အာဖဂန်နစ္စတန်နိုင်ငံတွင် စွန့်ပစ်ခဲ့သော အမေရိကန်ထုတ်လက်နက်များ စစ်သွေးကြွအဖွဲ့များ လက်ထဲသို့ရောက်ရှိနေဟု ပါကစ္စတန်အစိုးရပြော
747
Pika (NP News) - စက်တင်ဘာ ၅
၂ဝ၂၁ ခုနှစ်တွင် အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန်တပ်ဖွဲ့များကို ပြန်လည်ရုတ်သိမ်းခဲ့ချိန်အတွင်း စွန့်ပစ်ခဲ့သော အမေရိကန်ထုတ်လက်နက်များသည် ပါကစ္စတန်အခြေစိုက် တာလီဘန်များ အပါအဝင် ISIS အကြမ်းဖက်အဖွဲ့များ လက်ထဲသို့ ရောက်ရှိသွားခဲ့ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်က သတိပေးပြောဆိုခဲ့သည်။
အဆိုပါလက်နက်များသည် ပါကစ္စတန်အခြေစိုက် တာလီဘန်အဖွဲ့(TTP) များ၏ ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းများကို ပိုမိုမြှင့်တင်ပေးခဲ့ပြီး ပါကစ္စတန်အစိုးရအတွက် စိန်ခေါ်မှုအသစ်တစ်ခုဖြစ်လာခဲ့ကြောင်း ဝန်ကြီးချုပ် Anwaar-ul-Haq Kakar က ပြောကြားခဲ့သည်။
အမေရိကန်ထုတ်လက်နက်များကြောင့် (TTP) အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းမှာ ပိုကောင်းလာခဲ့ပြီး ပြီးခဲ့သည့် လများအတွင်း ပါကစ္စတန်ရဲတပ်ဖွဲ့များကို တိုက်ခိုက်ရာတွင် အထောက်အကူဖြစ်စေခဲ့ကြောင်း ၎င်းက ပြစ်တင် ပြောဆိုခဲ့သည်။ အမေရိကန်သည် ၂ဝ၂၁ ခုနှစ် ဩဂုတ်လတွင် အာဖဂန်နစ္စတန်နိုင်ငံတွင်းမှ ၎င်း၏တပ်ဖွဲ့များကို ရုတ်သိမ်းပြီးနောက် Kabul မြို့ကို သိမ်းပိုက်ကာ အာဏာပြန်ရလာခဲ့သော အာဖဂန်နစ္စတန် အခြေစိုက်တာလီဘန် အဖွဲ့ နှင့် ပါကစ္စတန်အခြေစိုက် တာလီဘန်အဖွဲ့(TTP)သည် မိတ်ဖက်အဖွဲ့များဖြစ်ကြောင်းလည်း သိရသည်။
သို့သော်လည်း စွန့်ပစ်ထားခဲ့သော အမေရိကန်ထုတ်လက်နက်များကို ပါကစ္စတန်စစ်သွေးကြွအဖွဲ့များ မည်ကဲ့သို့ ရရှိခဲ့သည်ဆိုသည့် အသေးစိတ်အချက်အလက်များကို Anwaar-ul-Haq Kakar က ထုတ်ဖော်ပြောကြားခဲ့ခြင်းမျိုး မရှိကြောင်းလည်း သိရသည်။
အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန်တပ်ဖွဲ့များ ရုတ်သိမ်းစဉ်အချိန်အတွင်း အမေရိကန်ဒေါ်လာ(၇)ဘီလျံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများ ကျန်ရှိနေခဲ့ကြောင်း အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က ပြီးခဲ့သည့်နှစ်တွင် သတင်း ထုတ်ပြန်ခဲ့သည်။ အမေရိကန်တပ်ဖွဲ့များ သိမ်းပိုက်ထားစဉ်အချိန်အတွင်း ကဘူးလ်မြို့ရှိ အမေရိကန်ကျောထောက် နောက်ခံပြုအစိုးရကို ပေးအပ်ခဲ့သော လက်နက်များထဲတွင် တိုက်လေယာဉ်များ၊ စစ်ဘက်သုံးယာဉ်များ၊ ဆက်သွယ်ရေးပိုင်းပစ္စည်းများ နှင့် သေနတ်များ ပါဝင်ကြောင်း သိရသည်။
သို့သော်လည်း အမေရိကန်တပ်ဖွဲ့များ နိုင်ငံအတွင်းမှ ထွက်ခွာပြီးနောက် တာလီဘန်အဖွဲ့များက ပြန်လည်အာဏာ ရလာကာ သိမ်းပိုက်မှုများနှင့်အတူ အမေရိကန်ကျောထောက်နောက်ခံပြုအစိုးရအဖွဲ့များသည် စစ်လက်နက် ပစ္စည်းများကို ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါလက်နက်များနှင့်ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းမှုများ လုပ်ဆောင်ရန် ပါကစ္စတန်ဝန်ကြီးချုပ်က တိုက်တွန်းတောင်းဆိုခဲ့ကြောင်းလည်း သိရသည်။ လေဆာအာရုံခံစနစ်ပါရှိသည့် သေနတ်များကဲ့သို့သော အမေရိကန်ထုတ်လက်နက်များသည် ပါကစ္စတန်ရဲတပ်ဖွဲ့များကို အကွာအဝေးတစ်ခုမှ ပစ်မှတ်ထားတိုက်ခိုက်နိုင် ရန်အတွက် (TTP) အဖွဲ့ကို အကူအညီများဖြစ်စေခဲ့ကြောင်း ၎င်းက မှတ်ချက်ပြုပြောခဲ့သည်။
Zawgyi Version;
အာဖဂန္နစၥတန္ႏိုင္ငံတြင္ စြန႔္ပစ္ခဲ့ေသာ အေမရိကန္ထုတ္လက္နက္မ်ား စစ္ေသြးႂကြအဖြဲ႕မ်ား လက္ထဲသို႔ေရာက္ ရွိေနဟု ပါကစၥတန္အစိုးရေျပာ
Pika (NP News) - စက္တင္ဘာ ၅
၂ဝ၂၁ ခုႏွစ္တြင္ အာဖဂန္နစၥတန္ႏိုင္ငံမွ အေမရိကန္တပ္ဖြဲ႕မ်ားကို ျပန္လည္႐ုတ္သိမ္းခဲ့ခ်ိန္အတြင္း စြန႔္ပစ္ခဲ့ေသာ အေမရိကန္ထုတ္လက္နက္မ်ားသည္ ပါကစၥတန္အေျခစိုက္ တာလီဘန္မ်ား အပါအဝင္ ISIS အၾကမ္းဖက္အဖြဲ႕မ်ား လက္ထဲသို႔ ေရာက္ရွိသြားခဲ့ေၾကာင္း ပါကစၥတန္ဝန္ႀကီးခ်ဳပ္က သတိေပးေျပာဆိုခဲ့သည္။
အဆိုပါလက္နက္မ်ားသည္ ပါကစၥတန္အေျခစိုက္ တာလီဘန္အဖြဲ႕(TTP) မ်ား၏ ပစ္ခတ္တိုက္ခိုက္ႏိုင္စြမ္းမ်ားကို ပိုမိုျမႇင့္တင္ေပးခဲ့ၿပီး ပါကစၥတန္အစိုးရအတြက္ စိန္ေခၚမႈအသစ္တစ္ခုျဖစ္လာခဲ့ေၾကာင္း ဝန္ႀကီးခ်ဳပ္ Anwaar-ul-Haq Kakar က ေျပာၾကားခဲ့သည္။
အေမရိကန္ထုတ္လက္နက္မ်ားေၾကာင့္ (TTP) အဖြဲ႕၏ ပစ္ခတ္တိုက္ခိုက္ႏိုင္စြမ္းမွာ ပိုေကာင္းလာခဲ့ၿပီး ၿပီးခဲ့သည့္ လမ်ားအတြင္း ပါကစၥတန္ရဲတပ္ဖြဲ႕မ်ားကို တိုက္ခိုက္ရာတြင္ အေထာက္အကူျဖစ္ေစခဲ့ေၾကာင္း ၎က ျပစ္တင္ ေျပာဆိုခဲ့သည္။ အေမရိကန္သည္ ၂ဝ၂၁ ခုႏွစ္ ဩဂုတ္လတြင္ အာဖဂန္နစၥတန္ႏိုင္ငံတြင္းမွ ၎၏တပ္ဖြဲ႕မ်ားကို ႐ုတ္သိမ္းၿပီးေနာက္ Kabul ၿမိဳ႕ကို သိမ္းပိုက္ကာ အာဏာျပန္ရလာခဲ့ေသာ အာဖဂန္နစၥတန္ အေျခစိုက္တာလီဘန္ အဖြဲ႕ ႏွင့္ ပါကစၥတန္အေျခစိုက္ တာလီဘန္အဖြဲ႕(TTP)သည္ မိတ္ဖက္အဖြဲ႕မ်ားျဖစ္ေၾကာင္းလည္း သိရသည္။
သို႔ေသာ္လည္း စြန႔္ပစ္ထားခဲ့ေသာ အေမရိကန္ထုတ္လက္နက္မ်ားကို ပါကစၥတန္စစ္ေသြးႂကြအဖြဲ႕မ်ား မည္ကဲ့သို႔ ရရွိခဲ့သည္ဆိုသည့္ အေသးစိတ္အခ်က္အလက္မ်ားကို Anwaar-ul-Haq Kakar က ထုတ္ေဖာ္ေျပာၾကားခဲ့ျခင္းမ်ိဳး မရွိေၾကာင္းလည္း သိရသည္။
အာဖဂန္နစၥတန္ႏိုင္ငံမွ အေမရိကန္တပ္ဖြဲ႕မ်ား ႐ုတ္သိမ္းစဥ္အခ်ိန္အတြင္း အေမရိကန္ေဒၚလာ(၇)ဘီလ်ံတန္ဖိုးရွိ စစ္လက္နက္ပစၥည္းမ်ား က်န္ရွိေနခဲ့ေၾကာင္း အေမရိကန္စစ္ဌာနခ်ဳပ္ပင္တဂြန္က ၿပီးခဲ့သည့္ႏွစ္တြင္ သတင္း ထုတ္ျပန္ခဲ့သည္။ အေမရိကန္တပ္ဖြဲ႕မ်ား သိမ္းပိုက္ထားစဥ္အခ်ိန္အတြင္း ကဘူးလ္ၿမိဳ႕ရွိ အေမရိကန္ေက်ာေထာက္ ေနာက္ခံျပဳအစိုးရကို ေပးအပ္ခဲ့ေသာ လက္နက္မ်ားထဲတြင္ တိုက္ေလယာဥ္မ်ား၊ စစ္ဘက္သုံးယာဥ္မ်ား၊ ဆက္သြယ္ေရးပိုင္းပစၥည္းမ်ား ႏွင့္ ေသနတ္မ်ား ပါဝင္ေၾကာင္း သိရသည္။
သို႔ေသာ္လည္း အေမရိကန္တပ္ဖြဲ႕မ်ား ႏိုင္ငံအတြင္းမွ ထြက္ခြာၿပီးေနာက္ တာလီဘန္အဖြဲ႕မ်ားက ျပန္လည္အာဏာ ရလာကာ သိမ္းပိုက္မႈမ်ားႏွင့္အတူ အေမရိကန္ေက်ာေထာက္ေနာက္ခံျပဳအစိုးရအဖြဲ႕မ်ားသည္ စစ္လက္နက္ ပစၥည္းမ်ားကို ဆုံးရႈံးခဲ့ေၾကာင္း သိရသည္။
အဆိုပါလက္နက္မ်ားႏွင့္ပတ္သက္ၿပီး ကိုင္တြယ္ေျဖရွင္းမႈမ်ား လုပ္ေဆာင္ရန္ ပါကစၥတန္ဝန္ႀကီးခ်ဳပ္က တိုက္တြန္းေတာင္းဆိုခဲ့ေၾကာင္းလည္း သိရသည္။ ေလဆာအာ႐ုံခံစနစ္ပါရွိသည့္ ေသနတ္မ်ားကဲ့သို႔ေသာ အေမရိကန္ထုတ္လက္နက္မ်ားသည္ ပါကစၥတန္ရဲတပ္ဖြဲ႕မ်ားကို အကြာအေဝးတစ္ခုမွ ပစ္မွတ္ထားတိုက္ခိုက္ႏိုင္ ရန္အတြက္ (TTP) အဖြဲ႕ကို အကူအညီမ်ားျဖစ္ေစခဲ့ေၾကာင္း ၎က မွတ္ခ်က္ျပဳေျပာခဲ့သည္။