အမျိုးသားပေါင်း ၁ဝဝ ကျော်နဲ့တွေ့ဆုံခဲ့ပေမယ့် အချစ်ကိုမတွေ့ခဲ့ဘူးလို့ ထုတ်ဖော်ပြောလိုက်တဲ့ တရုတ်အမျိုးသမီး

8386

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၇
တရုတ်အမျိုးသမီးတစ်ဦးက အမျိုးသားပေါင်း ၁ဝဝ ကျော်နဲ့တွေ့ဆုံခဲ့ပေမယ့် အချစ်ကို ရှာမတွေ့ခဲ့ကြောင်း ထုတ်ဖော်ပြောလိုက်ပါတယ်။
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ ဘဏ္ဍာရေးဆိုင်ရာဒါရိုက်တာတစ်ဦးဖြစ်တဲ့ Zhao Miaomiao ဟာ အသက် ၂၈ နှစ်အရွယ်ရှိနေတဲ့အတွက် ချစ်သူရည်စားထားဖို့ ရှာဖွေခဲ့ကြောင်း၊ ၎င်းအနေနဲ့ လေးလအတွင်းမှာ ချစ်သူရည်စား ရှာဖွေရေးအက်ပလီကေးရှင်းတွေကတဆင့် အမျိုးသားပေါင်း ၁ဝဝ ကျော်နဲ့ တွေ့ဆုံခဲ့ကြောင်း ထုတ်ဖော်ပြောထား ပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိ တရုတ်အမျိုးသမီးက "အမျိုးသားတွေဟာ သူတို့ရဲ့မိန်းကလေးဖြစ်လာမယ့်သူဟာ ဆွဲဆောင်မှု ရှိ/မရှိဆိုတာကို ပထမဆုံးအဓိကထားကြည့်ကြတယ်။ ပြီးတော့ အမျိုးသားတွေဟာ အမျိုးသမီးနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာနားလည်မှု၊ မိသားစုနောက်ကြောင်းကိစ္စတွေကို နားလည်ဖို့ လုပ်ဆောင်ကြတယ်။ အမျိုးသမီး တွေကျတော့ သူတို့ရဲ့ချစ်သူဖြစ်လာမယ့် အမျိုးသားရဲ့ရိုးသားမှုကို အဓိကထားကြည့်တယ်။ အမျိုးသမီးတွေဟာ ကြိုးစားအားထုတ်မှုတွေနဲ့ ရိုးသားမှုရှိတဲ့အမျိုးသားမျိုးကို မျှော်လင့်ကြတယ်" လို့ ပြောပါတယ်။
ဒါ့အပြင် ပေကျင်းမြို့ရှိ မီဒီယာလုပ်ငန်းအမှုဆောင်ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Liu Shutong ကတော့ " ကျွန်မမှာ တွဲနေတဲ့ ကောင်လေးရှိပါတယ်။ ဒါပေမယ့် အဲဒီကောင်လေးနဲ့ အနာဂတ်မှာ တရားဝင်လက်ထပ်မှု ရှိ/မရှိ ဆိုတာကို အတိအကျပြောလို့ မရဘူး။ လက်ရှိအချိန်မှာ တရုတ်နိုင်ငံအတွင်းရှိ လူငယ်တွေဟာ လက်ရှိပျော်ရွှင်မှုကို ဦးစားပေး ကြတယ်။ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွင်ရွင်ပဲနေလိုကြတယ်။ ကျွန်မဆိုရင် အသက် ၂၄နှစ်အရွယ်ရှိနေပေမယ့် လက်ထပ် သင့်/မသင့် ဆိုတာကို သိပ်မစဉ်းစားသေးဘူး။ ပျော်ရွှင်စွာနဲ့ နေထိုင်လိုတယ်" လို့ ပြောပါတယ်။ တရုတ်နိုင်ငံရှိ လူငယ်အများစုဟာ ပျော်ရွင်မှုများအတွက် အခြားရွေးချယ်စရာတွေ ရှိနေဆဲဖြစ်တဲ့အတွက် အိမ်ထောင်ပြုဖို့ နှစ်သက်လိုလားခြင်းများ မရှိကြောင်း သိရပါတယ်။
တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း အိမ်ထောင်ပြုတဲ့လူငယ်အရေအတွက် ထက်ဝက်နီးပါး ကျဆင်းခဲ့ပြီး ပြီးခဲ့တဲ့နှစ်အတွင်း တရုတ်လူငယ်တွေကြား အိမ်ထောင်ပြုခဲ့သူ ၆ ဒသမ ၈၃ သန်းသာ ရှိခဲ့ကြောင်း သိရပါတယ်။
အဆိုပါအရေအတွက်ဟာ ၁၉၈၆ ခုနှစ်နောက်ပိုင်း တရုတ်နိုင်ငံမှာ အိမ်ထောင်ပြုသူအရေအတွက် အနည်းဆုံးဖြစ်ခဲ့ပါတယ်။

Zawgyi Version;
အမ်ိဳးသားေပါင္း ၁ဝဝ ေက်ာ္နဲ႔ေတြ႕ဆုံခဲ့ေပမယ့္ အခ်စ္ကိုမေတြ႕ခဲ့ဘူးလို႔ ထုတ္ေဖာ္ေျပာလိုက္တဲ့ တ႐ုတ္အမ်ိဳးသမီး
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၇
တ႐ုတ္အမ်ိဳးသမီးတစ္ဦးက အမ်ိဳးသားေပါင္း ၁ဝဝ ေက်ာ္နဲ႔ေတြ႕ဆုံခဲ့ေပမယ့္ အခ်စ္ကို ရွာမေတြ႕ခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာလိုက္ပါတယ္။
တ႐ုတ္ႏိုင္ငံ ရွန္ဟိုင္းၿမိဳ႕ရွိ ဘ႑ာေရးဆိုင္ရာဒါ႐ိုက္တာတစ္ဦးျဖစ္တဲ့ Zhao Miaomiao ဟာ အသက္ ၂၈ ႏွစ္အ႐ြယ္ရွိေနတဲ့အတြက္ ခ်စ္သူရည္စားထားဖို႔ ရွာေဖြခဲ့ေၾကာင္း၊ ၎အေနနဲ႔ ေလးလအတြင္းမွာ ခ်စ္သူရည္စား ရွာေဖြေရးအက္ပလီေကးရွင္းေတြကတဆင့္ အမ်ိဳးသားေပါင္း ၁ဝဝ ေက်ာ္နဲ႔ ေတြ႕ဆုံခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာထား ပါတယ္။
အသက္ ၂၈ ႏွစ္အ႐ြယ္ရွိ တ႐ုတ္အမ်ိဳးသမီးက "အမ်ိဳးသားေတြဟာ သူတို႔ရဲ႕မိန္းကေလးျဖစ္လာမယ့္သူဟာ ဆြဲေဆာင္မႈ ရွိ/မရွိဆိုတာကို ပထမဆုံးအဓိကထားၾကည့္ၾကတယ္။ ၿပီးေတာ့ အမ်ိဳးသားေတြဟာ အမ်ိဳးသမီးနဲ႔ ပုဂၢိဳလ္ေရးဆိုင္ရာနားလည္မႈ၊ မိသားစုေနာက္ေၾကာင္းကိစၥေတြကို နားလည္ဖို႔ လုပ္ေဆာင္ၾကတယ္။ အမ်ိဳးသမီး ေတြက်ေတာ့ သူတို႔ရဲ႕ခ်စ္သူျဖစ္လာမယ့္ အမ်ိဳးသားရဲ႕႐ိုးသားမႈကို အဓိကထားၾကည့္တယ္။ အမ်ိဳးသမီးေတြဟာ ႀကိဳးစားအားထုတ္မႈေတြနဲ႔ ႐ိုးသားမႈရွိတဲ့အမ်ိဳးသားမ်ိဳးကို ေမွ်ာ္လင့္ၾကတယ္" လို႔ ေျပာပါတယ္။
ဒါ့အျပင္ ေပက်င္းၿမိဳ႕ရွိ မီဒီယာလုပ္ငန္းအမႈေဆာင္ဒါ႐ိုက္တာတစ္ဦးျဖစ္တဲ့ Liu Shutong ကေတာ့ " ကြၽန္မမွာ တြဲေနတဲ့ ေကာင္ေလးရွိပါတယ္။ ဒါေပမယ့္ အဲဒီေကာင္ေလးနဲ႔ အနာဂတ္မွာ တရားဝင္လက္ထပ္မႈ ရွိ/မရွိ ဆိုတာကို အတိအက်ေျပာလို႔ မရဘူး။ လက္ရွိအခ်ိန္မွာ တ႐ုတ္ႏိုင္ငံအတြင္းရွိ လူငယ္ေတြဟာ လက္ရွိေပ်ာ္႐ႊင္မႈကို ဦးစားေပး ၾကတယ္။ လြတ္လြတ္လပ္လပ္ ေပ်ာ္ေပ်ာ္႐ြင္႐ြင္ပဲေနလိုၾကတယ္။ ကြၽန္မဆိုရင္ အသက္ ၂၄ႏွစ္အ႐ြယ္ရွိေနေပမယ့္ လက္ထပ္ သင့္/မသင့္ ဆိုတာကို သိပ္မစဥ္းစားေသးဘူး။ ေပ်ာ္႐ႊင္စြာနဲ႔ ေနထိုင္လိုတယ္" လို႔ ေျပာပါတယ္။ တ႐ုတ္ႏိုင္ငံရွိ လူငယ္အမ်ားစုဟာ ေပ်ာ္႐ြင္မႈမ်ားအတြက္ အျခားေ႐ြးခ်ယ္စရာေတြ ရွိေနဆဲျဖစ္တဲ့အတြက္ အိမ္ေထာင္ျပဳဖို႔ ႏွစ္သက္လိုလားျခင္းမ်ား မရွိေၾကာင္း သိရပါတယ္။
တ႐ုတ္ႏိုင္ငံမွာ ၿပီးခဲ့တဲ့ဆယ္စုႏွစ္အတြင္း အိမ္ေထာင္ျပဳတဲ့လူငယ္အေရအတြက္ ထက္ဝက္နီးပါး က်ဆင္းခဲ့ၿပီး ၿပီးခဲ့တဲ့ႏွစ္အတြင္း တ႐ုတ္လူငယ္ေတြၾကား အိမ္ေထာင္ျပဳခဲ့သူ ၆ ဒသမ ၈၃ သန္းသာ ရွိခဲ့ေၾကာင္း သိရပါတယ္။
အဆိုပါအေရအတြက္ဟာ ၁၉၈၆ ခုႏွစ္ေနာက္ပိုင္း တ႐ုတ္ႏိုင္ငံမွာ အိမ္ေထာင္ျပဳသူအေရအတြက္ အနည္းဆုံးျဖစ္ခဲ့ပါတယ္။