အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ နိုင်ဂျာ အပါအဝင် အာဖရိကသုံးနိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မယ့် စာချုပ်အသစ်ချုပ်ဆို

 2348

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၇

နိုင်ဂျာစစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး အာဖရိကအနောက်ပိုင်းအဖွဲ့အစည်း ECOWAS နဲ့တင်းမာမှုတွေ ရှိနေချိန် မှာ ပြင်သစ် လက်အောက်ခံ ကိုလိုနီနိုင်ငံတွေဖြစ်ခဲ့ဖူးတဲ့ မာလီ၊ နိုင်ဂျာ၊ ဘကီနာ ဖာဆိုနိုင်ငံတို့ဟာ စစ်ရေး မဟာမိတ်အဖြစ် ပူးပေါင်းဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ မာလီ၊ နိုင်ဂျာနဲ့ ဘာကီနာဖာဆိုနိုင်ငံတို့ဟာ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း အနောက်အုပ်စုနိုင်ငံများက ကျောထောက်နောက်ခံပြုပေးထားတဲ့ အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့ဖူးတဲ့ နိုင်ငံတွေဖြစ်ပါတယ်။

မာလီ၊ နိုင်ဂျာ၊ ဘာကီနာဖာဆိုနိုင်ငံတို့ဟာ ပြည်တွင်းရေး ခြိမ်းခြောက်မှုများ နဲ့ ပြည်ပကျုးကျော်မှုတွေကို တစ်နိုင်ငံချင်း ဒါမှမဟုတ် စုပေါင်းကူညီပေးသွားဖို့ စစ်ရေးမဟာမိတ် စာချုပ်လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

မာလီ ယာယီသမ္မတက နိုင်ဂျာ၊ ဘာကီနာဖာဆို နိုင်ငံတွေရဲ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး Liptako-Gourma ကြေညာစာတမ်းကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ထုတ်ဖော်ပြောထားပါတယ်။ ၎င်းက " စာချုပ်မှာပါဝင် တဲ့ နိုင်ငံတစ်နိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်နက်တွေကို တိုက်ခိုက်ခံရမယ်ဆိုရင် တစ်နိုင်ငံ ဒါမှမဟုတ် အခြားနိုင်ငံ တွေနဲ့ပူးပေါင်းတိုက်ခိုက်ပေးဖို့ စာချုပ်လက်မှတ်ရေးထိုးခဲ့တာပါ" လို့ ပြောပါတယ်။

မာလီကာကွယ်ရေးဝန်ကြီးကလည်း မဟာမိတ်စာချုပ်အသစ်ဟာ သုံးနိုင်ငံကြားစစ်ရေးနဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ နိုင်ဂျာနိုင်ငံမှာ သမ္မတ ဘာဇွန်ကို ရာထူးက ဖြုတ်ချကာအာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ECOWAS အဖွဲ့က စစ်ရေးနည်းလမ်းအသုံးပြုသွားမယ်လို့ မကြာသေးမီက သတင်းထုတ်ပြန်ထားပါတယ်။

မာလီ နဲ့ ဘာကီနာဖာဆိုနိုင်ငံတို့ဟာ နိုင်ဂျာကို စစ်ရေးနည်းလမ်းအသုံးပြုမယ်ဆိုရင် ၎င်းတို့နိုင်ငံတွေအပေါ် စစ်ကြေညာခြင်းအဖြစ် မှတ်ယူသွားမှာဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။ မာလီနိုင်ငံမှာ ပြင်သစ် တပ်ဖွဲ့ဝင်များ တပ်စွဲမှုတွေ ရှိခဲ့ဖူးရာ မာလီစစ်အစိုးရနဲ့ ၂ဝ၂ဝ ပြည့်နှစ်မှာ အငြင်းပွားမှုတွေဖြစ်ခဲ့ပြီးနောက် ပြင်သစ်တပ်ဖွဲ့တွေ ပြန်လည် ရုတ်သိမ်းသွားခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် ဘာကီနာဖာဆိုနိုင်ငံကလည်း နိုင်ငံအတွင်းရှိ ပြင်သစ်တပ်ဖွဲ့တွေကို ပြန်ထွက်သွားဖို့တောင်းဆိုခဲ့ရာ ဒီနှစ်အစောပိုင်းမှာ ဘာကီနာဖာဆိုနိုင်ငံအတွင်းကနေ ပြင်သစ်တပ်ဖွဲ့ဝင်တွေ ပြန်ရုတ်သိမ်းခဲ့ပါတယ်။ နိုင်ဂျာနိုင်ငံ ဟာလည်း အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် နိုင်ဂျာစစ်အစိုးရက ပြင်သစ်တပ်ဖွဲ့ဝင်တွေကို နိုင်ငံအတွင်းက ပြန်ထွက်ခွာဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။

Zawgyi Version;
အာဏာသိမ္းမႈျဖစ္ပြားခဲ့တဲ့ ႏိုင္ဂ်ာ အပါအဝင္ အာဖရိကသုံးႏိုင္ငံ စစ္ေရးပူးေပါင္းေဆာင္႐ြက္မယ့္ စာခ်ဳပ္အသစ္ခ်ဳပ္ဆို
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၇

ႏိုင္ဂ်ာစစ္အာဏာသိမ္းမႈနဲ႔ပတ္သက္ၿပီး အာဖရိကအေနာက္ပိုင္းအဖြဲ႕အစည္း ECOWAS နဲ႔တင္းမာမႈေတြ ရွိေနခ်ိန္ မွာ ျပင္သစ္ လက္ေအာက္ခံ ကိုလိုနီႏိုင္ငံေတြျဖစ္ခဲ့ဖူးတဲ့ မာလီ၊ ႏိုင္ဂ်ာ၊ ဘကီနာ ဖာဆိုႏိုင္ငံတို႔ဟာ စစ္ေရး မဟာမိတ္အျဖစ္ ပူးေပါင္းဖြဲ႕စည္းလိုက္တယ္လို႔ သိရပါတယ္။ မာလီ၊ ႏိုင္ဂ်ာနဲ႔ ဘာကီနာဖာဆိုႏိုင္ငံတို႔ဟာ ၿပီးခဲ့တဲ့ႏွစ္ပိုင္းအတြင္း အေနာက္အုပ္စုႏိုင္ငံမ်ားက ေက်ာေထာက္ေနာက္ခံျပဳေပးထားတဲ့ အရပ္သားအစိုးရကို ျဖဳတ္ခ်ကာ အာဏာသိမ္းခဲ့ဖူးတဲ့ ႏိုင္ငံေတြျဖစ္ပါတယ္။

မာလီ၊ ႏိုင္ဂ်ာ၊ ဘာကီနာဖာဆိုႏိုင္ငံတို႔ဟာ ျပည္တြင္းေရး ၿခိမ္းေျခာက္မႈမ်ား နဲ႔ ျပည္ပက်ဳးေက်ာ္မႈေတြကို တစ္ႏိုင္ငံခ်င္း ဒါမွမဟုတ္ စုေပါင္းကူညီေပးသြားဖို႔ စစ္ေရးမဟာမိတ္ စာခ်ဳပ္လက္မွတ္ေရးထိုးခဲ့တာျဖစ္ပါတယ္။

မာလီ ယာယီသမၼတက ႏိုင္ဂ်ာ၊ ဘာကီနာဖာဆို ႏိုင္ငံေတြရဲ႕ေခါင္းေဆာင္ေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးၿပီး Liptako-Gourma ေၾကညာစာတမ္းကို လက္မွတ္ေရးထိုးခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာထားပါတယ္။ ၎က " စာခ်ဳပ္မွာပါဝင္ တဲ့ ႏိုင္ငံတစ္ႏိုင္ငံရဲ႕အခ်ဳပ္အျခာအာဏာပိုင္နက္ေတြကို တိုက္ခိုက္ခံရမယ္ဆိုရင္ တစ္ႏိုင္ငံ ဒါမွမဟုတ္ အျခားႏိုင္ငံ ေတြနဲ႔ပူးေပါင္းတိုက္ခိုက္ေပးဖို႔ စာခ်ဳပ္လက္မွတ္ေရးထိုးခဲ့တာပါ" လို႔ ေျပာပါတယ္။

မာလီကာကြယ္ေရးဝန္ႀကီးကလည္း မဟာမိတ္စာခ်ဳပ္အသစ္ဟာ သုံးႏိုင္ငံၾကားစစ္ေရးနဲ႔ စီးပြားေရး ပူးေပါင္း ေဆာင္႐ြက္မႈမ်ား ပိုမိုတိုးျမႇင့္လုပ္ေဆာင္ႏိုင္ဖြယ္ရွိတယ္လို႔ ဆိုပါတယ္။ ႏိုင္ဂ်ာႏိုင္ငံမွာ သမၼတ ဘာဇြန္ကို ရာထူးက ျဖဳတ္ခ်ကာအာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ ECOWAS အဖြဲ႕က စစ္ေရးနည္းလမ္းအသုံးျပဳသြားမယ္လို႔ မၾကာေသးမီက သတင္းထုတ္ျပန္ထားပါတယ္။

မာလီ နဲ႔ ဘာကီနာဖာဆိုႏိုင္ငံတို႔ဟာ ႏိုင္ဂ်ာကို စစ္ေရးနည္းလမ္းအသုံးျပဳမယ္ဆိုရင္ ၎တို႔ႏိုင္ငံေတြအေပၚ စစ္ေၾကညာျခင္းအျဖစ္ မွတ္ယူသြားမွာျဖစ္ေၾကာင္း တုံ႔ျပန္ထားပါတယ္။ မာလီႏိုင္ငံမွာ ျပင္သစ္ တပ္ဖြဲ႕ဝင္မ်ား တပ္စြဲမႈေတြ ရွိခဲ့ဖူးရာ မာလီစစ္အစိုးရနဲ႔ ၂ဝ၂ဝ ျပည့္ႏွစ္မွာ အျငင္းပြားမႈေတြျဖစ္ခဲ့ၿပီးေနာက္ ျပင္သစ္တပ္ဖြဲ႕ေတြ ျပန္လည္ ႐ုတ္သိမ္းသြားခဲ့ေၾကာင္း သိရပါတယ္။

ဒါ့အျပင္ ဘာကီနာဖာဆိုႏိုင္ငံကလည္း ႏိုင္ငံအတြင္းရွိ ျပင္သစ္တပ္ဖြဲ႕ေတြကို ျပန္ထြက္သြားဖို႔ေတာင္းဆိုခဲ့ရာ ဒီႏွစ္အေစာပိုင္းမွာ ဘာကီနာဖာဆိုႏိုင္ငံအတြင္းကေန ျပင္သစ္တပ္ဖြဲ႕ဝင္ေတြ ျပန္႐ုတ္သိမ္းခဲ့ပါတယ္။ ႏိုင္ဂ်ာႏိုင္ငံ ဟာလည္း အာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ ႏိုင္ဂ်ာစစ္အစိုးရက ျပင္သစ္တပ္ဖြဲ႕ဝင္ေတြကို ႏိုင္ငံအတြင္းက ျပန္ထြက္ခြာဖို႔ ေတာင္းဆိုထားေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.