ရုရှားနိုင်ငံအနေဖြင့် နိုင်ငံခြားကြေးစားစစ်သားများကို မလိုအပ်ကြောင်း သမ္မတပူတင်ထုတ်ဖော်ပြောဆို

 1189

Pika (NP News) - စက်တင်ဘာ ၁၆

ယခုနှစ်အတွင်း ရုရှားနိုင်ငံသား(၃)သိန်းသည် စစ်မှုထမ်းရန်အတွက် လက်မှတ်ရေးထိုးခဲ့ကြပြီး ရုရှားနိုင်ငံအနေဖြင့် နိုင်ငံခြားကြေးစားစစ်သားများကို မလိုအပ်ကြောင်း သမ္မတပူတင်က စက်တင်ဘာလ(၁၅)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

သမ္မတပူတင်က "ရုရှားစစ်တပ်ဟာ စစ်ဆင်ရေးတွေ လုပ်ဆောင်ဖို့အတွက် နိုင်ငံခြားကြေး စားစစ်သားတွေကို ခေါ်ယူဖို့ မလိုအပ်ပါဘူး"ဟု ပြောဆိုခဲ့သည်။

မြောက်ကိုရီးယာားခေါင်းဆောင်ကင်ဂျုံအန်းနှင့်တွေ့ဆုံစဉ်အချိန်အတွင်း မြောက်ကိုရီးယားသည် ရုရှားသို့ စစ်သားများစေလွှတ်ပေးရန်ကတိပြုခဲ့သည်ဆိုသည့် အနောက်အုပ်စုနိုင်ငံများ၏ ထင်ကြေးပေးမှုများကို ရုရှားသမ္မတပူတင်က ယခုကဲ့သို့ ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်းက "ဒီနေ့မနက်အထိ စစ်မှုထမ်းဖို့ စာချုပ်ချုပ်ဆိုသူတွေဟာ လူ(၃)သိန်းရှိပါတယ်။ စစ် သားတွေကို အဆင့်မြင့်စစ်လက်နက်ပစ္စည်းတွေလည်း ပေးအပ်ထားပါတယ်"ဟု ပြောဆိုခဲ့သည်။

အမေရိကန်ကြေးစားစစ်သားများသည် ယူကရိန်းအတွက် တိုက်ပွဲဝင်ပေးနေပြီး အမေရိကန်နှင့် ၎င်း၏နေတိုးမဟာမိတ်အဖွဲ့ဝင်အချို့သည် တပ်ဖွဲ့များကို ယူကရိန်းသို့ ပုံမှန်စေလွှတ်ပေးနေကြောင်း ဘီလာရုစ်သမ္မတလူကာရှန်ကိုက စွပ်စွဲပြောဆိုခဲ့သည်။

ရုရှား-ယူကရိန်းပဋိပက္ခစတင်ဖြစ်ပွားသည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းကတည်း က ယူကရိန်းစစ်တပ်သို့ နိုင်ငံခြားကြေးစားစစ်သား(၁၂၀၀၀)ခန့်ဝင်ရောက်ခဲ့ပြီး လက်ရှိအချိန်တွင် နိုင်ငံခြားကြေးစားစစ်သား(၂၂၀၀)ခန့် ဆက်လက်လှုပ်ရှားနေဆဲဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ခန့်မှန်းပြောဆိုခဲ့သည်။ ပြီးခဲ့သည့်ဇွန်လက စတင်ခဲ့သော ယူကရိန်း၏ တန်ပြန်ထိုးစစ်ဆင်မှုများအတွင်း နိုင်ငံခြားကြေးစားစစ်သားများ သေဆုံးမှုသည် (၈၅)ရာခိုင်နှုန်းထိရှိခဲ့ကြောင်း အမေရိကန်နှင့် အနောက်အုပ်စုနိုင်ငံများမှ ကြေးစားစစ်သားများ၏ပြောကြားချက်ကို ကိုးကားပြီး ABC သတင်းဌာနက ဖော်ပြခဲ့သည်။

ယူကရိန်းသည် တန်ပြန်ထိုးစစ်ဆင်မှုသုံးလအတွင်း တပ်ဖွဲ့ဝင် (၇၁၀၀၀)နှင့် အနောက်အုပ် စုနိုင်ငံများမှ ထောက်ပံ့ပေးထားသော သံချပ်ကာယာဉ်များနှင့် စစ်လက်နက်ပစ္စည်းအများအပြားကို ဆုံးရှုံးခဲ့ရကြောင်း ရုရှားသမ္မတပူတင်က ယခုသီတင်းပတ်အစောပိုင်းတွင် ခန့်မှန်းပြောဆိုခဲ့သည်။

zawgyi version
႐ုရွားႏိုင္ငံအေနျဖင့္ ႏိုင္ငံျခားေၾကးစားစစ္သားမ်ားကို မလိုအပ္ေၾကာင္း သမၼတပူတင္ထုတ္ေဖာ္ေျပာဆို
Pika (NP News) - စက္တင္ဘာ ၁၆

ယခုႏွစ္အတြင္း ႐ုရွားႏိုင္ငံသား(၃)သိန္းသည္ စစ္မႈထမ္းရန္အတြက္ လက္မွတ္ေရးထိုးခဲ့ၾကၿပီး ႐ုရွားႏိုင္ငံအေနျဖင့္ ႏိုင္ငံျခားေၾကးစားစစ္သားမ်ားကို မလိုအပ္ေၾကာင္း သမၼတပူတင္က စက္တင္ဘာလ(၁၅)ရက္တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

သမၼတပူတင္က "႐ုရွားစစ္တပ္ဟာ စစ္ဆင္ေရးေတြ လုပ္ေဆာင္ဖို႔အတြက္ ႏိုင္ငံျခားေၾကး စားစစ္သားေတြကို ေခၚယူဖို႔ မလိုအပ္ပါဘူး"ဟု ေျပာဆိုခဲ့သည္။

ေျမာက္ကိုရီးယာားေခါင္းေဆာင္ကင္ဂ်ဳံအန္းႏွင့္ေတြ႕ဆုံစဥ္အခ်ိန္အတြင္း ေျမာက္ကိုရီးယားသည္ ႐ုရွားသို႔ စစ္သားမ်ားေစလႊတ္ေပးရန္ကတိျပဳခဲ့သည္ဆိုသည့္ အေနာက္အုပ္စုႏိုင္ငံမ်ား၏ ထင္ေၾကးေပးမႈမ်ားကို ႐ုရွားသမၼတပူတင္က ယခုကဲ့သို႔ ျပန္လည္တုံ႔ျပန္ေျပာဆိုခဲ့ျခင္းျဖစ္သည္။

၎က "ဒီေန႔မနက္အထိ စစ္မႈထမ္းဖို႔ စာခ်ဳပ္ခ်ဳပ္ဆိုသူေတြဟာ လူ(၃)သိန္းရွိပါတယ္။ စစ္ သားေတြကို အဆင့္ျမင့္စစ္လက္နက္ပစၥည္းေတြလည္း ေပးအပ္ထားပါတယ္"ဟု ေျပာဆိုခဲ့သည္။

အေမရိကန္ေၾကးစားစစ္သားမ်ားသည္ ယူကရိန္းအတြက္ တိုက္ပြဲဝင္ေပးေနၿပီး အေမရိကန္ႏွင့္ ၎၏ေနတိုးမဟာမိတ္အဖြဲ႕ဝင္အခ်ိဳ႕သည္ တပ္ဖြဲ႕မ်ားကို ယူကရိန္းသို႔ ပုံမွန္ေစလႊတ္ေပးေနေၾကာင္း ဘီလာ႐ုစ္သမၼတလူကာရွန္ကိုက စြပ္စြဲေျပာဆိုခဲ့သည္။

႐ုရွား-ယူကရိန္းပဋိပကၡစတင္ျဖစ္ပြားသည့္ ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလေနာက္ပိုင္းကတည္း က ယူကရိန္းစစ္တပ္သို႔ ႏိုင္ငံျခားေၾကးစားစစ္သား(၁၂၀၀၀)ခန႔္ဝင္ေရာက္ခဲ့ၿပီး လက္ရွိအခ်ိန္တြင္ ႏိုင္ငံျခားေၾကးစားစစ္သား(၂၂၀၀)ခန႔္ ဆက္လက္လႈပ္ရွားေနဆဲျဖစ္ေၾကာင္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ခန႔္မွန္းေျပာဆိုခဲ့သည္။ ၿပီးခဲ့သည့္ဇြန္လက စတင္ခဲ့ေသာ ယူကရိန္း၏ တန္ျပန္ထိုးစစ္ဆင္မႈမ်ားအတြင္း ႏိုင္ငံျခားေၾကးစားစစ္သားမ်ား ေသဆုံးမႈသည္ (၈၅)ရာခိုင္ႏႈန္းထိရွိခဲ့ေၾကာင္း အေမရိကန္ႏွင့္ အေနာက္အုပ္စုႏိုင္ငံမ်ားမွ ေၾကးစားစစ္သားမ်ား၏ေျပာၾကားခ်က္ကို ကိုးကားၿပီး ABC သတင္းဌာနက ေဖာ္ျပခဲ့သည္။

ယူကရိန္းသည္ တန္ျပန္ထိုးစစ္ဆင္မႈသုံးလအတြင္း တပ္ဖြဲ႕ဝင္ (၇၁၀၀၀)ႏွင့္ အေနာက္အုပ္ စုႏိုင္ငံမ်ားမွ ေထာက္ပံ့ေပးထားေသာ သံခ်ပ္ကာယာဥ္မ်ားႏွင့္ စစ္လက္နက္ပစၥည္းအမ်ားအျပားကို ဆုံးရႈံးခဲ့ရေၾကာင္း ႐ုရွားသမၼတပူတင္က ယခုသီတင္းပတ္အေစာပိုင္းတြင္ ခန႔္မွန္းေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.