Naypyitaw State Academy ရှိ ဘာသာရပ်ခြောက်ခု၌ ဖွင့်လှစ်မည့် ပါရဂူသင်တန်းများအတွက် အိန္ဒိယတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဥ်နေ

 818

ယွန်း (NP News) - စက်တင်ဘာ ၅

Naypyitaw State Academy ရှိ ဘာသာရပ်ခြောက်ခု၌ ဖွင့်လှစ်မည့် ပါရဂူသင်တန်းများအတွက် အိန္ဒိယတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံဆွေးနွေးခဲ့ကြောင်း နစကမှ သိရသည်။

ပညာရေးဝန်ကြီးဌာန၊ ဒေါက်တာညွန့်ဖေက စက်တင်ဘာလ(၄)ရက်တွင် အိန္ဒိယသံအမတ်ကြီး H.E. Mr. Vinary Kumar နှင့် နေပြည်တော်ရှိ ဝန်ကြီးဌာန ဧည့်ခန်းမ၌တွေ့ဆုံစဥ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံစဥ် Naypyitaw State Academy မှ ဘာသာရပ်‌ခြောက်ခုတွင် ပါရဂူသင်တန်းများ ဖွင့်လှစ်မည်ဖြစ်သောကြောင့် အိန္ဒိယတက္ကသိုလ်များ နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံမှ တက္ကသိုလ်ငါးခုနှင့် အိန္ဒိယနိုင်ငံရှိ အငယ်စားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကိုလည်း နှစ်နိုင်ငံတာဝန်ရှိသူများဆွေးနွေးခဲ့ကြောင်း သိရသည်။

အလားတူ အိုင်စီတီ၊ အသိဉာဏ်တု၊ အဏ္ဏဝါသိပ္ပံ၊ အဏုဇီဝ၊ အင်္ဂလိပ်စာသင်ကြားရေး၊ စီးပွားရေးစီမံခန့်ခွဲမှု၊ သက်မွေးပညာနှင့် ဆရာအတတ်သင်ပညာဘာသာရပ်များအတွက် ပညာတော်သင်များ ပိုမိုစေလွှတ်နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် နှစ်နိုင်ငံအကြား လမ်းပန်းဆက်သွယ်မှု ချိတ်ဆက်ရေးနှင့် နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်း သွယ် တန်းမှုတို့အပါအဝင် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရေးကိုလည်း ပြီးခဲ့သည့် လပိုင်းက ဆွေးနွေးမှုများရှိခဲ့ကြောင်း သိရသည်။

Naypyitaw State Academy ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၉)ရက်တွင် ဖွင့်လှစ်ခဲ့ပြီး အဆိုပါကျောင်းတွင် ဝိဇ္ဇာပညာ၊ သိပ္ပံပညာ၊ ဥပဒေပညာ၊ စီးပွားရေးပညာ၊ ဆေးပညာ၊ လူမှုရေးပညာနှင့် အားကစားပညာမဟာဌာနများ ပါဝင်ဖွဲ့စည်းထားပြီး ပညာရေးဝန်ထမ်း(၂၄ဝဝ)ကျော်ဖြင့် သင်ကြားမှုခွင့်ပြုထားကြောင်း သိရသည်။

zawgyi version
Naypyitaw State Academy ရွိ ဘာသာရပ္ေျခာက္ခု၌ ဖြင့္လွစ္မည့္ ပါရဂူသင္တန္းမ်ားအတြက္ အိႏၵိယတကၠသိုလ္မ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ရန္ စီစဥ္ေန

ယြန္း (NP News) - စက္တင္ဘာ ၅

Naypyitaw State Academy ရွိ ဘာသာရပ္ေျခာက္ခု၌ ဖြင့္လွစ္မည့္ ပါရဂူသင္တန္းမ်ားအတြက္ အိႏၵိယတကၠသိုလ္မ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ရန္ ႏွစ္ႏိုင္ငံေဆြးေႏြးခဲ့ေၾကာင္း နစကမွ သိရသည္။

ပညာေရးဝန္ႀကီးဌာန၊ ေဒါက္တာၫြန႔္ေဖက စက္တင္ဘာလ(၄)ရက္တြင္ အိႏၵိယသံအမတ္ႀကီး H.E. Mr. Vinary Kumar ႏွင့္ ေနျပည္ေတာ္ရွိ ဝန္ႀကီးဌာန ဧည့္ခန္းမ၌ေတြ႕ဆုံစဥ္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ထိုသို႔ေတြ႕ဆုံစဥ္ Naypyitaw State Academy မွ ဘာသာရပ္‌ေျခာက္ခုတြင္ ပါရဂူသင္တန္းမ်ား ဖြင့္လွစ္မည္ျဖစ္ေသာေၾကာင့္ အိႏၵိယတကၠသိုလ္မ်ား ႏွင့္ ပူးေပါင္းေဆာင္႐ြက္ႏိုင္ေရးကို ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံမွ တကၠသိုလ္ငါးခုႏွင့္ အိႏၵိယႏိုင္ငံရွိ အငယ္စားႏွင့္ အလတ္စား စက္မႈလုပ္ငန္းမ်ား ပူးေပါင္းေဆာင္႐ြက္ေရးကိုလည္း ႏွစ္ႏိုင္ငံတာဝန္ရွိသူမ်ားေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

အလားတူ အိုင္စီတီ၊ အသိဉာဏ္တု၊ အဏၰဝါသိပၸံ၊ အဏုဇီဝ၊ အဂၤလိပ္စာသင္ၾကားေရး၊ စီးပြားေရးစီမံခန႔္ခြဲမႈ၊ သက္ေမြးပညာႏွင့္ ဆရာအတတ္သင္ပညာဘာသာရပ္မ်ားအတြက္ ပညာေတာ္သင္မ်ား ပိုမိုေစလႊတ္ႏိုင္ေရးကိုလည္း ေဆြးေႏြးခဲ့ၾကသည္။

ထို႔ျပင္ ႏွစ္ႏိုင္ငံအၾကား လမ္းပန္းဆက္သြယ္မႈ ခ်ိတ္ဆက္ေရးႏွင့္ နယ္စပ္ျဖတ္ေက်ာ္ လွ်ပ္စစ္ဓာတ္အားလိုင္း သြယ္ တန္းမႈတို႔အပါအဝင္ အျပန္အလွန္အက်ိဳးျဖစ္ထြန္းေစမည့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား တိုးခ်ဲ႕ေရးကိုလည္း ၿပီးခဲ့သည့္ လပိုင္းက ေဆြးေႏြးမႈမ်ားရွိခဲ့ေၾကာင္း သိရသည္။

Naypyitaw State Academy ကို ၿပီးခဲ့သည့္ ၂၀၂၂ ခုႏွစ္၊ ႏိုဝင္ဘာလ(၉)ရက္တြင္ ဖြင့္လွစ္ခဲ့ၿပီး အဆိုပါေက်ာင္းတြင္ ဝိဇၨာပညာ၊ သိပၸံပညာ၊ ဥပေဒပညာ၊ စီးပြားေရးပညာ၊ ေဆးပညာ၊ လူမႈေရးပညာႏွင့္ အားကစားပညာမဟာဌာနမ်ား ပါဝင္ဖြဲ႕စည္းထားၿပီး ပညာေရးဝန္ထမ္း(၂၄ဝဝ)ေက်ာ္ျဖင့္ သင္ၾကားမႈခြင့္ျပဳထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.