ဗြိတိန်ကုမ္ပဏီထံမှ ရေငုပ်သင်္ဘော ရှာဖွေကယ်ဆယ်ရေးသင်္ဘောကို အမေရိကန်ဒေါ်လာသန်း(၁၀၀)ဖြင့်ဝယ်ယူရန် သဘောတူညီမှုရရှိခဲ့ကြောင်း အင်ဒိုနီးရှားစစ်ဘက်ပြော

826
Pika (NP News) - စက်တင်ဘာ ၁၄
ဗြိတိန်ကုမ္ပဏီတစ်ခုထံမှ ရေငုပ်သင်္ဘော ရှာဖွေကယ်ဆယ်ရေး သင်္ဘောတစ်စင်းကို အမေရိကန်ဒေါ်လာသန်း(၁၀၀) ဖြင့်ဝယ်ယူရန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးဌာနက စက် တင်ဘာလ(၁၃)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးဌာန၏ မိတ်ဖက်ကုမ္ပဏီတစ်ခုဖြစ်သော PT BTI Indo Tekno နှင့် ဗြိတိန်၏ ရေငုပ် သင်္ဘောထုတ်လုပ်သည့်ကုမ္ပဏီဖြစ်သော် Houlder တို့သည် လန်ဒန်မြို့တွင် ကျင်းပသော ကာကွယ်ရေးကုန်စည်ပြပွဲအပြီးတွင် အဆိုပါ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို့ပြင် အင်ဒိုနီးရှားအစိုးရသည် စစ်တပ်ကို ပိုမိုအားကောင်းစေရန်အတွက် အမေရိကန်ဒေါ်လာ(၈ ဒသမ ၁)ဘီလျံတန်ဖိုးရှိ Dassault Rafale တိုက်လေယာဉ်(၄၂)စင်း၊ Turkish Aerospace ကုမ္ပဏီမှ အမေရိကန်ဒေါ်လာသန်း(၃၀၀) တန်ဖိုးရှိ ဒရုန်းအသစ်(၁၂)စင်း နှင့် အမေရိကန်ဒေါ်လာသန်း(၈၀၀)တန်ဖိုးရှိ Mirage 2000-5 တိုက်လေယာဉ် ၁၂ စင်းတို့ကို ဝယ်ယူထားကြောင်းလည်း သိရသည်။ အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုသည် ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် အင်ဒိုနီးရှားနိုင်ငံ လုံခြုံရေးအေဂျင်စီများ၏ အသုံးစရိတ်များနှင့်ပတ်သက်ပြီး သတိပေးပြောဆိုခဲ့ကာ နိုင်ငံတော် ဘတ် ဂျက်ကို အကောင်းဆုံးထိန်းသိမ်းထားရန် ၎င်း၏အစိုးရအဖွဲ့ကို တိုက်တွန်းခဲ့ကြောင်းသိရသည်။
အင်ဒိုနီးရှားနိုင်ငံသည် ယခုနှစ် ကာကွယ်ရေးဘတ်ဂျက်အတွက် ရူပီယာ(၁၃၄ ဒသမ ၃)ထီလျံ လျာထားခဲ့ပြီး နိုင်ငံ တော်ဘတ်ဂျက်၏ အကြီးမားဆုံးခွဲဝေချထားပေးမှုတစ်ခု ဖြစ်ကြောင်းလည်းသိရသည်။ ဗြိတိန်ထုတ် ရေငုပ်သင်္ဘော ရှာဖွေကယ်ဆယ်ရေးသင်္ဘောသည် လျင်မြန်သော ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ဒီဇိုင်းထုတ်ထားပြီး လူ(၅၀) ခန့် လိုက်ပါနိုင်သလို လေယာဉ်ဖြင့်လည်း သယ်ယူနိုင်ကြောင်းသိရသည်။ ၂၀၂၁ ခုနှစ်တွင် အင်ဒိုနီးရှားသည် Bali ပင်လယ်တွင် တော်ပီဒိုလေ့ကျင့်မှုတစ်ခုလုပ်ဆောင်မှုအတွင်း ၎င်း၏ရေငုပ်သင်္ဘောငါးစင်းအနက်မှ တစ်စင်းနစ်မြုပ်ခဲ့ပြီး သင်္ဘောသား(၅၃)ဦးသေဆုံးပြီးနောက် ရေငုပ်သင်္ဘော ရှာဖွေကယ်ဆယ်ရေးသင်္ဘောကို ဝယ်ယူရန်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

zawgyi vesion
ၿဗိတိန္ကုမၸဏီထံမွ ေရငုပ္သေဘၤာ ရွာေဖြကယ္ဆယ္ေရး သေဘၤာကို အေမရိကန္ေဒၚလာသန္း(၁၀၀)ျဖင့္ ဝယ္ယူရန္ သေဘာတူညီမႈရရွိခဲ့ေၾကာင္း အင္ဒိုနီးရွားစစ္ဘက္ေျပာ
Pika (NP News) - စက္တင္ဘာ ၁၄
ၿဗိတိန္ကုမၸဏီတစ္ခုထံမွ ေရငုပ္သေဘၤာ ရွာေဖြကယ္ဆယ္ေရး သေဘၤာတစ္စင္းကို အေမရိကန္ေဒၚလာသန္း(၁၀၀) ျဖင့္ဝယ္ယူရန္ သေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးခဲ့ေၾကာင္း အင္ဒိုနီးရွားကာကြယ္ေရးဝန္ႀကီးဌာနက စက္ တင္ဘာလ(၁၃)ရက္တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
အင္ဒိုနီးရွားကာကြယ္ေရးဝန္ႀကီးဌာန၏ မိတ္ဖက္ကုမၸဏီတစ္ခုျဖစ္ေသာ PT BTI Indo Tekno ႏွင့္ ၿဗိတိန္၏ ေရငုပ္ သေဘၤာထုတ္လုပ္သည့္ကုမၸဏီျဖစ္ေသာ္ Houlder တို႔သည္ လန္ဒန္ၿမိဳ႕တြင္ က်င္းပေသာ ကာကြယ္ေရးကုန္စည္ျပပြဲအၿပီးတြင္ အဆိုပါ သေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ထို႔ျပင္ အင္ဒိုနီးရွားအစိုးရသည္ စစ္တပ္ကို ပိုမိုအားေကာင္းေစရန္အတြက္ အေမရိကန္ေဒၚလာ(၈ ဒသမ ၁)ဘီလ်ံတန္ဖိုးရွိ Dassault Rafale တိုက္ေလယာဥ္(၄၂)စင္း၊ Turkish Aerospace ကုမၸဏီမွ အေမရိကန္ေဒၚလာသန္း(၃၀၀) တန္ဖိုးရွိ ဒ႐ုန္းအသစ္(၁၂)စင္း ႏွင့္ အေမရိကန္ေဒၚလာသန္း(၈၀၀)တန္ဖိုးရွိ Mirage 2000-5 တိုက္ေလယာဥ္ ၁၂ စင္းတို႔ကို ဝယ္ယူထားေၾကာင္းလည္း သိရသည္။ အင္ဒိုနီးရွားသမၼတဂ်ိဳကိုဝီဒိုဒိုသည္ ကာကြယ္ေရးဝန္ႀကီးဌာနအပါအဝင္ အင္ဒိုနီးရွားႏိုင္ငံ လုံၿခဳံေရးေအဂ်င္စီမ်ား၏ အသုံးစရိတ္မ်ားႏွင့္ပတ္သက္ၿပီး သတိေပးေျပာဆိုခဲ့ကာ ႏိုင္ငံေတာ္ ဘတ္ ဂ်က္ကို အေကာင္းဆုံးထိန္းသိမ္းထားရန္ ၎၏အစိုးရအဖြဲ႕ကို တိုက္တြန္းခဲ့ေၾကာင္းသိရသည္။
အင္ဒိုနီးရွားႏိုင္ငံသည္ ယခုႏွစ္ ကာကြယ္ေရးဘတ္ဂ်က္အတြက္ ႐ူပီယာ(၁၃၄ ဒသမ ၃)ထီလ်ံ လ်ာထားခဲ့ၿပီး ႏိုင္ငံ ေတာ္ဘတ္ဂ်က္၏ အႀကီးမားဆုံးခြဲေဝခ်ထားေပးမႈတစ္ခု ျဖစ္ေၾကာင္းလည္းသိရသည္။ ၿဗိတိန္ထုတ္ ေရငုပ္သေဘၤာ ရွာေဖြကယ္ဆယ္ေရးသေဘၤာသည္ လ်င္ျမန္ေသာ ကယ္ဆယ္ေရးလုပ္ငန္းမ်ားအတြက္ ဒီဇိုင္းထုတ္ထားၿပီး လူ(၅၀) ခန႔္ လိုက္ပါႏိုင္သလို ေလယာဥ္ျဖင့္လည္း သယ္ယူႏိုင္ေၾကာင္းသိရသည္။ ၂၀၂၁ ခုႏွစ္တြင္ အင္ဒိုနီးရွားသည္ Bali ပင္လယ္တြင္ ေတာ္ပီဒိုေလ့က်င့္မႈတစ္ခုလုပ္ေဆာင္မႈအတြင္း ၎၏ေရငုပ္သေဘၤာငါးစင္းအနက္မွ တစ္စင္းနစ္ျမဳပ္ခဲ့ၿပီး သေဘၤာသား(၅၃)ဦးေသဆုံးၿပီးေနာက္ ေရငုပ္သေဘၤာ ရွာေဖြကယ္ဆယ္ေရးသေဘၤာကို ဝယ္ယူရန္လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။