အင်အားပြင်းငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်၍ နစကဥက္ကဋ္ဌ နှင့် မလေးရှားနိုင်ငံဝန်ကြီးချုပ်တို့ ဖုန်းဖြင့်ဆက်သွယ်ပြောကြား

851

ချယ်ရီ (NP News) - မတ်၃၀
အင်အားပြင်းငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်၍ နစကဥက္ကဋ္ဌ နှင့် မလေးရှားနိုင်ငံဝန်ကြီးချုပ်တို့ ဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် (မတ်လ ၂၈ ရက်) က ပြင်းထန်စွာငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မြန်မာနိုင်ငံအတွင်း ထိခိုက်ပျက်ဆီးမှုများဖြစ်ပေါ်ခဲ့မှုများနှင့်ပတ်သက်၍ အကူအညီများပေးအပ်နိုင်ရေးအတွက် နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့(မတ်လ ၃၀ ရက်) ၊ နေ့လည်ပိုင်းတွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံဝန်ကြီးချုပ် Dato’ Seri Haji Anwar bin Ibrahim နှင့် ဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ကြောင်း သိရသည်။
ထိုသို့ ဆက်သွယ်ရာတွင် မလေးရှားနိုင်ငံဝန်ကြီးချုပ်က မလေးရှားနိုင်ငံနှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံအနေဖြင့်ပါ မြန်မာနိုင်ငံ၏ ထိခိုက်ပျက်ဆီးဆုံးရှုံးမှုများအပေါ် မိမိတို့အနေဖြင့် ဝမ်းနည်းကြေကွဲရပြီး ယနေ့ နံနက်ပိုင်းတွင် မလေးရှားနိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့ကို လေယာဉ်ဖြင့် စေလွှတ်ခဲ့ကြောင်းကို ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အနေဖြင့်လည်း အခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ရုပ်သံအစည်းအဝေးပြုလုပ်၍ အာဆီယံအဖွဲ့ဝင် မိသားစုများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မည်သို့ကူညီဆောင်ရွက်ရမည်ကို ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နစကဥက္ကဋ္ဌ မှ ယခုကဲ့သို့ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများကို ဖုန်းဖြင့်ဆက်သွယ်ပြောကြားပေးမှုများနှင့် အကူအညီပေးမှုများကိုလည်း ကျေးဇူးတင်ရှိကြောင်း ထည့်သွင်းပြောကြားထားသည်။
လက်ရှိအချိန်အထိ သေဆုံးသူ (၁,၇၀၀) ခန့်နှင့် ဒဏ်ရာရရှိသူ (၃,၄၀၀) ခန့်ရှိ ပြီး ပျောက်ဆုံးသူ (၃၀၀) နီးပါးခန့်ရှိကာ သေဆုံးသူအရေအတွက်မှာ ထပ်မံတိုးလာနိုင်ကြောင်း နစကဥက္ကဋ္ဌက ပြောထားသည်။
ထို့ပြင် အခြေအနေပေါ်မူတည်ပြီး အပြောင်းအလဲများရှိနိုင်ပြီး အဓိကအားဖြင့် ယခုကဲ့သို့အခက်အခဲဖြစ်ပေါ်နေချိန်၌ အာဆီယံနိုင်ငံများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမှု အတွက်လည်း ကျေးဇူးတင်ရှိကြောင်း နှင့် အာဆီယံအသိုင်းအဝိုင်းကိုလည်း ကျေးဇူးတင်ရှိကြောင်း ထည့်သွင်းပြောကြားသည်။
မလေးရှားနိုင်ငံဝန်ကြီးချုပ်က မိမိတို့အနေဖြင့် ကူညီမှုများကိုအကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးကို မြန်မာနိုင်ငံအတွက် ပေးအပ်နိုင်မည့် အကူအညီများ ပေးအပ်နိုင်ရေးအတွက် မြေပြင်အခြေအနေများကို ကြည်ရှုရန် မြန်မာနိုင်ငံသို့ စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

Zawgyi Version:
အင္အားျပင္းငလ်င္လႈပ္ခတ္မႈႏွင့္ပတ္သက္၍ နစကဥကၠ႒ ႏွင့္ မေလးရွားႏိုင္ငံဝန္ႀကီးခ်ဳပ္တို႔ ဖုန္းျဖင့္ဆက္သြယ္ေျပာၾကား
ခ်ယ္ရီ (NP News) - မတ္၃၀
အင္အားျပင္းငလ်င္လႈပ္ခတ္မႈႏွင့္ပတ္သက္၍ နစကဥကၠ႒ ႏွင့္ မေလးရွားႏိုင္ငံဝန္ႀကီးခ်ဳပ္တို႔ ဖုန္းျဖင့္ဆက္သြယ္ေျပာၾကားခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ သတင္းထုတ္ျပန္ေရးအဖြဲ႕မွ ထုတ္ျပန္ထားသည္။
ၿပီးခဲ့သည့္ (မတ္လ ၂၈ ရက္) က ျပင္းထန္စြာငလ်င္လႈပ္ခတ္ခဲ့မႈေၾကာင့္ ျမန္မာႏိုင္ငံအတြင္း ထိခိုက္ပ်က္ဆီးမႈမ်ားျဖစ္ေပၚခဲ့မႈမ်ားႏွင့္ပတ္သက္၍ အကူအညီမ်ားေပးအပ္ႏိုင္ေရးအတြက္ နစကဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယေန႔(မတ္လ ၃၀ ရက္) ၊ ေန႔လည္ပိုင္းတြင္ အာဆီယံအလွည့္က် ဥကၠ႒ မေလးရွားႏိုင္ငံဝန္ႀကီးခ်ဳပ္ Dato’ Seri Haji Anwar bin Ibrahim ႏွင့္ ဖုန္းျဖင့္ ဆက္သြယ္ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ဆက္သြယ္ရာတြင္ မေလးရွားႏိုင္ငံဝန္ႀကီးခ်ဳပ္က မေလးရွားႏိုင္ငံႏွင့္ အာဆီယံအလွည့္က်ဥကၠ႒ႏိုင္ငံအေနျဖင့္ပါ ျမန္မာႏိုင္ငံ၏ ထိခိုက္ပ်က္ဆီးဆုံးရႈံးမႈမ်ားအေပၚ မိမိတို႔အေနျဖင့္ ဝမ္းနည္းေၾကကြဲရၿပီး ယေန႔ နံနက္ပိုင္းတြင္ မေလးရွားႏိုင္ငံမွ ကူညီကယ္ဆယ္ေရးအဖြဲ႕ကို ေလယာဥ္ျဖင့္ ေစလႊတ္ခဲ့ေၾကာင္းကို ထည့္သြင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ မေလးရွားႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီး အေနျဖင့္လည္း အျခားေသာ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားမွ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားႏွင့္ ႐ုပ္သံအစည္းအေဝးျပဳလုပ္၍ အာဆီယံအဖြဲ႕ဝင္ မိသားစုမ်ားအၾကား ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား မည္သို႔ကူညီေဆာင္႐ြက္ရမည္ကို ေဆြးေႏြးခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။
ထို႔ေနာက္ နစကဥကၠ႒ မွ ယခုကဲ့သို႔ ျမန္မာႏိုင္ငံတြင္ ျဖစ္ေပၚေနေသာ အေျခအေနမ်ားကို ဖုန္းျဖင့္ဆက္သြယ္ေျပာၾကားေပးမႈမ်ားႏွင့္ အကူအညီေပးမႈမ်ားကိုလည္း ေက်းဇူးတင္ရွိေၾကာင္း ထည့္သြင္းေျပာၾကားထားသည္။
လက္ရွိအခ်ိန္အထိ ေသဆုံးသူ (၁,၇၀၀) ခန႔္ႏွင့္ ဒဏ္ရာရရွိသူ (၃,၄၀၀) ခန႔္ရွိ ၿပီး ေပ်ာက္ဆုံးသူ (၃၀၀) နီးပါးခန႔္ရွိကာ ေသဆုံးသူအေရအတြက္မွာ ထပ္မံတိုးလာႏိုင္ေၾကာင္း နစကဥကၠ႒က ေျပာထားသည္။
ထို႔ျပင္ အေျခအေနေပၚမူတည္ၿပီး အေျပာင္းအလဲမ်ားရွိႏိုင္ၿပီး အဓိကအားျဖင့္ ယခုကဲ့သို႔အခက္အခဲျဖစ္ေပၚေနခ်ိန္၌ အာဆီယံႏိုင္ငံမ်ားက ဝိုင္းဝန္းကူညီေဆာင္႐ြက္ေပးမႈ အတြက္လည္း ေက်းဇူးတင္ရွိေၾကာင္း ႏွင့္ အာဆီယံအသိုင္းအဝိုင္းကိုလည္း ေက်းဇူးတင္ရွိေၾကာင္း ထည့္သြင္းေျပာၾကားသည္။
မေလးရွားႏိုင္ငံဝန္ႀကီးခ်ဳပ္က မိမိတို႔အေနျဖင့္ ကူညီမႈမ်ားကိုအေကာင္းဆုံးျဖစ္ေအာင္ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ၿပီး မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးကို ျမန္မာႏိုင္ငံအတြက္ ေပးအပ္ႏိုင္မည့္ အကူအညီမ်ား ေပးအပ္ႏိုင္ေရးအတြက္ ေျမျပင္အေျခအေနမ်ားကို ၾကည္ရႈရန္ ျမန္မာႏိုင္ငံသို႔ ေစလႊတ္ေပးသြားမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။