မြန်မာငလျင်ဘေးအတွက် အာဆီယံ အပါအဝင် နိုင်ငံအချို့ ပူးပေါင်းကူညီဖို့ စီစဥ်နေ

 1923

ဂျန်ဇက် (NP News) - မတ် ၃ဝ

အာဆီယံအဖွဲ့ကလည်း မြန်မာနိုင်ငံရှိ ငလျင်ဒဏ်တွေ့ကြုံခံစားရသူများကို ကူညီပံ့ပိုးပေးဖို့ အစီအစဉ်တွေရှိနေတယ်လို့ မတ်လ ၂၉ ရက်က သတင်းထုတ်ပြန်ထားပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအဖွဲ့က မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ရဲ့ငလျင်ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုများကို ပံ့ပိုးကူညီဖို့ အဆင်သင့်ရှိနေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ အရေးပေါ်လိုအပ်မှုကို အသိအမှတ်ပြုတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အာဆီယံအဖွဲ့အနေနဲ့ ငလျင်ဒဏ်ခံခဲ့ရတဲ့ မိသားစုများတွေအပြင် လူမှုအသိုင်းအဝိုင်းများနဲ့ စည်းလုံးညီညွတ်မှုကို ထပ်မံအတည်ပြုတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအဖွဲ့က “အာဆီယံအနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ တွေ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပံ့ပိုးကူညီဆောင်ရွက်ပေးဖို့နဲ့ အချိန်မီနဲ့ထိရောက်တဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာတုံ့ပြန်မှုရရှိစေဖို့ နီးနီးကပ်ကပ်လုပ်ဆောင်သွားမှာပါ” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ဆယ်စုနှစ်များအတွင်း အပြင်းထန်ဆုံး ဖြစ်နိုင်ဖွယ် ရှိတယ်လို့ ငလျင်ပညာရှင်တွေက သုံးသပ်ပြောဆိုထားပါတယ်။ တောင်ကိုရီးယားနိုင်ငံကလည်း မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ နှစ်သန်း ကနဦး ကူညီပေးမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
တောင်ကိုရီးယားအစိုးရအဖွဲ့က ငလျင်လှုပ်ခတ်မှုဒဏ်ကို ဆိုးရွားစွာတွေ့ကြုံခံစားခဲ့ရသူတွေအတွက် အမေရိကန် ဒေါ်လာ ၂ သန်းကို ကနဦး ကူညီပေးမှာဖြစ်ပြီး၊ နောက်ထပ်လည်း ထပ်မံကူညီပေးဖို့ စဉ်းစားသွားမယ်လို့ ပြောဆို ထားပါတယ်။ စင်ကာပူကြက်ခြေနီအဖွဲ့အပြင် စင်ကာပူအရပ်ဘက် ကာကွယ်ရေးအဖွဲ့ (SCDF) အဖွဲ့ကလည်း မြန်မာနိုင်ငံရှိ ငလျင်ဒဏ်ခံစားခဲ့ရသူတွေကို ကူညီပေးနိုင်အောင် Lionheart Contingen လိုင်းရွန်း ဟတ် ကန်တင်ဂျန်အဖွဲ့တွေကို စေလွှတ်ကူညီသွားမယ်လို့ သိရပါတယ်။

အဖွဲ့ဝင် ၈ဝ ဦး ပါဝင်မယ့် စင်ကာပူ ကယ်ဆယ်ရေးအဖွဲ့မှာ သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တွေ၊ စစ်မှုထမ်းများ၊ ဆရာဝန်များ၊ အရေးပေါ်ဆေးဘက်ဆိုင်ရာအရာရှိများ၊ အသက်ကယ်ရှာဖွေရေးခွေးလေးကောင်နဲ့အတူ ရှာဖွေရေး ကျွမ်းကျင်သူများ။ အန္တရာယ်ရှိသောပစ္စည်းများ ကျွမ်းကျင်သူများနဲ့ ပံ့ပိုးကူညီရေးဝန်ထမ်းများ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဗြိတိန်ဘုရင်ကြီးဖြစ်သူ ချားလ်စ်ဘုရင်ကြီးက မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၁၈၆ နှစ်အတွင်း အဆိုးရွားဆုံး ငလျင်ဒဏ်ကြုံခဲ့ရပြီးနောက် ငလျင်ဒဏ်ခံခဲ့ရတဲ့ပြည်သူတွေအတွက် ဝမ်းနည်းမိတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အိမ်ယာမြေ နဲ့ လူမှုဘဝတွေ အပြင် ချစ်ခင်မြတ်နိုးရတဲ့ မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေ သူငယ်ချင်း ဆုံးရှုံးရသူတွေအတွက် "အထူးပဲဝမ်းနည်း ကြေကွဲရပါတယ်" လို့ ဗြိတိန်ဘုရင်ကြီးကဆိုပါတယ်။

ဗြိတိန်ဘုရင်ကြီးက "ကျွန်တော့် မိန်းမနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံက ငလျင်သတင်းကြောင့် အကြီးအကျယ်တုန်လှုပ်ပြီး စိတ်မကောင်းဖြစ်ရပါတယ်။ လူအမြောက်အမြား သေဆုံးပြီး အိုးအိမ်၊ တိုက်တာ အဆောက်အုံတွေ အကြီးအကျယ် ပျက်စီးထိခိုက်ခဲ့ရတယ်။ စေတီ ပုထိုး၊ ဘုန်းကြီးကျောင်း နဲ့ တခြား ဝတ်ပြုရာနေရာတွေ ထိခိုက်ပျက်စီးခဲ့တဲ့အပေါ် များစွား ဝမ်းနည်းရပါတယ်။ မြန်မာပြည်သူတွေဟာ အခက်အခဲတွေ၊ အသက်ဆုံးရှုံးမှုတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်သွားလိမ့်မယ်ဆိုတာ သိရှိပါတယ်။
မြန်မာတွေရဲ့အနှိုင်းမဲ့ တောင့်ခံနိုင်တဲ့ စိတ်ဓါတ်ကိုလည်း လေးစား အားကျမိပါတယ်"လို့ ပြောပါတယ်။

ဟောင်ကောင်မြို့အုပ်ချုပ်ရးအဖွဲ့ကလည်း ငလျင်ဒဏ်တွေ့ကြုံခံစားရတဲ့ဒေသတွေမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ကူညီပေးဖို့ အဖွဲ့ဝင် ၅၁ဦး လိုက်ပါလာမယ့် ကယ်ဆယ်ရေးအဖွဲ့ကို မေလ ၂၉ရက်နေ့မှာစေလွှတ်ပေးခဲ့ပါတယ်။ မြန် မာနိုင်ငံနည်းတူ အင်အားပြင်းငလျင်ဒဏ်ကို ခံစားခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံကလည်း မြန်မာနိုင်ငံကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေ စေလွှတ်ကူညီပေးမယ်လို့ သိရပါတယ်။ ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နက်ပါနစ်က ထိုင်းဝန်ကြီးချုပ်ဟာ မြန်မာနိုင်ငံရှိငလျင်ဒဏ်ခံရသူတွေကို ဝိုင်းဝန်းကူညီပေးဖို့ ထိုင်းကာကွယ်ရေးဝန်ကြီးဌာနကို ညွှန်ကြားထားတယ်လို့ပြောပါတယ်။ ထိုင်း နိုင်ငံဟာ မြန်မာနိုင်ငံကို ကူညီထောက်ပံ့ပေးပေးဖို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ၊ ဆေးဝါးဆိုင်ရာအဖွဲ့တွေ၊ ကူညီထောက်ပံ့ရေးပစ္စည်းတွေကို C-130အမျိုးအစားလေယာဉ်နဲ့ ပို့ဆောင်စေလွှတ်မှာဖြစ်တယ်လို့သိရပါတယ်။ ထိုင်းအစိုးရက မြန်မာနိုင်ငံကိုစေလွှတ်မယ့်သူတွေထဲမှာ ထိုင်းစစ်တပ်တပ်ဖွဲ့ဝင်တွေ၊အရင်းမြစ်တွေလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကိုစေလွတ်မယ့် ထိုင်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှာ အဖွဲ့ဝင် ၄၉ ဦး ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

ထိုင်း ဗိုလ်ချုပ် နက်တာပိုလ်က " အိမ်နီးချင်းမြန်မာနိုင်ငံကို မြန်မြန်ဆန်ဆန်နဲ့ထိရောက်တဲ့အကူအညီတွေပေးသွားဖို့ ကျွန်တော်တို့က ကတိကဝတ်ပြုထားပါတယ်။ ကျွန်တော်တို့ အဖွဲ့တွေဟာ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေအပြင် ဆေးဘက်ဆိုင်ရာပံ့ပိုးကူညီမှုများ ပေးဆောင်ရန် အဆင်သင့်ရှိနေပါတယ်" လို့ ပြောပါတယ်။

နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ငလျင်ဒဏ်ကို ဆိုးရွားစွာခံစားခဲ့ရတဲ့ မြန်မာနိုင်ငံအတွက် ထိုင်းဘတ် ၃၅ သန်းကူညီထောက်ပံ့ပေးမယ်လို့ ကတိပြုထားပြီး မြန်မာနိုင်ငံရှိ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့တွေကို ကူညီထောက်ပံ့ပေးမှာဖြစ်တဲ့အပြင် ဆေးဝါး၊ အစားစားနဲ့အခြားလိုတဲ့အကူညီတွေပေးမယ်လို့ ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံကလည်း မြန်မာနိုင်ငံကို ကူညီထောက်ပံ့ပေးဖို့ ကမ်းလှမ်းထားကြောင်း အင်ဒိုနီရှားသမ္မတဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝီ က ထုတ်ဖာ်ပြောဆိုထားပါတယ်။

အင်ဒိုနီးရှားသမ္မတကငလျင်ဒဏ်ကို ဆိုးရွားစွာခံစားရတဲ့ မြန်မာနိုင်ငံ နဲ့ထိုင်းနိုင်ငံအတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်ရသလို ထိုင်းနဲ့ မြန်မာနိုင်ငံတို့အခက်ခဲတွေကို ရင်ဆိုင်နေရချိန်အတွင်းအင်ဒိုနီးရှားနိုင်ငံက ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံတို့နဲ့အတူ ရပ်တည်သွားမယ်လို့ ပြောပါတယ်။

အင်ဒိုနီးရှားသမ္မတက "ငလျင်ဒဏ်ဆိုးရွားစွာခံစားခဲ့ရတဲ့ ဒေသတွေရဲ့ပြန်လည်ကောင်းမွန်အောင် ကြိုးပမ်းမှုတွေနဲ့ပတ်သက်ပြီး လိုအပ်တာတွေကို ကူညီထောက်ပံ့ပေးဖို့ အဆင့်သင့်ရှိပါတယ်။" လို့ပြောပါတယ်။ ဥရောပသမဂ္ဂအဖွဲ့ကလည်း မြန်မာနိုင်ငံရှိငလျင်ဒဏ်ခံရသူတွေအတွက် လူသားချင်းဆိုင်ရာစာနာမှုအကူအညီအဖြစ် အရေးပေါ် ကနဦးအကူညီအဖြစ် ယူရို ၂ ဒသမ ၅ သန်း ကူညီထောက်ပံ့ပေးမယ်လို့ မတ်လ ၂၉ ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အိုင်ယာလန်အစိုးရကလည်း ငလျင်ဒဏ်ခံစားခဲ့ရတဲ့ မြန်မာပြည်သူတွေအတွက် ယူရို ၆ သန်းကျော်ကူညီထောက်ပံ့ပေးမယ်လို့ မတ်လ ၂၉ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။ အိုင်ယာလန်အစိုးရအဖွဲ့ဟာ မြန်မာပြည်သူတွေအတွက် ကူညီပေးမယ့် ယူရို ၆ သန်းကို နိုင်ငံတကာကြက်ခြေနီအဖွဲ့ချုပ် နဲ့ မြန်မာကြက်ခြေနီအဖွဲ့တို့အပြင် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့စည်းတွေဖြစ်တဲ့ (UNHCR) အဖွဲ့၊ (OCHA)အဖွဲ့တွေကတဆင့် ကူညီထောက်ပံ့ပေးမယ်လို့ ပြောပါတယ်။

ဗီယက်နမ် အစိုးရအဖွဲ့ကလည်း မြန်မာနိုင်ငံရှိငလျင်ဒဏ်ခံရသူတွေကို ရှာဖွေကယ်ဆယ်ရေးအတွက် ဗီယက်နမ်စစ်သားတွေ ပါဝင်မယ့် ရှာဖွေကယ်ဆယ်ရေး အဖွဲ့ကို စေလွှတ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဗီယက်နမ်စစ်တပ်တာဝန်ရှိသူတစ်ဦးက မြန်မာနိုင်ငံကိုစေလွှတ်မယ့် အဖွဲ့တွေထဲမှာ စစ်သားတွေ၊ ဆက်သွယ်ရေးအဖွဲ့တွေ၊ စစ်သုံးခွေးတွေ။ ဆေးဝါးဆိုင်ရာအဖွဲ့တွေ၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ ပူးပေါင်းပါဝင်မယ်လို့ ပြောပါတယ်။

ျမန္မာငလ်င္ေဘးအတြက္ အာဆီယံ အပါအဝင္ ႏိုင္ငံအခ်ိဳ႕ ပူးေပါင္းကူညီဖို႔ စီစဥ္ေန
ဂ်န္ဇက္ (NP News) - မတ္ ၃ဝ

အာဆီယံအဖြဲ႕ကလည္း ျမန္မာႏိုင္ငံရွိ ငလ်င္ဒဏ္ေတြ႕ႀကဳံခံစားရသူမ်ားကို ကူညီပံ့ပိုးေပးဖို႔ အစီအစဥ္ေတြရွိေနတယ္လို႔ မတ္လ ၂၉ ရက္က သတင္းထုတ္ျပန္ထားပါတယ္။
အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ားအဖြဲ႕က ျမန္မာႏိုင္ငံနဲ႔ ထိုင္းႏိုင္ငံတို႔ရဲ႕ငလ်င္ျပန္လည္ထူေထာင္ေရး ႀကိဳးပမ္းမႈမ်ားကို ပံ့ပိုးကူညီဖို႔ အဆင္သင့္ရွိေနၿပီး လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအကူအညီမ်ား အေရးေပၚလိုအပ္မႈကို အသိအမွတ္ျပဳတယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။
အာဆီယံအဖြဲ႕အေနနဲ႔ ငလ်င္ဒဏ္ခံခဲ့ရတဲ့ မိသားစုမ်ားေတြအျပင္ လူမႈအသိုင္းအဝိုင္းမ်ားနဲ႔ စည္းလုံးညီၫြတ္မႈကို ထပ္မံအတည္ျပဳတယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။
အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ားအဖြဲ႕က “အာဆီယံအေနနဲ႔ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီ ေတြ၊ ကယ္ဆယ္ေရးလုပ္ငန္းေတြကို ပံ့ပိုးကူညီေဆာင္႐ြက္ေပးဖို႔နဲ႔ အခ်ိန္မီနဲ႔ထိေရာက္တဲ့ လူသားခ်င္းစာနာ ေထာက္ထားမႈဆိုင္ရာတုံ႔ျပန္မႈရရွိေစဖို႔ နီးနီးကပ္ကပ္လုပ္ေဆာင္သြားမွာပါ” လို႔ ေျပာပါတယ္။
ျမန္မာႏိုင္ငံမွာ မတ္လ ၂၈ ရက္က လႈပ္ခတ္ခဲ့တဲ့ ငလ်င္ဟာ ဆယ္စုႏွစ္မ်ားအတြင္း အျပင္းထန္ဆုံး ျဖစ္ႏိုင္ဖြယ္ ရွိတယ္လို႔ ငလ်င္ပညာရွင္ေတြက သုံးသပ္ေျပာဆိုထားပါတယ္။ ေတာင္ကိုရီးယားႏိုင္ငံကလည္း ျမန္မာႏိုင္ငံကို အေမရိကန္ေဒၚလာ ႏွစ္သန္း ကနဦး ကူညီေပးမယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။
ေတာင္ကိုရီးယားအစိုးရအဖြဲ႕က ငလ်င္လႈပ္ခတ္မႈဒဏ္ကို ဆိုး႐ြားစြာေတြ႕ႀကဳံခံစားခဲ့ရသူေတြအတြက္ အေမရိကန္ ေဒၚလာ ၂ သန္းကို ကနဦး ကူညီေပးမွာျဖစ္ၿပီး၊ ေနာက္ထပ္လည္း ထပ္မံကူညီေပးဖို႔ စဥ္းစားသြားမယ္လို႔ ေျပာဆို ထားပါတယ္။ စင္ကာပူၾကက္ေျခနီအဖြဲ႕အျပင္ စင္ကာပူအရပ္ဘက္ ကာကြယ္ေရးအဖြဲ႕ (SCDF) အဖြဲ႕ကလည္း ျမန္မာႏိုင္ငံရွိ ငလ်င္ဒဏ္ခံစားခဲ့ရသူေတြကို ကူညီေပးႏိုင္ေအာင္ Lionheart Contingen လိုင္း႐ြန္း ဟတ္ ကန္တင္ဂ်န္အဖြဲ႕ေတြကို ေစလႊတ္ကူညီသြားမယ္လို႔ သိရပါတယ္။

အဖြဲ႕ဝင္ ၈ဝ ဦး ပါဝင္မယ့္ စင္ကာပူ ကယ္ဆယ္ေရးအဖြဲ႕မွာ သဘာဝေဘးအႏၲရာယ္ ရွာေဖြကယ္ဆယ္ေရးအဖြဲ႕ဝင္ေတြ၊ စစ္မႈထမ္းမ်ား၊ ဆရာဝန္မ်ား၊ အေရးေပၚေဆးဘက္ဆိုင္ရာအရာရွိမ်ား၊ အသက္ကယ္ရွာေဖြေရးေခြးေလးေကာင္နဲ႔အတူ ရွာေဖြေရး ကြၽမ္းက်င္သူမ်ား။ အႏၲရာယ္ရွိေသာပစၥည္းမ်ား ကြၽမ္းက်င္သူမ်ားနဲ႔ ပံ့ပိုးကူညီေရးဝန္ထမ္းမ်ား ပါဝင္မွာျဖစ္တယ္လို႔ သိရပါတယ္။

ၿဗိတိန္ဘုရင္ႀကီးျဖစ္သူ ခ်ားလ္စ္ဘုရင္ႀကီးက ျမန္မာႏိုင္ငံမွာ ႏွစ္ေပါင္း ၁၈၆ ႏွစ္အတြင္း အဆိုး႐ြားဆုံး ငလ်င္ဒဏ္ႀကဳံခဲ့ရၿပီးေနာက္ ငလ်င္ဒဏ္ခံခဲ့ရတဲ့ျပည္သူေတြအတြက္ ဝမ္းနည္းမိတယ္လို႔ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ အိမ္ယာေျမ နဲ႔ လူမႈဘဝေတြ အျပင္ ခ်စ္ခင္ျမတ္ႏိုးရတဲ့ မိသားစု၊ ေဆြမ်ိဳး၊ မိတ္ေဆြ သူငယ္ခ်င္း ဆုံးရႈံးရသူေတြအတြက္ "အထူးပဲဝမ္းနည္း ေၾကကြဲရပါတယ္" လို႔ ၿဗိတိန္ဘုရင္ႀကီးကဆိုပါတယ္။

ၿဗိတိန္ဘုရင္ႀကီးက "ကြၽန္ေတာ့္ မိန္းမနဲ႔ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံက ငလ်င္သတင္းေၾကာင့္ အႀကီးအက်ယ္တုန္လႈပ္ၿပီး စိတ္မေကာင္းျဖစ္ရပါတယ္။ လူအေျမာက္အျမား ေသဆုံးၿပီး အိုးအိမ္၊ တိုက္တာ အေဆာက္အုံေတြ အႀကီးအက်ယ္ ပ်က္စီးထိခိုက္ခဲ့ရတယ္။ ေစတီ ပုထိုး၊ ဘုန္းႀကီးေက်ာင္း နဲ႔ တျခား ဝတ္ျပဳရာေနရာေတြ ထိခိုက္ပ်က္စီးခဲ့တဲ့အေပၚ မ်ားစြား ဝမ္းနည္းရပါတယ္။ ျမန္မာျပည္သူေတြဟာ အခက္အခဲေတြ၊ အသက္ဆုံးရႈံးမႈေတြကို ႀကံ့ႀကံ့ခံ ရင္ဆိုင္သြားလိမ့္မယ္ဆိုတာ သိရွိပါတယ္။
ျမန္မာေတြရဲ႕အႏႈိင္းမဲ့ ေတာင့္ခံႏိုင္တဲ့ စိတ္ဓါတ္ကိုလည္း ေလးစား အားက်မိပါတယ္"လို႔ ေျပာပါတယ္။

ေဟာင္ေကာင္ၿမိဳ႕အုပ္ခ်ဳပ္ရးအဖြဲ႕ကလည္း ငလ်င္ဒဏ္ေတြ႕ႀကဳံခံစားရတဲ့ေဒသေတြမွာ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြ လုပ္ကိုင္ကူညီေပးဖို႔ အဖြဲ႕ဝင္ ၅၁ဦး လိုက္ပါလာမယ့္ ကယ္ဆယ္ေရးအဖြဲ႕ကို ေမလ ၂၉ရက္ေန႔မွာေစလႊတ္ေပးခဲ့ပါတယ္။ ျမန္ မာႏိုင္ငံနည္းတူ အင္အားျပင္းငလ်င္ဒဏ္ကို ခံစားခဲ့ရတဲ့ ျမန္မာႏိုင္ငံရဲ႕အိမ္နီးခ်င္းႏိုင္ငံျဖစ္တဲ့ထိုင္းႏိုင္ငံကလည္း ျမန္မာႏိုင္ငံကို ကူညီကယ္ဆယ္ေရးအဖြဲ႕ေတြ ေစလႊတ္ကူညီေပးမယ္လို႔ သိရပါတယ္။ ထိုင္းကာကြယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး နက္ပါနစ္က ထိုင္းဝန္ႀကီးခ်ဳပ္ဟာ ျမန္မာႏိုင္ငံရွိငလ်င္ဒဏ္ခံရသူေတြကို ဝိုင္းဝန္းကူညီေပးဖို႔ ထိုင္းကာကြယ္ေရးဝန္ႀကီးဌာနကို ၫႊန္ၾကားထားတယ္လို႔ေျပာပါတယ္။ ထိုင္း ႏိုင္ငံဟာ ျမန္မာႏိုင္ငံကို ကူညီေထာက္ပံ့ေပးေပးဖို႔ ရွာေဖြကယ္ဆယ္ေရးအဖြဲ႕ေတြ၊ ေဆးဝါးဆိုင္ရာအဖြဲ႕ေတြ၊ ကူညီေထာက္ပံ့ေရးပစၥည္းေတြကို C-130အမ်ိဳးအစားေလယာဥ္နဲ႔ ပို႔ေဆာင္ေစလႊတ္မွာျဖစ္တယ္လို႔သိရပါတယ္။ ထိုင္းအစိုးရက ျမန္မာႏိုင္ငံကိုေစလႊတ္မယ့္သူေတြထဲမွာ ထိုင္းစစ္တပ္တပ္ဖြဲ႕ဝင္ေတြ၊အရင္းျမစ္ေတြလည္း ပါဝင္မွာျဖစ္တယ္လို႔ သိရပါတယ္။ ျမန္မာႏိုင္ငံကိုေစလြတ္မယ့္ ထိုင္း ရွာေဖြကယ္ဆယ္ေရးအဖြဲ႕မွာ အဖြဲ႕ဝင္ ၄၉ ဦး ပါဝင္မွာျဖစ္တယ္လို႔ သိရပါတယ္။

ထိုင္း ဗိုလ္ခ်ဳပ္ နက္တာပိုလ္က " အိမ္နီးခ်င္းျမန္မာႏိုင္ငံကို ျမန္ျမန္ဆန္ဆန္နဲ႔ထိေရာက္တဲ့အကူအညီေတြေပးသြားဖို႔ ကြၽန္ေတာ္တို႔က ကတိကဝတ္ျပဳထားပါတယ္။ ကြၽန္ေတာ္တို႔ အဖြဲ႕ေတြဟာ ရွာေဖြေရးနဲ႔ ကယ္ဆယ္ေရးလုပ္ငန္းေတြအျပင္ ေဆးဘက္ဆိုင္ရာပံ့ပိုးကူညီမႈမ်ား ေပးေဆာင္ရန္ အဆင္သင့္ရွိေနပါတယ္" လို႔ ေျပာပါတယ္။

နယူးဇီလန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနကလည္း ငလ်င္ဒဏ္ကို ဆိုး႐ြားစြာခံစားခဲ့ရတဲ့ ျမန္မာႏိုင္ငံအတြက္ ထိုင္းဘတ္ ၃၅ သန္းကူညီေထာက္ပံ့ေပးမယ္လို႔ ကတိျပဳထားၿပီး ျမန္မာႏိုင္ငံရွိ ႏိုင္ငံတကာ ၾကက္ေျခနီအဖြဲ႕ေတြကို ကူညီေထာက္ပံ့ေပးမွာျဖစ္တဲ့အျပင္ ေဆးဝါး၊ အစားစားနဲ႔အျခားလိုတဲ့အကူညီေတြေပးမယ္လို႔ ေျပာပါတယ္။ အင္ဒိုနီးရွားႏိုင္ငံကလည္း ျမန္မာႏိုင္ငံကို ကူညီေထာက္ပံ့ေပးဖို႔ ကမ္းလွမ္းထားေၾကာင္း အင္ဒိုနီရွားသမၼတျဖစ္တဲ့ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ပရာဘိုဝီ က ထုတ္ဖာ္ေျပာဆိုထားပါတယ္။

အင္ဒိုနီးရွားသမၼတကငလ်င္ဒဏ္ကို ဆိုး႐ြားစြာခံစားရတဲ့ ျမန္မာႏိုင္ငံ နဲ႔ထိုင္းႏိုင္ငံအတြက္ ဝမ္းနည္းစိတ္မေကာင္းျဖစ္ရသလို ထိုင္းနဲ႔ ျမန္မာႏိုင္ငံတို႔အခက္ခဲေတြကို ရင္ဆိုင္ေနရခ်ိန္အတြင္းအင္ဒိုနီးရွားႏိုင္ငံက ထိုင္းႏိုင္ငံ၊ ျမန္မာႏိုင္ငံတို႔နဲ႔အတူ ရပ္တည္သြားမယ္လို႔ ေျပာပါတယ္။

အင္ဒိုနီးရွားသမၼတက "ငလ်င္ဒဏ္ဆိုး႐ြားစြာခံစားခဲ့ရတဲ့ ေဒသေတြရဲ႕ျပန္လည္ေကာင္းမြန္ေအာင္ ႀကိဳးပမ္းမႈေတြနဲ႔ပတ္သက္ၿပီး လိုအပ္တာေတြကို ကူညီေထာက္ပံ့ေပးဖို႔ အဆင့္သင့္ရွိပါတယ္။" လို႔ေျပာပါတယ္။ ဥေရာပသမဂၢအဖြဲ႕ကလည္း ျမန္မာႏိုင္ငံရွိငလ်င္ဒဏ္ခံရသူေတြအတြက္ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီအျဖစ္ အေရးေပၚ ကနဦးအကူညီအျဖစ္ ယူ႐ို ၂ ဒသမ ၅ သန္း ကူညီေထာက္ပံ့ေပးမယ္လို႔ မတ္လ ၂၉ ရက္က သတင္းထုတ္ျပန္ခဲ့ပါတယ္။

အိုင္ယာလန္အစိုးရကလည္း ငလ်င္ဒဏ္ခံစားခဲ့ရတဲ့ ျမန္မာျပည္သူေတြအတြက္ ယူ႐ို ၆ သန္းေက်ာ္ကူညီေထာက္ပံ့ေပးမယ္လို႔ မတ္လ ၂၉ ရက္မွာ သတင္းထုတ္ျပန္ထားပါတယ္။ အိုင္ယာလန္အစိုးရအဖြဲ႕ဟာ ျမန္မာျပည္သူေတြအတြက္ ကူညီေပးမယ့္ ယူ႐ို ၆ သန္းကို ႏိုင္ငံတကာၾကက္ေျခနီအဖြဲ႕ခ်ဳပ္ နဲ႔ ျမန္မာၾကက္ေျခနီအဖြဲ႕တို႔အျပင္ ကုလသမဂၢလက္ေအာက္ခံအဖြဲ႕စည္းေတြျဖစ္တဲ့ (UNHCR) အဖြဲ႕၊ (OCHA)အဖြဲ႕ေတြကတဆင့္ ကူညီေထာက္ပံ့ေပးမယ္လို႔ ေျပာပါတယ္။

ဗီယက္နမ္ အစိုးရအဖြဲ႕ကလည္း ျမန္မာႏိုင္ငံရွိငလ်င္ဒဏ္ခံရသူေတြကို ရွာေဖြကယ္ဆယ္ေရးအတြက္ ဗီယက္နမ္စစ္သားေတြ ပါဝင္မယ့္ ရွာေဖြကယ္ဆယ္ေရး အဖြဲ႕ကို ေစလႊတ္ဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။ ဗီယက္နမ္စစ္တပ္တာဝန္ရွိသူတစ္ဦးက ျမန္မာႏိုင္ငံကိုေစလႊတ္မယ့္ အဖြဲ႕ေတြထဲမွာ စစ္သားေတြ၊ ဆက္သြယ္ေရးအဖြဲ႕ေတြ၊ စစ္သုံးေခြးေတြ။ ေဆးဝါးဆိုင္ရာအဖြဲ႕ေတြ၊ ရွာေဖြကယ္ဆယ္ေရးအဖြဲ႕ေတြ ပူးေပါင္းပါဝင္မယ္လို႔ ေျပာပါတယ္။

Related news

© 2021. All rights reserved.