ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ တိုက်ခန်းတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူဒါဇင်ချီ သေဆုံး

 688

Pika (NP News) - စက်တင်ဘာ ၁၃

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ တိုက်ခန်းတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် လူဒါဇင်ချီသေဆုံးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက စက်တင်ဘာလ(၁၃)ရက်တွင် ဖော်ပြခဲ့သည်။

(၁ဝ)ထပ်တိုက်အဆောက်အဦးတွင် စက်တင်ဘာ(၁၂)ရက် ညသန်းခေါင်ယံအချိန်က ဖြစ်ပွားခဲ့သော မီးလောင်မှု သည် ကားပါကင်နေရာမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

ဗီယက်နမ်သတင်းအေဂျင်စီက "အာဏာပိုင်တွေဟာ လူ(၇ဝ)ခန့်ကို ကယ်ဆယ်နိုင်ခဲ့ပြီး မီးလောင်မှုအတွင်း သေဆုံးသူတွေ အပါအဝင် လူ(၅၄)ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပါတယ်။ ဒါဟာ တကယ်ကို ကြီးမားတဲ့ မီးလောင်မှု တစ်ခုပါပဲ" ဟု ဖော်ပြထားသည်။

မီးလောင်ကျွမ်းမှုကို စက်တင်ဘာလ(၁၃)ရက် နံနက်ပိုင်းတွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးသမားများ သည် အသက်ရှင်ကျန်ရစ်သူများကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။ ရှာဖွေကယ်ဆယ်ရေးသမား များသည် ဟနွိုင်းမြို့ အနောက်တောင်ဖက်ရှိ ကျဉ်းမြောင်းသော လမ်းကြားတွင်ရှိသော အဆောက်အဦးအတွင်းသို့ ဝင်ရောက်ရန်အတွက် ရုန်းကန်ခဲ့ရကြောင်းလည်း သိရသည်။

အဆိုပါ အဆောက်အဦးအနီးတွင် နေထိုင်သူအမျိုးသမီးတစ်ဦးက "ကျွန်မတို့အကူအညီတွေ အများကြီးမပေးနိုင်ခဲ့ ပါဘူး။ မီးလောင်တဲ့အချိန်မှာ နေထိုင်သူတွေဟာ ထွက်ပြေးဖို့ လမ်းကြောင်းမရှိတဲ့အတွက် ပိတ်မိနေခဲ့တာပါ" ဟု ပြောခဲ့သည်။

Ho Chi Minh မြို့ရှိ သုံးထပ်တိုက်ကာရာအိုကေဘားတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားကာ လူ(၃၂)ဦး သေဆုံးခဲ့ပြီး နောက် တစ်နှစ်အကြာတွင် ယခုကဲ့သို့ဖြစ်ရပ် ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (၁ဝ)ထပ်တိုက် အဆောက်အဦး မီးလောင်ကျွမ်းမှုအတွင်း လူ(၁၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မီးဘေးအန္တရာယ်ကာကွယ်ရေး စည်းကမ်းဖောက်ဖျက်မှုဖြင့် ပိုင်ရှင်ဖြစ်သူကို ဖမ်းဆီးအရေးယူထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံတွင် ပြီးခဲ့သည့်နှစ်များအတွင်း ကာရာအိုကေ ဘားကဲ့သို့သော နေရာများတွင် လူအသေအပျောက်များသော မီးလောင်ကျွမ်းမှုများ မကြာခဏကြုံတွေ့ခဲ့ရကြောင်း သိရသည်။

Zawgyi Version;
ဗီယက္နမ္ႏိုင္ငံ ဟႏြိဳင္းၿမိဳ႕ရွိ တိုက္ခန္းတစ္ခုတြင္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ လူဒါဇင္ခ်ီ ေသဆုံး
Pika (NP News) - စက္တင္ဘာ ၁၃

ဗီယက္နမ္ႏိုင္ငံ ဟႏြိဳင္းၿမိဳ႕ရွိ တိုက္ခန္းတစ္ခုတြင္ မီးေလာင္မႈျဖစ္ပြားခဲ့ၿပီးေနာက္ လူဒါဇင္ခ်ီေသဆုံးခဲ့ေၾကာင္း ႏိုင္ငံပိုင္မီဒီယာမ်ားက စက္တင္ဘာလ(၁၃)ရက္တြင္ ေဖာ္ျပခဲ့သည္။

(၁ဝ)ထပ္တိုက္အေဆာက္အဦးတြင္ စက္တင္ဘာ(၁၂)ရက္ ညသန္းေခါင္ယံအခ်ိန္က ျဖစ္ပြားခဲ့ေသာ မီးေလာင္မႈ သည္ ကားပါကင္ေနရာမွ စတင္ေလာင္ကြၽမ္းခဲ့ျခင္းျဖစ္ေၾကာင္း မ်က္ျမင္သက္ေသမ်ားက ေျပာၾကားခဲ့သည္။

ဗီယက္နမ္သတင္းေအဂ်င္စီက "အာဏာပိုင္ေတြဟာ လူ(၇ဝ)ခန႔္ကို ကယ္ဆယ္ႏိုင္ခဲ့ၿပီး မီးေလာင္မႈအတြင္း ေသဆုံးသူေတြ အပါအဝင္ လူ(၅၄)ဦးကို ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ပါတယ္။ ဒါဟာ တကယ္ကို ႀကီးမားတဲ့ မီးေလာင္မႈ တစ္ခုပါပဲ" ဟု ေဖာ္ျပထားသည္။

မီးေလာင္ကြၽမ္းမႈကို စက္တင္ဘာလ(၁၃)ရက္ နံနက္ပိုင္းတြင္ မီးၿငိမ္းသတ္ႏိုင္ခဲ့ၿပီး ရွာေဖြကယ္ဆယ္ေရးသမားမ်ား သည္ အသက္ရွင္က်န္ရစ္သူမ်ားကို ဆက္လက္ရွာေဖြေနဆဲျဖစ္ေၾကာင္း သိရသည္။ ရွာေဖြကယ္ဆယ္ေရးသမား မ်ားသည္ ဟႏြိဳင္းၿမိဳ႕ အေနာက္ေတာင္ဖက္ရွိ က်ဥ္းေျမာင္းေသာ လမ္းၾကားတြင္ရွိေသာ အေဆာက္အဦးအတြင္းသို႔ ဝင္ေရာက္ရန္အတြက္ ႐ုန္းကန္ခဲ့ရေၾကာင္းလည္း သိရသည္။

အဆိုပါ အေဆာက္အဦးအနီးတြင္ ေနထိုင္သူအမ်ိဳးသမီးတစ္ဦးက "ကြၽန္မတို႔အကူအညီေတြ အမ်ားႀကီးမေပးႏိုင္ခဲ့ ပါဘူး။ မီးေလာင္တဲ့အခ်ိန္မွာ ေနထိုင္သူေတြဟာ ထြက္ေျပးဖို႔ လမ္းေၾကာင္းမရွိတဲ့အတြက္ ပိတ္မိေနခဲ့တာပါ" ဟု ေျပာခဲ့သည္။

Ho Chi Minh ၿမိဳ႕ရွိ သုံးထပ္တိုက္ကာရာအိုေကဘားတြင္ မီးေလာင္ကြၽမ္းမႈျဖစ္ပြားကာ လူ(၃၂)ဦး ေသဆုံးခဲ့ၿပီး ေနာက္ တစ္ႏွစ္အၾကာတြင္ ယခုကဲ့သို႔ျဖစ္ရပ္ ထပ္မံျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ (၁ဝ)ထပ္တိုက္ အေဆာက္အဦး မီးေလာင္ကြၽမ္းမႈအတြင္း လူ(၁၇)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး မီးေဘးအႏၲရာယ္ကာကြယ္ေရး စည္းကမ္းေဖာက္ဖ်က္မႈျဖင့္ ပိုင္ရွင္ျဖစ္သူကို ဖမ္းဆီးအေရးယူထားေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။

ဗီယက္နမ္ႏိုင္ငံတြင္ ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္း ကာရာအိုေက ဘားကဲ့သို႔ေသာ ေနရာမ်ားတြင္ လူအေသအေပ်ာက္မ်ားေသာ မီးေလာင္ကြၽမ္းမႈမ်ား မၾကာခဏႀကဳံေတြ႕ခဲ့ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.