လူမြင်ကွင်းမှာ ပျောက်ဆုံးလျက်ရှိနေတဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး အကျင့်ပျက်လာဘ်စားမှုများအတွက် စစ်ဆေးခံနေရ

 868

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၇

တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်ဖူဟာ အကျင့်ပျက်လာဘ်စားမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးခံနေရတဲ့အတွက် လူမြင်ကွင်းမှာ ကာလအတန်ကြာပျောက်ဆုံးနေကြောင်း သိရပါတယ်။

တရုတ်သမ္မတရှီကျင့်ဖျင့်ဟာ နိုင်ငံစစ်ဘက်နဲ့ အစိုးရအဖွဲ့စည်းများအတွင်း အကျင့်ပျက်လာဘ်စားမှုများရှိနေခြင်းကို ဖြိုခွင်းနိုင်ဖို့ ကြိုပမ်းလျက်ရှိနေရာ လီရှန်ဖူဟာ ကာကွယ်ရေးဝန်ကြီးအသစ်အဖြစ်ခန့် အပ်ခံရပြီးနောက် လအနည်းငယ်အကြာမှာ စုံစမ်းစစ်ဆေးခံနေရတာဖြစ်ပါတယ်။

တရုတ်အာကာသ နဲ့ ဆိုင်ဘာအဖွဲ့အပြင် တရုတ်စစ်လက်နက်ပစ္စည်းဝယ်ယူရေးဌာန အကြီးအကဲအဖြစ် တာဝန်ယူ ခဲ့ဖူးတဲ့ လီရှန်ဖူဟာမတ်လမှာ တရုတ်ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသူဖြစ်ကြောင်း သိရပါတယ်။

ဝန်ကြီးလီရှန်ဖူဟာ ပြီးခဲ့တဲ့လကတည်းက လူမြင်ကွင်းက ပျောက်ဆုံးနေခဲ့ပြီး အဓိကအရေးကြီးတဲ့ အစည်းအဝေး တွေကိုလည်း ကိုယ်တိုင်တက်ရောက်တာမျိုး မရှိကြောင်း သိရပါတယ်။ လီရှန်ဖူဟာ တရုတ်စစ်လက်နက်ပစ္စည်း ဝယ်ယူရေးဌာနအကြီးအကဲအဖြစ် တာဝန်ယူချိန်အတွင်း အကျင့်ပျက်လာဘ်စားမှုတွေရှိခဲ့ခြင်း ရှိ/မရှိ ဆိုတဲ့အချက်နဲ့ပတ်သက်ပြီး စစ်ဆေးခံနေရတာဖြစ်ကြောင်း သိရပါတယ်။

တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကတော့ ဝန်ကြီးလီရှန်ဖူနဲ့ပတ်သက်ပြီး တစ်စုံတရာ မှတ်ချက်ပြု ပြောဆိုခြင်းမျိုး မရှိကြောင်း သိရပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးအဖြစ်တာဝန်ယူခဲ့ဖူးသူ ကျင်ဂန်းဟာလည်း လူမြင်ကွင်း ကနေ ကာလအတန်ကြာပျောက်ဆုံးနေခဲ့ပြီးနောက် မကြာမီ ရာထူးက ဖြုတ်ချခံခဲ့ရကြောင်း သိရပါတယ်။

လီရှန်ဖူဟာ တရုတ်နိုင်ငံတော်ကောင်စီဝင် ငါးဦးထဲ ပါဝင်နေပြီး အခြားဝန်ကြီးတွေထဲ ရာထူးအဆင့်ပိုမြင့်သူဖြစ်ကြောင်း သိရပါတယ်။

Zawgyi Version;
လူျမင္ကြင္းမွာ ေပ်ာက္ဆုံးလ်က္ရွိေနတဲ့ တ႐ုတ္ကာကြယ္ေရးဝန္ႀကီး အက်င့္ပ်က္လာဘ္စားမႈမ်ားအတြက္ စစ္ေဆးခံေနရ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၇

တ႐ုတ္ကာကြယ္ေရးဝန္ႀကီး လီရွန္ဖူဟာ အက်င့္ပ်က္လာဘ္စားမႈနဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးခံေနရတဲ့အတြက္ လူျမင္ကြင္းမွာ ကာလအတန္ၾကာေပ်ာက္ဆုံးေနေၾကာင္း သိရပါတယ္။

တ႐ုတ္သမၼတရွီက်င့္ဖ်င့္ဟာ ႏိုင္ငံစစ္ဘက္နဲ႔ အစိုးရအဖြဲ႕စည္းမ်ားအတြင္း အက်င့္ပ်က္လာဘ္စားမႈမ်ားရွိေနျခင္းကို ၿဖိဳခြင္းႏိုင္ဖို႔ ႀကိဳပမ္းလ်က္ရွိေနရာ လီရွန္ဖူဟာ ကာကြယ္ေရးဝန္ႀကီးအသစ္အျဖစ္ခန႔္ အပ္ခံရၿပီးေနာက္ လအနည္းငယ္အၾကာမွာ စုံစမ္းစစ္ေဆးခံေနရတာျဖစ္ပါတယ္။

တ႐ုတ္အာကာသ နဲ႔ ဆိုင္ဘာအဖြဲ႕အျပင္ တ႐ုတ္စစ္လက္နက္ပစၥည္းဝယ္ယူေရးဌာန အႀကီးအကဲအျဖစ္ တာဝန္ယူ ခဲ့ဖူးတဲ့ လီရွန္ဖူဟာမတ္လမွာ တ႐ုတ္ကာကြယ္ေရးဝန္ႀကီးအျဖစ္ ခန႔္အပ္ခံရသူျဖစ္ေၾကာင္း သိရပါတယ္။

ဝန္ႀကီးလီရွန္ဖူဟာ ၿပီးခဲ့တဲ့လကတည္းက လူျမင္ကြင္းက ေပ်ာက္ဆုံးေနခဲ့ၿပီး အဓိကအေရးႀကီးတဲ့ အစည္းအေဝး ေတြကိုလည္း ကိုယ္တိုင္တက္ေရာက္တာမ်ိဳး မရွိေၾကာင္း သိရပါတယ္။ လီရွန္ဖူဟာ တ႐ုတ္စစ္လက္နက္ပစၥည္း ဝယ္ယူေရးဌာနအႀကီးအကဲအျဖစ္ တာဝန္ယူခ်ိန္အတြင္း အက်င့္ပ်က္လာဘ္စားမႈေတြရွိခဲ့ျခင္း ရွိ/မရွိ ဆိုတဲ့အခ်က္နဲ႔ပတ္သက္ၿပီး စစ္ေဆးခံေနရတာျဖစ္ေၾကာင္း သိရပါတယ္။

တ႐ုတ္ကာကြယ္ေရးဝန္ႀကီးဌာနကေတာ့ ဝန္ႀကီးလီရွန္ဖူနဲ႔ပတ္သက္ၿပီး တစ္စုံတရာ မွတ္ခ်က္ျပဳ ေျပာဆိုျခင္းမ်ိဳး မရွိေၾကာင္း သိရပါတယ္။ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္တာဝန္ယူခဲ့ဖူးသူ က်င္ဂန္းဟာလည္း လူျမင္ကြင္း ကေန ကာလအတန္ၾကာေပ်ာက္ဆုံးေနခဲ့ၿပီးေနာက္ မၾကာမီ ရာထူးက ျဖဳတ္ခ်ခံခဲ့ရေၾကာင္း သိရပါတယ္။

လီရွန္ဖူဟာ တ႐ုတ္ႏိုင္ငံေတာ္ေကာင္စီဝင္ ငါးဦးထဲ ပါဝင္ေနၿပီး အျခားဝန္ႀကီးေတြထဲ ရာထူးအဆင့္ပိုျမင့္သူျဖစ္ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.