အမြန်လမ်းမ၌ရပ်ထားသော ကားတစ်စီးအား Hijet ယာဉ်မှ ဝင်တိုက်မှုဖြစ်ပွားရာ (၈)ဦးထပ်မနည်း ထိခိုက်ဒဏ်ရာရရှိ
1392
Pearl (NP News) - စက်တင်ဘာ ၁ဝ
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် Hijet ယာဉ်တစ်စီးအရှိန်မထိန်းနိုင်ဖြစ်ကာ ရပ်ထားသောယာဉ်အား ဝင်တိုက်မှုဖြစ်ပွားရာ ကလေးငယ် အပါအဝင် (၈)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (စက်တာဘာလ ၉ ရက်)၊ ည (၉)နာရီ (၃ဝ) မိနစ်အချိန်ခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၆၁/၁) နှင့် (၆၁/၂) ကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ မိုင်တိုင်ကြားတွင် ရပ်ထားသော Nissan AD VAN (အဖြူရောင်) ယာဉ်အား နေပြည်တော်မှ ရန်ကုန်သို့မောင်းနှင်လာသော HIJET (အဖြူရောင်)ယာဉ်သည် အရှိန်မထိန်းနိုင်ဖြစ်ကာ ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် Nissan AD VAN ပေါ်တွင် ရှိနေသူများအနက် ကလေးငယ်တစ်ဦးအပါအဝင် (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး HIJETယာဉ်ပေါ်ပါ အမျိုးသား (၁)ဦးလည်းထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။
"ရပ်ထားတဲ့ ယာဉ်ကို နောက်ကနေ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်တာပေါ့။ ဒဏ်ရာရရှိတဲ့ ကလေးကတော့ (၉)နှစ် (၁ဝ)နှစ် ဝန်းကျင်ပါပဲ" ဟု အုန်းသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်း၏ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
လက်ရှိတွင် ၎င်းတို့အား အမြန်လမ်းရဲတပ်ဖွဲ့ပိုင် 192 သူနာတင်ယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး ဒဏ်ရာရရှိသူများအနက် HIJET ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးမှာ စိုးရိမ်ဖွယ်ရာ ရှိနေကြောင်း သိရသည်။
အလားတူ ယမန်နေ့ (စက်တာဘာလ ၉ရက်)၊ ည (၁ဝ)နာရီခွဲ အချိန်ခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၁ဝ/၂) နှင့် (၁၁ဝ/၃)ကြားတွင် Toyota Corolla Van (ခဲရောင်ယာဉ်) သည် အရှိန်မထိန်းနိုင်ဖြစ်ကာ လမ်းဘေးရှိ ဘယ်ရီယာတုံးအား ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသော (၆)ဦး အနက် ကလေးငယ်တစ်ဦး အပါအဝင် (၅)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့အား ၁၁၅ မိုင် အမြန်လမ်းကြက်ခြေနီအသင်းပိုင်သူနာတင်ယာဉ်ဖြင့် ဖြူးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး အမျိုးသမီး (၂)ဦးမှာ စိုးရိမ်ဖွယ်ရာအခြေအနေရှိကြောင်း သိရသည်။
Zawgyi Version;
အျမန္လမ္းမ၌ရပ္ထားေသာ ကားတစ္စီးအား Hijet ယာဥ္မွ ဝင္တိုက္မႈျဖစ္ပြားရာ (၈)ဦးထပ္မနည္း ထိခိုက္ဒဏ္ရာရရွိ
Pearl (NP News) - စက္တင္ဘာ ၁ဝ
ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီးတြင္ Hijet ယာဥ္တစ္စီးအရွိန္မထိန္းႏိုင္ျဖစ္ကာ ရပ္ထားေသာယာဥ္အား ဝင္တိုက္မႈျဖစ္ပြားရာ ကေလးငယ္ အပါအဝင္ (၈)ဦးထက္မနည္း ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕ထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (စက္တာဘာလ ၉ ရက္)၊ ည (၉)နာရီ (၃ဝ) မိနစ္အခ်ိန္ခန႔္တြင္ ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီး၊ မိုင္တိုင္အမွတ္ (၆၁/၁) ႏွင့္ (၆၁/၂) ၾကားတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
အဆိုပါ မိုင္တိုင္ၾကားတြင္ ရပ္ထားေသာ Nissan AD VAN (အျဖဴေရာင္) ယာဥ္အား ေနျပည္ေတာ္မွ ရန္ကုန္သို႔ေမာင္းႏွင္လာေသာ HIJET (အျဖဴေရာင္)ယာဥ္သည္ အရွိန္မထိန္းႏိုင္ျဖစ္ကာ ဝင္ေရာက္တိုက္မိခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္ေၾကာင့္ Nissan AD VAN ေပၚတြင္ ရွိေနသူမ်ားအနက္ ကေလးငယ္တစ္ဦးအပါအဝင္ (၇)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး HIJETယာဥ္ေပၚပါ အမ်ိဳးသား (၁)ဦးလည္းထိခိုက္ဒဏ္ရာရရွိ ခဲ့ေၾကာင္း သိရသည္။
"ရပ္ထားတဲ့ ယာဥ္ကို ေနာက္ကေန အရွိန္မထိန္းႏိုင္ဘဲ ဝင္တိုက္တာေပါ့။ ဒဏ္ရာရရွိတဲ့ ကေလးကေတာ့ (၉)ႏွစ္ (၁ဝ)ႏွစ္ ဝန္းက်င္ပါပဲ" ဟု အုန္းသွ်စ္ကုန္းအျမန္လမ္းမီးသတ္စခန္း၏ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
လက္ရွိတြင္ ၎တို႔အား အျမန္လမ္းရဲတပ္ဖြဲ႕ပိုင္ 192 သူနာတင္ယာဥ္ျဖင့္ ၿမိဳ႕ေခ်ာင္းတိုက္နယ္ေဆး႐ုံသို႔ ပို႔ေဆာင္ေပးထားၿပီး ဒဏ္ရာရရွိသူမ်ားအနက္ HIJET ယာဥ္ေပၚပါ အမ်ိဳးသားတစ္ဦးမွာ စိုးရိမ္ဖြယ္ရာ ရွိေနေၾကာင္း သိရသည္။
အလားတူ ယမန္ေန႔ (စက္တာဘာလ ၉ရက္)၊ ည (၁ဝ)နာရီခြဲ အခ်ိန္ခန႔္တြင္ ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီး၊ မိုင္တိုင္အမွတ္(၁၁ဝ/၂) ႏွင့္ (၁၁ဝ/၃)ၾကားတြင္ Toyota Corolla Van (ခဲေရာင္ယာဥ္) သည္ အရွိန္မထိန္းႏိုင္ျဖစ္ကာ လမ္းေဘးရွိ ဘယ္ရီယာတုံးအား ဝင္ေရာက္တိုက္မိမႈျဖစ္ပြားေၾကာင္း သိရသည္။
အဆိုပါယာဥ္တိုက္မႈေၾကာင့္ ယာဥ္ေပၚတြင္ လိုက္ပါလာေသာ (၆)ဦး အနက္ ကေလးငယ္တစ္ဦး အပါအဝင္ (၅)ဦးတို႔ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ၎တို႔အား ၁၁၅ မိုင္ အျမန္လမ္းၾကက္ေျခနီအသင္းပိုင္သူနာတင္ယာဥ္ျဖင့္ ျဖဴးၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးထားၿပီး အမ်ိဳးသမီး (၂)ဦးမွာ စိုးရိမ္ဖြယ္ရာအေျခအေနရွိေၾကာင္း သိရသည္။