အမေရိကန် နှင့် တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုမစတင်ခင် မြောက်ကိုရီးယားက ခရုဇ်ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်

628

Pika (NP News) - သြဂုတ် ၂၁
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းသည် ရေတပ် တပ်ဖွဲ့များဆီသို့သွားရောက်ခဲ့ပြီး မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို ကြီးကြပ်ခဲ့ကြောင်းနိုင်ငံပိုင်မီဒီယာများက ဩဂုတ်လ(၂၁)ရက်တွင် ဖော်ပြခဲ့ သည်။
အမေရိကန် နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ စတင်ခင် မြောက်ကိုရီးယားဖက်က ယခုကဲ့သို့ စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကင်ဂျုံအန်းသည် အရှေ့ပင်လယ်ရှိ ၎င်း၏ ရေတပ်သင်္ဘောများကို သွားရောက်စစ်ဆေးခဲ့ပြီး သင်္ဘောသားများ၏ မဟာဗျူဟာမြောက်ခရုဇ်ဒုံးကျည်များပစ်လွှတ်သည့် စစ်ရေးလေ့ကျင့်မှုကို ကြည့်ရှုခဲ့ကြောင်း KCNA သတင်းဌာန က ဖော်ပြခဲ့သည်။ အဆိုပါစစ်ရေးလေ့ကျင့်မှုသည် ရေတပ်သင်္ဘောများ၏ တိုက်ခိုက်ရေးလုပ်ဆောင်ချက်များ၊ ဒုံးကျည်စနစ်များကို ပြန်လည်စစ်ဆေးရန်နှင့် စစ်ပွဲဖြစ်ပွားသည့်အချိန်တွင် ရေတပ် တပ်ဖွဲ့ဝင်များကို ကျွမ်းကျင်စွာ တိုက်ခိုက်နိုင်စေရန် ရည်ရွယ်ထားကြောင်း အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။
အဆိုပါအစီရင်ခံစာတွင် ကင်ဂျုံအန်းလာရောက်လည်ပတ်ခဲ့သည့်အချိန်နှင့် ပစ်လွှတ်ခဲ့သည့် ဒုံးကျည်အမျိုးအစား နှင့်ပတ်သက်သည့်အသေးစိတ်အချက်အလက်များကို ပြောကြားခြင်းမျိုးမရှိခဲ့သော်လည်း ဒုံးကျည်သည် ပစ်မှတ်ကို အောင်မြင်စွာထိမှန်ခဲ့ကြောင်း ဖော်ပြထားသည်။
တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်ရုံး က "အမေရိကန်နဲ့တောင်ကိုရီးယားတို့ဟာ မြောက်ကိုရီးယားကို အချိန်နဲ့ တစ်ပြေးညီစောင့်ကြည့်နေပါတယ်" ဟု ပြောဆိုခဲ့သည်။
အမေရိကန် နှင့် တောင်ကိုရီးယားတို့သည် Ulchi Freedom Guardian အမည်ရှိ (၁၁)ရက်ကြာ စစ်ရေး လေ့ကျင့်မှု ကို ဩဂုတ်လ(၂၁)ရက်တွင် စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။ အမေရိကန် နှင့် တောင်ကိုရီးယားတို့ သည် နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် မြောက်ကိုရီးယာား၏ ခြိမ်းခြောက်မှုများ ပိုမိုမြင့်တက်လာနေခြင်းကို တုံ့ပြန်ရန်ရည်ရွယ်ကာ အဆိုပါစစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
မြောက်ကိုရီးယားသည် အမေရိကန် နှင့် တောင်ကိုရီးယားတို့၏ စစ်ရေးလေ့ကျင့်မှုများကို ကျူးကျော် တိုက်ခိုက်မှုများ လုပ်ဆောင်ရန်အတွက် အစမ်းလေ့ကျင့်နေခြင်းမျိုးအဖြစ် ရှုမြင်ထားပြီး ပြင်းထန်သည့် လက်တုံ့ပြန်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အကြိမ်ကြိမ်သတိပေးပြောဆိုခဲ့သည်။

Zawgyi Version;
အေမရိကန္ ႏွင့္ ေတာင္ကိုရီးယားတို႔ ပူးတြဲစစ္ေရးေလ့က်င့္မႈမစတင္ခင္ ေျမာက္ကိုရီးယားက ခ႐ုဇ္ဒုံးက်ည္မ်ား စမ္းသပ္ပစ္လႊတ္
Pika (NP News) - ၾသဂုတ္ ၂၁
ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းသည္ ေရတပ္ တပ္ဖြဲ႕မ်ားဆီသို႔သြားေရာက္ခဲ့ၿပီး မဟာဗ်ဴဟာေျမာက္ ခ႐ုဇ္ဒုံးက်ည္ စမ္းသပ္ပစ္လႊတ္မႈကို ႀကီးၾကပ္ခဲ့ေၾကာင္းႏိုင္ငံပိုင္မီဒီယာမ်ားက ဩဂုတ္လ(၂၁)ရက္တြင္ ေဖာ္ျပခဲ့ သည္။
အေမရိကန္ ႏွင့္ ေတာင္ကိုရီးယားတို႔၏ ပူးတြဲစစ္ေရးေလ့က်င့္မႈမ်ား စတင္ခင္ ေျမာက္ကိုရီးယားဖက္က ယခုကဲ့သို႔ စမ္းသပ္ပစ္လႊတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ကင္ဂ်ဳံအန္းသည္ အေရွ႕ပင္လယ္ရွိ ၎၏ ေရတပ္သေဘၤာမ်ားကို သြားေရာက္စစ္ေဆးခဲ့ၿပီး သေဘၤာသားမ်ား၏ မဟာဗ်ဴဟာေျမာက္ခ႐ုဇ္ဒုံးက်ည္မ်ားပစ္လႊတ္သည့္ စစ္ေရးေလ့က်င့္မႈကို ၾကည့္ရႈခဲ့ေၾကာင္း KCNA သတင္းဌာန က ေဖာ္ျပခဲ့သည္။ အဆိုပါစစ္ေရးေလ့က်င့္မႈသည္ ေရတပ္သေဘၤာမ်ား၏ တိုက္ခိုက္ေရးလုပ္ေဆာင္ခ်က္မ်ား၊ ဒုံးက်ည္စနစ္မ်ားကို ျပန္လည္စစ္ေဆးရန္ႏွင့္ စစ္ပြဲျဖစ္ပြားသည့္အခ်ိန္တြင္ ေရတပ္ တပ္ဖြဲ႕ဝင္မ်ားကို ကြၽမ္းက်င္စြာ တိုက္ခိုက္ႏိုင္ေစရန္ ရည္႐ြယ္ထားေၾကာင္း အစီရင္ခံစာတစ္ခုတြင္ ေဖာ္ျပထားသည္။
အဆိုပါအစီရင္ခံစာတြင္ ကင္ဂ်ဳံအန္းလာေရာက္လည္ပတ္ခဲ့သည့္အခ်ိန္ႏွင့္ ပစ္လႊတ္ခဲ့သည့္ ဒုံးက်ည္အမ်ိဳးအစား ႏွင့္ပတ္သက္သည့္အေသးစိတ္အခ်က္အလက္မ်ားကို ေျပာၾကားျခင္းမ်ိဳးမရွိခဲ့ေသာ္လည္း ဒုံးက်ည္သည္ ပစ္မွတ္ကို ေအာင္ျမင္စြာထိမွန္ခဲ့ေၾကာင္း ေဖာ္ျပထားသည္။
ေတာင္ကိုရီးယားပူးတြဲစစ္ဦးစီးခ်ဳပ္႐ုံး က "အေမရိကန္နဲ႔ေတာင္ကိုရီးယားတို႔ဟာ ေျမာက္ကိုရီးယားကို အခ်ိန္နဲ႔ တစ္ေျပးညီေစာင့္ၾကည့္ေနပါတယ္" ဟု ေျပာဆိုခဲ့သည္။
အေမရိကန္ ႏွင့္ ေတာင္ကိုရီးယားတို႔သည္ Ulchi Freedom Guardian အမည္ရွိ (၁၁)ရက္ၾကာ စစ္ေရး ေလ့က်င့္မႈ ကို ဩဂုတ္လ(၂၁)ရက္တြင္ စတင္လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။ အေမရိကန္ ႏွင့္ ေတာင္ကိုရီးယားတို႔ သည္ န်ဴကလီးယားလက္နက္ပိုင္ဆိုင္သည့္ ေျမာက္ကိုရီးယာား၏ ၿခိမ္းေျခာက္မႈမ်ား ပိုမိုျမင့္တက္လာေနျခင္းကို တုံ႔ျပန္ရန္ရည္႐ြယ္ကာ အဆိုပါစစ္ေရးေလ့က်င့္မႈကို လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။
ေျမာက္ကိုရီးယားသည္ အေမရိကန္ ႏွင့္ ေတာင္ကိုရီးယားတို႔၏ စစ္ေရးေလ့က်င့္မႈမ်ားကို က်ဴးေက်ာ္ တိုက္ခိုက္မႈမ်ား လုပ္ေဆာင္ရန္အတြက္ အစမ္းေလ့က်င့္ေနျခင္းမ်ိဳးအျဖစ္ ရႈျမင္ထားၿပီး ျပင္းထန္သည့္ လက္တုံ႔ျပန္မႈမ်ား လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း အႀကိမ္ႀကိမ္သတိေပးေျပာဆိုခဲ့သည္။