ဘင်္ဂလားဒေ့ရှ်နိုင်ငံမှထုတ်သည့် ဆေးနှင့် ဆေးပစ္စည်းများကို မြန်မာနိုင်ငံ၌ အသုံးပြုနိုင်ရေ နှစ်နိုင်ငံဆွေးနွေး

 2154

ယွန်း (NP News) - စက်တင်ဘာ ၈

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှထုတ်သည့် ဆေးနှင့် ဆေးပစ္စည်းများကို မြန်မာနိုင်ငံတွင် မှတ်ပုံတင်ရေး နှင့် အသုံးပြုနိုင်ရေးကို နှစ်နိုင်ငံဆွေးနွေးခဲ့ကြောင်း နစကမှ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်းဝင်းက စက်တင်ဘာလ(၇)ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ် H.E.Dr.Md Monwar Hossain အား နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဥ် နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှထုတ်လုပ်သည့် ဆေး နှင့် ဆေးပစ္စည်းများ မြန်မာနိုင်ငံတွင် မှတ်ပုံတင်နိုင်ရေးနှင့် ဖြန့်ဖြူးအသုံးပြုနိုင်‌ရေးများကိုလည်း နှစ်နိုင်ငံဆွေးနွေးခဲ့ကြောင်း နစကမှ အသိပေးထားသည်။

ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးပြဿနာများဖြစ်သည့် ကပ်ရောဂါကာကွယ်တုံ့ပြန်ရေးလုပ်ငန်းများ နှင့် လူတိုင်းလက် လှမ်းမီလွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပူးပေါင်းနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရာ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားသည့် ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

zawgyi version
ဘဂၤလားေဒ့ရွ္ႏိုင္ငံမွထုတ္သည့္ ေဆးႏွင့္ ေဆးပစၥည္းမ်ားကို ျမန္မာႏိုင္ငံ၌ အသုံးျပဳႏိုင္ေရ ႏွစ္ႏိုင္ငံေဆြးေႏြး
ယြန္း (NP News) - စက္တင္ဘာ ၈

ဘဂၤလားေဒ့ရွ္ႏိုင္ငံမွထုတ္သည့္ ေဆးႏွင့္ ေဆးပစၥည္းမ်ားကို ျမန္မာႏိုင္ငံတြင္ မွတ္ပုံတင္ေရး ႏွင့္ အသုံးျပဳႏိုင္ေရးကို ႏွစ္ႏိုင္ငံေဆြးေႏြးခဲ့ေၾကာင္း နစကမွ သိရသည္။

က်န္းမာေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသက္ခိုင္းဝင္းက စက္တင္ဘာလ(၇)ရက္တြင္ ျမန္မာႏိုင္ငံဆိုင္ရာ ဘဂၤလားေဒ့ရွ္ သံအမတ္ H.E.Dr.Md Monwar Hossain အား ေနျပည္ေတာ္ရွိ ျပည္ေထာင္စုဝန္ႀကီး၏ ဧည့္ခန္းမ၌ ေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။

ထိုသို႔ေတြ႕ဆုံစဥ္ ႏွစ္ႏိုင္ငံက်န္းမာေရးက႑ ပူးေပါင္းေဆာင္႐ြက္မႈ ျမႇင့္တင္ေရးကိစၥရပ္မ်ားကို ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံမွထုတ္လုပ္သည့္ ေဆး ႏွင့္ ေဆးပစၥည္းမ်ား ျမန္မာႏိုင္ငံတြင္ မွတ္ပုံတင္ႏိုင္ေရးႏွင့္ ျဖန႔္ျဖဴးအသုံးျပဳႏိုင္‌ေရးမ်ားကိုလည္း ႏွစ္ႏိုင္ငံေဆြးေႏြးခဲ့ေၾကာင္း နစကမွ အသိေပးထားသည္။

ကမာၻလုံးဆိုင္ရာ က်န္းမာေရးျပႆနာမ်ားျဖစ္သည့္ ကပ္ေရာဂါကာကြယ္တုံ႔ျပန္ေရးလုပ္ငန္းမ်ား ႏွင့္ လူတိုင္းလက္ လွမ္းမီလႊမ္းၿခဳံႏိုင္ေသာ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားကိုလည္း ျမန္မာ- ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံ ပူးေပါင္းႏိုင္ေရး ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

ထို႔ျပင္ ေနရပ္စြန႔္ခြာသူမ်ား ျပန္လည္လက္ခံရာ၌ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ျပင္ဆင္ေဆာင္႐ြက္ထားသည့္ ကိစၥမ်ားကိုလည္း ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.