ပင်လယ်နက်ဒေသ လွတ်လပ်စွာသွားလာခွင့်ပြုရေး အဆိုပြုချက်တွေကို ဥရောပသမဂ္ဂ ပယ်ချ

727

ဂျန်ဇက် (NP News) - မတ် ၃ဝ
ဥရောသမဂ္ဂဟာ ရုရှား နဲ့ အမေရိကန်နိုင်ငံကြား ရယူဖို့စီစဥ်နေတဲ့ ပင်လယ်နက်ဒေသ လွတ်လပ်စွာ သွားလာခွင့် ရရေး အပစ်ခတ်ရပ်စဲရေး အဆိုပြုဆွေးနွေးမှုတွေကို ငြင်းဆန်လိုက်ပါတယ်။ ရုရှားနဲ့ ယူကရိန်းနိုင်ငံကြား ဖြစ်ပွား နေတဲ့ စစ်ပွဲအပစ်ခတ်ရပ်စဲရေးဆွေးနွေးမှု အစိတ်အပိုင်းအဖြစ် ပင်လက်နက်ဒေသ လွတ်လပ်စွာ သွားလာခွင့်ရရေး အချက်ကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ရုရှားကလည်း ပိတ်ဆို့မှုချမှတ်ထားရေးကို ဖယ်ရှားဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ဥရောပသမဂ္ဂက ရုရှား အပေါ်ချမှတ်ထားတဲ့ပိတ်ဆို့မှုတွေကို ဖယ်ရှားမှာ မဟုတ်ဘူးလို့ တုံ့ပြန်ထားပါတယ်။ ဥရောပသမဂ္ဂအဖွဲ့ရဲ့ နိုင်ငံခြားရေးရာဌာနအကြီးအကဲက ရုရှားနဲ့ ယူကရိန်းကြား ရေကြောင်းအပစ်ခတ်ရပ်စဲရေးသဘောတူညီမှုကို လက်ခံမှာ မဟုတ်ကြောင်း ယူကရိန်းစစ်ပွဲဖြစ်နေတဲ့ ကာလပတ်လုံး ရုရှားနိုင်ငံကို ပိတ်ဆို့မှုများ ချမှတ်ထားမှာဖြစ် ကြောင်း ပြောပါတယ်။
ရုရှားကို ချမှတ်ထားတဲ့ပိတ်ဆို့မှုတွေဟာ ယူကရိန်းစစ်ပွဲ အပြီးတိုင်ငြိမ်းချမ်းရေးရယူနိုင်ချိန်အထိ ဆက်လက်ထား ရှိမှာဖြစ်တယ်လို့ ဥရောပသမဂ္ဂက ပြောပါတယ်။ ရုရှားနဲ့ ယူကရိန်းကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ ၃ နှစ်ကျော်လာပြီး အမေရိကန်သမ္မတအသစ် ထရမ့်က အပစ်ခတ်ရပ်စဲရေးရယူနိုင်အောင် ကြားဝင်ကြိုးပမ်းနေကြောင်း သိရပါတယ်။ ရုရှား နဲ့ အမေရိကန်အစိုးရတာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် ဆော် ဒီအာရေဗျနိုင်ငံ ဟိုတယ်မှာ တံခါးပိတ်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
ပင္လယ္နက္ေဒသ လြတ္လပ္စြာသြားလာခြင့္ျပဳေရး အဆိုျပဳခ်က္ေတြကို ဥေရာပသမဂၢ ပယ္ခ်
ဂ်န္ဇက္ (NP News) - မတ္ ၃ဝ
ဥေရာသမဂၢဟာ ႐ုရွား နဲ႔ အေမရိကန္ႏိုင္ငံၾကား ရယူဖို႔စီစဥ္ေနတဲ့ ပင္လယ္နက္ေဒသ လြတ္လပ္စြာ သြားလာခြင့္ ရေရး အပစ္ခတ္ရပ္စဲေရး အဆိုျပဳေဆြးေႏြးမႈေတြကို ျငင္းဆန္လိုက္ပါတယ္။ ႐ုရွားနဲ႔ ယူကရိန္းႏိုင္ငံၾကား ျဖစ္ပြား ေနတဲ့ စစ္ပြဲအပစ္ခတ္ရပ္စဲေရးေဆြးေႏြးမႈ အစိတ္အပိုင္းအျဖစ္ ပင္လက္နက္ေဒသ လြတ္လပ္စြာ သြားလာခြင့္ရေရး အခ်က္ကိုလည္း ေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။
႐ုရွားကလည္း ပိတ္ဆို႔မႈခ်မွတ္ထားေရးကို ဖယ္ရွားဖို႔ ေတာင္းဆိုခဲ့ပါတယ္။ ဒါေပမယ့္ ဥေရာပသမဂၢက ႐ုရွား အေပၚခ်မွတ္ထားတဲ့ပိတ္ဆို႔မႈေတြကို ဖယ္ရွားမွာ မဟုတ္ဘူးလို႔ တုံ႔ျပန္ထားပါတယ္။ ဥေရာပသမဂၢအဖြဲ႕ရဲ႕ ႏိုင္ငံျခားေရးရာဌာနအႀကီးအကဲက ႐ုရွားနဲ႔ ယူကရိန္းၾကား ေရေၾကာင္းအပစ္ခတ္ရပ္စဲေရးသေဘာတူညီမႈကို လက္ခံမွာ မဟုတ္ေၾကာင္း ယူကရိန္းစစ္ပြဲျဖစ္ေနတဲ့ ကာလပတ္လုံး ႐ုရွားႏိုင္ငံကို ပိတ္ဆို႔မႈမ်ား ခ်မွတ္ထားမွာျဖစ္ ေၾကာင္း ေျပာပါတယ္။
႐ုရွားကို ခ်မွတ္ထားတဲ့ပိတ္ဆို႔မႈေတြဟာ ယူကရိန္းစစ္ပြဲ အၿပီးတိုင္ၿငိမ္းခ်မ္းေရးရယူႏိုင္ခ်ိန္အထိ ဆက္လက္ထား ရွိမွာျဖစ္တယ္လို႔ ဥေရာပသမဂၢက ေျပာပါတယ္။ ႐ုရွားနဲ႔ ယူကရိန္းၾကားျဖစ္ပြားေနတဲ့စစ္ပြဲဟာ ၃ ႏွစ္ေက်ာ္လာၿပီး အေမရိကန္သမၼတအသစ္ ထရမ့္က အပစ္ခတ္ရပ္စဲေရးရယူႏိုင္ေအာင္ ၾကားဝင္ႀကိဳးပမ္းေနေၾကာင္း သိရပါတယ္။ ႐ုရွား နဲ႔ အေမရိကန္အစိုးရတာဝန္ရွိသူေတြဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ယူကရိန္းစစ္ပြဲ အဆုံးသတ္ေရးအတြက္ ေဆာ္ ဒီအာေရဗ်ႏိုင္ငံ ဟိုတယ္မွာ တံခါးပိတ္ေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။