ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ကရင်ရိုးရာပွဲတော်ကို ထိုင်းနိုင်ငံရဲ့ Move Forward ပါတီခေါင်းဆောင် ပီတ လင်ဂျာရိုအမ်ရက် တက်ရောက်

2082

ဂျန်ဇက် (NP News) - သြဂုတ် ၂၈
ထိုင်းရွေးကောက်ပွဲမှာ မဲအများဆုံးအနိုင်ရခဲ့တဲ့ Move Forward ပါတီခေါင်းဆောင် ပီတလင်ဂျာရိုအမ်ရက်ဟာ သြဂုတ် ၂၆ ရက်က ဘန်ကောက်မြို့ Wat Phraya Suren ကျောင်းမှာ ကျင်းပခဲ့တဲ့ ကရင်တိုင်းရင်းသား ရိုးရာပွဲ တစ်ခုဖြစ်တဲ့ လက်ချည်ပွဲအခမ်းနားကို တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
နှစ်စဉ်ကျင်းပတဲ့ အဆိုပါအခမ်းအနားကို ပီတလင်ဂျာရိုအမ်ရက်အပြင် Move Forward ပါတီရဲ့လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်တဲ့ Manop Keereepuwadol နဲ့ Pimkarn Kiratiwirapakorn တို့လည်း တက်ရောက်ခဲ့ ကြောင်း သိရပါတယ်။ ပီတလင်ဂျာရိုအမ်ရက်က ထိုင်းနိုင်ငံရှိ လူနည်းစုတိုင်းရင်းသားများအတွက် တန်းတူညီမျှ အခွင့်အရေးရရှိအောင် ကြိုးပမ်းမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
ပီတလင်ဂျာရိုအမ်ရက်က ၎င်းအနေနဲ့ ထိုင်းနိုင်ငံသားများနဲ့ လူနည်းစု တိုင်းရင်းသားအခွင့်အရေးတိုးမြှင့်ပေးနိုင်မယ့် ဥပဒေမူကြမ်းကို လုပ်ဆောင်လျက်ရှိနေကြောင်း ပြောပါတယ်။ Cross Cultural Foundation ရဲ့ ဥက္ကဋ္ဌဖြစ်သူ Surapong Kongchantuk က ထိုင်းဝန်ကြီးချုပ်အသစ်မဲပေးရွေးချယ်ပွဲမှာ ပီတလင်ဂျာရိုအမ်ရက် ရှုံးနိမ့်ခဲ့ခြင်းဟာ ထိုင်းနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများကြား စိတ်ပျက်စရာဖြစ်လာစေခဲ့ကြောင်း၊ ပီတလင်ဂျာရိုအမ်ရက် ဦးဆောင် နေတဲ့ Move Forward ပါတီ ရေးဆွဲနေတဲ့ဥပဒေမူကြမ်းဟာ အစိုးရအသစ် လက်ထက်မှာ တိုင်းရင်းသားအခွင့် အရေးများ တိုးမြှင့်ရရှိအောင် ကူညီပေးနိုင်မယ်လို့ မျှော်လင့်ယုံကြည်ကြောင်း ပြောပါတယ်။
ကမ္ဘာတဝန်းရှိ ကရင်တိုင်းရင်းသားများဟာ နှစ်စဉ်နှစ်တိုင်း လက်ချည်ပွဲအခမ်းနားကို ကျင်းပနေပြီး ကံဆိုးမှုနဲ့ နတ်ဆိုးတွေ ရန်ကနေ ကာကွယ်ဖို့ ရည်ရွယ်ပြုလုပ်ခြင်းမျိုးဖြစ်ကြောင်း သိရပါတယ်။ ကရင်တိုင်းရင်းသားများဟာ လက်ချည်ပွဲအခမ်းအနားကို ကိုယ်တိုင်တက်ရောက်လာခဲ့တဲ့ ပီတလင်ဂျာရိုအမ်ရက်က ကရင်ရိုးရာဝတ်စုံကို လက်ဆောင်ပေးခဲ့ပြီး ပီတလင်ဂျာရိုအမ်ရက်ဟာ ကရင်ရိုးရာဝတ်စုံကို ဝတ်ဆင်ခဲ့ကြောင်း သိရပါတယ်။

Zawgyi Version;
ဘန္ေကာက္ၿမိဳ႕မွာ က်င္းပတဲ့ ကရင္႐ိုးရာပြဲေတာ္ကို ထိုင္းႏိုင္ငံရဲ႕ Move Forward ပါတီေခါင္းေဆာင္ ပီတ လင္ဂ်ာ႐ိုအမ္ရက္ တက္ေရာက္
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၂၈
ထိုင္းေ႐ြးေကာက္ပြဲမွာ မဲအမ်ားဆုံးအႏိုင္ရခဲ့တဲ့ Move Forward ပါတီေခါင္းေဆာင္ ပီတလင္ဂ်ာ႐ိုအမ္ရက္ဟာ ၾသဂုတ္ ၂၆ ရက္က ဘန္ေကာက္ၿမိဳ႕ Wat Phraya Suren ေက်ာင္းမွာ က်င္းပခဲ့တဲ့ ကရင္တိုင္းရင္းသား ႐ိုးရာပြဲ တစ္ခုျဖစ္တဲ့ လက္ခ်ည္ပြဲအခမ္းနားကို တက္ေရာက္ခဲ့ေၾကာင္း သိရပါတယ္။
ႏွစ္စဥ္က်င္းပတဲ့ အဆိုပါအခမ္းအနားကို ပီတလင္ဂ်ာ႐ိုအမ္ရက္အျပင္ Move Forward ပါတီရဲ႕လႊတ္ေတာ္ ကိုယ္စားလွယ္ေတြျဖစ္တဲ့ Manop Keereepuwadol နဲ႔ Pimkarn Kiratiwirapakorn တို႔လည္း တက္ေရာက္ခဲ့ ေၾကာင္း သိရပါတယ္။ ပီတလင္ဂ်ာ႐ိုအမ္ရက္က ထိုင္းႏိုင္ငံရွိ လူနည္းစုတိုင္းရင္းသားမ်ားအတြက္ တန္းတူညီမွ် အခြင့္အေရးရရွိေအာင္ ႀကိဳးပမ္းမႈေတြ ဆက္လက္လုပ္ေဆာင္သြားမယ္လို႔ ေျပာပါတယ္။
ပီတလင္ဂ်ာ႐ိုအမ္ရက္က ၎အေနနဲ႔ ထိုင္းႏိုင္ငံသားမ်ားနဲ႔ လူနည္းစု တိုင္းရင္းသားအခြင့္အေရးတိုးျမႇင့္ေပးႏိုင္မယ့္ ဥပေဒမူၾကမ္းကို လုပ္ေဆာင္လ်က္ရွိေနေၾကာင္း ေျပာပါတယ္။ Cross Cultural Foundation ရဲ႕ ဥကၠ႒ျဖစ္သူ Surapong Kongchantuk က ထိုင္းဝန္ႀကီးခ်ဳပ္အသစ္မဲေပးေ႐ြးခ်ယ္ပြဲမွာ ပီတလင္ဂ်ာ႐ိုအမ္ရက္ ရႈံးနိမ့္ခဲ့ျခင္းဟာ ထိုင္းႏိုင္ငံရွိ တိုင္းရင္းသားလူမ်ိဳးမ်ားၾကား စိတ္ပ်က္စရာျဖစ္လာေစခဲ့ေၾကာင္း၊ ပီတလင္ဂ်ာ႐ိုအမ္ရက္ ဦးေဆာင္ ေနတဲ့ Move Forward ပါတီ ေရးဆြဲေနတဲ့ဥပေဒမူၾကမ္းဟာ အစိုးရအသစ္ လက္ထက္မွာ တိုင္းရင္းသားအခြင့္ အေရးမ်ား တိုးျမႇင့္ရရွိေအာင္ ကူညီေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ယုံၾကည္ေၾကာင္း ေျပာပါတယ္။
ကမာၻတဝန္းရွိ ကရင္တိုင္းရင္းသားမ်ားဟာ ႏွစ္စဥ္ႏွစ္တိုင္း လက္ခ်ည္ပြဲအခမ္းနားကို က်င္းပေနၿပီး ကံဆိုးမႈနဲ႔ နတ္ဆိုးေတြ ရန္ကေန ကာကြယ္ဖို႔ ရည္႐ြယ္ျပဳလုပ္ျခင္းမ်ိဳးျဖစ္ေၾကာင္း သိရပါတယ္။ ကရင္တိုင္းရင္းသားမ်ားဟာ လက္ခ်ည္ပြဲအခမ္းအနားကို ကိုယ္တိုင္တက္ေရာက္လာခဲ့တဲ့ ပီတလင္ဂ်ာ႐ိုအမ္ရက္က ကရင္႐ိုးရာဝတ္စုံကို လက္ေဆာင္ေပးခဲ့ၿပီး ပီတလင္ဂ်ာ႐ိုအမ္ရက္ဟာ ကရင္႐ိုးရာဝတ္စုံကို ဝတ္ဆင္ခဲ့ေၾကာင္း သိရပါတယ္။