ကွန်ဂရက်လွှတ်တော်အား မထီမဲ့မြင်ပြုကြောင်း ဒေါ်နယ်ထရမ့်၏ အကြံပေးဟောင်း အပေါ် ဆုံးဖြတ်
816
Htay Oung (NP News) - စက်တင်ဘာ ၉
သမ္မတဒေါ်နယ်ထရမ့်လက်ထက် အိမ်ဖြူတော် အကြံပေးဟောင်း ပီတာနာဗာရိုဟာ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းရန် ကြံစည်မှုနဲ့ပတ်သက်တဲ့ လွှတ်တော်ဆင့်ခေါ်စာကို လိုက်နာရန် ပျက်ကွက်တဲ့အတွက် ကွန်ဂရက် လွှတ်တော်က ရာဇ၀တ်ကြောင်းအရ ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ ကယ်လီဖိုးနီးယားအခြေစိုက် NBC News (7 September 2023) က ရေးသားပါတယ်။
ဝါရှင်တန် ဗဟိုတရားရုံးမှာ ခုံသမာဓိဂျူရီအဖွဲ့နဲ့ လေးနာရီခန့်ကြာ ကြားနာစစ်ဆေးခဲ့ပြီးနောက် ဇန်နဝါရီလ ၆ ရက် (အရေးအခင်းဆိုင်ရာ) ကော်မတီရှေ့မှောက်မှာ (လာရောက်) ထွက်ဆိုရန် ငြင်းဆိုခြင်းအတွက် စွဲချက်နှစ်ခုမှာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
စွဲချက်တစ်ခုချင်းစီအတွက် အနည်းဆုံးရက်ပေါင်း ၃၀ မှ အများဆုံးထောင်ဒဏ်တစ်နှစ်အထိ ချမှတ်နိုင်တဲ့အပြင် အမြင့်ဆုံး ဒဏ်ငွေ ဒေါ်လာ ၁၀၀,၀၀၀ အထိလည်း ပေးဆောင်ရဖွယ်ရှိပါတယ်။ လာမယ့် ဇန်နဝါရီလ ၁၂ ရက်မှာ ဖက်ဒရယ် ခရိုင်တရားသူကြီးက အပြီးသတ် အမိန့်ချမှတ်ပါလိမ့်မယ်။
အပြစ်ရှိကြောင်း စီရင်ချက်ချမှတ်ခံရတာကြောင့်မဟုတ်ပဲ အမေရိကားပြည်သူတွေနဲ့ ရိုးသားပြီး ဆီလျော်စွာ စကား ပြောဆိုနိုင်ခြင်းမရှိတာကြောင့် အမေဖက်ဒရယ်နိုင်ငံအတွက် ၀မ်းနည်းမိကြောင်း၊ တိုင်းပြည်အတွင်း သဘောထားကွဲလွဲမှုတွေနဲ့ မာ့က်စ်ဝါဒီ လက်ဝဲသမားတွေ ခေါင်းထောင်လာကြကြောင်း၊ ဘယ်လို စီရင်မယ်ဆိုတာ သိနှင့်ပြီးဖြစ်တဲ့အတွက် အယူခံ၀င်ဖို့ ပြင်ဆင်ထားတယ်လို့ နာဗာရိုက ပြောပါတယ်။
စီရင်ချက်ဖတ်ကြားပြီးလျှင်ပြီးချင်း ဆုံးဖြတ်မှုလွဲမှားနေကြောင်း နာဗာရိုရဲ့ ရှေ့နေများက မှတ်ချက်ပေးပါတယ်။ ဇန်နဝါရီလ ၆ ရက်ကိစ္စအပေါ် (လူထုက ဘယ်လိုသဘောထားတယ်ဆိုတာ) တရားသူကြီး အနေနဲ့ ခုံရုံးအပြင်ဘက်ကို ခဏလေးထွက်ပြီး ကန့်ကွက်ဆန္ဒပြသူတွေနဲ့ တွေ့ဆုံကြားနာသင့်ကြောင်း ပြောပါတယ်။
တရားသူကြီးကတော့ စွပ်စွဲခံရသူရှေ့နေရဲ့ စိုးရိမ်မှုများအပေါ်အခြေခံပြီး အဆိုပြုချက်တစ်ရပ် တင်သွင်းဖို့ နဲ့ နောက်ပိုင်း(အပြီးသတ် အမိန့်ချမှတ်တဲ့အခါ) ထည့်သွင်းစဉ်းစားမယ်လို့ ပြောပါတယ်။
ကြာသပတေးနေ့နံနက် အပြီးသတ် အချေအကြောင်းပြချက် တင်သွင်းရာမှာ စွပ်စွဲခံရသူအနေနဲ့ ကွန်ဂရက်လွှတ်တော်အပေါ် ရာဇ၀တ်မှုမြောက်တဲ့ မထီမဲ့မြင်ပြုခဲ့ကြောင်း အစိုးရ ဆွဲချရှေ့နေများက သက်သေပြရန် ပျက်ကွက်နေတယ်လို့ နာဗာရိုရဲ့ ရှေ့နေက ထောက်ပြခဲ့ပါတယ်။
အစိုးရရှေ့နေတို့အနေနနဲ့ သူတို့ရဲ့ သံသယရှိမှုဟာ ဘယ်အတွက် ကျိုးကြောင်းဆီလျော်ပုံကို သက်သေပြဖို့ လိုအပ်ကြောင်း၊ နာဗာရို ဘယ်မှာ ရှိနေတယ်ဆိုတာ တရားသူကြီးထံတင်ပြဖို့ အစိုးရရှေ့နေများက ပျက်ကွက်ခဲ့ကြောင်း ဆင့်ခေါ်စာကို လိုက်နာရန် ပျက်ကွက်ခြင်းဟာ ဒေါက်တာနာဗာရိုရဲ့ မတော်တဆမှု၊ အမှား သို့မဟုတ် ဂရုမစိုက်ပဲ တမင်ရည်ရွယ် ပြုလုပ်ပြုလုပ်ခြင်းဖြစ်ကြောင်း သက်သေပြဖို့ လိုအပ်တယ်လို့ ရှေ့နေက သုံးကြိမ် တိုင်တိုင် အလေးအနက် ကန့်ကွက်ခဲ့ပါတယ်။
အစိုးရ ရှေ့နေက ငြင်းချက်ထုတ်ရာမှာ " သူဘယ်မှာ ရှိတယ်-မရှိဘူးဆိုတာ ဘယ်သူမှ ဂရုစိုက်စရာ ကိစ္စ မဟုတ်ကြောင်း” ချေပပါတယ်။
ဟားဗတ်တက္ကသိုလ် စီးပွားရေးပါရဂူဘွဲ့ရ အသက် ၇၄ နှစ်အရွယ် ပီတာကင့်နာဗာရိုဟာ ဒေါ်နယ်ထရမ့် အစိုးရလက်ထက် (အသစ်ဖွဲ့စည်းလိုက်တဲ့) ကုန်သွယ်ရေးနဲ့ ကုန်ထုတ်လုပ်မှု မူဝါဒရေးရာ သမ္မတရဲ့လက် ထောက်ပုဂ္ဂိုလ် ဖြစ်ခဲ့ပါတယ်။ (“တရုတ်က အသေသတ်ခြင်း“ Death by China စာအုပ်ရေးသားသူအဖြစ်လည်း လူသိမျာပါတယ်။) ဂျိုးဘိုင်ဒင် အနိုင်ရရှိကြောင်း ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းပြန်လှန်ဖို့အတွက် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်မှာ အဲဒီအချိန် ဒီမိုကရက်တစ်အများစု ကွန်ဂရက်လွှတ်တော်အဆောက်အအုံကို ထရမ့်ထောက်ခံသူ ရီပတ်ဘလစ်ကင်များက ၀င်ရောက်စီးနင်းခဲ့ပါတယ်။ အခင်းဖြစ်ပွားစဉ် မူးယစ်ဆေးလွန်သူ ၁-ဦး၊ သေနတ်ထိမှန်သူ ၁-ဦး၊ ဓမ္မတာအ လျောက် ၃-ဦးအပါအ၀င် ၅-ဦးသေဆုံးပြီး၊ ကက်ပီတိုလ်အဆောက်အအုံ လုံခြုံရေးတာ၀န်ကျ ရဲတပ်ဖွဲ့၀င် ၄-ဦး တို့ဟာ ၇-လ အတွင်း မိမိကိုယ်မိမိ အဆုံးစီရင်သွားခဲ့ပါတယ်။
(ရွေးကောက်ပွဲ မဲမသမာကြောင်း လှည့်စားရာမှာ ပူးပေါင်းပါ၀င်ကြောင်း ဇန်နဝါရီ ၆-ရက်ဆိုင်ရာ အောက်လွှတ် တော်ကော်မတီက သံသယရှိတဲ့အတွက် ၂၀၂၂-ခုနှစ် ဖေဖော်ဝါရီလမှာ နာဗာရိုကို ၂-ကြိမ်တိုင်တိုင်ဆင့်ခေါ် ခဲ့ပါတယ်။ နာဗာရိုက ငြင်းပယ်တဲ့အတွက် တရားရေးဌာနထံ လွှဲပြောင်းပေးခဲ့ပြီး ၂၀၂၂-ခုနှစ် ဖွန်လမှာ တရားစွဲ ဆိုခဲ့ပါတယ်။)
ဒေါ်နယ်ထရမ့်အနေနဲ့ ဇန်နဝါရီလ ၆ ရက်ကော်မတီကို တစ်စုံတစ်ရာ ဆက်သွယ်ခြင်း သို့မဟုတ် ဆင့်ခေါ်တဲ့ ကိစ္စမှာ အချက်အလက်တစ်စုံတစ်ရာ တင်ပြခြင်း မရှိခဲ့ပေမယ့် ကက်ပီတိုဟေးလ် အဆောက်အအုံစီးနင်းခံရမှုကိစ္စအတွက် အများပြည်သူကို အသိပေးရာမှာ သမ္မတတစ်ဦးအနေနဲ့ (ငြင်းပယ်ရန်) အထူးအခွင့်အရေးရှိတယ်လို့ ထရမ့်က ပြောဖူးကြောင်း၊ အဲ့ဒါကြောင့် ကော်မတီထံ မလာရောက်ခြင်းဖြစ်ကြောင်း နာဗာရိုက ပြောပါတယ်။
ဒါပေမယ့် နာဗာရိုအနေနဲ့ ကော်မတီရှေ့မှောက် အရောက်လာပြီး မေးခွန်းတွေကို ဖြေဆိုဖို့ တာ၀န်ရှိတယ်လို့ အစိုးရရှေ့နေများက စောဒက တက်ခဲ့ပါတယ်။ မထီမဲ့မြင်ပြုခြင်းဆိုသည်မှာ တရားဥပဒေပြဌာန်းချက်ကို လစ်လျု့ရှု့ခြင်းဖြစ်ကြောင်း၊ ကော်မတီရှေ့မှောက် လာရောက်ပြီး စာရွက်စာတမ်းများတင်ပြရန် အမိန့်ပေးခံရခြင်း ဖြစ်ကြောင်း သိလျှက်နဲ့ တမင်ပျက်ကွက်ခြင်းဖြစ်ကြောင်း၊ သမ္မတဟောင်းအနေနဲ့ အထူးအခွင့်အရေးရှိ ကြောင်းအပေါ် အခိုင်အမာ ယုံကြည်တယ်လို့ ဆိုယုံမျှနဲ့ ကော်မတီရှေ့မှောက် လာရောက်ရမယ့်တာ၀န်ကို ပယ်ဖျက်နိုင်ခြင်း မရှိကြောင်း သူတို့ရဲ့ အပြီးသတ်လျှောက်လဲချက်မှာ ဖော်ပြခဲ့ပါတယ်။
တရားရေးဌာနဟာ ကြားနာမှုကို တက်သုတ်ရိုက် ဆောင်ရွက်ခဲ့ပါတယ်။ ဂျူရီအဖွဲ့ရွေးချယ်မှုဟာ အင်္ဂါနေ့ဖြစ်ပြီး အဖွင့်ထွက်ဆိုချက်များနဲ့ တရားရုံးသက်သေထွက်ဆိုချက်များကို ဗုဒ္ဓဟူးနေ့နှောင်းပိုင်းတွင် အပြီးသတ်လိုက်ပါတယ်။ “ဒီနေ့ဟာ အဆုံးအဖြတ်ပေးမယ့် နေ့ပါပဲ“ လို့ ကြာသပတေးနေ့နံနက် တရားရုံးကို ထွက်ခွာလာတဲ့ နာဗာရိုက သတင်းထောက်တွေကို ပြောပါတယ်။ သူဟာ ဂျိုးဘိုင်ဒင် ခါးပိုက်ဆောင်ကြီး တရားရေးဌာနရဲ့ သားကောင်သက်သက်ပါလို့ ဆိုပါတယ်။
နံနက် ၁၁ နာရီမှာ ကြားနာမှုကို စတင်ခဲ့ပါတယ်။ “ခုချိန်က စပြီး ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ လက်တွင်း ရောက်ရှိသွားပါပြီ” လို့ နာဗာရိုက ယခင် တွစ်တာ ခေါ် X လူမှုကွန်ရက်မှာ ရေးပါတယ်။ သူ့အမှုနဲ့ ပတ်သက်ပြီး ခုခံကာကွယ်ရေး တရား၀င်ရံပုံငွေ အလှူခံစဉ် “ ခါးပိုက်ဆောင် လူယုတ်မာများကို တိုက်ဖျက်ရေးအတွက်“ လို့ အဲ့ဒီနေ့ နံနက်စောစောမှာ နာဗာရိုက ပြောခဲ့ပါတယ်။
ကွန်ဂရက် လွှတ်တော်အပေါ် မထီမဲ့မြင်ပြုကြောင်း လွန်ခဲ့တဲ့နစ် နာဗာရိုအပေါ် စွဲချက်တင်ထားတာ နှစ်မှုရှိခဲ့ပါတယ်။ စာရွက်စာတမ်းများ ထုတ်ပေးရန် ပျက်ကွက်မှုနဲ့ ကော်မတီရှေ့မှောက်ထွက်ဆိုရန် ပျက်ကွက်မှုတို့ ဖြစ်ပါတယ်။
စွပ်စွဲခံရသူ အနေနဲ့ အမှုမှာ တင်ပြထားတဲ့ အချက်အများစုမှာ အငြင်းပွားခြင်း မရှိကြောင်း၊ ဆင့်ခေါ် စာတစ်စောင်ကို လက်ခံခဲ့ကြောင်းနဲ့ လိုအပ်သလို ထွက်ဆိုရန် ပျက်ကွက်ခြင်းလည်း မရှိ၊ မှတ်တမ်းများ ထုတ်ပေးရန် ပျက်ကွက်ခြင်းလည်း မရှိကြောင်း ဂျူရီလူကြီးများထံ နာဗာရိုရဲ့ ရှေ့နေက လျှောက်လဲခဲ့ပါတယ်။ ဒါပေမယ့် အမှုသည်အနေနဲ့ အရေးကြီးအစိတ်အပိုင်းဖြစ်တဲ့ ဆင့်ခေါ်ချက်ကို လိုက်နာရန် ဆန္ဒ မရှိခဲ့ခြင်းသာ ဖြစ်ကြောင်း စောဒကတက်ခဲ့ပါတယ်။
အစိုးရရှေ့နေများက ဇန်နဝါရီ ၆ ရက် ကော်မတီရဲ့ ဝန်ထမ်းသုံးဦးကို သက်သေပြနိုင်ခဲ့ပေမယ့် ခုခံကာကွယ်သူ နာဗာရိုဘက်မှာ သက်သေပြစရာ မရှိဖြစ်သွားပါတယ်။ သမ္မတတစ်ဦးအနေနဲ့ ငြင်းပယ်ရန် အထူးအခွင့်အရေး ရှိတယ်လို့ အခွင့်အာဏာဟာ ပေါ့ပေါတန်တန် ကိုးကားရန် မဟုတ်ကြောင်း၊ စွပ်စွဲခံရသူမှာ သက်သေပြရန် မရှိ ခြင်းကို ထောက်ပြပြီး နာဗာရိုရဲ့ လျှောက်လဲချက်ကို တရားသူကြီးက ပယ်ချလိုက်ပါတယ်။
ကွန်ဂရက်လွှတ်တော်အပေါ် မထီမဲ့မြင်ပြုမှုနဲ့ မကြာသေးမီနှစ်များအတွင်း ချုပ်နှောင်ခံသူ ထရမ့်မဟာမိတ် များစွာအနက် နာဗာရိုဟာ တစ်ဦးဖြစ်ပါတယ်။ အိမ်ဖြူတော် ဗျူဟာရေးရာမှူးဟောင်း စတီဗ်ဘန်နွန်ဟာ ဇန်နဝါရီ ၆ ရက်ကော်မတီ ဆင့်ခေါ်စာနဲ့ ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်မှုအတွက် ကွန်ဂရက်လွှတ်တော်အပေါ် မထီမဲ့ မြင်ပြုမှု စွဲချက်နှစ်ခုမှာ အပြစ်ရှိကြောင်း ဂျူရီလူကြီးများက တွေ့ရှိခဲ့ပါတယ်။ အဲ့ဒီအတွက် ထောင်ဒဏ် လေးလ နဲ့ ဒဏ်ငွေ ဒေါ်လာ ၆၅၀၀ ချမှတ်ခြင်း ခံခဲ့ရပါတယ်။
၂၀၂၁ ခုနှစ် ကက်ပီတိုဟေးလ် အဓိကရုဏ်းနဲ့ ပတ်သက်တဲ့ မေးခွန်းများကို ဖြေကြားရန် ငြင်းဆိုမှုအတွက် အိမ်ဖြူတော်အကြီးအကဲဟောင်း မာ့ခ်_မီဒိုးကိုလည်း စွဲဆိုခဲ့ဖူးပါတယ်။ အီးမေးလ်များနဲ့ စာရွက်စာတမ်းအချို့ ကို လွှဲပြောင်းပေးလိုက်မှသာ စွဲချက်ကို ပယ်ဖျက်ပေးခဲ့ကြောင်း တွေ့ရှိရပါတယ်။
(NBC NEWs., 7 September 2023,” Former Trump adviser Peter Navarro is convicted of contempt of Congress in Jan. 6 investigation” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)
zawgyi version
ကြန္ဂရက္လႊတ္ေတာ္အား မထီမဲ့ျမင္ျပဳေၾကာင္း ေဒၚနယ္ထရမ့္၏ အႀကံေပးေဟာင္း အေပၚ ဆုံးျဖတ္
Htay Oung (NP News) - စက္တင္ဘာ ၉
သမၼတေဒၚနယ္ထရမ့္လက္ထက္ အိမ္ျဖဴေတာ္ အႀကံေပးေဟာင္း ပီတာနာဗာ႐ိုဟာ ၂၀၂၀ ခုႏွစ္ ေ႐ြးေကာက္ပြဲရလဒ္ကို ဖ်က္သိမ္းရန္ ႀကံစည္မႈနဲ႔ပတ္သက္တဲ့ လႊတ္ေတာ္ဆင့္ေခၚစာကို လိုက္နာရန္ ပ်က္ကြက္တဲ့အတြက္ ကြန္ဂရက္ လႊတ္ေတာ္က ရာဇ၀တ္ေၾကာင္းအရ ျပစ္ဒဏ္ခ်မွတ္လိုက္တယ္လို႔ ကယ္လီဖိုးနီးယားအေျခစိုက္ NBC News (7 September 2023) က ေရးသားပါတယ္။
ဝါရွင္တန္ ဗဟိုတရား႐ုံးမွာ ခုံသမာဓိဂ်ဴရီအဖြဲ႕နဲ႔ ေလးနာရီခန႔္ၾကာ ၾကားနာစစ္ေဆးခဲ့ၿပီးေနာက္ ဇန္နဝါရီလ ၆ ရက္ (အေရးအခင္းဆိုင္ရာ) ေကာ္မတီေရွ႕ေမွာက္မွာ (လာေရာက္) ထြက္ဆိုရန္ ျငင္းဆိုျခင္းအတြက္ စြဲခ်က္ႏွစ္ခုမွာ အျပစ္ရွိေၾကာင္း ေတြ႕ရွိခဲ့ရတယ္လို႔ ဆိုပါတယ္။
စြဲခ်က္တစ္ခုခ်င္းစီအတြက္ အနည္းဆုံးရက္ေပါင္း ၃၀ မွ အမ်ားဆုံးေထာင္ဒဏ္တစ္ႏွစ္အထိ ခ်မွတ္ႏိုင္တဲ့အျပင္ အျမင့္ဆုံး ဒဏ္ေငြ ေဒၚလာ ၁၀၀,၀၀၀ အထိလည္း ေပးေဆာင္ရဖြယ္ရွိပါတယ္။ လာမယ့္ ဇန္နဝါရီလ ၁၂ ရက္မွာ ဖက္ဒရယ္ ခ႐ိုင္တရားသူႀကီးက အၿပီးသတ္ အမိန္႔ခ်မွတ္ပါလိမ့္မယ္။
အျပစ္ရွိေၾကာင္း စီရင္ခ်က္ခ်မွတ္ခံရတာေၾကာင့္မဟုတ္ပဲ အေမရိကားျပည္သူေတြနဲ႔ ႐ိုးသားၿပီး ဆီေလ်ာ္စြာ စကား ေျပာဆိုႏိုင္ျခင္းမရွိတာေၾကာင့္ အေမဖက္ဒရယ္ႏိုင္ငံအတြက္ ၀မ္းနည္းမိေၾကာင္း၊ တိုင္းျပည္အတြင္း သေဘာထားကြဲလြဲမႈေတြနဲ႔ မာ့က္စ္ဝါဒီ လက္ဝဲသမားေတြ ေခါင္းေထာင္လာၾကေၾကာင္း၊ ဘယ္လို စီရင္မယ္ဆိုတာ သိႏွင့္ၿပီးျဖစ္တဲ့အတြက္ အယူခံ၀င္ဖို႔ ျပင္ဆင္ထားတယ္လို႔ နာဗာ႐ိုက ေျပာပါတယ္။
စီရင္ခ်က္ဖတ္ၾကားၿပီးလွ်င္ၿပီးခ်င္း ဆုံးျဖတ္မႈလြဲမွားေနေၾကာင္း နာဗာ႐ိုရဲ႕ ေရွ႕ေနမ်ားက မွတ္ခ်က္ေပးပါတယ္။ ဇန္နဝါရီလ ၆ ရက္ကိစၥအေပၚ (လူထုက ဘယ္လိုသေဘာထားတယ္ဆိုတာ) တရားသူႀကီး အေနနဲ႔ ခုံ႐ုံးအျပင္ဘက္ကို ခဏေလးထြက္ၿပီး ကန္႔ကြက္ဆႏၵျပသူေတြနဲ႔ ေတြ႕ဆုံၾကားနာသင့္ေၾကာင္း ေျပာပါတယ္။
တရားသူႀကီးကေတာ့ စြပ္စြဲခံရသူေရွ႕ေနရဲ႕ စိုးရိမ္မႈမ်ားအေပၚအေျခခံၿပီး အဆိုျပဳခ်က္တစ္ရပ္ တင္သြင္းဖို႔ နဲ႔ ေနာက္ပိုင္း(အၿပီးသတ္ အမိန္႔ခ်မွတ္တဲ့အခါ) ထည့္သြင္းစဥ္းစားမယ္လို႔ ေျပာပါတယ္။
ၾကာသပေတးေန႔နံနက္ အၿပီးသတ္ အေခ်အေၾကာင္းျပခ်က္ တင္သြင္းရာမွာ စြပ္စြဲခံရသူအေနနဲ႔ ကြန္ဂရက္လႊတ္ေတာ္အေပၚ ရာဇ၀တ္မႈေျမာက္တဲ့ မထီမဲ့ျမင္ျပဳခဲ့ေၾကာင္း အစိုးရ ဆြဲခ်ေရွ႕ေနမ်ားက သက္ေသျပရန္ ပ်က္ကြက္ေနတယ္လို႔ နာဗာ႐ိုရဲ႕ ေရွ႕ေနက ေထာက္ျပခဲ့ပါတယ္။
အစိုးရေရွ႕ေနတို႔အေနနနဲ႔ သူတို႔ရဲ႕ သံသယရွိမႈဟာ ဘယ္အတြက္ က်ိဳးေၾကာင္းဆီေလ်ာ္ပုံကို သက္ေသျပဖို႔ လိုအပ္ေၾကာင္း၊ နာဗာ႐ို ဘယ္မွာ ရွိေနတယ္ဆိုတာ တရားသူႀကီးထံတင္ျပဖို႔ အစိုးရေရွ႕ေနမ်ားက ပ်က္ကြက္ခဲ့ေၾကာင္း ဆင့္ေခၚစာကို လိုက္နာရန္ ပ်က္ကြက္ျခင္းဟာ ေဒါက္တာနာဗာ႐ိုရဲ႕ မေတာ္တဆမႈ၊ အမွား သို႔မဟုတ္ ဂ႐ုမစိုက္ပဲ တမင္ရည္႐ြယ္ ျပဳလုပ္ျပဳလုပ္ျခင္းျဖစ္ေၾကာင္း သက္ေသျပဖို႔ လိုအပ္တယ္လို႔ ေရွ႕ေနက သုံးႀကိမ္ တိုင္တိုင္ အေလးအနက္ ကန္႔ကြက္ခဲ့ပါတယ္။
အစိုးရ ေရွ႕ေနက ျငင္းခ်က္ထုတ္ရာမွာ " သူဘယ္မွာ ရွိတယ္-မရွိဘူးဆိုတာ ဘယ္သူမွ ဂ႐ုစိုက္စရာ ကိစၥ မဟုတ္ေၾကာင္း” ေခ်ပပါတယ္။
ဟားဗတ္တကၠသိုလ္ စီးပြားေရးပါရဂူဘြဲ႕ရ အသက္ ၇၄ ႏွစ္အ႐ြယ္ ပီတာကင့္နာဗာ႐ိုဟာ ေဒၚနယ္ထရမ့္ အစိုးရလက္ထက္ (အသစ္ဖြဲ႕စည္းလိုက္တဲ့) ကုန္သြယ္ေရးနဲ႔ ကုန္ထုတ္လုပ္မႈ မူဝါဒေရးရာ သမၼတရဲ႕လက္ ေထာက္ပုဂၢိဳလ္ ျဖစ္ခဲ့ပါတယ္။ (“တ႐ုတ္က အေသသတ္ျခင္း“ Death by China စာအုပ္ေရးသားသူအျဖစ္လည္း လူသိမ်ာပါတယ္။) ဂ်ိဳးဘိုင္ဒင္ အႏိုင္ရရွိေၾကာင္း ေ႐ြးေကာက္ပြဲ ရလဒ္ကို ေျပာင္းျပန္လွန္ဖို႔အတြက္ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီလ ၆ ရက္မွာ အဲဒီအခ်ိန္ ဒီမိုကရက္တစ္အမ်ားစု ကြန္ဂရက္လႊတ္ေတာ္အေဆာက္အအုံကို ထရမ့္ေထာက္ခံသူ ရီပတ္ဘလစ္ကင္မ်ားက ၀င္ေရာက္စီးနင္းခဲ့ပါတယ္။ အခင္းျဖစ္ပြားစဥ္ မူးယစ္ေဆးလြန္သူ ၁-ဦး၊ ေသနတ္ထိမွန္သူ ၁-ဦး၊ ဓမၼတာအ ေလ်ာက္ ၃-ဦးအပါအ၀င္ ၅-ဦးေသဆုံးၿပီး၊ ကက္ပီတိုလ္အေဆာက္အအုံ လုံၿခဳံေရးတာ၀န္က် ရဲတပ္ဖြဲ႕၀င္ ၄-ဦး တို႔ဟာ ၇-လ အတြင္း မိမိကိုယ္မိမိ အဆုံးစီရင္သြားခဲ့ပါတယ္။
(ေ႐ြးေကာက္ပြဲ မဲမသမာေၾကာင္း လွည့္စားရာမွာ ပူးေပါင္းပါ၀င္ေၾကာင္း ဇန္နဝါရီ ၆-ရက္ဆိုင္ရာ ေအာက္လႊတ္ ေတာ္ေကာ္မတီက သံသယရွိတဲ့အတြက္ ၂၀၂၂-ခုႏွစ္ ေဖေဖာ္ဝါရီလမွာ နာဗာ႐ိုကို ၂-ႀကိမ္တိုင္တိုင္ဆင့္ေခၚ ခဲ့ပါတယ္။ နာဗာ႐ိုက ျငင္းပယ္တဲ့အတြက္ တရားေရးဌာနထံ လႊဲေျပာင္းေပးခဲ့ၿပီး ၂၀၂၂-ခုႏွစ္ ဖြန္လမွာ တရားစြဲ ဆိုခဲ့ပါတယ္။)
ေဒၚနယ္ထရမ့္အေနနဲ႔ ဇန္နဝါရီလ ၆ ရက္ေကာ္မတီကို တစ္စုံတစ္ရာ ဆက္သြယ္ျခင္း သို႔မဟုတ္ ဆင့္ေခၚတဲ့ ကိစၥမွာ အခ်က္အလက္တစ္စုံတစ္ရာ တင္ျပျခင္း မရွိခဲ့ေပမယ့္ ကက္ပီတိုေဟးလ္ အေဆာက္အအုံစီးနင္းခံရမႈကိစၥအတြက္ အမ်ားျပည္သူကို အသိေပးရာမွာ သမၼတတစ္ဦးအေနနဲ႔ (ျငင္းပယ္ရန္) အထူးအခြင့္အေရးရွိတယ္လို႔ ထရမ့္က ေျပာဖူးေၾကာင္း၊ အဲ့ဒါေၾကာင့္ ေကာ္မတီထံ မလာေရာက္ျခင္းျဖစ္ေၾကာင္း နာဗာ႐ိုက ေျပာပါတယ္။
ဒါေပမယ့္ နာဗာ႐ိုအေနနဲ႔ ေကာ္မတီေရွ႕ေမွာက္ အေရာက္လာၿပီး ေမးခြန္းေတြကို ေျဖဆိုဖို႔ တာ၀န္ရွိတယ္လို႔ အစိုးရေရွ႕ေနမ်ားက ေစာဒက တက္ခဲ့ပါတယ္။ မထီမဲ့ျမင္ျပဳျခင္းဆိုသည္မွာ တရားဥပေဒျပဌာန္းခ်က္ကို လစ္လ်ဳ႕ရႈ႕ျခင္းျဖစ္ေၾကာင္း၊ ေကာ္မတီေရွ႕ေမွာက္ လာေရာက္ၿပီး စာ႐ြက္စာတမ္းမ်ားတင္ျပရန္ အမိန္႔ေပးခံရျခင္း ျဖစ္ေၾကာင္း သိလွ်က္နဲ႔ တမင္ပ်က္ကြက္ျခင္းျဖစ္ေၾကာင္း၊ သမၼတေဟာင္းအေနနဲ႔ အထူးအခြင့္အေရးရွိ ေၾကာင္းအေပၚ အခိုင္အမာ ယုံၾကည္တယ္လို႔ ဆိုယုံမွ်နဲ႔ ေကာ္မတီေရွ႕ေမွာက္ လာေရာက္ရမယ့္တာ၀န္ကို ပယ္ဖ်က္ႏိုင္ျခင္း မရွိေၾကာင္း သူတို႔ရဲ႕ အၿပီးသတ္ေလွ်ာက္လဲခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။
တရားေရးဌာနဟာ ၾကားနာမႈကို တက္သုတ္႐ိုက္ ေဆာင္႐ြက္ခဲ့ပါတယ္။ ဂ်ဴရီအဖြဲ႕ေ႐ြးခ်ယ္မႈဟာ အဂၤါေန႔ျဖစ္ၿပီး အဖြင့္ထြက္ဆိုခ်က္မ်ားနဲ႔ တရား႐ုံးသက္ေသထြက္ဆိုခ်က္မ်ားကို ဗုဒၶဟူးေန႔ေႏွာင္းပိုင္းတြင္ အၿပီးသတ္လိုက္ပါတယ္။ “ဒီေန႔ဟာ အဆုံးအျဖတ္ေပးမယ့္ ေန႔ပါပဲ“ လို႔ ၾကာသပေတးေန႔နံနက္ တရား႐ုံးကို ထြက္ခြာလာတဲ့ နာဗာ႐ိုက သတင္းေထာက္ေတြကို ေျပာပါတယ္။ သူဟာ ဂ်ိဳးဘိုင္ဒင္ ခါးပိုက္ေဆာင္ႀကီး တရားေရးဌာနရဲ႕ သားေကာင္သက္သက္ပါလို႔ ဆိုပါတယ္။
နံနက္ ၁၁ နာရီမွာ ၾကားနာမႈကို စတင္ခဲ့ပါတယ္။ “ခုခ်ိန္က စၿပီး ကြၽန္ေတာ္တို႔ဟာ ဘုရားသခင္ရဲ႕ လက္တြင္း ေရာက္ရွိသြားပါၿပီ” လို႔ နာဗာ႐ိုက ယခင္ တြစ္တာ ေခၚ X လူမႈကြန္ရက္မွာ ေရးပါတယ္။ သူ႔အမႈနဲ႔ ပတ္သက္ၿပီး ခုခံကာကြယ္ေရး တရား၀င္ရံပုံေငြ အလႉခံစဥ္ “ ခါးပိုက္ေဆာင္ လူယုတ္မာမ်ားကို တိုက္ဖ်က္ေရးအတြက္“ လို႔ အဲ့ဒီေန႔ နံနက္ေစာေစာမွာ နာဗာ႐ိုက ေျပာခဲ့ပါတယ္။
ကြန္ဂရက္ လႊတ္ေတာ္အေပၚ မထီမဲ့ျမင္ျပဳေၾကာင္း လြန္ခဲ့တဲ့နစ္ နာဗာ႐ိုအေပၚ စြဲခ်က္တင္ထားတာ ႏွစ္မႈရွိခဲ့ပါတယ္။ စာ႐ြက္စာတမ္းမ်ား ထုတ္ေပးရန္ ပ်က္ကြက္မႈနဲ႔ ေကာ္မတီေရွ႕ေမွာက္ထြက္ဆိုရန္ ပ်က္ကြက္မႈတို႔ ျဖစ္ပါတယ္။
စြပ္စြဲခံရသူ အေနနဲ႔ အမႈမွာ တင္ျပထားတဲ့ အခ်က္အမ်ားစုမွာ အျငင္းပြားျခင္း မရွိေၾကာင္း၊ ဆင့္ေခၚ စာတစ္ေစာင္ကို လက္ခံခဲ့ေၾကာင္းနဲ႔ လိုအပ္သလို ထြက္ဆိုရန္ ပ်က္ကြက္ျခင္းလည္း မရွိ၊ မွတ္တမ္းမ်ား ထုတ္ေပးရန္ ပ်က္ကြက္ျခင္းလည္း မရွိေၾကာင္း ဂ်ဴရီလူႀကီးမ်ားထံ နာဗာ႐ိုရဲ႕ ေရွ႕ေနက ေလွ်ာက္လဲခဲ့ပါတယ္။ ဒါေပမယ့္ အမႈသည္အေနနဲ႔ အေရးႀကီးအစိတ္အပိုင္းျဖစ္တဲ့ ဆင့္ေခၚခ်က္ကို လိုက္နာရန္ ဆႏၵ မရွိခဲ့ျခင္းသာ ျဖစ္ေၾကာင္း ေစာဒကတက္ခဲ့ပါတယ္။
အစိုးရေရွ႕ေနမ်ားက ဇန္နဝါရီ ၆ ရက္ ေကာ္မတီရဲ႕ ဝန္ထမ္းသုံးဦးကို သက္ေသျပႏိုင္ခဲ့ေပမယ့္ ခုခံကာကြယ္သူ နာဗာ႐ိုဘက္မွာ သက္ေသျပစရာ မရွိျဖစ္သြားပါတယ္။ သမၼတတစ္ဦးအေနနဲ႔ ျငင္းပယ္ရန္ အထူးအခြင့္အေရး ရွိတယ္လို႔ အခြင့္အာဏာဟာ ေပါ့ေပါတန္တန္ ကိုးကားရန္ မဟုတ္ေၾကာင္း၊ စြပ္စြဲခံရသူမွာ သက္ေသျပရန္ မရွိ ျခင္းကို ေထာက္ျပၿပီး နာဗာ႐ိုရဲ႕ ေလွ်ာက္လဲခ်က္ကို တရားသူႀကီးက ပယ္ခ်လိုက္ပါတယ္။
ကြန္ဂရက္လႊတ္ေတာ္အေပၚ မထီမဲ့ျမင္ျပဳမႈနဲ႔ မၾကာေသးမီႏွစ္မ်ားအတြင္း ခ်ဳပ္ေႏွာင္ခံသူ ထရမ့္မဟာမိတ္ မ်ားစြာအနက္ နာဗာ႐ိုဟာ တစ္ဦးျဖစ္ပါတယ္။ အိမ္ျဖဴေတာ္ ဗ်ဴဟာေရးရာမႉးေဟာင္း စတီဗ္ဘန္ႏြန္ဟာ ဇန္နဝါရီ ၆ ရက္ေကာ္မတီ ဆင့္ေခၚစာနဲ႔ ပူးေပါင္းေဆာင္႐ြက္ရန္ ပ်က္ကြက္မႈအတြက္ ကြန္ဂရက္လႊတ္ေတာ္အေပၚ မထီမဲ့ ျမင္ျပဳမႈ စြဲခ်က္ႏွစ္ခုမွာ အျပစ္ရွိေၾကာင္း ဂ်ဴရီလူႀကီးမ်ားက ေတြ႕ရွိခဲ့ပါတယ္။ အဲ့ဒီအတြက္ ေထာင္ဒဏ္ ေလးလ နဲ႔ ဒဏ္ေငြ ေဒၚလာ ၆၅၀၀ ခ်မွတ္ျခင္း ခံခဲ့ရပါတယ္။
၂၀၂၁ ခုႏွစ္ ကက္ပီတိုေဟးလ္ အဓိက႐ုဏ္းနဲ႔ ပတ္သက္တဲ့ ေမးခြန္းမ်ားကို ေျဖၾကားရန္ ျငင္းဆိုမႈအတြက္ အိမ္ျဖဴေတာ္အႀကီးအကဲေဟာင္း မာ့ခ္_မီဒိုးကိုလည္း စြဲဆိုခဲ့ဖူးပါတယ္။ အီးေမးလ္မ်ားနဲ႔ စာ႐ြက္စာတမ္းအခ်ိဳ႕ ကို လႊဲေျပာင္းေပးလိုက္မွသာ စြဲခ်က္ကို ပယ္ဖ်က္ေပးခဲ့ေၾကာင္း ေတြ႕ရွိရပါတယ္။
(NBC NEWs., 7 September 2023,” Former Trump adviser Peter Navarro is convicted of contempt of Congress in Jan. 6 investigation” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)