လစ်ဘရယ်အတွေးအခေါ်တွေ ပိုမိုပျံ့နှံ့စေဖို့ လက်ဝဲအဖွဲ့အစည်းများကို ကမ္ဘာကျော်ဘီလျံနာဂျော့ဆိုးရောစ့် ငွေကြေးများ ကူညီထောက်ပံ့ပေးနေ

 1163

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၇

ကမ္ဘာကျော်ဘီလျံနာတစ်ဦးဖြစ်တဲ့ ဂျော့ဆိုးရော့စ်ဟာ လစ်ဘရယ်အယူအဆ အတွေးအခေါ်များ ပိုမိုပျံ့နှံ့စေဖို့ တွန်းအားပေးမှုအဖြစ် လက်ဝဲ အုပ်စုများ ဖန်တီးထားတဲ့ TikTok အဖွဲ့တစ်ဖွဲ့ကို ပြီးခဲ့တဲ့နှစ်က အမေရိကန်ဒေါ်လာ ၃ သိန်းကျော် ကူညီထောက်ပံ့ပေးခဲ့ကြောင်း နယူးယောက်ပိုစ့်သတင်းဌာနက ဖော်ပြထားပါတယ်။

ဂျော့ဆိုးရော့စ်ဟာ ၂ဝ၂ဝ ပြည့်နှစ် နဲ့ ၂ဝ၂၁ ခုနှစ်မှာ Accelerate Action Inc. ကို အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ သန်း ကူညီထောက်ပံ့ပေးခဲ့ပြီး Accelerate Action Inc. အဖွဲ့က ၂ဝ၂၂ ခုနှစ်မှာ လက်ဝဲအုပ်စုများ ဖန်တီးထားတဲ့ TikTok အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Gen Z for Change ကို အမေရိကန်ဒေါ်လာ ၃ သိန်းကျော် ထပ်မံကူညီပေးခဲ့ကြောင်း၊ အဆိုပါအဖွဲ့ဟာ အမေရိကန်အစိုးရရဲ့ထိန်းချုပ် ညွှန်ကြားမှုအောက်မှာရှိနေတဲ့ အဖွဲ့အစည်းဖြစ်ကြောင်း အမေရိကန်သတင်းဌာန က ဖော်ပြထားပါတယ်။

Gen Z for Change အဖွဲ့ဟာ လက်ဝဲအယူဆရှိတဲ့တက်ကြွလှုပ်ရှားသူများ၊ ဖန်တီးသူများနဲ့ organizers များ ပါဝင်နေပြီး အဖွဲ့ဝင်ဦးရေ အနည်းဆုံး ၅ဝဝ ကျော် ရှိနေကြောင်း သိရပါတယ်။ အဆိုပါအဖွဲ့ဟာ ကိုယ်ဝန်ဖျက်ချ ခြင်း၊ လက်နက်ထိန်းချုပ်ရေး၊ လွတ်လပ်စွာရွှေ့ပြောင်းသွားလာခွင့်၊ စတဲ့ ကိစ္စတွေကို အဓိကထားကာ လှုံဆော်နေ တဲ့အဖွဲ့အစည်းဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ပြိုင်ဘက်ပါတီဖြစ်တဲ့ ရီပတ်ဘလီကန်ပါတီဝင်များအပြင် သူရဲ့မက်ဆေ့များ ပိုမိုကျယ်ပြန့်စေဖို့ ရည်ရွယ်ချက်နဲ့ Gen Z for Change အဖွဲ့ကို ဖွဲ့စည်းခန့်အပ်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။

အမေရိကန်အစိုးရဟာ Gen Z for Change အဖွဲ့ဝင်များကို အိမ်ဖြူတော်ကို ဖိတ်ခေါ်ခြင်းများလည်း ရှိခဲ့ရာ အဆိုပါအဖွဲ့နဲ့ အမေရိကန်အစိုးရကြား ဆက်ဆံရေးဟာ မီဒီယာတွေကြား လူပိုမိုစိတ်ဝင်စားလာခဲ့ကြောင်း သိရပါတယ်။ ဂျော့ဆိုးရော့စ်ဟာ ပြီးခဲ့တဲ့နှစ်အတွင်း ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ်လောင်းများ နဲ့ လစ်ဘရယ်အဖွဲ့အစည်းများ၊ လက်ဝဲအယူအဆ အားသန်တဲ့အဖွဲ့အစည်းတွေကို အမေရိကန်ဒေါ်လာ ၁၂၈ သန်း ကူညီထောက်ပံ့ပေးခဲ့ဖူးကြောင်း သိရပါတယ်။

ဂျော့ဆိုးရောစ့်ဟာ ပြီးခဲ့တဲ့နှစ်မှာ ၎င်းတည်ထောင်ထားတဲ့ Open Society Foundations ကို သားဖြစ်သူ အဲလက်စ်ဆိုးရောစ့်ထံ လွှဲပြောင်းပေးခဲ့ဖူးကြောင်း သိရပါတယ်။

Zawgyi Version;
လစ္ဘရယ္အေတြးအေခၚေတြ ပိုမိုပ်ံ႕ႏွံ႔ေစဖို႔ လက္ဝဲအဖြဲ႕အစည္းမ်ားကို ကမာၻေက်ာ္ဘီလ်ံနာေဂ်ာ့ဆိုးေရာစ့္ ေငြေၾကးမ်ား ကူညီေထာက္ပံ့ေပးေန
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၇

ကမာၻေက်ာ္ဘီလ်ံနာတစ္ဦးျဖစ္တဲ့ ေဂ်ာ့ဆိုးေရာ့စ္ဟာ လစ္ဘရယ္အယူအဆ အေတြးအေခၚမ်ား ပိုမိုပ်ံ႕ႏွံ႔ေစဖို႔ တြန္းအားေပးမႈအျဖစ္ လက္ဝဲ အုပ္စုမ်ား ဖန္တီးထားတဲ့ TikTok အဖြဲ႕တစ္ဖြဲ႕ကို ၿပီးခဲ့တဲ့ႏွစ္က အေမရိကန္ေဒၚလာ ၃ သိန္းေက်ာ္ ကူညီေထာက္ပံ့ေပးခဲ့ေၾကာင္း နယူးေယာက္ပိုစ့္သတင္းဌာနက ေဖာ္ျပထားပါတယ္။

ေဂ်ာ့ဆိုးေရာ့စ္ဟာ ၂ဝ၂ဝ ျပည့္ႏွစ္ နဲ႔ ၂ဝ၂၁ ခုႏွစ္မွာ Accelerate Action Inc. ကို အေမရိကန္ေဒၚလာ ၅ ဒသမ ၅ သန္း ကူညီေထာက္ပံ့ေပးခဲ့ၿပီး Accelerate Action Inc. အဖြဲ႕က ၂ဝ၂၂ ခုႏွစ္မွာ လက္ဝဲအုပ္စုမ်ား ဖန္တီးထားတဲ့ TikTok အဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ Gen Z for Change ကို အေမရိကန္ေဒၚလာ ၃ သိန္းေက်ာ္ ထပ္မံကူညီေပးခဲ့ေၾကာင္း၊ အဆိုပါအဖြဲ႕ဟာ အေမရိကန္အစိုးရရဲ႕ထိန္းခ်ဳပ္ ၫႊန္ၾကားမႈေအာက္မွာရွိေနတဲ့ အဖြဲ႕အစည္းျဖစ္ေၾကာင္း အေမရိကန္သတင္းဌာန က ေဖာ္ျပထားပါတယ္။

Gen Z for Change အဖြဲ႕ဟာ လက္ဝဲအယူဆရွိတဲ့တက္ႂကြလႈပ္ရွားသူမ်ား၊ ဖန္တီးသူမ်ားနဲ႔ organizers မ်ား ပါဝင္ေနၿပီး အဖြဲ႕ဝင္ဦးေရ အနည္းဆုံး ၅ဝဝ ေက်ာ္ ရွိေနေၾကာင္း သိရပါတယ္။ အဆိုပါအဖြဲ႕ဟာ ကိုယ္ဝန္ဖ်က္ခ် ျခင္း၊ လက္နက္ထိန္းခ်ဳပ္ေရး၊ လြတ္လပ္စြာေ႐ႊ႕ေျပာင္းသြားလာခြင့္၊ စတဲ့ ကိစၥေတြကို အဓိကထားကာ လႈံေဆာ္ေန တဲ့အဖြဲ႕အစည္းျဖစ္ပါတယ္။

အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ဟာ ၿပိဳင္ဘက္ပါတီျဖစ္တဲ့ ရီပတ္ဘလီကန္ပါတီဝင္မ်ားအျပင္ သူရဲ႕မက္ေဆ့မ်ား ပိုမိုက်ယ္ျပန႔္ေစဖို႔ ရည္႐ြယ္ခ်က္နဲ႔ Gen Z for Change အဖြဲ႕ကို ဖြဲ႕စည္းခန႔္အပ္ထားျခင္းျဖစ္ေၾကာင္း သိရပါတယ္။

အေမရိကန္အစိုးရဟာ Gen Z for Change အဖြဲ႕ဝင္မ်ားကို အိမ္ျဖဴေတာ္ကို ဖိတ္ေခၚျခင္းမ်ားလည္း ရွိခဲ့ရာ အဆိုပါအဖြဲ႕နဲ႔ အေမရိကန္အစိုးရၾကား ဆက္ဆံေရးဟာ မီဒီယာေတြၾကား လူပိုမိုစိတ္ဝင္စားလာခဲ့ေၾကာင္း သိရပါတယ္။ ေဂ်ာ့ဆိုးေရာ့စ္ဟာ ၿပီးခဲ့တဲ့ႏွစ္အတြင္း ဒီမိုကရက္တစ္ပါတီကိုယ္စားလွယ္ေလာင္းမ်ား နဲ႔ လစ္ဘရယ္အဖြဲ႕အစည္းမ်ား၊ လက္ဝဲအယူအဆ အားသန္တဲ့အဖြဲ႕အစည္းေတြကို အေမရိကန္ေဒၚလာ ၁၂၈ သန္း ကူညီေထာက္ပံ့ေပးခဲ့ဖူးေၾကာင္း သိရပါတယ္။

ေဂ်ာ့ဆိုးေရာစ့္ဟာ ၿပီးခဲ့တဲ့ႏွစ္မွာ ၎တည္ေထာင္ထားတဲ့ Open Society Foundations ကို သားျဖစ္သူ အဲလက္စ္ဆိုးေရာစ့္ထံ လႊဲေျပာင္းေပးခဲ့ဖူးေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.