ္ရပါတယ္။ တကယ္လို႔ ဝယ္ယူသူသိပ္မ်ား လာရင္ ဗဟိုဘဏ္ကဝင္ၿပီး ေရာင္းခ်ေပးရပါတယ္။ တကယ္လို႔ လူေတြက ေရာင္းခ်မႈ မ်ားလာရင္ ဗဟိုဘဏ္က ဝင္ေရာက္ၿပီး ဝယ္ေပးရပါတယ္။ အေသးစိတ္အခ်က္အလက္ေတြကိုေဘးဖယ္ထားၿပီး ေျပာရမယ္ဆိုရင္ ERM စနစ္က ခ်ိဳ႕ယြင္းခ်က္အျပစ္အနာအဆာရွိပါတယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ ႏိုင္ငံတိုင္းက တမူစီထူးျခားခ်က္ေတြရွိေနလို႔ပါ။ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ေငြေၾကးက တျခားႏိုင္ငံရဲ႕ေငြေၾကးနဲ႔ သဘာဝက်တဲ့ ႏႈန္းထားနဲ႔ ခ်ိတ္ဆက္ထားတာ မဟုတ္ခဲ့ရင္ ေငြေၾကးေဖါင္းပြမႈနဲ႔ စီးပြားေရးတိုးတက္မႈ စတာေတြကို သူဘာမွမထိန္းခ်ဳပ္ႏိုင္ပါဘူး။ ဒါေၾကာင့္ ဘဏ္တိုးႏႈန္းကိုဘဲ အၿမဲတန္းထိန္းညႇိ ေပးေနရပါတယ္။

မာဂရက္သက္ခ်ာက နားလည္ေပမယ့္ အမ်ားက လက္မခံ
အဲဒီအခ်ိန္က ယူေကရဲ႕ဝန္ႀကီးခ်ဳပ္ျဖစ္ခဲ့တဲ့ မာဂရက္သက္ခ်ာက ဒါကိုေကာင္း ေကာင္းနားလည္ပါတယ္။ ဒါေၾကာင့္လည္း ERM ပထမ စတင္ခဲ့စဥ္ ၿဗိတိန္ႏိုင္ငံမပါဝင္ခဲ့တာက ဒီကိစၥကို သူဆန႔္က်င္ခဲ့လို႔ပါ။ ဒါေပမဲ့ ၁၉၈၀ ခုႏွစ္ေတြမွာ ၿဗိတိန္ႏိုင္ငံရဲ႕ စီးပြားေရးအေျခအေနဆိုး႐ြားလာတဲ့အခါ သက္ခ်ာရဲ႕ ဥေရာပသမဂၢဆန႔္က်င္ေရး ဝါဒက ကြန္ဆာေဗးတစ္ပါတီထဲမွာ အေျခယိုင္လာပါတယ္။ ၁၉၉၀ ခုႏွစ္ေအာက္တိုဘာလေရာက္ေတာ့ မာဂရက္ သက္ခ်ာရဲ႕ၾသဇာအာဏာ အားနည္းဆုတ္ယုတ္လာတဲ့ အတြက္ သူမက ဆန႔္က်င္ေနေပမယ့္ ၿဗိတိန္ဟာ ERM စနစ္နဲ႔ ခ်ိတ္ဆက္ေဆာင္႐ြက္ပါေတာ့တယ္။ အဲဒီအခ်ိန္က ဘ႑ာေရးဝန္ႀကီး ဂြၽန္ေမဂ်ာရဲ႕ ႀကိဳးပမ္းခ်က္ေၾကာင့္ပါ။ ေနာက္တစ္လမၾကာခင္မွာ သက္ခ်ာႏႈတ္ထြက္သြားပါတယ္။ ဂြၽန္ေမဂ်ာက ERM စနစ္မွာပါဝင္ႏိုင္တာကို ေအာင္ျမင္မႈတစ္ခုအျဖစ္ ဝံ့ႂကြားၿပီး ဝန္ႀကီးခ်ဳပ္ျဖစ္လာပါတယ္။

၁၉၉၀ ခုႏွစ္ႏိုဝင္ဘာလဟာ ဂြၽန္ေမဂ်ာအတြက္ ႏိုင္ငံေရးအရေအာင္ျမင္မႈစတင္ခဲ့တဲ့ အခ်ိန္လို႔ဆိုႏႈိင္သလို ၿဗိတိန္ႏိုင္ငံရဲ႕ စီးပြားေရး ျပႆနာေတြစတင္ခဲ့တဲ့အခ်ိန္လည္းျဖစ္ပါတယ္။ ERM နဲ႔ခ်ိတ္ဆက္လိုက္တဲ့ အခ်ိန္မွာဘဲ ၿဗိတိန္ရဲ႕ စီးပြားေရးက က်ဆင္းေနပါၿပီ။ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ စီးပြားေရးက်ဆင္းၿပီဆိုရင္ ဗဟိုဘဏ္ (ဒီေနရာမွာ အဂၤလန္ဘဏ္ the Bank of England ) က စီးပြားေရးကိုထိန္းမတ္ဖို႔ အတိုးႏႈန္းေတြ ေလွ်ာ့ခ်လိုပါတယ္။ ဒါေပမယ့္ ERM အဖြဲ႕ဝင္ျဖစ္တာေၾကာင့္ ဒီလိုမလုပ္ႏိုင္ပါဘူး။ ၿဗိတိသွ်ေပါင္ဟာ အစကတည္းက အလြန္အားနည္းတဲ့ေငြေၾကးျဖစ္တာေၾကာင့္ ယူေကရဲ႕ ေငြေၾကးေဖါင္းပြမႈဟာ ဂ်ာမနီထက္ ၃ ဆျမင့္ပါတယ္။ တကယ္လို႔ အဂၤလန္ဘဏ္က အတိုး ႏႈန္းေတြေလွ်ာ့ခ်ပစ္မယ္ဆိုရင္ ၿဗိတိသွ်စီးပြားေရးကို အေထာက္အကူျဖစ္ေစမွာပါ။ ဒါေပမယ့္ အဲဒီလိုလုပ္တာက ေပါင္ရဲ႕တန္ဖို႔ကို အမ်ားႀကီးခ်လိုက္သလိုျဖစ္မွာမို႔ ERM ကေနထြက္ခြာရပါလိမ့္မယ္။ ဒါကို ဂြၽန္ေမဂ်ာက ဘယ္လိုမွခြင့္မျပဳခ်င္ပါ။

ေပါင္ေငြတန္ဘိုး မက်ေအာင္ ဗဟိုဘဏ္ကဝင္ေရာက္ဝယ္ေပးခဲ့ရ
ဒီလိုနဲ႔ ဘဏ္တိုးႏႈန္းျမင့္မားေနတာကို မခ်ႏိုင္တဲ့အတြက္ ၁၉၉၀ ခုႏွစ္နဲ႔ ၁၉၉၂ ခုႏွစ္အၾကားမွာ ၿဗိတိသွ်စီးပြားေရးဟာ ထိခိုက္က်ဆင္းလာပါတယ္။ ဒါေၾကာင့္ၿဗိတိသွ်ေပါင္ေငြတန္ဖိုးကို ထိန္းထားႏိုင္ဖို႔ အတြက္ ဒီႏွစ္ ႏွစ္အတြင္းမွာ အဂၤလန္ဘဏ္ဟာ ေစ်းကြက္ထဲကို မၾကာခဏဝင္ေရာက္ၿပီး ေပါင္ေငြသန္းေပါင္းမ်ားစြာကို သူ႔မွာရွိတဲ့ ႏိုင္ငံျခားအရန္ေငြေတြနဲ႔ ဝယ္ယူေပးခဲ့ရပါတယ္။ ဒါေပမယ့္ ေပါင္ေငြတန္ဖိုးက ဒီကာလအတြင္းမွာ ဆက္လက္ၿပီး အားနည္းေနတာေၾကာင့္ ေပါင္ေငြတန္ဖိုးကို ERM ကသတ္မွတ္ေပးထားတဲ့ (+/- 6%) ေဘာင္အတြင္းရွိ႐ုံေလးဘဲ တည္ေနေအာင္ထိန္းႏိုင္ပါတယ္။ ဒီလိုအေျခအေနမွာ ေငြေၾကးေစ်းကစားသူတိုင္းလို လိုက ၿဗိတိသွ်ေပါင္ဟာ တန္ဖိုးခ်ရေတာ့မယ္ဆိုတာ နားလည္ၾကပါတယ္။ ေဒၚလာ ဘီလ်ံနဲ႔ခ်ီၿပီး တန္ဖိုးႀကီးတဲ့ ဒီျပႆနာဟာ ျဖစ္မျဖစ္ဆိုတာမဟုတ္ ေတာ့ဘဲ ဘယ္ေတာ့လဲဆိုတဲ့ အခ်ိန္ျပႆနာပါ။ ဒီအေျဖကို သိေနသူက ေဂ်ာ့ခ်္ ဆိုးေရာ့စ္ပါ။

သူက ၁၉၇၀ ခုႏွစ္ေတြကတည္းက ဟက္ဂ်္ ဖန္း လို႔ေခၚတဲ့ ရင္းႏွီးျမႇဳပ္ႏွံေရး ကုမၸဏီတည္ေထာင္ၿပီး စီးပြား ေရးလုပ္ေနခဲ့တာပါ။ သူ အဓိက အာ႐ုံစိုက္တာက ေစ်းကြက္ရဲ႕ အလားအလာေတြကို ႀကိဳတင္ခန႔္မွန္းတြက္ဆ ရင္းႏွီးျမႇဳပ္ႏွံတာနဲ႔ တခါတရံမွာ ေစ်းကြက္ကို ႀကီးႀကီးမားမား သက္ေရာက္ေစမယ့္ ေဘးကေန ကူတြန္းခ်မဲ့ကိစၥေတြကို တမင္လုပ္ေဆာင္တာျဖစ္ပါတယ္။

ေပါင္ေငြကို တိုက္ခိုက္ဖို႔ ျပင္ဆင္ၿပီ
ၿဗိတိသွ်ေပါင္ တန္ဖိုးေလ်ာ့က်သြားဖို႔ အခ်က္အလက္ေတြက အားလုံးအဆင္သင့္ျဖစ္ေနၿပီဆိုတာရယ္၊ သတင္းဆိုးတစ္ခုခုထြက္ေပၚလာတာနဲ႔ အဂၤလန္ဘဏ္ကို ဒုကၡေကာင္းေကာင္းေပးႏိုင္တဲ့ ေမာင္းျပဳတ္ေတာ့မယ္ဆိုတာ သူေကာင္းေကာင္းသိေနပါတယ္။

၁၉၉၂ ခုႏွစ္ ၾသဂုတ္လထဲမွာ ဆိုးေရာ့စ္နဲ႔ သူ႔ရဲ႕ ရန္ပုံေငြကုမၸဏီက ေပါင္ကို ထိုးႏွက္ဖို႔ စတင္ေမာင္းဆင္ပါ ေတာ့တယ္။ သူက ဘဏ္ႀကီးတစ္ခု ဒါမွမဟုတ္ တျခား ရင္းႏွီးျမႇဳပ္ႏွံမႈကုမၸဏီတခုဆီကို သြားၿပီး အတိုးႏႈန္းတစ္ခု နဲ႔ ေပါင္ေငြေတြကို ေခ်းယူပါတယ္။ ေခ်းယူရရွိလာတဲ့ ေပါင္ေငြေတြကို ေစ်းကြက္ထဲကေပါက္ေစ်းနဲ႔ ဂ်ာမန္ မတ္ေငြကိုဝယ္ယူပါတယ္။ တကယ္လို႔ မၾကာခင္ ေပါင္ေငြတန္ဖိုးက်ဆင္းသြားရင္ သူဝယ္ထားတဲ့ ဂ်ာမန္ မတ္ေငြကို ေပါင္နဲ႔ ျပန္လဲၿပီး ေခ်းေငြနဲ႔အတိုးကို ျပန္ဆပ္လိုက္ျခင္းအားျဖင့္ ေငြလဲႏႈန္းအၾကား ျခားနားခ်က္ အျမတ္ကို သူရ ဖို႔ရည္႐ြယ္တာပါဘဲ။ ဒါေၾကာင့္ ၉၂ ခုႏွစ္ ၾသဂုတ္လကုန္မွာ ေဒၚလာ ၁.၅ ဘီလ်ံတန္ဖိုးရွိတဲ့ ေပါင္ေငြေတြကို ေခ်းယူ ထားလိုက္ပါၿပီ။ ဒါေပမယ့္ ေငြလဲႏႈန္းက သိပ္အေျပာင္းအလဲမရွိဘဲ၊ လႈပ္ရွားမႈရွိတယ္ဆို႐ုံသာျဖစ္ပါတယ္။

သူေမွ်ာ္မွန္းထားတဲ့အတိုင္း ေပါင္ေငြဝ႐ုန္းသုန္းကားျဖစ္ေစဖို႔အတြက္ သတင္းတခ်ိဳ႕လိုအပ္ေနပါတယ္။ ကံေကာင္းေထာက္မစြာဘဲ စက္တင္ဘာလ ၁၆ ရက္မွာ ဂ်ာမန္ဗဟိုဘဏ္ Bundesbank ရဲ႕ ဥကၠ႒ျဖစ္သူက သေဘာ႐ိုးနဲ႔ ျဖစ္ပုံရတဲ့ အင္တာဗ်ဴးတစ္ခုကိုေျဖခဲ့ပါတယ္။ “ တခ်ိဳ႕ေငြေၾကးေတြက ဖိအားေပးခံရႏိုင္တဲ့အေျခအေနရွိေနတာကို သူမကာကြယ္ႏိုင္ပါဘူး”ဆိုတဲ့ တိတိက်က်မရွိ၊ မေရရာလွတဲ့ ေျပာဆိုခ်က္တစ္ခုကိုျပဳလုပ္ခဲ့တာ ပါ။ ဒါေပမယ့္ ဆိုးေရာ့စ္က ဒီကိစၥဟာ သူ႔အတြက္ ခ်က္ေကာင္းဘဲလို႔ျမင္ပါတယ္။ အဲဒီညမွာဘဲ၊ ဥေရာပ တိုက္က အိပ္ေမာက်ေနစဥ္မွာ ဆိုးေရာ့စ္က ၿဗိတိသွ်ေပါင္ေငြ လက္ထဲကိုင္ထားတဲ့ ႏိုင္ငံတကာဘဏ္ ဒါမွမဟုတ္ ကုမၸဏီ ဒါမွမဟုတ္ တစ္စုံတစ္ေယာက္ဆီကို ဖုန္းဆက္ၿပီး ေပါင္ေငြေတြအေျမာက္အမ်ားကို ေအာင္ေအာင္ျမင္ျမင္ ေခ်းယူခဲ့ပါတယ္။

ေမာင္းျဖဳတ္လိုက္ၿပီ
ၿဗိတိသွ်ေတြ အိပ္ယာကႏိုးလာခ်ိန္မွာေတာ့ ဆိုးေရာ့စ္က သူ႔လက္ထဲက ေဒၚလာ (၁၀) ဘီလ်ံတန္ဖိုးရွိတဲ့ ေပါင္ေငြ အမ်ားအျပားကို ေစ်းကြက္ထဲမွာ ထိုးေရာင္းခ်လိုက္ပါတယ္။ ေမွ်ာ္လင့္မထားတဲ့ကိစၥျဖစ္လို႔ အဂၤလန္ဘဏ္ဟာ ဝ႐ုန္းသုန္းကားျဖစ္သြားပါေတာ့တယ္။ အဲဒီေန႔ ဝန္ႀကီးခ်ဳပ္ဂြၽန္ေမဂ်ာနဲ႔ ေတြ႕ဆုံေဆြးေႏြးၿပီးတဲ့ေနာက္မွာ ဘ႑ာေရးဝန္ႀကီးဟာ ႀကံမိႀကံရာ ဂမူးရႉးထိုးလုပ္ပါေတာ့တယ္။
စက္တင္ဘာလ ၁၇ ရက္၊ နံနက္ ၈ နာရီ ၄၀ မိနစ္မွာ ဘ႑ာေရးဝန္ႀကီးက ေစ်းကြက္ထဲကေန ေပါင္ေငြ တစ္ဘီလ်ံကိုဝယ္ယူဖို႔ ခြင့္ျပဳလိုက္ပါတယ္။ ဒါေပမယ့္ သက္ေရာက္မႈမရွိပါဘူး။ ဒါေၾကာင့္ နံနက္ ၉ နာရီမွာ ေနာက္ထပ္ ႏွစ္ဘီလ်ံေပါင္ကိုထပ္မံဝယ္ယူခဲ့ပါတယ္။ အဲဒီအခ်ိန္မွာေတာ့ သူက ဂြၽန္ေမဂ်ာဆီကို ဖုန္းဆက္ၿပီး ဘဏ္တိုးႏႈန္းေတြ ျမႇင့္တင္ေပးႏိုင္ဖို႔ ခြင့္ျပဳခ်က္ေတာင္းခံပါတယ္။ အစပိုင္းမွာ ဂြၽန္ေမဂ်ာက ဒါကို ခြင့္မျပဳပါဘူး။ ဒီလိုလုပ္တာက ႏိုင္ငံေရးအရ ကိုယ့္ကိုကိုယ္ေသေၾကာင္းႀကံသလိုျဖစ္လိမ့္မယ္လို႔ သူကယူဆပါတယ္။ ဒါေပမယ့္ ဆိုးေရာ့စ္နဲ႔ ‌‌ေစ်းကြက္ထဲက ေစ်းကစားသူေတြက ေပါင္ေငြေတြကို ဆက္လက္‌‌ေရာင္းခ်ေနပါတယ္။ နံနက္ ၁၁ နာ ရီထိုးမွာေတာ့ ဂြၽန္ေမဂ်ာက လက္ေျမႇာက္အရႈံးေပးလိုက္ၿပီး ဘဏ္တိုးႏႈန္းကို (၁၀ % မွ ၁၂ % သို႔) ၂ ရာခိုင္ႏႈန္း တိုးျမႇင့္ေၾကာင္း ႐ုတ္တရက္ေၾကညာလိုက္ရပါေတာ့တယ္။ ဒီတိုးျမႇင့္မႈက အေတာ္ႀကီးပါတယ္။ အဲဒီေန႔ရဲ႕ ေနာက္ဆုံးအခ်ိန္ေတြမွာေတာ့ ၿဗိတိန္က စုစုေပါင္း ၂၇ ဘီလ်ံေပါင္ဝယ္လိုက္ရၿပီး အတိုးႏႈန္းကို ေနာက္ထပ္တႀကိမ္ ၁၅ % အထိ တိုးျမႇင့္လိုက္ရပါတယ္။ ဆိုးေရာ့စ္တစ္ဦးတည္းက ေပါင္ေငြအားလုံးရဲ႕ တဝက္ေလာက္ေရာင္းခ်လိုက္တာျဖစ္ၿပီး တစ္ကမာၻလုံးက သူ႔ေနာက္ကလိုက္လုပ္ၾကတာပါ။

ည ၇ နာရီခြဲအခ်ိန္မွာေတာ့ ၿဗိတိသွ်အစိုးရဟာ ေအာက္မွာေဖၚျပထားတဲ့ သတင္းစာ ရွင္းလင္းပြဲတစ္ခုလုပ္ၿပီး အရႈံးကိုလက္ခံလိုက္ရပါေတာ့တယ္။

လန္ဒန္ဘ႑ာေရးေစ်းကြက္ရဲ႕ ထူးျခားတဲ့ေန႔တစ္ေန႔ဟာ ဘ႑ာေရးဝန္ႀကီးရဲ႕ ERM စနစ္ထဲမွာ ေပါင္ေငြေၾကးပါဝင္မႈ ဆိုင္းငံ့ေၾကာင္းေၾကညာခ်က္နဲ႔ အဆုံးသတ္ခဲ့ပါတယ္။ မနက္ပိုင္းက ေၾကညာခဲ့တဲ့ ႏွစ္ႀကိမ္တိတိ တိုးေပးခဲ့တဲ့ ဘဏ္တိုးႏႈန္းကိုလည္း ဖ်က္သိမ္းလိုက္ပါေတာ့တယ္။

“ဒီေန႔ကေတာ့တကယ့္ကိုခက္ခဲၿပီး ဝ႐ုန္းသုန္းကား ထိန္းမႏိုင္သိမ္းမႏိုင္တဲ့ ေန႔တစ္ေန႔ပါ။ ႀကီးမားတဲ့ ေငြေၾကး ေစ်းကစားမႈေတြက ERM ရဲ႕ ပုံမွန္အလုပ္လုပ္ကိုင္မႈကို အေႏွာက္အယွက္ေပးခဲ့ ပါတယ္။ ဥေရာပ ဘ႑ာေရးဝန္ႀကီးမ်ားေကာင္စီရဲ႕ ဥကၠ႒အေနနဲ႔ ကြၽန္ေတာ္ဟာ ဘရပ္ဆဲလ္မွာ ေငြေၾကးေကာ္မတီ အစည္းအေဝးကို ဒီညမွာ ခ်က္ျခင္းေခၚယူခဲ့ၿပီး၊ ႏိုင္ငံျခားေငြလဲလွယ္ေရးေစ်းကြက္ ျပန္လည္တည္ၿငိမ္လာေအာင္ဘယ္လိုလုပ္ၾကမလဲ ဆိုတာစဥ္းစားခဲ့ၾကပါတယ္။ ဒီလိုကာလမွာ၊ အစိုးရအေနနဲ႔ ERM အဖြဲ႕ဝင္ျဖစ္မႈကို ရပ္ဆိုင္းထားတာက ၿဗိတိန္ႏိုင္ငံရဲ႕ အက်ိဳးစီးပြားအတြက္ အေကာင္းဆုံးေဆာင္႐ြက္တာျဖစ္လိမ့္မယ္လို႔ ဆုံးျဖတ္လိုက္ပါတယ္။” လို႔ ဘ႑ာေရး ဝန္ႀကီးက ေၾကညာသြားပါတယ္။

ေဂ်ာ့ဆိုးေရာ့စ္တို႔ အျမတ္ေငြ ပိုက္ၿပီးထြက္သြားခ်ိန္
ေနာက္ရက္ေတြမွာေတာ့ ႏိုင္ငံျခားေငြလဲလွယ္ေရးေစ်းကြက္ဟာ ကိုယ့္လမ္းကိုေလွ်ာက္ၾကၿပီး၊ ၿဗိတိသွ် ေပါင္ေငြဟာ ဂ်ာမန္မတ္နဲ႔ယွဥ္ရင္ ၁၅ % ၊ အေမရိကန္ေဒၚလာနဲ႔ ယွဥ္ရင္ ၂၅ % အသီးသီးေစ်းက် သြားပါတယ္။ ဆိုးေရာ့စ္နဲ႔ သူ႔ရဲ႕ရန္ပုံေငြအဖြဲ႕က တစ္ဘီလ်ံေဒၚလာဖိုးေလာက္ သပိတ္ဝင္အိတ္ဝင္ျမတ္စြန္းခဲ့ၿပီး ၿဗိတိသွ် အခြန္ထမ္းေတြအေနနဲ႔က ခန႔္မွန္းေျခအားျဖင့္ ၃.၃ ဘီလ်ံေပါင္နစ္နာသြားပါတယ္။

အမွန္တကယ္ျဖစ္လာတာေတြ
ဒီကိစၥမွာ ရယ္စရာျဖစ္ရတာတစ္ခုက ေခၚဆိုေလ့ရွိတဲ့ အဲဒီ (Black Wednesday) ေမွာင္မိုက္တဲ့ ဗုဒၶဟူးေန႔ ေက်ာ္လြန္သြားၿပီးတဲ့ေနာက္ပိုင္း အဂၤလန္ဘဏ္ကလည္း ေပါင္ေငြအေပၚထိန္းခ်ဳပ္မႈ မလုပ္ေတာ့တဲ့အခါ၊ ေနာက္ႏွစ္အေတာ္ၾကာမွာ အတိုးႏႈန္းကိုလည္း ျဖည္းျဖည္းခ်င္း ေလွ်ာ့ခ် ( ၁၀ % မွ ၆ % အထိ) လိုက္ေတာ့ ၿဗိတိသွ်စီးပြားေရးဟာလည္း တျဖည္းျဖည္းျပန္လည္ တိုးတက္လာပါတယ္။ ၁၉၉၇ ခုႏွစ္ေရာက္တဲ့အခါ ၿဗိတိသွ်ေပါင္ရဲ႕တန္ဖိုးက ERM အဖြဲ႕ဝင္ျဖစ္စဥ္ကာလကထက္ ပိုၿပီးတန္ဖိုး တက္လာပါတယ္။ ယူေကႏိုင္ငံကလည္း ၁၆ ႏွစ္ေျမာက္ ဆက္တိုက္စီးပြားေရးတိုးတက္မႈရလာခဲ့ပါတယ္။ ဒါေၾကာင့္တခ်ိဳ႕ကလည္း အဲဒီ ဗုဒၶဟူးေန႔ကို (Black Wednesday) ေမွာင္မိုက္တဲ့ ဗုဒၶဟူးေန႔ မဟုတ္ဘူး။ White Wednesday အျဖဴေရာင္ ဗုဒၶဟူးေန႔ လို႔ ေခၚၾကပါတယ္။

ဒါေၾကာင့္ ဆိုးေရာ့စ္ဟာ ၿဗိတိန္ႏိုင္ငံသား ကေလးလူႀကီးအားလုံးအေပၚက တစ္ေယာက္ကို ၁၅ ေဒၚလာ ႏႈန္းေလာက္ ရိတ္သြားခဲ့ေပမယ့္ အမွန္တကယ္ျဖစ္လာတာက ၿဗိတိန္ႏိုင္ငံကို ‌ေရကူးတတ္ေအာင္ ေရကန္ထဲ ႐ုတ္တရက္ ကန္ခ်လိုက္သူလို ေက်းဇူးတင္ရမယ့္ပုံျဖစ္ေနပါေတာ့တယ္။

How Soros Made A Billion Dollars And Almost Broke Britain ကိုဆီေလ်ာ္ေအာင္ ဘာသာျပန္သည္။
9:42
So in the end, Soros might’ve actually done the British a favor, even though he pocketed
9:47
about $15 for every man, woman and child in Great Britain.
9:51
Now, if you enjoy learning about financial markets then you’ll be happy to know that
9:56
I have two animated courses on Skillshare about how the stock market works.
10:01
The first one is a 20-minute general introduction, whereas the second one is a 40-minute exploration
10:06
that dives deeper into how stocks actually work and how you can value them.
10:11

Related news

© 2021. All rights reserved.