KNU ဥက္ကဋ္ဌဟောင်းက ငြိမ်းချမ်းရေးအကြောင်းကို ဒေသခံများနှင့်ထိတွေ့ပြောဆိုမှုများရှိလာ၊ အမျိုးသားရေးတာဝန်ကို ကျရာနေရာမှ ဆောင်ရွက်ပေးရန် ဆန္ဒရှိဟုဆို

 1571

မျိုးကြီး (NP News) - သြဂုတ် ၂၉

KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးအနေဖြင့် ငြိမ်းချမ်းရေးအကြောင်းကို ဒေသခံများနှင့်ထိတွေ့ကာ ပြောဆိုရှင်းပြမှုများ လာကြောင်း သတင်းရရှိသည်။

ဥက္ကဋ္ဌဟောင်းစောမူတူးစေးဖိုးသည် ၎င်းလက်ထက်အတွင်း ပြည်တွင်းငြိမ်းချမ်းရေး ကြိုးစားခဲ့မှုများအပေါ် ဂုဏ်ပြုပွဲအား ယနေ့(သြဂုတ်လ ၂၉ ရက်)တွင် KNU တပ်မဟာ(၆)နယ်မြေ၊ ဖါးပြရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

“KNU ဥက္ကဋ္ဌဟောင်းက လိုက်လံဆွေးနွေးတာမဟုတ်ပါဘူး။ ကျွန်တော်တို့ ဖါးပြရွာသားအနေနဲ့ ကျေးရွာနေပြည်သူတွေအနေနဲ့ ဒီပြည်တွင်းငြိမ်းချမ်းရေးကို အပတ်တကုပ်ကြိုးစားခဲ့တဲ့ အဖိုးမူတူးကို ဂုဏ်ပြုချင်တဲ့အပေါ်မှာ ဒီဖါးပြရွာကနေပြီးတော့မှ သူ့ကိုဂုဏ်ပြုပွဲလေးလုပ်ပေးတာပါ။ အဲဒါပါပဲ”ဟု ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းက NP News ကို ပြောသည်။

ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းခဲ့သော KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးအား ဂုဏ်ပြုပွဲကို ပဒိုစောရွှေမောင်းနှင့် ဖါးပြရွာသားများက ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီမနက် လုပ်တယ်။ ၉ နာရီမှာလုပ်တယ်။ ၁၂ နာရီမှာ ပြီးမြောက်တယ်။ အဖိုးမူတူးက သူ့မှာက တာဝန်မရှိတော့ဘူးပေါ့နော်။ KNU အစည်းအရုံးအနေနဲ့ တာဝန်မရှိတဲ့အပေါ်မှာ ကရင်ပြည်သူတစ်ယောက်အနေနဲ့တော့ အမျိုးသားတွေရဲ့ လိုလားတောင်းတမှုကို ပြည့်ဝဖို့အတွက် သူကလည်းပဲ အမျိုးသားရေးတာဝန်ကို ကျရာနေရာကနေပြီးတော့ ဆောင်ရွက်ပေးဖို့ သူ့မှာဆန္ဒရှိတဲ့အကြောင်းတော့ ပြောသွားပါတယ်” ဟု ပဒိုစောရွှေမောင်းက ဆက်လက်ပြောသည်။

ထို့ပြင် KNU ဥက္ကဋ္ဌဟောင်းစောမူတူးစေးဖိုးက နိုင်ငံအတွင်း၌ မငြိမ်းမချမ်းဖြစ်ပေါ်နေမှု ငြိမ်းချမ်းအောင်ဆောင်ရွက်ရန်မှာ နိုင်ငံသားတိုင်းတွင် တာဝန်ရှိသကဲ့သို့ ကရင်အမျိုးသားထုနေထိုင်ရာဒေသများတွင်လည်း ငြိမ်းချမ်းရေးရရှိရန် မိမိအပေါ်တွင်လည်း တာဝန်ရှိကြောင်း ထည့်သွင်းပြောဆိုခဲ့သည်ဟု သိရသည်။

အလားတူ KNU ဒူးပလာယာခရိုင်ဥက္ကဋ္ဌပဒိုစောရွှေမောင်းကလည်း အားလုံးသည် ငြိမ်းချမ်းလိုကြောင်းနှင့် ငြိမ်းချမ်းရေးအတွက် ကြံဆောင်ရာတွင် နည်းလမ်းကွဲလွဲမှုများရှိနေ၍သာ ယခုကဲ့သို့ အကွဲကွဲအပြားပြားဖြစ်နေခြင်းဖြစ်ကြောင်းလည်း သုံးသပ်ထားသည်။

ဆက်လက်ပြီး KNU ဥက္ကဋ္ဌစောမူတူးစေးဖိုး၏ ငြိမ်းချမ်းရေးလုပ်ကိုင်လိုမှုဆန္ဒနှင့်ပတ်သက်၍လည်း ပဒိုစောရွှေမောင်းက “သူ့ရဲ့စဉ်းစားမှု၊ သူ့ရဲ့ဆန္ဒရှိပါတယ်။ အဲဒါတွေက ရှိပါတယ်။ သူ့ဆန္ဒရှိတယ် အခြေအနေပေးရင် ပေးသလိုပေါ့နော် ဆောင်ရွက်လို့ရတဲ့အနေအထားရှိခဲ့မယ်ဆိုလို့ရှိရင် ရှေ့ဆက်ဆောင်ရွက်ဖို့ ရှိတာပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၆ ရက်တွင်လည်း KNU တပ်မဟာ(၆)နယ်မြေ၊ မဲကသာရွာ၌ ဥက္ကဋ္ဌဟောင်းစောမူတူးစေးဖိုးသည် ခရိုင်ဥက္ကဋ္ဌ၊ ခရိုင်အမှုဆောင်များ၊ တပ်ရင်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးကိစ္စရပ်များကိုလည်း ထည့်သွင်းပြောဆိုမှုများရှိခဲ့ကြောင်း သိရသည်။

“ဒီမနက်လည်း လုပ်တယ်။ အခုအပြင်းအထန်းဆုံးဖြစ်နေတာက တပ်မဟာ(၆)နယ်မြေပေါ့။ ဒါပေမယ့် အခုသွားပြောနေတဲ့ဟာက ဒေါနတောင်အနောက်ခြမ်း ကော့ကရိတ်နဲ့ ဘုရားသုံးဆူကြားမှာရှိတဲ့ ဧရိယာက ကျေးရွာတွေမှာ သွားပြောနေတာပေါ့။ အခုဟာကတော့ သူက လွတ်လွတ်လပ်လပ်ပြောလို့ရပြီပေါ့။ KNU အကြောင်း ပြောစရာမလိုတော့ဘူးလေ။ အတွေ့အကြုံရှိတဲ့ လူတစ်ယောက်အနေနဲ့ပဲ ငြိမ်းချမ်းရေးအကြောင်းပြောတော့ သူပြောရတာ ပိုကောင်းတာပေါ့။ အဖွဲ့အစည်းကို ကိုယ်စားပြုနေရာစရာ မလိုတော့ဘူးလေ”ဟု KNU နှင့်နီးစပ်သော သတင်းအရင်းအမြစ်တစ်ဦးက NP News ကိုပြောသည်။

ဥက္ကဋ္ဌဟောင်းစောမူတူးစေးဖိုးအနေဖြင့် ငြိမ်းချမ်းရေးအတွက် ရှေ့ထွက်ကာ ယခုကဲ့သို့ ထိတွေ့ပြောဆိုမှုများပြုလုပ်ခြင်း ဖြစ်နိုင်ကြောင်းနှင့် အခြားသော ကျေးရွာဒေသခံများနှင့်လည်း ဆက်လက်တွေ့ဆုံသွားဖွယ်ရှိကြောင်း အထက်ပါသတင်းအရင်းအမြစ်က သုံးသပ်ထားသည်။

ထို့ပြင် တပ်မဟာ(၆)နယ်မြေရှိ ဒေသခံတစ်ဦးကလည်း “အဓိကတော့ ဒေသတွင်းမှာ ငြိမ်းချမ်းချင်တဲ့ဟာပေါ့။ အဲဒီတော့ အခုက လူထုနဲ့စပြီးတွေ့ဆုံတာပေါ့။ အားလုံးကလည်း စိတ်ဝင်စားနေကြတယ်။ ဒေသတွင်းငြိမ်းချမ်းမှ ဖြစ်မှာပေါ့လေ။ မငြိမ်းချမ်းရင် အကုန်လုံး အိုးမဲ့အိမ်မဲ့ကြတယ်။ အစ်ကို ကိုယ်တိုင်လည်း အိမ်မှာမနေနိုင်တဲ့ဘဝ ဖြစ်နေတာကို။ အဓိကတော့ ဒေသတွင်းမှာ အရမ်းငြိမ်းချမ်းချင်တယ်” ဟု NP News ကို ဖွင့်ဟပြောကြားထားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးသည် ယခုနှစ် ဧပြီလအတွင်း ကျင်းပခဲ့သော (၁၇)ကြိမ်မြောက်ညီလာခံ၌ ပါဝင်အရွေးချယ်ခံခြင်းမရှိတော့ဘဲ ဥက္ကဋ္ဌအဖြစ်မှ အနားယူခဲ့ခြင်းဖြစ်သည်။

KNU ဥက္ကဋ္ဌသစ်အဖြစ် ပဒိုစောကွယ်ထူးဝင်းဖြစ်လာခဲ့ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)အပေါ်တွင် လိုက်နာစရာအကြောင်းမရှိတော့ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

zawgyi version
KNU ဥကၠ႒ေဟာင္းက ၿငိမ္းခ်မ္းေရးအေၾကာင္းကို ေဒသခံမ်ားႏွင့္ထိေတြ႕ေျပာဆိုမႈမ်ားရွိလာ၊ အမ်ိဳးသားေရးတာဝန္ကို က်ရာေနရာမွ ေဆာင္႐ြက္ေပးရန္ ဆႏၵရွိဟုဆို

မ်ိဳးႀကီး (NP News) - ၾသဂုတ္ ၂၉

KNU ဥကၠ႒ေဟာင္း ေစာမူတူးေစးဖိုးအေနျဖင့္ ၿငိမ္းခ်မ္းေရးအေၾကာင္းကို ေဒသခံမ်ားႏွင့္ထိေတြ႕ကာ ေျပာဆိုရွင္းျပမႈမ်ား လာေၾကာင္း သတင္းရရွိသည္။

ဥကၠ႒ေဟာင္းေစာမူတူးေစးဖိုးသည္ ၎လက္ထက္အတြင္း ျပည္တြင္းၿငိမ္းခ်မ္းေရး ႀကိဳးစားခဲ့မႈမ်ားအေပၚ ဂုဏ္ျပဳပြဲအား ယေန႔(ၾသဂုတ္လ ၂၉ ရက္)တြင္ KNU တပ္မဟာ(၆)နယ္ေျမ၊ ဖါးျပ႐ြာ၌ က်င္းပခဲ့ေၾကာင္း သိရသည္။

“KNU ဥကၠ႒ေဟာင္းက လိုက္လံေဆြးေႏြးတာမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ ဖါးျပ႐ြာသားအေနနဲ႔ ေက်း႐ြာေနျပည္သူေတြအေနနဲ႔ ဒီျပည္တြင္းၿငိမ္းခ်မ္းေရးကို အပတ္တကုပ္ႀကိဳးစားခဲ့တဲ့ အဖိုးမူတူးကို ဂုဏ္ျပဳခ်င္တဲ့အေပၚမွာ ဒီဖါးျပ႐ြာကေနၿပီးေတာ့မွ သူ႔ကိုဂုဏ္ျပဳပြဲေလးလုပ္ေပးတာပါ။ အဲဒါပါပဲ”ဟု ဒူးပလာယာခ႐ိုင္ဥကၠ႒ ပဒိုေစာေ႐ႊေမာင္းက NP News ကို ေျပာသည္။

ၿငိမ္းခ်မ္းေရးအတြက္ ႀကိဳးပမ္းခဲ့ေသာ KNU ဥကၠ႒ေဟာင္း ေစာမူတူးေစးဖိုးအား ဂုဏ္ျပဳပြဲကို ပဒိုေစာေ႐ႊေမာင္းႏွင့္ ဖါးျပ႐ြာသားမ်ားက ျပဳလုပ္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဒီမနက္ လုပ္တယ္။ ၉ နာရီမွာလုပ္တယ္။ ၁၂ နာရီမွာ ၿပီးေျမာက္တယ္။ အဖိုးမူတူးက သူ႔မွာက တာဝန္မရွိေတာ့ဘူးေပါ့ေနာ္။ KNU အစည္းအ႐ုံးအေနနဲ႔ တာဝန္မရွိတဲ့အေပၚမွာ ကရင္ျပည္သူတစ္ေယာက္အေနနဲ႔ေတာ့ အမ်ိဳးသားေတြရဲ႕ လိုလားေတာင္းတမႈကို ျပည့္ဝဖို႔အတြက္ သူကလည္းပဲ အမ်ိဳးသားေရးတာဝန္ကို က်ရာေနရာကေနၿပီးေတာ့ ေဆာင္႐ြက္ေပးဖို႔ သူ႔မွာဆႏၵရွိတဲ့အေၾကာင္းေတာ့ ေျပာသြားပါတယ္” ဟု ပဒိုေစာေ႐ႊေမာင္းက ဆက္လက္ေျပာသည္။

ထို႔ျပင္ KNU ဥကၠ႒ေဟာင္းေစာမူတူးေစးဖိုးက ႏိုင္ငံအတြင္း၌ မၿငိမ္းမခ်မ္းျဖစ္ေပၚေနမႈ ၿငိမ္းခ်မ္းေအာင္ေဆာင္႐ြက္ရန္မွာ ႏိုင္ငံသားတိုင္းတြင္ တာဝန္ရွိသကဲ့သို႔ ကရင္အမ်ိဳးသားထုေနထိုင္ရာေဒသမ်ားတြင္လည္း ၿငိမ္းခ်မ္းေရးရရွိရန္ မိမိအေပၚတြင္လည္း တာဝန္ရွိေၾကာင္း ထည့္သြင္းေျပာဆိုခဲ့သည္ဟု သိရသည္။

အလားတူ KNU ဒူးပလာယာခ႐ိုင္ဥကၠ႒ပဒိုေစာေ႐ႊေမာင္းကလည္း အားလုံးသည္ ၿငိမ္းခ်မ္းလိုေၾကာင္းႏွင့္ ၿငိမ္းခ်မ္းေရးအတြက္ ႀကံေဆာင္ရာတြင္ နည္းလမ္းကြဲလြဲမႈမ်ားရွိေန၍သာ ယခုကဲ့သို႔ အကြဲကြဲအျပားျပားျဖစ္ေနျခင္းျဖစ္ေၾကာင္းလည္း သုံးသပ္ထားသည္။

ဆက္လက္ၿပီး KNU ဥကၠ႒ေစာမူတူးေစးဖိုး၏ ၿငိမ္းခ်မ္းေရးလုပ္ကိုင္လိုမႈဆႏၵႏွင့္ပတ္သက္၍လည္း ပဒိုေစာေ႐ႊေမာင္းက “သူ႔ရဲ႕စဥ္းစားမႈ၊ သူ႔ရဲ႕ဆႏၵရွိပါတယ္။ အဲဒါေတြက ရွိပါတယ္။ သူ႔ဆႏၵရွိတယ္ အေျခအေနေပးရင္ ေပးသလိုေပါ့ေနာ္ ေဆာင္႐ြက္လို႔ရတဲ့အေနအထားရွိခဲ့မယ္ဆိုလို႔ရွိရင္ ေရွ႕ဆက္ေဆာင္႐ြက္ဖို႔ ရွိတာေပါ့” ဟု ေျပာသည္။

ၿပီးခဲ့သည့္ ၾသဂုတ္လ ၂၆ ရက္တြင္လည္း KNU တပ္မဟာ(၆)နယ္ေျမ၊ မဲကသာ႐ြာ၌ ဥကၠ႒ေဟာင္းေစာမူတူးေစးဖိုးသည္ ခ႐ိုင္ဥကၠ႒၊ ခ႐ိုင္အမႈေဆာင္မ်ား၊ တပ္ရင္းမ်ားမွ တာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံခဲ့ၿပီး ၿငိမ္းခ်မ္းေရးကိစၥရပ္မ်ားကိုလည္း ထည့္သြင္းေျပာဆိုမႈမ်ားရွိခဲ့ေၾကာင္း သိရသည္။

“ဒီမနက္လည္း လုပ္တယ္။ အခုအျပင္းအထန္းဆုံးျဖစ္ေနတာက တပ္မဟာ(၆)နယ္ေျမေပါ့။ ဒါေပမယ့္ အခုသြားေျပာေနတဲ့ဟာက ေဒါနေတာင္အေနာက္ျခမ္း ေကာ့ကရိတ္နဲ႔ ဘုရားသုံးဆူၾကားမွာရွိတဲ့ ဧရိယာက ေက်း႐ြာေတြမွာ သြားေျပာေနတာေပါ့။ အခုဟာကေတာ့ သူက လြတ္လြတ္လပ္လပ္ေျပာလို႔ရၿပီေပါ့။ KNU အေၾကာင္း ေျပာစရာမလိုေတာ့ဘူးေလ။ အေတြ႕အႀကဳံရွိတဲ့ လူတစ္ေယာက္အေနနဲ႔ပဲ ၿငိမ္းခ်မ္းေရးအေၾကာင္းေျပာေတာ့ သူေျပာရတာ ပိုေကာင္းတာေပါ့။ အဖြဲ႕အစည္းကို ကိုယ္စားျပဳေနရာစရာ မလိုေတာ့ဘူးေလ”ဟု KNU ႏွင့္နီးစပ္ေသာ သတင္းအရင္းအျမစ္တစ္ဦးက NP News ကိုေျပာသည္။

ဥကၠ႒ေဟာင္းေစာမူတူးေစးဖိုးအေနျဖင့္ ၿငိမ္းခ်မ္းေရးအတြက္ ေရွ႕ထြက္ကာ ယခုကဲ့သို႔ ထိေတြ႕ေျပာဆိုမႈမ်ားျပဳလုပ္ျခင္း ျဖစ္ႏိုင္ေၾကာင္းႏွင့္ အျခားေသာ ေက်း႐ြာေဒသခံမ်ားႏွင့္လည္း ဆက္လက္ေတြ႕ဆုံသြားဖြယ္ရွိေၾကာင္း အထက္ပါသတင္းအရင္းအျမစ္က သုံးသပ္ထားသည္။

ထို႔ျပင္ တပ္မဟာ(၆)နယ္ေျမရွိ ေဒသခံတစ္ဦးကလည္း “အဓိကေတာ့ ေဒသတြင္းမွာ ၿငိမ္းခ်မ္းခ်င္တဲ့ဟာေပါ့။ အဲဒီေတာ့ အခုက လူထုနဲ႔စၿပီးေတြ႕ဆုံတာေပါ့။ အားလုံးကလည္း စိတ္ဝင္စားေနၾကတယ္။ ေဒသတြင္းၿငိမ္းခ်မ္းမွ ျဖစ္မွာေပါ့ေလ။ မၿငိမ္းခ်မ္းရင္ အကုန္လုံး အိုးမဲ့အိမ္မဲ့ၾကတယ္။ အစ္ကို ကိုယ္တိုင္လည္း အိမ္မွာမေနႏိုင္တဲ့ဘဝ ျဖစ္ေနတာကို။ အဓိကေတာ့ ေဒသတြင္းမွာ အရမ္းၿငိမ္းခ်မ္းခ်င္တယ္” ဟု NP News ကို ဖြင့္ဟေျပာၾကားထားသည္။

ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU)ဥကၠ႒ေဟာင္း ေစာမူတူးေစးဖိုးသည္ ယခုႏွစ္ ဧၿပီလအတြင္း က်င္းပခဲ့ေသာ (၁၇)ႀကိမ္ေျမာက္ညီလာခံ၌ ပါဝင္အေ႐ြးခ်ယ္ခံျခင္းမရွိေတာ့ဘဲ ဥကၠ႒အျဖစ္မွ အနားယူခဲ့ျခင္းျဖစ္သည္။

KNU ဥကၠ႒သစ္အျဖစ္ ပဒိုေစာကြယ္ထူးဝင္းျဖစ္လာခဲ့ၿပီး တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္(NCA)အေပၚတြင္ လိုက္နာစရာအေၾကာင္းမရွိေတာ့ေၾကာင္း ထုတ္ေဖာ္ေျပာဆိုထားသည္။

Picture

L Mone

30/08/2023 10:25

အားစမ်းခိုင်းပြီး...လုပ်သလိုလို..ဖြစ်နေကြပါတယ်..ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်လိုသူ...ကရင်ပြည်သူအားလုံးနီးပါးအတွက်..စိတ်မကောင်းပါဘူး....အစွန်းရောက်ကရင်အုပ်စုကို.ကရင်မွန်နဲ့ဒေသတွင်းကပြည်သူတွေ..ဝိုင်းပြီးပြစ်ဒဏ်ချမှတ်ခြင်း..လုပ်ကြမှရပါလိမ့်မယ်...ကရင်စိုတွေကို...ကရင်ကောင်းတွေက..နှိပ်ကွက်ပေးကြဖို့ အချိန်တန်နေပါပြီဖြစ်ကြောင်း....ရန်မတိုက်တဲ့ ဖြူစင်သန့်ရှင်းတဲ့ မေတ္တာဖြင့် ပြည်သူ..ထဲက ပြည်သူ့သစ္စာစကား

Picture

L Mone

30/08/2023 19:37

ကမ္ဘာ့အားပြိုင်မှူ့က...20%...ဒါမှမဟုတ် ၅၀% ပါနော်...အနီအစွန်းရောက်မှန်သမျှဟာ... နာမည်ကြီးချင်တဲ့စိတ်..အမှန်တရားကို မြတ်နိုးတဲ့စိတ်နဲ့..ရောထွေးနေသလို...စီးပွားရေးလုပ်ငန်းစားဝတ်နေရေးတွေမှာ...အဆင်မပြေဖြစ်သွားမှာကို...ကြောက်သွားကြရကနေ...လူမိုက်စိတ်က....အထက်က..နှစ်ချက်သောအကြောင်းအရာနဲ့အတူပေါ်ထွန်းလာခဲ့ကြပါတယ်။ပြည်တွင်းစစ်သ​ဘောကိုမသိကြသလို...ကေအိုင်အေ..ကေအန်ယူအကြောင်း...အပါအဝင်လက်နက်ကိုင်တဖွဲ့ချင်းစီအကြောင်း...မသိတာကြခြင်း...အခုလို အယုတ်ဆိုးအကြည်းတန်ကိစ္စတွေဖြစ်ကုန်ကြရပေ၏။အကြောက်တရားနဲ့တည်ဆောက်ထားတဲ့ ပြည်နယ်.အချိူ့.တဝက် မက အကြောင်း. ဂဂဏဏ..မသိကြလေ..ပိုပြီးအထင်လွဲအမြင်လွဲဖြစ်ကြရလေပါပဲဗျာ....။ဦးသိန်းစိန်..၁၀..နစ်မရကြရတာဟာ...သဘောထားသေးသိမ်တဲ့...ဗမာပြည်မကြောင့်ပါပဲ။...ဦးသိန်းစိန်ခင်ဗျာ.....နာမည်ကောင်းတင်မက...အဓိက..ပြုပြင်ပြောင်းလဲရေးသမားကြီးဖြစ်သင့်တာပါ...။တပ်သိမ်းမြေပြန်ပေးပုံကြီးက...ဝေသန္တရာလားလို့ထင်မိတယ်...ပြည်တွင်းလက်နက်ကိုင်တွေ..ဒီလောက်ပေါများနေချိန်ကြီးမှာ...သူသတ္တိသိပ်ကောင်း...သဘောသိပ်ကောင်းခဲ့ပေမဲ့...တိုင်းမှူးတွေ...ခရိုင်မြို့နယ်ထွေအုပ်တွေလည်း...လိုက်လျောညီထွေရှိခဲ့ကြပေမဲ့လည်း....NLD ကိုဇွတ်ကြီးသွားထောက်ခံကြလို့...ပွတ်တိုက်မှူ့အနက်ရှိူင်းဆုံး...ရှော့အကြီးစား...ဖြစ်ကုန်ကြရလေ၏။.....နာမည်လေးရမလို့ကျန်သေးတယ်....။အစိုးရတစ်ခုလုံးချိန်းလိုက်တော့...အဆင်သင့်မဖြစ်တဲ့...ထမင်းစားဝိုင်းတစ်ခုလို..အရသာမရှိတဲ့အပြင်...ထမင်းဝိုင်းပြင်ပေးတဲ့သူခမျာ..နာမည်ကမရ...အပြစ်လည်းအမြင်ခံရသေး..စေတနာပါဖို့..အတော်ခက်တဲ့...ထမင်းဝိုင်းပမာ...စားရသူ..အနီအုပ်စုကလည်း...ထမင်းကမနတ်ဘူး..ဟင်းကမကျက်ဘူးပဲ...ညီးနေကြတော့၏။မိမိတို့နဲ့အတူပြည်သူလူထုကြီးဟာ (ကျွေးပါ့မယ်ဆိုတဲ့...ထမင်းဝိုင်း)ကို...ဇွတ်လုစားမိသလို...နငတ်ရေကျ..ဝင်စားမိသလို..ဖြစ်သွားမိတာကို...သတိမမူဂူလည်းမမြင်..ဖြစ်နေကြလေတော့၏..တကား✍️✍️✍️✍️👍👍👍👍🤔🤔🤔🤔

Related news

© 2021. All rights reserved.