လက်ရှိ နစကလက်ထက်၌ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်ဦးရေ(၅၀၀)နီးပါးရှိ

731
မြူနစ် (NP News) - စက်တင်ဘာ ၁၇
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် နစကအစိုးရလက်ထက်၌ ပစ်ခတ်တိုက်ခံရမှုကြောင့် သေဆုံးခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်ဦးရေ(၅၀၀)နီးပါးရှိကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှစ၍ ၂၀၂၃ ခုနှစ် ဇူလိုင်လကုန်ပိုင်းအထိ ပစ်ခတ်တိုက် ခိုက်ခံရမှုကြောင့် သေဆုံးခဲ့သည့် ရဲတပ်ဖွဲ့ဝင်ဦးရေသည် (၄၄၅)ဦးရှိကြောင်း နစက၏ သတင်းအချက်အလက်များအရ သိရသည်။
နိုင်ငံတော်တာဝန်ကို ရယူခဲ့သည့် နစကအစိုးရလက်ထက် (၂)နှစ်တာကာလအတွင်း၌ PDF အပါအဝင် လက်နက်ကိုင်အဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်ဦးရေသည် (၄၀၀)ကျော်ရှိခဲ့ကြောင်း သိရသည်။
နစကအစိုးရ၏ (၂)နှစ်တာကာလအပြီး နောက်ထပ်(၆)လသက်တမ်းအတွင်း၌ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ထပ်မံသေဆုံးခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်ဦးရေသည် (၅၀)နီးပါးရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် နစကအစိုးရလက်ထက် (၂)နှစ်ခွဲကာလအတွင်း၌ ရဲတပ်ဖွဲ့ဝင်(၅၀၀)နီးပါး သေဆုံးခဲ့ကြောင်းသိရပြီး ပစ်ခတ်တိုက်ခိုက်ခံရမှုဖြစ်စဉ်အများအပြားသည် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်း နှင့် မန္တလေးတိုင်းတို့တွင် အများဆုံးဖြစ်ပွားခဲ့ကြောင်း နစက၏ သတင်းအချက်အလက်များတွင် ဖော်ပြထားသည်။
ထို့ပြင် PDF အပါအဝင် လက်နက်ကိုင်အဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်ဦးရေသည်လည်း အများအပြားရှိခဲ့ကြောင်း သိရသည်။
အလားတူ ယခုရက်ပိုင်း၌ စစ်ကိုင်းတိုင်းအတွင်း ဒုရဲအုပ်နှင့် ၎င်း၏မိသားစုသည် PDF အဖွဲ့၏ သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်၌ ယမန်နေ့(စက်တင်ဘာလ ၁၆ ရက်)တွင် PDF အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်(၂)ဦး ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

zawgyi version
လက္ရွိ နစကလက္ထက္၌ ပစ္ခတ္တိုက္ခိုက္ခံရမႈေၾကာင့္ ေသဆုံးခဲ့ရသည့္ ရဲတပ္ဖြဲ႕ဝင္ဦးေရ(၅၀၀)နီးပါးရွိ
ျမဴနစ္ (NP News) - စက္တင္ဘာ ၁၇
ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ဦးေဆာင္သည့္ နစကအစိုးရလက္ထက္၌ ပစ္ခတ္တိုက္ခံရမႈေၾကာင့္ ေသဆုံးခဲ့ရသည့္ ရဲတပ္ဖြဲ႕ဝင္ဦးေရ(၅၀၀)နီးပါးရွိေၾကာင္း သိရသည္။
၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္မွစ၍ ၂၀၂၃ ခုႏွစ္ ဇူလိုင္လကုန္ပိုင္းအထိ ပစ္ခတ္တိုက္ ခိုက္ခံရမႈေၾကာင့္ ေသဆုံးခဲ့သည့္ ရဲတပ္ဖြဲ႕ဝင္ဦးေရသည္ (၄၄၅)ဦးရွိေၾကာင္း နစက၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။
ႏိုင္ငံေတာ္တာဝန္ကို ရယူခဲ့သည့္ နစကအစိုးရလက္ထက္ (၂)ႏွစ္တာကာလအတြင္း၌ PDF အပါအဝင္ လက္နက္ကိုင္အဖြဲ႕မ်ား၏ ပစ္ခတ္တိုက္ခိုက္ခံရမႈေၾကာင့္ ေသဆုံးခဲ့ရသည့္ ရဲတပ္ဖြဲ႕ဝင္ဦးေရသည္ (၄၀၀)ေက်ာ္ရွိခဲ့ေၾကာင္း သိရသည္။
နစကအစိုးရ၏ (၂)ႏွစ္တာကာလအၿပီး ေနာက္ထပ္(၆)လသက္တမ္းအတြင္း၌ ပစ္ခတ္တိုက္ခိုက္ခံရမႈေၾကာင့္ ထပ္မံေသဆုံးခဲ့ရသည့္ ရဲတပ္ဖြဲ႕ဝင္ဦးေရသည္ (၅၀)နီးပါးရွိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ နစကအစိုးရလက္ထက္ (၂)ႏွစ္ခြဲကာလအတြင္း၌ ရဲတပ္ဖြဲ႕ဝင္(၅၀၀)နီးပါး ေသဆုံးခဲ့ေၾကာင္းသိရၿပီး ပစ္ခတ္တိုက္ခိုက္ခံရမႈျဖစ္စဥ္အမ်ားအျပားသည္ စစ္ကိုင္းတိုင္း၊ ခ်င္းျပည္နယ္၊ မေကြးတိုင္း ႏွင့္ မႏၲေလးတိုင္းတို႔တြင္ အမ်ားဆုံးျဖစ္ပြားခဲ့ေၾကာင္း နစက၏ သတင္းအခ်က္အလက္မ်ားတြင္ ေဖာ္ျပထားသည္။
ထို႔ျပင္ PDF အပါအဝင္ လက္နက္ကိုင္အဖြဲ႕မ်ား၏ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ ထိခိုက္ဒဏ္ရာရရွိခဲ့ရသည့္ ရဲတပ္ဖြဲ႕ဝင္ဦးေရသည္လည္း အမ်ားအျပားရွိခဲ့ေၾကာင္း သိရသည္။
အလားတူ ယခုရက္ပိုင္း၌ စစ္ကိုင္းတိုင္းအတြင္း ဒုရဲအုပ္ႏွင့္ ၎၏မိသားစုသည္ PDF အဖြဲ႕၏ ေသနတ္ျဖင့္ပစ္ခတ္လုပ္ႀကံသတ္ျဖတ္ျခင္းကို ခံခဲ့ရသည္။
ထို႔ျပင္ စစ္ကိုင္းတိုင္း၊ ဘုတလင္ၿမိဳ႕ေပၚ၌ ယမန္ေန႔(စက္တင္ဘာလ ၁၆ ရက္)တြင္ PDF အဖြဲ႕၏ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ ရဲတပ္ဖြဲ႕ဝင္(၂)ဦး ထိခိုက္ေသဆုံးခဲ့ေၾကာင္း သိရသည္။