KTV တစ်ခုတွင် ဖိအားပေး စေခိုင်းခံနေရသော မြန်မာအမျိုးသမီးလေးဦးကို ကယ်တင်ပြီး မြန်မာအမျိုးသားသုံးဦးကို ဖမ်းဆီးနိုင်ခဲ့ဟု မလေးရှားရဲတပ်ဖွဲ့ပြော

 7059

Pika (NP News) - စက်တင်ဘာ ၁၂

မလေးရှားနိုင်ငံ Bandar Puchong မြို့ရှိ KTV တစ်ခုတွင် အလုပ်လုပ်ကိုင်ရန် အတင်းအကြပ်စေခိုင်းခံခဲ့ရသော မြန်မာနိုင်ငံသားအမျိုးသမီးလေးဦးကို စက်တင်ဘာလ(၁၁)ရက်က ကယ်ဆယ်နိုင်ခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

Bukit Aman CID ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့နှင့် ရွှေ့ပြောင်းနေထိုင်သူများတရားမဝင် ဝင်ရောက်လာမှု တိုက်ဖျက်ရေးအဖွဲ့တို့သည် ရရှိထားသော သတင်းအချက်အလက်များအရ စက်တင်ဘာ(၁၁)ရက် နံနက်(၁ဝ)နာရီ (၄ဝ)မိနစ်တွင် အဆိုပါ KTV ကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသက်(၁၅)နှစ်ကြားမှ (၃၁)နှစ်ကြားရှိသော အမျိုးသမီးများသည် ပြီးခဲ့သည့်(၅)ရက်ခန့်တည်းက နိုင်ငံခြား ဖောက်သည်များကို ဖျော်ဖြေရန်အတွက် အလုပ်လုပ်ကိုင်နေခဲ့ရခြင်းဖြစ်ကြောင်း Bukit Aman D3 Atipsom လက်ထောက်ဒါရိုက်တာ Fadil Marsus က ပြောကြားခဲ့သည်။

၎င်းက "ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားအမျိုးသား သုံးဦးအနက်တစ်ဦးက အဓိကတရားခံတစ်ဦးဖြစ်ပါတယ်။ အဲဒီအမျိုးသမီးတွေဟာ တစ်လကို လစာအဖြစ် ရင်းဂစ်(၁၅ဝဝ)နဲ့ ဝိတ်တာအဖြစ် အလုပ်လုပ်ကိုင်ရမယ်ဆိုပြီး ခေါ်ခံရသူတွေဖြစ်ပါတယ်။ပြီးတော့ အဓိကတရားခံ မြန်မာနိုင်ငံသားအမျိုးသားက အဲဒီအမျိုးသမီးလေးဦးကို KTV မှာ အလုပ်လုပ်ကိုင်ဖို့ ဖိအားပေးခဲ့တာပါ" ဟု ပြောခဲ့သည်။

ထို့အပြင် အစောပိုင်းစုံစမ်းစစ်ဆေးမှုများအရ အသက်(၂၆)နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးသည် ဖမ်းဆီးခံထား ရသော သံသယရှိသူမြန်မာနိုင်ငံသားသုံးဦးအနက်မှ တစ်ဦး၏ အဓမ္မပြုကျင့်မှုကိုခံခဲ့ရကြောင်း Fadil Marsus က ပြောကြားခဲ့သည်။

၎င်း က "ကျွန်တော်တို့တွေဟာ အတင်းအကြပ်ဖိအားပေးစေခိုင်းခံနေရတဲ့ မြန်မာအမျိုးသမီးလေးဦး ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အဲဒီမြန်မာနိုင်ငံသား အမျိုးသားသုံးဦးကိုတော့ မလေးရှားနိုင်ငံ ရာဇဝတ်မှုဆိုင်ရာ ပုဒ်မ (၁၂)၊ ပုဒ်မ(၁၄)တို့နဲ့ ဖမ်းဆီးထိန်းသိမ်းထားပါတယ်" ဟု ပြောခဲ့သည်။

Zawgyi Version;
KTV တစ္ခုတြင္ ဖိအားေပး ေစခိုင္းခံေနရေသာ ျမန္မာအမ်ိဳးသမီးေလးဦးကို ကယ္တင္ၿပီး ျမန္မာအမ်ိဳးသားသုံးဦးကို ဖမ္းဆီးႏိုင္ခဲ့ဟု မေလးရွားရဲတပ္ဖြဲ႕ေျပာ
Pika (NP News) - စက္တင္ဘာ ၁၂

မေလးရွားႏိုင္ငံ Bandar Puchong ၿမိဳ႕ရွိ KTV တစ္ခုတြင္ အလုပ္လုပ္ကိုင္ရန္ အတင္းအၾကပ္ေစခိုင္းခံခဲ့ရေသာ ျမန္မာႏိုင္ငံသားအမ်ိဳးသမီးေလးဦးကို စက္တင္ဘာလ(၁၁)ရက္က ကယ္ဆယ္ႏိုင္ခဲ့ေၾကာင္း မေလးရွားရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။

Bukit Aman CID ၏ လူကုန္ကူးမႈတိုက္ဖ်က္ေရးအဖြဲ႕ႏွင့္ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားတရားမဝင္ ဝင္ေရာက္လာမႈ တိုက္ဖ်က္ေရးအဖြဲ႕တို႔သည္ ရရွိထားေသာ သတင္းအခ်က္အလက္မ်ားအရ စက္တင္ဘာ(၁၁)ရက္ နံနက္(၁ဝ)နာရီ (၄ဝ)မိနစ္တြင္ အဆိုပါ KTV ကို ဝင္ေရာက္စီးနင္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အသက္(၁၅)ႏွစ္ၾကားမွ (၃၁)ႏွစ္ၾကားရွိေသာ အမ်ိဳးသမီးမ်ားသည္ ၿပီးခဲ့သည့္(၅)ရက္ခန႔္တည္းက ႏိုင္ငံျခား ေဖာက္သည္မ်ားကို ေဖ်ာ္ေျဖရန္အတြက္ အလုပ္လုပ္ကိုင္ေနခဲ့ရျခင္းျဖစ္ေၾကာင္း Bukit Aman D3 Atipsom လက္ေထာက္ဒါ႐ိုက္တာ Fadil Marsus က ေျပာၾကားခဲ့သည္။

၎က "ဖမ္းဆီးခံထားရတဲ့ ျမန္မာႏိုင္ငံသားအမ်ိဳးသား သုံးဦးအနက္တစ္ဦးက အဓိကတရားခံတစ္ဦးျဖစ္ပါတယ္။ အဲဒီအမ်ိဳးသမီးေတြဟာ တစ္လကို လစာအျဖစ္ ရင္းဂစ္(၁၅ဝဝ)နဲ႔ ဝိတ္တာအျဖစ္ အလုပ္လုပ္ကိုင္ရမယ္ဆိုၿပီး ေခၚခံရသူေတြျဖစ္ပါတယ္။ၿပီးေတာ့ အဓိကတရားခံ ျမန္မာႏိုင္ငံသားအမ်ိဳးသားက အဲဒီအမ်ိဳးသမီးေလးဦးကို KTV မွာ အလုပ္လုပ္ကိုင္ဖို႔ ဖိအားေပးခဲ့တာပါ" ဟု ေျပာခဲ့သည္။

ထို႔အျပင္ အေစာပိုင္းစုံစမ္းစစ္ေဆးမႈမ်ားအရ အသက္(၂၆)ႏွစ္အ႐ြယ္ ျမန္မာအမ်ိဳးသမီးတစ္ဦးသည္ ဖမ္းဆီးခံထား ရေသာ သံသယရွိသူျမန္မာႏိုင္ငံသားသုံးဦးအနက္မွ တစ္ဦး၏ အဓမၼျပဳက်င့္မႈကိုခံခဲ့ရေၾကာင္း Fadil Marsus က ေျပာၾကားခဲ့သည္။

၎ က "ကြၽန္ေတာ္တို႔ေတြဟာ အတင္းအၾကပ္ဖိအားေပးေစခိုင္းခံေနရတဲ့ ျမန္မာအမ်ိဳးသမီးေလးဦး ကို ကယ္ဆယ္ႏိုင္ခဲ့ပါတယ္။ အဲဒီျမန္မာႏိုင္ငံသား အမ်ိဳးသားသုံးဦးကိုေတာ့ မေလးရွားႏိုင္ငံ ရာဇဝတ္မႈဆိုင္ရာ ပုဒ္မ (၁၂)၊ ပုဒ္မ(၁၄)တို႔နဲ႔ ဖမ္းဆီးထိန္းသိမ္းထားပါတယ္" ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.