ကျိုင်းလပ်နယ်စပ်ကုန်သွယ်ရေးစခန်းကို အဆင့်မြှင့်တင်ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် မြန်မာ-လာအိုနှစ်နိုင်ငံကုန်သွယ်မှု ပိုမိုတိုးမြင့်လာမည်

899
ယွန်း (NP News) - သြဂုတ် ၂၇
တာချီလိတ်ခရိုင် ကျိုင်းလပ်နယ်စပ်ကုန်သွယ်ရေးစခန်းကို အဆင့်မြှင့်တင်ဖွင့်လှစ်ခဲ့ပြီး မြန်မာနှင့် လာအိုနှစ်နိုင်ငံကုန်သွယ်မှု ပိုမိုတိုးမြင့်လာနိုင်ကြောင်း စီးပွားကူးသန်းဝန်ကြီးက အသိပေးပြောကြားထားသည်။

ကျိုင်းလပ်နယ်စပ်ကုန်သွယ်ရေးစခန်းကို ယမန်နေ့ (သြဂုတ်လ(၂၆)ရက်)တွင် အဆင့်မြှင့်တင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ကျိုင်းလပ်နယ်စပ်ကုန်သွယ်ရေးစခန်းကို မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ(၂၀၂၁) ဖြင့် တရုတ်နိုင်ငံမှထောက်ပံ့ကူညီပေးခဲ့ခြင်းဖြစ်ပြီး လာအိုနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သော ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့တွင် တည်ဆောက်ထားခြင်းဖြစ်သည်။
အဆိုပါ ကျိုင်းလပ်ကုန်သွယ်ရေးစခန်းအဆင့်မြှင့်တင် ဖွင့်လှစ်နိုင်ခြင်းကြောင့် မြန်မာ- လာအိုနှစ်နိုင်ငံ ကုန်သွယ်မှုပိုမိုတိုးမြင့်လာနိုင်ပြီး နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်လာနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အသိပေးပြောကြားထားသည်။
မြန်မာနှင့် လာအိုနိုင်ငံတို့သည် လွန်ခဲ့သည့်နှစ်များစွာကပင် ချစ်ခင်ရင်းနှီးခဲ့ကြသည့် နိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံပြည်သူများ အနေဖြင့် ရိုးရာဓလေ့၊ ယဥ်ကျေးမှုနှင့် ကိုးကွယ်ရာဘာသာများလည်း တူညီမှုရှိကြသည်။
သို့သော် မဲခေါင်မြစ်ပိုင်ခြားထားမှုကြောင့် ယခင်က နှစ်နိုင်ငံကုန်သွယ်မှုဖွံ့ဖြိုးခဲ့ခြင်းမရှိခဲ့သော်လည်း မြန်မာ- လာအိုချစ်ကြည်ရေးတံတား တည်ဆောက်ပြီးနောက် နှစ်နိုင်ငံလမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်ခဲ့ကြောင်း စီးပွားကူးသန်းဝန်ကြီးက ပြောသည်။
လမ်းပန်းဆက်သွယ်ရေးများ ပိုမိုကောင်းမွန်လာမှုကိုအခြေပြု၍ ကုန်သွယ်မှုမြှင့်တင်ဆောင်ရွက်နိုင်ရန် ယခင်က ယာယီဖွင့်လှစ်ခဲ့သည့် ကျိုင်းလပ်နယ်စပ်ကုန်သွယ်ရေးစခန်းကို ကုန်သွယ်ရေးစခန်းအင်္ဂါရပ်များနှင့် ညီညွတ်သော စခန်းတစ်ခုဖြစ်လာစေရန် အဆင့်မြှင့်တင်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြော သည်။
ကျိုင်းလပ်ကုန်သွယ်ရေးစခန်းကို ၂၀၁၅ ခုနှစ်၊ မတ်လ (၁၅)ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

zawgyi version
က်ိဳင္းလပ္နယ္စပ္ကုန္သြယ္ေရးစခန္းကို အဆင့္ျမႇင့္တင္ဖြင့္လွစ္ႏိုင္ခဲ့ျခင္းေၾကာင့္ ျမန္မာ-လာအိုႏွစ္ႏိုင္ငံကုန္သြယ္မႈ ပိုမိုတိုးျမင့္လာမည္
ယြန္း (NP News) - ၾသဂုတ္ ၂၇
တာခ်ီလိတ္ခ႐ိုင္ က်ိဳင္းလပ္နယ္စပ္ကုန္သြယ္ေရးစခန္းကို အဆင့္ျမႇင့္တင္ဖြင့္လွစ္ခဲ့ၿပီး ျမန္မာႏွင့္ လာအိုႏွစ္ႏိုင္ငံကုန္သြယ္မႈ ပိုမိုတိုးျမင့္လာႏိုင္ေၾကာင္း စီးပြားကူးသန္းဝန္ႀကီးက အသိေပးေျပာၾကားထားသည္။
က်ိဳင္းလပ္နယ္စပ္ကုန္သြယ္ေရးစခန္းကို ယမန္ေန႔ (ၾသဂုတ္လ(၂၆)ရက္)တြင္ အဆင့္ျမႇင့္တင္ဖြင့္လွစ္ခဲ့ျခင္းျဖစ္သည္။
က်ိဳင္းလပ္နယ္စပ္ကုန္သြယ္ေရးစခန္းကို မဲေခါင္- လန္ခ်န္း ပူးေပါင္းေဆာင္႐ြက္မႈအထူးရန္ပုံေငြ(၂၀၂၁) ျဖင့္ တ႐ုတ္ႏိုင္ငံမွေထာက္ပံ့ကူညီေပးခဲ့ျခင္းျဖစ္ၿပီး လာအိုႏိုင္ငံႏွင့္ နယ္စပ္ၿမိဳ႕ျဖစ္ေသာ ရွမ္းျပည္နယ္ အေရွ႕ပိုင္း၊ တာခ်ီလိတ္ခ႐ိုင္၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ က်ိဳင္းလပ္ၿမိဳ႕တြင္ တည္ေဆာက္ထားျခင္းျဖစ္သည္။
အဆိုပါ က်ိဳင္းလပ္ကုန္သြယ္ေရးစခန္းအဆင့္ျမႇင့္တင္ ဖြင့္လွစ္ႏိုင္ျခင္းေၾကာင့္ ျမန္မာ- လာအိုႏွစ္ႏိုင္ငံ ကုန္သြယ္မႈပိုမိုတိုးျမင့္လာႏိုင္ၿပီး ႏွစ္ႏိုင္ငံျပည္သူမ်ားအၾကား ခ်စ္ၾကည္ရင္းႏွီးမႈမ်ား ပိုမိုတိုးတက္လာႏိုင္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေအာင္ႏိုင္ဦးက အသိေပးေျပာၾကားထားသည္။
ျမန္မာႏွင့္ လာအိုႏိုင္ငံတို႔သည္ လြန္ခဲ့သည့္ႏွစ္မ်ားစြာကပင္ ခ်စ္ခင္ရင္းႏွီးခဲ့ၾကသည့္ ႏိုင္ငံမ်ားျဖစ္ၿပီး ႏွစ္ႏိုင္ငံျပည္သူမ်ား အေနျဖင့္ ႐ိုးရာဓေလ့၊ ယဥ္ေက်းမႈႏွင့္ ကိုးကြယ္ရာဘာသာမ်ားလည္း တူညီမႈရွိၾကသည္။
သို႔ေသာ္ မဲေခါင္ျမစ္ပိုင္ျခားထားမႈေၾကာင့္ ယခင္က ႏွစ္ႏိုင္ငံကုန္သြယ္မႈဖြံ႕ၿဖိဳးခဲ့ျခင္းမရွိခဲ့ေသာ္လည္း ျမန္မာ- လာအိုခ်စ္ၾကည္ေရးတံတား တည္ေဆာက္ၿပီးေနာက္ ႏွစ္ႏိုင္ငံလမ္းပန္းဆက္သြယ္ေရး ပိုမိုေကာင္းမြန္ခဲ့ေၾကာင္း စီးပြားကူးသန္းဝန္ႀကီးက ေျပာသည္။
လမ္းပန္းဆက္သြယ္ေရးမ်ား ပိုမိုေကာင္းမြန္လာမႈကိုအေျချပဳ၍ ကုန္သြယ္မႈျမႇင့္တင္ေဆာင္႐ြက္ႏိုင္ရန္ ယခင္က ယာယီဖြင့္လွစ္ခဲ့သည့္ က်ိဳင္းလပ္နယ္စပ္ကုန္သြယ္ေရးစခန္းကို ကုန္သြယ္ေရးစခန္းအဂၤါရပ္မ်ားႏွင့္ ညီၫြတ္ေသာ စခန္းတစ္ခုျဖစ္လာေစရန္ အဆင့္ျမႇင့္တင္ျခင္းျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာ သည္။
က်ိဳင္းလပ္ကုန္သြယ္ေရးစခန္းကို ၂၀၁၅ ခုႏွစ္၊ မတ္လ (၁၅)ရက္တြင္ စတင္ဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။