နယူးမက္ကဆီကို အုပ်ချုပ်ရေးမှူးက မြို့တော်ရဲ့ ပန်းခြံတွေ၊ ကစားကွင်းတွေမှာ သေနတ်တွေကိုင်ဆောင်ခွင့် ဆိုင်းငံ့ထား

444
ရောင်နီ (NP News) - စက်တင်ဘာ ၁၇
နယူးမက္ကဆီကိုပြည်နယ်အုပ်ချုပ်ရေးမှူး မီချယ်လ်လူဂျန်ဂရစ်ရှန်က ပြည်နယ်ရဲ့ အကြီးဆုံး မြို့ပြဧရိယာ Albuquerque နဲ့ ၎င်းရဲ့အနီးတစ်ဝိုက်ရှိ ပန်းခြံတွေနဲ့ ကစားကွင်းတွေမှာ သေ နတ်ကိုင်ဆောင်ခွင့်အပေါ် အပြင်းအထန်ဝေဖန်မှုတွေရှိလာတာကြောင့် ၎င်းနေရာတွေမှာ သေနတ်ကိုင်ဆောင်ခွင့် ဆိုင်းငံ့လိုက်တယ်လို့ သောကြာနေ့ (စက်တင်ဘာလ ၁၅ ရက်)မှာပြောကြားခဲ့ပါတယ်။
မက္ကဆီကိုပြည်နယ်အုပ်ချုပ်ရေးမှူး မီချယ်လ်လူဂျန်ဂရစ်ရှန်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က Albuquerque လမ်းမပေါ်မှာ အသက်(၁၁)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးမှုအပါ အဝင် သေနတ်နဲ့အကြမ်းဖက်မှုတွေအတွက် သောကြာနေ့ (စက်တင်ဘာလ ၁၅ ရက်) က ပြည်သူ့ကျန်းမာရေးတုံ့ပြန်မှုအဖြစ် အမိန့်အသစ်ထုတ်ပြန်ခဲ့ပြီး ဖက်ဒရယ်တရားသူကြီးမှ ယခင်ကတည်းက ချမှတ်ထားတဲ့ သေနတ်ကိုင်ဆောင်ခွင့် ဆိုင်းငံ့မှုကို ယခု ထပ်မံ ဘောင် ခတ်လိုက်ပါတယ်။
အဆိုပါ ဆိုင်းငံ့မှုဟာ သေနတ်ကိုင်ဆောင်ခွင့် အခွင့်အရေးနဲ့ လူထုလုံခြုံရေးအကြား လွန်ဆွဲမှုတွေ ဖြစ်လာခဲ့ပါတယ်။ သေနတ်ကိုင်ဆောင်ခွင့် အခွင့်အရေး ထောက်ခံသူတွေက ၎င်းကို ငြင်းခုံခဲ့ကြပြီး အယ်လ်ဘူကွာကွီ နဲ့ ဘာနာလီလို ကောင်တီရှိ နေရာအားလုံးမှာ သေနတ်ကိုင်ဆောင်ခွင့် ရက်ပေါင်း (၃၀)ဆိုင်းငံ့ထားမှုဟာ ၂၀၂၂ ခုနှစ် အမေရိကန်တရားရုံးချုပ်ရဲ့ သေနတ်ကိုင်ဆောင်ခွင့် အခွင့်အရေးဆိုင်ရာစီရင်ချက်နဲ့ ဆန့်ကျင်နေတယ်လို့ ဆိုခဲ့ပါတယ်။ နယူးမက္ကဆီကို ဥပဒေပြုလွှတ်တော်နှစ်ရပ်လုံးမှ ဒီမိုကရက်ခေါင်းဆောင်တွေကတော့ လူဂျန်ဂရစ်ရှန် ရဲ့ သေနတ်ကိုင်ဆောင်ခွင့် ဆိုင်းငံချက်ကို ထောက်ခံခဲ့ကြပါတယ်။
အဆိုပါ ဆိုင်းငံ့မှုနဲ့ပတ်သတ်ပြီး အထူးအစည်းအဝေးခေါ်ဖို့ အစီအစဉ်မရှိဘူးလို့ လူဂျန်ဂရစ်ရှန်က သောကြာနေ့ (စက်တင်ဘာလ ၁၅ ရက်) မှာ ပြောကြားခဲ့ပါတယ်။

zawgyi version
နယူးမကၠဆီကို အုပ္ခ်ဳပ္ေရးမႉးက ၿမိဳ႕ေတာ္ရဲ႕ ပန္းၿခံေတြ၊ ကစားကြင္းေတြမွာ ေသနတ္ေတြကိုင္ေဆာင္ခြင့္ ဆိုင္းငံ့ထား
ေရာင္နီ (NP News) - စက္တင္ဘာ ၁၇
နယူးမကၠဆီကိုျပည္နယ္အုပ္ခ်ဳပ္ေရးမႉး မီခ်ယ္လ္လူဂ်န္ဂရစ္ရွန္က ျပည္နယ္ရဲ႕ အႀကီးဆုံး ၿမိဳ႕ျပဧရိယာ Albuquerque နဲ႔ ၎ရဲ႕အနီးတစ္ဝိုက္ရွိ ပန္းၿခံေတြနဲ႔ ကစားကြင္းေတြမွာ ေသ နတ္ကိုင္ေဆာင္ခြင့္အေပၚ အျပင္းအထန္ေဝဖန္မႈေတြရွိလာတာေၾကာင့္ ၎ေနရာေတြမွာ ေသနတ္ကိုင္ေဆာင္ခြင့္ ဆိုင္းငံ့လိုက္တယ္လို႔ ေသာၾကာေန႔ (စက္တင္ဘာလ ၁၅ ရက္)မွာေျပာၾကားခဲ့ပါတယ္။
မကၠဆီကိုျပည္နယ္အုပ္ခ်ဳပ္ေရးမႉး မီခ်ယ္လ္လူဂ်န္ဂရစ္ရွန္ဟာ ၿပီးခဲ့တဲ့သီတင္းပတ္က Albuquerque လမ္းမေပၚမွာ အသက္(၁၁)ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦး ေသဆုံးမႈအပါ အဝင္ ေသနတ္နဲ႔အၾကမ္းဖက္မႈေတြအတြက္ ေသာၾကာေန႔ (စက္တင္ဘာလ ၁၅ ရက္) က ျပည္သူ႔က်န္းမာေရးတုံ႔ျပန္မႈအျဖစ္ အမိန႔္အသစ္ထုတ္ျပန္ခဲ့ၿပီး ဖက္ဒရယ္တရားသူႀကီးမွ ယခင္ကတည္းက ခ်မွတ္ထားတဲ့ ေသနတ္ကိုင္ေဆာင္ခြင့္ ဆိုင္းငံ့မႈကို ယခု ထပ္မံ ေဘာင္ ခတ္လိုက္ပါတယ္။
အဆိုပါ ဆိုင္းငံ့မႈဟာ ေသနတ္ကိုင္ေဆာင္ခြင့္ အခြင့္အေရးနဲ႔ လူထုလုံၿခဳံေရးအၾကား လြန္ဆြဲမႈေတြ ျဖစ္လာခဲ့ပါတယ္။ ေသနတ္ကိုင္ေဆာင္ခြင့္ အခြင့္အေရး ေထာက္ခံသူေတြက ၎ကို ျငင္းခုံခဲ့ၾကၿပီး အယ္လ္ဘူကြာကြီ နဲ႔ ဘာနာလီလို ေကာင္တီရွိ ေနရာအားလုံးမွာ ေသနတ္ကိုင္ေဆာင္ခြင့္ ရက္ေပါင္း (၃၀)ဆိုင္းငံ့ထားမႈဟာ ၂၀၂၂ ခုႏွစ္ အေမရိကန္တရား႐ုံးခ်ဳပ္ရဲ႕ ေသနတ္ကိုင္ေဆာင္ခြင့္ အခြင့္အေရးဆိုင္ရာစီရင္ခ်က္နဲ႔ ဆန္႔က်င္ေနတယ္လို႔ ဆိုခဲ့ပါတယ္။ နယူးမကၠဆီကို ဥပေဒျပဳလႊတ္ေတာ္ႏွစ္ရပ္လုံးမွ ဒီမိုကရက္ေခါင္းေဆာင္ေတြကေတာ့ လူဂ်န္ဂရစ္ရွန္ ရဲ႕ ေသနတ္ကိုင္ေဆာင္ခြင့္ ဆိုင္းငံခ်က္ကို ေထာက္ခံခဲ့ၾကပါတယ္။
အဆိုပါ ဆိုင္းငံ့မႈနဲ႔ပတ္သတ္ၿပီး အထူးအစည္းအေဝးေခၚဖို႔ အစီအစဥ္မရွိဘူးလို႔ လူဂ်န္ဂရစ္ရွန္က ေသာၾကာေန႔ (စက္တင္ဘာလ ၁၅ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။