ရုရှားနှင့်ဆက်ဆံရေးကို နံပါတ်တစ်ဦးစားပေးအဖြစ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကတိပြုပြောဆို

 615

Pika (NP News) - စက်တင်ဘာ ၁၄

ရုရှားနှင့်မြောက်ကိုရီးယား နှစ်နိုင်ငံကြား မိတ်ဖက်ဆက်ဆံရေးကို နံပါတ်တစ်ဦးစားပေးအဖြစ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက စက်တင်ဘာလ(၁၃)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်ပြီး သမ္မတပူတင်နှင့် တွေ့ဆုံစဉ်အချိန်အတွင်း မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းက ယခုကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ ကင်ဂျုံအန်းက"ဒီအချိန်ကနေစပြီး မြောက်ကိုရီးယား-ရုရှားဆက်ဆံရေးကို ဦးစားပေးလုပ်ဆောင်သွားမှာပါ။ ပြီးတော့ နှစ်နိုင်ငံကြားဆက်ဆံရေးကို ကျွန်တော်တို့ရဲ့နိုင်ငံခြားရေးမူဝါဒရဲ့ နံပါတ်တစ်ဦးစားပေးအဖြစ် ထားရှိသွားမှာပါ"ဟုပြောဆိုခဲ့သည်။

ထို့ပြင် ရုရှားသမ္မတနှင့်တွေ့ဆုံမှုသည် နှစ်နိုင်ငံကြား ခိုင်မာသော ဆက်ဆံရေးများအတွက် ခြေလှမ်းသစ်ဖြစ်ကြောင်း ကင်ဂျုံအန်းကပြောကြားခဲ့သည်။ ၎င်းက"ရုရှားသမ္မတပူတင်နဲ့တွေ့ဆုံမှုဟာ နှစ်နိုင်ငံကြား ဆက်ဆံရေးကို အဆင့်သစ်တစ်ခုအထိ မြှင့်တင်နိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်"ဟုပြောဆိုခဲ့သည်။

ကင်ဂျုံအန်းသည် ရုရှား၏ အာကာသယာဉ်နည်းပညာများအကြောင်းကို အသေးစိတ်ပြောကြားခဲ့သော်လည်း လက် နက်ထောက်ပံ့မှု၊ လက်နက်ကုန်သွယ်မှု သို့မဟုတ် လက်နက်အစီအစဉ်များအတွက် နည်းပညာ အကူအညီများ နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမျိုးမရှိကြောင်းသိရသည်။ ရုရှား-ယူကရိန်းစစ်ပွဲတွင် ရုရှားက အနိုင်ရရှိလိမ့်မယ်ဟု ကင်ဂျုံအန်းက ထုတ်ဖော်ပြောဆိုခဲ့ကြောင်းလည်းသိရသည်။ ကင်ဂျုံအန်းသည် ရုရှားသမ္မတပူတင်ကို မြောက်ကိုရီးယားနိုင်ငံသို့ လာရောက်လည်ပတ်ရန်ဖိတ်ကြားခဲ့ပြီး ရုရှားသမ္မတပူတင်က အဆိုပါဖိတ်ကြားချက်ကို လက်ခံခဲ့ကြောင်း မီဒီယာများကဖော်ပြထားသည်။

zawgyi version
႐ုရွားႏွင့္ဆက္ဆံေရးကို နံပါတ္တစ္ဦးစားေပးအျဖစ္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ေျမာက္ကိုရီးယားေခါင္းေဆာင္ ကတိျပဳေျပာဆို
Pika (NP News) - စက္တင္ဘာ ၁၄

႐ုရွားႏွင့္ေျမာက္ကိုရီးယား ႏွစ္ႏိုင္ငံၾကား မိတ္ဖက္ဆက္ဆံေရးကို နံပါတ္တစ္ဦးစားေပးအျဖစ္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္းက စက္တင္ဘာလ(၁၃)ရက္တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

႐ုရွားႏိုင္ငံသို႔ သြားေရာက္လည္ပတ္ၿပီး သမၼတပူတင္ႏွင့္ ေတြ႕ဆုံစဥ္အခ်ိန္အတြင္း ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းက ယခုကဲ့သို႔ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္သည္။ ကင္ဂ်ဳံအန္းက"ဒီအခ်ိန္ကေနစၿပီး ေျမာက္ကိုရီးယား-႐ုရွားဆက္ဆံေရးကို ဦးစားေပးလုပ္ေဆာင္သြားမွာပါ။ ၿပီးေတာ့ ႏွစ္ႏိုင္ငံၾကားဆက္ဆံေရးကို ကြၽန္ေတာ္တို႔ရဲ႕ႏိုင္ငံျခားေရးမူဝါဒရဲ႕ နံပါတ္တစ္ဦးစားေပးအျဖစ္ ထားရွိသြားမွာပါ"ဟုေျပာဆိုခဲ့သည္။

ထို႔ျပင္ ႐ုရွားသမၼတႏွင့္ေတြ႕ဆုံမႈသည္ ႏွစ္ႏိုင္ငံၾကား ခိုင္မာေသာ ဆက္ဆံေရးမ်ားအတြက္ ေျခလွမ္းသစ္ျဖစ္ေၾကာင္း ကင္ဂ်ဳံအန္းကေျပာၾကားခဲ့သည္။ ၎က"႐ုရွားသမၼတပူတင္နဲ႔ေတြ႕ဆုံမႈဟာ ႏွစ္ႏိုင္ငံၾကား ဆက္ဆံေရးကို အဆင့္သစ္တစ္ခုအထိ ျမႇင့္တင္ႏိုင္မယ္လို႔ ကြၽန္ေတာ္ယုံၾကည္ပါတယ္"ဟုေျပာဆိုခဲ့သည္။

ကင္ဂ်ဳံအန္းသည္ ႐ုရွား၏ အာကာသယာဥ္နည္းပညာမ်ားအေၾကာင္းကို အေသးစိတ္ေျပာၾကားခဲ့ေသာ္လည္း လက္ နက္ေထာက္ပံ့မႈ၊ လက္နက္ကုန္သြယ္မႈ သို႔မဟုတ္ လက္နက္အစီအစဥ္မ်ားအတြက္ နည္းပညာ အကူအညီမ်ား ႏွင့္ပတ္သက္သည့္ အေသးစိတ္အခ်က္အလက္မ်ားကို ထုတ္ေဖာ္ေျပာၾကားခဲ့ျခင္းမ်ိဳးမရွိေၾကာင္းသိရသည္။ ႐ုရွား-ယူကရိန္းစစ္ပြဲတြင္ ႐ုရွားက အႏိုင္ရရွိလိမ့္မယ္ဟု ကင္ဂ်ဳံအန္းက ထုတ္ေဖာ္ေျပာဆိုခဲ့ေၾကာင္းလည္းသိရသည္။ ကင္ဂ်ဳံအန္းသည္ ႐ုရွားသမၼတပူတင္ကို ေျမာက္ကိုရီးယားႏိုင္ငံသို႔ လာေရာက္လည္ပတ္ရန္ဖိတ္ၾကားခဲ့ၿပီး ႐ုရွားသမၼတပူတင္က အဆိုပါဖိတ္ၾကားခ်က္ကို လက္ခံခဲ့ေၾကာင္း မီဒီယာမ်ားကေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.