တရုတ်နိုင်ငံနဲ့ ဘုံပြဿနာတွေကို အတူတကွဖြေရှင်းဖို့ စေ့စပ်ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်မယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးအသစ်ပြော

524
ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၄
ဂျပန်အစိုးရအနေနဲ့ တရုတ်နိုင်ငံကို တာဝန်ယူခြင်း၊ တာဝန်ခံခြင်းရှိလာအောင် ကြိုးပမ်းမှုများ ဆက်လက်လုပ်ကိုင်သွားမှာဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးအသစ် ယိုကိုကာမီကာဝါက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ကီရှီဒါဟာ စက်တင်ဘာလ ၁၃ ရက်မှာ အစိုးရအဖွဲ့ဝန်ကြီးနေရာများ အစားထိုးပြောင်းလဲခဲ့ပြီး ကာ ကွယ်ရေးဝန်ကြီး နဲ့ နိုင်ငံခြားရေးဝန်ကြီးနေရာတွေကိုလည်း အသစ်ခန့်အပ်ခဲ့ကြောင်းသိရပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးအသစ်က တရုတ်အစိုးရ နဲ့ ဘုံပြဿနာတွေကိုအတူတကွ ဖြေရှင်းနိုင်အောင် ဆွေးနွေးမှုများလည်း ဆက်လက်လုပ်ဆောင်မှာဖြစ်ကြောင်း ပြောပါတယ်။
ကာမီကာဝါဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်း ဂျပန်အစိုးရအဖွဲ့မှာပါဝင်တဲ့ ပထမဆုံး အမျိုးသမီးနိုင်ငံခြားရေးဝန်ကြီးတစ်ဦးဖြစ်လာခဲ့ကြောင်းသိရပါတယ်။ ၎င်းက "တရုတ်နိုင်ငံကို တာဝန်ယူခြင်းတာဝန်ခံခြင်းများရှိစေဖို့ ကြိုးပမ်းမှာပါ၊ တရုတ်နိုင်နဲ့ စေ့စပ်ဆွေးနွေးမှုတွေလုပ်ဆောင်သွားမယ်။ တည်ငြိမ်တဲ့ ဆက်ဆံရေး၊ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများကို နှစ်နိုင်ငံစလုံးက လုပ်ဆောင်သွားရမှာဖြစ်ပါတယ်"လို့ပြောပါတယ်။
ဂျပန်နိုင်ငံဟာ ဖူကူရှီးမား နျူကလီးယား စက်ရုံကနေ စွန့်ပစ်တဲ့ရေးဆိုးများကို ပင်လယ်ထဲကို စွန့်ပစ်ခဲ့ပြီးနောက် တရုတ်နိုင်ငံ နဲ့ ဂျပန်နိုင်ငံကြား အငြင်းပွားမှုများဖြစ်လာခဲ့ရာ ဆက်ဆံရေးအေးစက်ခဲ့ကြောင်းသိရပါတယ်။ ပင်လယ်ထဲကို ရေဆိုးများစွန့်ပစ်တဲ့အတွက် တရုတ်နိုင်ငံဟာ ဂျပန်နိုင်ငံက တင်ပို့နေတဲ့ ပင်လယ်စာနဲ့ ရေထွက်ပစ္စည်းများ မှာယူနေခြင်းကို ပိတ်ပင်ခဲ့ကြောင်းသိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက အစားထိုးပြောင်းလဲခဲ့တဲ့ ဂျပန်အစိုးရအဖွဲ့အသစ်မှာ အမျိုးသမီး ပါဝင်မှုအရေအတွက်ပိုမိုများပြားလာခဲ့ပြီး အမျိုးသမီးဝန်ကြီးဦးရေ (၅)ဦးအထိ ပါဝင်လာခဲ့ကြောင်းသိရပါတယ်။ နျူကလီးယား စက်ရုံက စွန့်ပစ်ရေဆိုးတွေဟာ ပင်လယ်ပြင် နဲ့ ရေထွက်ပစ္စည်းများကို ထိခိုက်မှု၊ အန္တရာယ်ဖြစ်မှုရှိမှာမဟုတ်ကြောင်း ပြောဆိုထားသလို နိုင်ငံတကာအနုမြူအေဂျင်စီကလည်း ခွင့်ပြုပေးထားကြောင်းသိရပါတယ်။

zawgyi version
တ႐ုတ္ႏိုင္ငံနဲ႔ ဘုံျပႆနာေတြကို အတူတကြေျဖရွင္းဖို႔ ေစ့စပ္ေဆြးေႏြးမႈေတြ ဆက္လက္လုပ္ေဆာင္မယ္လို႔ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးအသစ္ေျပာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၄
ဂ်ပန္အစိုးရအေနနဲ႔ တ႐ုတ္ႏိုင္ငံကို တာဝန္ယူျခင္း၊ တာဝန္ခံျခင္းရွိလာေအာင္ ႀကိဳးပမ္းမႈမ်ား ဆက္လက္လုပ္ကိုင္သြားမွာျဖစ္ေၾကာင္း ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးအသစ္ ယိုကိုကာမီကာဝါက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
ဂ်ပန္ဝန္ႀကီးခ်ဳပ္ ကီရွီဒါဟာ စက္တင္ဘာလ ၁၃ ရက္မွာ အစိုးရအဖြဲ႕ဝန္ႀကီးေနရာမ်ား အစားထိုးေျပာင္းလဲခဲ့ၿပီး ကာ ကြယ္ေရးဝန္ႀကီး နဲ႔ ႏိုင္ငံျခားေရးဝန္ႀကီးေနရာေတြကိုလည္း အသစ္ခန႔္အပ္ခဲ့ေၾကာင္းသိရပါတယ္။ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးအသစ္က တ႐ုတ္အစိုးရ နဲ႔ ဘုံျပႆနာေတြကိုအတူတကြ ေျဖရွင္းႏိုင္ေအာင္ ေဆြးေႏြးမႈမ်ားလည္း ဆက္လက္လုပ္ေဆာင္မွာျဖစ္ေၾကာင္း ေျပာပါတယ္။
ကာမီကာဝါဟာ ႏွစ္ေပါင္း ၂၀ ေက်ာ္အတြင္း ဂ်ပန္အစိုးရအဖြဲ႕မွာပါဝင္တဲ့ ပထမဆုံး အမ်ိဳးသမီးႏိုင္ငံျခားေရးဝန္ႀကီးတစ္ဦးျဖစ္လာခဲ့ေၾကာင္းသိရပါတယ္။ ၎က "တ႐ုတ္ႏိုင္ငံကို တာဝန္ယူျခင္းတာဝန္ခံျခင္းမ်ားရွိေစဖို႔ ႀကိဳးပမ္းမွာပါ၊ တ႐ုတ္ႏိုင္နဲ႔ ေစ့စပ္ေဆြးေႏြးမႈေတြလုပ္ေဆာင္သြားမယ္။ တည္ၿငိမ္တဲ့ ဆက္ဆံေရး၊ အျပဳသေဘာေဆာင္တဲ့ ေဆြးေႏြးမႈမ်ားကို ႏွစ္ႏိုင္ငံစလုံးက လုပ္ေဆာင္သြားရမွာျဖစ္ပါတယ္"လို႔ေျပာပါတယ္။
ဂ်ပန္ႏိုင္ငံဟာ ဖူကူရွီးမား န်ဴကလီးယား စက္႐ုံကေန စြန႔္ပစ္တဲ့ေရးဆိုးမ်ားကို ပင္လယ္ထဲကို စြန႔္ပစ္ခဲ့ၿပီးေနာက္ တ႐ုတ္ႏိုင္ငံ နဲ႔ ဂ်ပန္ႏိုင္ငံၾကား အျငင္းပြားမႈမ်ားျဖစ္လာခဲ့ရာ ဆက္ဆံေရးေအးစက္ခဲ့ေၾကာင္းသိရပါတယ္။ ပင္လယ္ထဲကို ေရဆိုးမ်ားစြန႔္ပစ္တဲ့အတြက္ တ႐ုတ္ႏိုင္ငံဟာ ဂ်ပန္ႏိုင္ငံက တင္ပို႔ေနတဲ့ ပင္လယ္စာနဲ႔ ေရထြက္ပစၥည္းမ်ား မွာယူေနျခင္းကို ပိတ္ပင္ခဲ့ေၾကာင္းသိရပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းက အစားထိုးေျပာင္းလဲခဲ့တဲ့ ဂ်ပန္အစိုးရအဖြဲ႕အသစ္မွာ အမ်ိဳးသမီး ပါဝင္မႈအေရအတြက္ပိုမိုမ်ားျပားလာခဲ့ၿပီး အမ်ိဳးသမီးဝန္ႀကီးဦးေရ (၅)ဦးအထိ ပါဝင္လာခဲ့ေၾကာင္းသိရပါတယ္။ န်ဴကလီးယား စက္႐ုံက စြန႔္ပစ္ေရဆိုးေတြဟာ ပင္လယ္ျပင္ နဲ႔ ေရထြက္ပစၥည္းမ်ားကို ထိခိုက္မႈ၊ အႏၲရာယ္ျဖစ္မႈရွိမွာမဟုတ္ေၾကာင္း ေျပာဆိုထားသလို ႏိုင္ငံတကာအႏုျမဴေအဂ်င္စီကလည္း ခြင့္ျပဳေပးထားေၾကာင္းသိရပါတယ္။