အရည်အသွေးပိုင်းကောင်းမွန်မှုမရှိတဲ့အတွက် တရုတ်နိုင်ငံရဲ့စစ်လက်နက်ပစ္စည်းများ ပြည်ပနိုင်ငံများကို တင်ပို့မှု ကျဆင်းနေ

 5274

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၄

တရုတ်နိုင်ငံရဲ့ပြည်ပလက်နက်တင်ပို့မှုတွေဟာ ကျဆင်းလာခဲ့ကြောင်း Directus သတင်းဌာနရဲ့ဖော်ပြချက်ကို ကိုးကားပြီး အိန္ဒိယအခြေစိုက် ANI သတင်းဌာနက ထပ်မံဖော်ပြထားပါတယ်။

တရုတ်နိုင်ငံရဲ့ စစ်လက်နက်ပစ္စည်းတွေဟာ အရည်သွေးပိုင်းကောင်းမွန်မှုမရှိခြင်း၊ ယုံကြည်စိတ်ချရတဲ့ စွမ်းဆောင် ရည်မျိုးမရှိတဲ့အတွက် ပြည်ပနိုင်ငံတွေကို စစ်လက်နက်ပစ္စည်းတင်ပို့မှုတွေ ကျဆင်းလာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ၂ဝ၁၆ ခုနှစ်ကနေ ၂ဝ၂ဝ ပြည့်နှစ်အတွင်း တရုတ်နိုင်ငံရဲ့ပြည်ပနိုင်ငံများကို စစ်လက်နက်ပစ္စည်း တင်ပို့မှုအရေအတွက်ဟာ ၂ဝ၁ဝ ပြည့်နှစ်ကနေ ၂ဝ၁၅ ခုနှစ်အတွင်း တင်ပို့ခဲ့တဲ့ စစ်လက်နက်ပစ္စည်းတင်ပို့မှုနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၇ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါတယ်။

RAND Corporation ရဲ့သုတေသီတစ်ဦးဖြစ်တဲ့ Cindy Zheng က တရုတ်နိုင်ငံဟာ အခြားပြိုင်ဘက်နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် စစ်လက်နက်ပစ္စည်းများကို ဈေးလျော့ရောင်းချခဲ့ကြောင်း၊ ဒါပေမယ့် တရုတ်နိုင်ငံရဲ့စစ်လက်နက် ပစ္စည်းများဟာ ချို့ယွင်းချက်များ၊ အရည်အသွေးကောင်းမွန်မှုမရှိခြင်းများဖြစ်နေကြောင်း ဆိုပါတယ်။

တရုတ်နိုင်ငံဟာ ၎င်းနိုင်ငံက ထုတ်လုပ်တဲ့စစ်လက်နက်ပစ္စည်းတွေကို ကမ္ဘာတဝန်းရှိ နိုင်ငံပေါင်း ၅၃ နိုင်ငံကို တင်ပို့ ပေးခဲ့ပေမယ့် စစ်လက်နက်ပစ္စည်းဆိုင်ရာကြီးမားတဲ့ဈေးကွက်တွေ မဟုတ်ကြောင်း သိရပါတယ်။ Daniel K Inouye Asia-Pacific Centre for Security Studies ရဲ့သုတေသီတစ်ဦးဖြစ်တဲ့ Alexander Vuving က တရုတ်နိုင်ငံရဲ့စစ်လက်နက်ပစ္စည်းတွေဟာ နည်းပညာပိုင်းဆိုင်ရာချို့ယွင်းအားနည်းချက်တွေရှိခဲ့ပြီး မြေပြင်တိုက်ပွဲ မှာ လက်တွေ့စမ်းသပ်ရခြင်းမျိုးမရှိကြောင်း ဆိုပါတယ်။

တရုတ်နိုင်ငံထံကနေ စစ်လက်နက်ပစ္စည်းများကို အများဆုံးဝယ်ယူတဲ့နိုင်ငံတွေထဲ ပါဝင်နေတဲ့ မြန်မာနိုင်ငံက တရုတ်နိုင်ငံထုတ် တိုက်လေယာဉ်တွေနဲ့ပတ်သက်ပြီး ရေဒါအရည်အသွေးပိုင်းကောင်းမွန်မှုမရှိတဲ့အတွက် စိုးရိမ်မိ ကြောင်း ဆိုပါတယ်။

တရုတ်နိုင်ငံက မှာယူထားတဲ့တိုက်လေယာဉ်တွေဟာ နည်းပညာပိုင်းဆိုင်ရာပြဿနာတွေရှိတဲ့အတွက် မြန်မာနိုင်ငံ ဟာ အပြည့်အဝ အသုံးပြုနိုင်ခြင်းမရှိသေးကြောင်း မကြာသေးမီက သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။ မြန်မာနိုင်ငံ ဟာ တရုတ်နိုင်ငံရဲ့တိုက်လေယာဉ်တွေကို ဈေးကြီးပေးဝယ်ယူခဲ့ရသလို တိုက်လေယာဉ်များကို လွှဲပြောင်းရယူပြီး နောက် ပြန်လည်ပြင်ဆင်ဖို့ နှစ်နဲ့ချီစောင့်ဆိုင်းခဲ့ရကြောင်း သိရပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံဟာလည်း တရုတ်နိုင်ငံက မှာယူထားတဲ့ Chengdu F-7 တိုက်လေယာဉ် ၉ စင်းအနက် ၇ စင်းကို တရုတ်နိုင်ငံထံ ပြန်ပို့ခဲ့ရကြောင်း သိရပါတယ်။

Zawgyi Version;
အရည္အေသြးပိုင္းေကာင္းမြန္မႈမရွိတဲ့အတြက္ တ႐ုတ္ႏိုင္ငံရဲ႕စစ္လက္နက္ပစၥည္းမ်ား ျပည္ပႏိုင္ငံမ်ားကို တင္ပို႔မႈ က်ဆင္းေန
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၄

တ႐ုတ္ႏိုင္ငံရဲ႕ျပည္ပလက္နက္တင္ပို႔မႈေတြဟာ က်ဆင္းလာခဲ့ေၾကာင္း Directus သတင္းဌာနရဲ႕ေဖာ္ျပခ်က္ကို ကိုးကားၿပီး အိႏၵိယအေျခစိုက္ ANI သတင္းဌာနက ထပ္မံေဖာ္ျပထားပါတယ္။

တ႐ုတ္ႏိုင္ငံရဲ႕ စစ္လက္နက္ပစၥည္းေတြဟာ အရည္ေသြးပိုင္းေကာင္းမြန္မႈမရွိျခင္း၊ ယုံၾကည္စိတ္ခ်ရတဲ့ စြမ္းေဆာင္ ရည္မ်ိဳးမရွိတဲ့အတြက္ ျပည္ပႏိုင္ငံေတြကို စစ္လက္နက္ပစၥည္းတင္ပို႔မႈေတြ က်ဆင္းလာခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။ ၂ဝ၁၆ ခုႏွစ္ကေန ၂ဝ၂ဝ ျပည့္ႏွစ္အတြင္း တ႐ုတ္ႏိုင္ငံရဲ႕ျပည္ပႏိုင္ငံမ်ားကို စစ္လက္နက္ပစၥည္း တင္ပို႔မႈအေရအတြက္ဟာ ၂ဝ၁ဝ ျပည့္ႏွစ္ကေန ၂ဝ၁၅ ခုႏွစ္အတြင္း တင္ပို႔ခဲ့တဲ့ စစ္လက္နက္ပစၥည္းတင္ပို႔မႈနဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္ ၇ ဒသမ ၈ ရာခိုင္ႏႈန္းက်ဆင္းခဲ့ေၾကာင္း သိရပါတယ္။

RAND Corporation ရဲ႕သုေတသီတစ္ဦးျဖစ္တဲ့ Cindy Zheng က တ႐ုတ္ႏိုင္ငံဟာ အျခားၿပိဳင္ဘက္ႏိုင္ငံေတြနဲ႔ ႏႈိင္းယွဥ္ရင္ စစ္လက္နက္ပစၥည္းမ်ားကို ေဈးေလ်ာ့ေရာင္းခ်ခဲ့ေၾကာင္း၊ ဒါေပမယ့္ တ႐ုတ္ႏိုင္ငံရဲ႕စစ္လက္နက္ ပစၥည္းမ်ားဟာ ခ်ိဳ႕ယြင္းခ်က္မ်ား၊ အရည္အေသြးေကာင္းမြန္မႈမရွိျခင္းမ်ားျဖစ္ေနေၾကာင္း ဆိုပါတယ္။

တ႐ုတ္ႏိုင္ငံဟာ ၎ႏိုင္ငံက ထုတ္လုပ္တဲ့စစ္လက္နက္ပစၥည္းေတြကို ကမာၻတဝန္းရွိ ႏိုင္ငံေပါင္း ၅၃ ႏိုင္ငံကို တင္ပို႔ ေပးခဲ့ေပမယ့္ စစ္လက္နက္ပစၥည္းဆိုင္ရာႀကီးမားတဲ့ေဈးကြက္ေတြ မဟုတ္ေၾကာင္း သိရပါတယ္။ Daniel K Inouye Asia-Pacific Centre for Security Studies ရဲ႕သုေတသီတစ္ဦးျဖစ္တဲ့ Alexander Vuving က တ႐ုတ္ႏိုင္ငံရဲ႕စစ္လက္နက္ပစၥည္းေတြဟာ နည္းပညာပိုင္းဆိုင္ရာခ်ိဳ႕ယြင္းအားနည္းခ်က္ေတြရွိခဲ့ၿပီး ေျမျပင္တိုက္ပြဲ မွာ လက္ေတြ႕စမ္းသပ္ရျခင္းမ်ိဳးမရွိေၾကာင္း ဆိုပါတယ္။

တ႐ုတ္ႏိုင္ငံထံကေန စစ္လက္နက္ပစၥည္းမ်ားကို အမ်ားဆုံးဝယ္ယူတဲ့ႏိုင္ငံေတြထဲ ပါဝင္ေနတဲ့ ျမန္မာႏိုင္ငံက တ႐ုတ္ႏိုင္ငံထုတ္ တိုက္ေလယာဥ္ေတြနဲ႔ပတ္သက္ၿပီး ေရဒါအရည္အေသြးပိုင္းေကာင္းမြန္မႈမရွိတဲ့အတြက္ စိုးရိမ္မိ ေၾကာင္း ဆိုပါတယ္။

တ႐ုတ္ႏိုင္ငံက မွာယူထားတဲ့တိုက္ေလယာဥ္ေတြဟာ နည္းပညာပိုင္းဆိုင္ရာျပႆနာေတြရွိတဲ့အတြက္ ျမန္မာႏိုင္ငံ ဟာ အျပည့္အဝ အသုံးျပဳႏိုင္ျခင္းမရွိေသးေၾကာင္း မၾကာေသးမီက သတင္းမ်ား ထြက္ေပၚခဲ့ပါတယ္။ ျမန္မာႏိုင္ငံ ဟာ တ႐ုတ္ႏိုင္ငံရဲ႕တိုက္ေလယာဥ္ေတြကို ေဈးႀကီးေပးဝယ္ယူခဲ့ရသလို တိုက္ေလယာဥ္မ်ားကို လႊဲေျပာင္းရယူၿပီး ေနာက္ ျပန္လည္ျပင္ဆင္ဖို႔ ႏွစ္နဲ႔ခ်ီေစာင့္ဆိုင္းခဲ့ရေၾကာင္း သိရပါတယ္။

ႏိုင္ဂ်ီးရီးယားႏိုင္ငံဟာလည္း တ႐ုတ္ႏိုင္ငံက မွာယူထားတဲ့ Chengdu F-7 တိုက္ေလယာဥ္ ၉ စင္းအနက္ ၇ စင္းကို တ႐ုတ္ႏိုင္ငံထံ ျပန္ပို႔ခဲ့ရေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.