T-80 အမျိုးအစား တင့်ကားများကို ပြန်လည်ထုတ်လုပ်မည်ဖြစ်ကြောင်း ရုရှားအစိုးရပြော

 1561

Pika (NP News) - စက်တင်ဘာ ၁၁

ရုရှားအစိုးရသည် T-80 အမျိုးအစား တင့်ကားများ ထုတ်လုပ်မှုကို ပြန်လည်စတင်ရန်ပြင်ဆင်နေကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်များအတွင်း ရုရှားအစိုးရသည် ထုတ်လုပ်ပြီးသော T-80 အမျိုးအစား တင့်ကားများကို ခေတ်မှီအောင် ပြုပြင်ပြောင်းလဲမှုများလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယူကရိန်းအပေါ်ပြုလုပ်နေသော စစ်ဆင်ရေးများအတွင်း T-80 အမျိုးအစား တင့်ကားးများ၏ အရေးပါအရာရောက် မှုနှင့် အကျိုးသက်ရောက်မှုများကြောင့် ထုတ်လုပ်မှုများကို ပြန်လည်စတင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားအစိုးရ က ပြောခဲ့သည်။

T-80 အမျိုးအစား တင့်ကားများ ထုတ်လုတ်မှုပြန်လည်စတင်မည့် ဆုံးဖြတ်ချက်ကို Uralvagonzavod Concern JSC (Rostec Group of Companies) ၏ အထွေထွေဒါရိုက်တာ Alexander Potapov က ထုတ်ပြန်ပြောကြားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းက "T-80အမျိုးအစား တင့်ကားတွေ ထုတ်လုပ်မှု ပြန်လည်စတင်ဖို့အတွက် ကျွန်တော်တို့ဟာ စက်မှုနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနနဲ့ပူးပေါင်းပြီး လုပ်ဆောင်နေပါတယ်" ဟု ပြောခဲ့သည်။

T-80 အမျိုးအစားတင့်ကားကို Kirov plant ကုမ္ပဏီက ၁၉၆၈ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၁၉၇၆ ခုနှစ် ဩဂုတ်လ(၆)ရက်တွင် T-80 တင့်ကားကို ဆိုဗီယက်ပြည်ထောင်စုတွင် စတင်အသုံးပြုခဲ့ပြီး ဓါတ်ငွေ့သုံး တာဘိုင်အာဂျင် နှင့် anti-ballistic dynamic protection ပါဝင်သော ကမ္ဘာ့ပထမဆုံး တင့်ကားဖြစ်လာခဲ့ကြောင်း သိရသည်။

T-80 တင့်ကားသည် တိုက်ခိုက်ရေးစစ်ဆင်ရေးများ လုပ်ဆောင်ရန်၊ ရိုင်ဖယ်တပ်များကို ကာကွယ်ကာ ရန်သူများ၏ အကာအကွယ်များကို ချိုးဖောက်ဝင်ရောက်ရန်၊ သံချပ်ကာယာဉ်များ၊ လေကြောင်းပစ်မှတ်များကို ဖျက်ဆီးရန်အတွက် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် T-80 တင့်ကားကို အပူချိန်နိမ့်နေသော အခြေအနေများတွင်လည်း စစ်ဆင်ရေးများ လုပ်ဆောင်နိုင်ရန်အတွက် ပြုလုပ်ထားကြောင်းလည်း သိရသည်။

Zawgyi Version;
T-80 အမ်ိဳးအစား တင့္ကားမ်ားကို ျပန္လည္ထုတ္လုပ္မည္ျဖစ္ေၾကာင္း ႐ုရွားအစိုးရေျပာ
Pika (NP News) - စက္တင္ဘာ ၁၁

႐ုရွားအစိုးရသည္ T-80 အမ်ိဳးအစား တင့္ကားမ်ား ထုတ္လုပ္မႈကို ျပန္လည္စတင္ရန္ျပင္ဆင္ေနေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္း ႐ုရွားအစိုးရသည္ ထုတ္လုပ္ၿပီးေသာ T-80 အမ်ိဳးအစား တင့္ကားမ်ားကို ေခတ္မွီေအာင္ ျပဳျပင္ေျပာင္းလဲမႈမ်ားလည္း လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

ယူကရိန္းအေပၚျပဳလုပ္ေနေသာ စစ္ဆင္ေရးမ်ားအတြင္း T-80 အမ်ိဳးအစား တင့္ကားးမ်ား၏ အေရးပါအရာေရာက္ မႈႏွင့္ အက်ိဳးသက္ေရာက္မႈမ်ားေၾကာင့္ ထုတ္လုပ္မႈမ်ားကို ျပန္လည္စတင္ရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း ႐ုရွားအစိုးရ က ေျပာခဲ့သည္။

T-80 အမ်ိဳးအစား တင့္ကားမ်ား ထုတ္လုတ္မႈျပန္လည္စတင္မည့္ ဆုံးျဖတ္ခ်က္ကို Uralvagonzavod Concern JSC (Rostec Group of Companies) ၏ အေထြေထြဒါ႐ိုက္တာ Alexander Potapov က ထုတ္ျပန္ေျပာၾကားခဲ့ ျခင္းျဖစ္ေၾကာင္း သိရသည္။ ၎က "T-80အမ်ိဳးအစား တင့္ကားေတြ ထုတ္လုပ္မႈ ျပန္လည္စတင္ဖို႔အတြက္ ကြၽန္ေတာ္တို႔ဟာ စက္မႈနဲ႔ ကုန္သြယ္ေရးဝန္ႀကီးဌာနနဲ႔ပူးေပါင္းၿပီး လုပ္ေဆာင္ေနပါတယ္" ဟု ေျပာခဲ့သည္။

T-80 အမ်ိဳးအစားတင့္ကားကို Kirov plant ကုမၸဏီက ၁၉၆၈ ခုႏွစ္တြင္ စတင္ထုတ္လုပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ၁၉၇၆ ခုႏွစ္ ဩဂုတ္လ(၆)ရက္တြင္ T-80 တင့္ကားကို ဆိုဗီယက္ျပည္ေထာင္စုတြင္ စတင္အသုံးျပဳခဲ့ၿပီး ဓါတ္ေငြ႕သုံး တာဘိုင္အာဂ်င္ ႏွင့္ anti-ballistic dynamic protection ပါဝင္ေသာ ကမာၻ႔ပထမဆုံး တင့္ကားျဖစ္လာခဲ့ေၾကာင္း သိရသည္။

T-80 တင့္ကားသည္ တိုက္ခိုက္ေရးစစ္ဆင္ေရးမ်ား လုပ္ေဆာင္ရန္၊ ႐ိုင္ဖယ္တပ္မ်ားကို ကာကြယ္ကာ ရန္သူမ်ား၏ အကာအကြယ္မ်ားကို ခ်ိဳးေဖာက္ဝင္ေရာက္ရန္၊ သံခ်ပ္ကာယာဥ္မ်ား၊ ေလေၾကာင္းပစ္မွတ္မ်ားကို ဖ်က္ဆီးရန္အတြက္ ဒီဇိုင္းထုတ္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔အျပင္ T-80 တင့္ကားကို အပူခ်ိန္နိမ့္ေနေသာ အေျခအေနမ်ားတြင္လည္း စစ္ဆင္ေရးမ်ား လုပ္ေဆာင္ႏိုင္ရန္အတြက္ ျပဳလုပ္ထားေၾကာင္းလည္း သိရသည္။

Picture

m t (တေဇ)

12/09/2023 08:46

good

Related news

© 2021. All rights reserved.