ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ဆေးရုံမှာမထားဘဲ အကျဉ်းထောင်ကို ပြန်ပို့ဖို့ ထိုင်းနိုင်ငံရေးကွန်ရက်တစ်ခု တောင်းဆို

 721

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၄

ထိုင်းနိုင်ငံရေး ကွန်ရက်တစ်ခုဟာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ဆေးရုံကနေ အကျဉ်းထောင်ကို ပြန်လည်ပို့ ဆောင်ဖို့ ထိုင်းဝန်ကြီးချုပ်အသစ် ဆာရက်သာတာဗီဆင်ထံ စာပေးပို့တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ပြီးခဲ့တဲ့လမှာ ထိုင်းနိုင်ငံကို ပြန်လာခဲ့ပြီးနောက် ပြစ်ဒဏ်ချမှတ်ခံရတဲ့ ပြစ်မှုများအတွက် အကျဉ်းထောင်ကို ပို့ဆောင်ခံခဲ့ရပြီး အကျဉ်းထောင်အတွင်းနေထိုင်တဲ့ ပထမဆုံးညမှာပဲ ကျန်းမာရေးမကောင်းတဲ့အတွက် ဆေးရုံကို ပို့ဆောင်ခဲ့ရကြောင်းသိရပါတယ်။ ထိုင်းနိုင်ငံပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကျောင်းသားနဲ့ ပြည်သူကွန်ရက် ခေါင်းဆောင် Pichit Chaimongkol က သက်ဆင်ဟာ ထိုင်းဆေးရုံမှာ ရက်ပေါင်း (၂၃)ရက်ကြာတက်ရောက်နေခဲ့ကြောင်း၊ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကျန်းမာရေးဆိုးရွားနေတဲ့အချက်ကို ယုံကြည်မှုမရှိကြောင်း ပြောပါတယ်။

၎င်းက "ထိုင်းပြည်သူတွေဟာ သက်ဆင်ရဲ့ကျန်းမာရေးအခြေအနေများကို ယုံကြည်မှုမရှိဘူး။ ကျန်းမာရေးမကောင်းဘူးဆိုတာ အကြောင်းပြချက်တစ်ခုသာဖြစ်တယ်။ ကျန်းမာရေးမကောင်းဘူးဆိုပြီး သက်ဆင်ဟာ အကျဉ်းထောင်အပြင်ဘက်မှာနေထိုင်ဖို့လုပ်ဆောင်ခဲ့တာမျိုးပါ၊ ဒါကြောင့် သက်ဆင်ကို အကျဉ်းထောင်ကို ပြန်ပို့ဖို့ တောင်းဆိုပါတယ်" လို့ပြောပါတယ်။

သက်ဆင်ဟာ အကျဉ်းထောင်ဆေးရုံကနေ ရဲတပ်ဖွဲ့အထွေထွေဆေးရုံကို တင်ပို့ခံထားရကြောင်း၊ ရဲတပ်ဖွဲ့အထွေထွေဆေးရုံမှာ ကျွမ်းကျင်ဆရာဝန်တွေကိုခေါ်ယူကုသခြင်းများလည်း ရှိနေကြောင်းသိရပါတယ်။ သက်ဆင်ဟာ ဝန်ကြီး ချုပ်အဖြစ် တာဝန်ယူပြီးနောက် အကျင့်ပျက်လာဘ်စားမှုအပါအဝင် အခြားစွဲချက်များကြောင့် ထောင်ဒဏ်(၈)နှစ် ပြစ်ဒဏ်ကျခံထားရပေမယ့် ထိုင်းဘုရင်က သက်ဆင်ကို ပြီးခဲ့တဲ့လမှာ ထောင်ဒဏ်လျော့ပေါပေးခဲ့ကြောင်းသိရပါတယ်။ ထိုင်းဘုရင်ရဲ့ပြစ်ဒဏ်လျော့ပေါ့ပေးမှုကြောင့် သက်ဆင်ဟာ ထောင်ဒဏ် (၈)နှစ်အစား တစ်နှစ်သာ ကျခံရမှာဖြစ်ကြောင်းသိရပါတယ်။

Pichit Chaimongkol က ထိုင်းဝန်ကြီးချုပ်အနေနဲ့ ပြည်ပကိုထွက်ပြေးသွားခဲ့တဲ့ ထိုင်းနိုင်ငံရေးသမားတွေကို ပြန် လည်ခေါ်ယူစေလိုကြောင်း ထပ်မံတိုက်တွန်းတောင်းဆိုပါတယ်။

zawgyi version
ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ကို ေဆး႐ုံမွာမထားဘဲ အက်ဥ္းေထာင္ကို ျပန္ပို႔ဖို႔ ထိုင္းႏိုင္ငံေရးကြန္ရက္တစ္ခု ေတာင္းဆို
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၄

ထိုင္းႏိုင္ငံေရး ကြန္ရက္တစ္ခုဟာ ဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ကို ေဆး႐ုံကေန အက်ဥ္းေထာင္ကို ျပန္လည္ပို႔ ေဆာင္ဖို႔ ထိုင္းဝန္ႀကီးခ်ဳပ္အသစ္ ဆာရက္သာတာဗီဆင္ထံ စာေပးပို႔တိုက္တြန္းခဲ့တယ္လို႔ သိရပါတယ္။

ဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ဟာ ၿပီးခဲ့တဲ့လမွာ ထိုင္းႏိုင္ငံကို ျပန္လာခဲ့ၿပီးေနာက္ ျပစ္ဒဏ္ခ်မွတ္ခံရတဲ့ ျပစ္မႈမ်ားအတြက္ အက်ဥ္းေထာင္ကို ပို႔ေဆာင္ခံခဲ့ရၿပီး အက်ဥ္းေထာင္အတြင္းေနထိုင္တဲ့ ပထမဆုံးညမွာပဲ က်န္းမာေရးမေကာင္းတဲ့အတြက္ ေဆး႐ုံကို ပို႔ေဆာင္ခဲ့ရေၾကာင္းသိရပါတယ္။ ထိုင္းႏိုင္ငံျပဳျပင္ေျပာင္းလဲေရးဆိုင္ရာ ေက်ာင္းသားနဲ႔ ျပည္သူကြန္ရက္ ေခါင္းေဆာင္ Pichit Chaimongkol က သက္ဆင္ဟာ ထိုင္းေဆး႐ုံမွာ ရက္ေပါင္း (၂၃)ရက္ၾကာတက္ေရာက္ေနခဲ့ေၾကာင္း၊ ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္က်န္းမာေရးဆိုး႐ြားေနတဲ့အခ်က္ကို ယုံၾကည္မႈမရွိေၾကာင္း ေျပာပါတယ္။

၎က "ထိုင္းျပည္သူေတြဟာ သက္ဆင္ရဲ႕က်န္းမာေရးအေျခအေနမ်ားကို ယုံၾကည္မႈမရွိဘူး။ က်န္းမာေရးမေကာင္းဘူးဆိုတာ အေၾကာင္းျပခ်က္တစ္ခုသာျဖစ္တယ္။ က်န္းမာေရးမေကာင္းဘူးဆိုၿပီး သက္ဆင္ဟာ အက်ဥ္းေထာင္အျပင္ဘက္မွာေနထိုင္ဖို႔လုပ္ေဆာင္ခဲ့တာမ်ိဳးပါ၊ ဒါေၾကာင့္ သက္ဆင္ကို အက်ဥ္းေထာင္ကို ျပန္ပို႔ဖို႔ ေတာင္းဆိုပါတယ္" လို႔ေျပာပါတယ္။

သက္ဆင္ဟာ အက်ဥ္းေထာင္ေဆး႐ုံကေန ရဲတပ္ဖြဲ႕အေထြေထြေဆး႐ုံကို တင္ပို႔ခံထားရေၾကာင္း၊ ရဲတပ္ဖြဲ႕အေထြေထြေဆး႐ုံမွာ ကြၽမ္းက်င္ဆရာဝန္ေတြကိုေခၚယူကုသျခင္းမ်ားလည္း ရွိေနေၾကာင္းသိရပါတယ္။ သက္ဆင္ဟာ ဝန္ႀကီး ခ်ဳပ္အျဖစ္ တာဝန္ယူၿပီးေနာက္ အက်င့္ပ်က္လာဘ္စားမႈအပါအဝင္ အျခားစြဲခ်က္မ်ားေၾကာင့္ ေထာင္ဒဏ္(၈)ႏွစ္ ျပစ္ဒဏ္က်ခံထားရေပမယ့္ ထိုင္းဘုရင္က သက္ဆင္ကို ၿပီးခဲ့တဲ့လမွာ ေထာင္ဒဏ္ေလ်ာ့ေပါေပးခဲ့ေၾကာင္းသိရပါတယ္။ ထိုင္းဘုရင္ရဲ႕ျပစ္ဒဏ္ေလ်ာ့ေပါ့ေပးမႈေၾကာင့္ သက္ဆင္ဟာ ေထာင္ဒဏ္ (၈)ႏွစ္အစား တစ္ႏွစ္သာ က်ခံရမွာျဖစ္ေၾကာင္းသိရပါတယ္။

Pichit Chaimongkol က ထိုင္းဝန္ႀကီးခ်ဳပ္အေနနဲ႔ ျပည္ပကိုထြက္ေျပးသြားခဲ့တဲ့ ထိုင္းႏိုင္ငံေရးသမားေတြကို ျပန္ လည္ေခၚယူေစလိုေၾကာင္း ထပ္မံတိုက္တြန္းေတာင္းဆိုပါတယ္။

Related news

© 2021. All rights reserved.