ကနေဒါနိုင်ငံသို့ ဒရုန်းနှင့်ဆက်စပ်သည့် လက်နက်ပစ္စည်းများရောင်းချရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတည်ပြု

 553

Pika (NP News) - စက်တင်ဘာ ၁၆

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် MQ-9B ဒရုန်းများတွင် တပ်ဆင်နိုင်သော ခဲယမ်း မီးကျောက်များနှင့် အခြားစနစ်များကို ကနေဒါနိုင်ငံသို့ အမေရိကန်ဒေါ်လာ (၃၁၃ ဒသမ ၄)သန်းဖြင့် ရောင်းချပေးရန် အတည်ပြုလိုက်ပြီဖြစ်ကြောင်း အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က စက်တင်ဘာလ(၁၅)ရက်တွင် ပြောကြားခဲ့သည်။

ပင်တဂွန်က"အဆိုပါရောင်းချမှုတွေကြောင့် ကနေဒါရဲ့ မြောက်ပိုင်းအာတိတ်နယ်မြေတွေမှာ ဒရုန်းတွေနဲ့ စောင့်ကြည့်ခြင်း၊ ကင်းလှည့်ခြင်းတို့ကို လုပ်ဆောင်နိုင်မယ့်အပြင် လက်ရှိနဲ့ အနာ ဂတ်ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နိုင်ဖို့အတွက် ကနေဒါနိုင်ငံရဲ့စစ်ရေးစွမ်းရည်တွေကို မြှင့်တင်ပေးနိုင်ပါလိမ့်မယ်"ဟု ပြောဆိုခဲ့သည်။

အဆိုပါရောင်းချမှုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုထားသော်လည်း သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးခြင်း သို့မဟုတ် ဆွေးနွေးခြင်းများနှင့်ပတ်သက်သည့် အချက်အလက်များကို ထုတ်ပြန်ထားခြင်းမျိုးမရှိကြောင်းလည်း သိရသည်။ အဆိုပါရောင်းချမှုတွင် Hellfire II ဒုံးကျည် (၂၁၉) လုံး၊ Mk82 general purpose bombs ဗုံး(၁၂)လုံး၊ Mk82 filled inert bombs(၆)လုံး နှင့် Due Regard Radars တို့ပါဝင်ကြောင်း ပင်တဂွန်က ပြောကြားခဲ့သည်။

အဆိုပါရောင်းချမှုအတွက် အဓိက ကန်ထရိုက်တာသည် General Atomics ကုမ္ပဏီဖြစ် ကြောင်း ပင်တဂွန်ကပြောကြားခဲ့သည်။ ကနေဒါနိုင်ငံသို့ ရောင်းချမည့် လက်နက်ပစ္စည်းများနှင့်ပတ်သက်ပြီး အမေရိကန်လွှတ်တော်ကို စက်တင်ဘာလ(၁၃)ရက်တွင် အကြောင်းကြားခဲ့ကြောင်း ပင်တဂွန်ကပြောကြားခဲ့သည်။

zawgyi version
ကေနဒါႏိုင္ငံသို႔ ဒ႐ုန္းႏွင့္ဆက္စပ္သည့္ လက္နက္ပစၥည္းမ်ားေရာင္းခ်ရန္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန အတည္ျပဳ
Pika (NP News) - စက္တင္ဘာ ၁၆

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနသည္ MQ-9B ဒ႐ုန္းမ်ားတြင္ တပ္ဆင္ႏိုင္ေသာ ခဲယမ္း မီးေက်ာက္မ်ားႏွင့္ အျခားစနစ္မ်ားကို ကေနဒါႏိုင္ငံသို႔ အေမရိကန္ေဒၚလာ (၃၁၃ ဒသမ ၄)သန္းျဖင့္ ေရာင္းခ်ေပးရန္ အတည္ျပဳလိုက္ၿပီျဖစ္ေၾကာင္း အေမရိကန္စစ္ဌာနခ်ဳပ္ ပင္တဂြန္က စက္တင္ဘာလ(၁၅)ရက္တြင္ ေျပာၾကားခဲ့သည္။

ပင္တဂြန္က"အဆိုပါေရာင္းခ်မႈေတြေၾကာင့္ ကေနဒါရဲ႕ ေျမာက္ပိုင္းအာတိတ္နယ္ေျမေတြမွာ ဒ႐ုန္းေတြနဲ႔ ေစာင့္ၾကည့္ျခင္း၊ ကင္းလွည့္ျခင္းတို႔ကို လုပ္ေဆာင္ႏိုင္မယ့္အျပင္ လက္ရွိနဲ႔ အနာ ဂတ္ၿခိမ္းေျခာက္မႈေတြကို ရင္ဆိုင္ႏိုင္ဖို႔အတြက္ ကေနဒါႏိုင္ငံရဲ႕စစ္ေရးစြမ္းရည္ေတြကို ျမႇင့္တင္ေပးႏိုင္ပါလိမ့္မယ္"ဟု ေျပာဆိုခဲ့သည္။

အဆိုပါေရာင္းခ်မႈကို အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက အတည္ျပဳထားေသာ္လည္း သေဘာတူစာခ်ဳပ္တြင္ လက္မွတ္ေရးထိုးျခင္း သို႔မဟုတ္ ေဆြးေႏြးျခင္းမ်ားႏွင့္ပတ္သက္သည့္ အခ်က္အလက္မ်ားကို ထုတ္ျပန္ထားျခင္းမ်ိဳးမရွိေၾကာင္းလည္း သိရသည္။ အဆိုပါေရာင္းခ်မႈတြင္ Hellfire II ဒုံးက်ည္ (၂၁၉) လုံး၊ Mk82 general purpose bombs ဗုံး(၁၂)လုံး၊ Mk82 filled inert bombs(၆)လုံး ႏွင့္ Due Regard Radars တို႔ပါဝင္ေၾကာင္း ပင္တဂြန္က ေျပာၾကားခဲ့သည္။

အဆိုပါေရာင္းခ်မႈအတြက္ အဓိက ကန္ထ႐ိုက္တာသည္ General Atomics ကုမၸဏီျဖစ္ ေၾကာင္း ပင္တဂြန္ကေျပာၾကားခဲ့သည္။ ကေနဒါႏိုင္ငံသို႔ ေရာင္းခ်မည့္ လက္နက္ပစၥည္းမ်ားႏွင့္ပတ္သက္ၿပီး အေမရိကန္လႊတ္ေတာ္ကို စက္တင္ဘာလ(၁၃)ရက္တြင္ အေၾကာင္းၾကားခဲ့ေၾကာင္း ပင္တဂြန္ကေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.