ဘရပ်ဆဲလ်မြို့ရှိ အသစ်ပြန်လည်ပြုပြင်ထားတဲ့ သမိုင်းဝင်ရုပ်တုကို ဖျက်ဆီးခဲ့တဲ့ ခရီးသွားဒဏ်ငွေချမှတ်ခံရ

650
ရောင်နီ (NP News) - စက်တင်ဘာ ၁၇
အိုင်ယာလန် ခရီးသွားတစ်ဦးဟာ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မှာ မကြာသေးမီက ပြန် လည်ပြုပြင်ထားတဲ့ ရုပ်တုရဲ့တစ်စိတ်တစ်ပိုင်းကို ဖျက်ဆီးခဲ့တဲ့အတွက် ယူရို ၁၇,၆၀၀ (စင်ကာပူဒေါ်လာ ၂၆,၀၀၀ ခန့်) ဒဏ်ကြေးငွေ ပေးချေရဖွယ်ရှိတယ်လို့ သိရပါတယ်။

ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (စက်တင်ဘာလ ၁၀ ရက်)က ဖြစ်ပွားတာဖြစ်ပါတယ်။ အိုင်ယာလန်နိုင်ငံသားဖြစ်တဲ့ အဆိုပါအမျိုးသားဟာ အရက်မူးပြီး ဓာတ်ပုံရိုက်ဖို့ ရည်ရွယ်ချက်နဲ့ ခြင်္သေ့တစ်ကောင်နဲ့အတူ မီးရှူးတိုင်ကိုင်ဆောင်ထားတဲ့ လူတစ်ဦးပုံရိပ် ထွင်းထုထားတဲ့ ရုပ်တုပေါ်တက်ခဲ့ပါတယ်။ အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတစ်ခုမှာတော့ ဧည့်သည်ဟာ ရုပ်ထုပေါ်ကနေ ဆင်းဖို့ကြိုးစားနေတာကို မြင်တွေ့ခဲ့ရပါတယ်။
၎င်းကိုနောက်ပိုင်းမှာ စားသောက်ဆိုင်တစ်ဆိုင်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ အ ဆောက်အဦး စီမံခန့်ခွဲမှုအဖွဲ့က ရုပ်တုပျက်စီးမှုအတွက် ပြုပြင်မှုကုန်ကျစရိတ်ပေးဆောင်ဖို့ အဆိုပါ ခရီးသွားဧည့်သည်ကို တောင်းဆိုထားကြောင်း သိရပါတယ်။ ပျက်စီးသွားတဲ့ အဆိုပါ ရုပ်တုဟာ ဘယ်လ်ဂျီယံမြို့တော်ရှိ The Bourse လို့ လူသိများတဲ့ စတော့အိတ်ချိန်း အ ဆောက်အအုံ အပြင်ဘက်မှာ တည်ရှိပါတယ်။ ရုပ်တုဟာ ယူရိုသန်း ၉၀ (စင်ကာပူဒေါ်လာ ၁၃၁ သန်း) ကုန်ကျခံပြီး သုံးနှစ်ကြာ ပြန်လည်မွမ်းမံရေးစီမံကိန်းကြီး ပြီးဆုံးလို့ အဆိုပါ ဧည့်သည် ဓာတ်ပုံတက်မရိုက်ခင် တစ်ရက်အလိုမှ အများပြည်သူအတွက် ပြန်ဖွင့်လှစ်ပေးထားတာ ဖြစ်ပါတယ်။
အဆောက်အအုံနဲ့ ရုပ်တုတွေဟာ အမွေအနှစ်စာရင်းဝင်တွေ ဖြစ်တယ်လို့ ပြန်လည်ထူ ထောင်ရေး ပရောဂျက်မန်နေဂျာ မစ္စတာနယ်လ်ဗန်ဒါဗန်နက်က ပြောကြားခဲ့ပါတယ်။ အခု ဧည့်သည်လုပ်ရပ်ကြောင့် ပျက်စီးမှုဟာ ပြန်လည်ပြင်ဆင်ဖို့ အနည်းဆုံး ရက်သတ္တပတ်အနည်းငယ် သို့မဟုတ် လအနည်းငယ်ကြာနိုင်တယ်လို့ ၎င်းက မှတ်ချက်ပြုခဲ့ပါတယ်။

zawgyi version
ဘရပ္ဆဲလ္ၿမိဳ႕ရွိ အသစ္ျပန္လည္ျပဳျပင္ထားတဲ့ သမိုင္းဝင္႐ုပ္တုကို ဖ်က္ဆီးခဲ့တဲ့ ခရီးသြားဒဏ္ေငြခ်မွတ္ခံရ
ေရာင္နီ (NP News) - စက္တင္ဘာ ၁၇
အိုင္ယာလန္ ခရီးသြားတစ္ဦးဟာ ဘယ္လ္ဂ်ီယံႏိုင္ငံ၊ ဘရပ္ဆဲလ္မွာ မၾကာေသးမီက ျပန္ လည္ျပဳျပင္ထားတဲ့ ႐ုပ္တုရဲ႕တစ္စိတ္တစ္ပိုင္းကို ဖ်က္ဆီးခဲ့တဲ့အတြက္ ယူ႐ို ၁၇,၆၀၀ (စင္ကာပူေဒၚလာ ၂၆,၀၀၀ ခန႔္) ဒဏ္ေၾကးေငြ ေပးေခ်ရဖြယ္ရွိတယ္လို႔ သိရပါတယ္။
ဒီအျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ (စက္တင္ဘာလ ၁၀ ရက္)က ျဖစ္ပြားတာျဖစ္ပါတယ္။ အိုင္ယာလန္ႏိုင္ငံသားျဖစ္တဲ့ အဆိုပါအမ်ိဳးသားဟာ အရက္မူးၿပီး ဓာတ္ပုံ႐ိုက္ဖို႔ ရည္႐ြယ္ခ်က္နဲ႔ ျခေသၤ့တစ္ေကာင္နဲ႔အတူ မီးရႉးတိုင္ကိုင္ေဆာင္ထားတဲ့ လူတစ္ဦးပုံရိပ္ ထြင္းထုထားတဲ့ ႐ုပ္တုေပၚတက္ခဲ့ပါတယ္။ အြန္လိုင္းမွာ ပ်ံ႕ႏွံ႔ေနတဲ့ ဗီဒီယိုတစ္ခုမွာေတာ့ ဧည့္သည္ဟာ ႐ုပ္ထုေပၚကေန ဆင္းဖို႔ႀကိဳးစားေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။
၎ကိုေနာက္ပိုင္းမွာ စားေသာက္ဆိုင္တစ္ဆိုင္မွာ ဖမ္းဆီးခံခဲ့ရတယ္လို႔ သိရပါတယ္။ အ ေဆာက္အဦး စီမံခန႔္ခြဲမႈအဖြဲ႕က ႐ုပ္တုပ်က္စီးမႈအတြက္ ျပဳျပင္မႈကုန္က်စရိတ္ေပးေဆာင္ဖို႔ အဆိုပါ ခရီးသြားဧည့္သည္ကို ေတာင္းဆိုထားေၾကာင္း သိရပါတယ္။ ပ်က္စီးသြားတဲ့ အဆိုပါ ႐ုပ္တုဟာ ဘယ္လ္ဂ်ီယံၿမိဳ႕ေတာ္ရွိ The Bourse လို႔ လူသိမ်ားတဲ့ စေတာ့အိတ္ခ်ိန္း အ ေဆာက္အအုံ အျပင္ဘက္မွာ တည္ရွိပါတယ္။ ႐ုပ္တုဟာ ယူ႐ိုသန္း ၉၀ (စင္ကာပူေဒၚလာ ၁၃၁ သန္း) ကုန္က်ခံၿပီး သုံးႏွစ္ၾကာ ျပန္လည္မြမ္းမံေရးစီမံကိန္းႀကီး ၿပီးဆုံးလို႔ အဆိုပါ ဧည့္သည္ ဓာတ္ပုံတက္မ႐ိုက္ခင္ တစ္ရက္အလိုမွ အမ်ားျပည္သူအတြက္ ျပန္ဖြင့္လွစ္ေပးထားတာ ျဖစ္ပါတယ္။
အေဆာက္အအုံနဲ႔ ႐ုပ္တုေတြဟာ အေမြအႏွစ္စာရင္းဝင္ေတြ ျဖစ္တယ္လို႔ ျပန္လည္ထူ ေထာင္ေရး ပေရာဂ်က္မန္ေနဂ်ာ မစၥတာနယ္လ္ဗန္ဒါဗန္နက္က ေျပာၾကားခဲ့ပါတယ္။ အခု ဧည့္သည္လုပ္ရပ္ေၾကာင့္ ပ်က္စီးမႈဟာ ျပန္လည္ျပင္ဆင္ဖို႔ အနည္းဆုံး ရက္သတၱပတ္အနည္းငယ္ သို႔မဟုတ္ လအနည္းငယ္ၾကာႏိုင္တယ္လို႔ ၎က မွတ္ခ်က္ျပဳခဲ့ပါတယ္။