လက်နက်ကိုင်အဖွဲ့၏ခွင့်ပြုချက်ဖြင့် ရွှေကူမြို့၌ တရားမဝင်ရွှေတူးဖော်နေ‌မှုများကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အစီအမံဖြင့် စတင်ရှင်းလင်းနေဟု နစကအသိပေး

 2074

ယွန်း (NP News) - စက်တင်ဘာ ၁၈

KIA၊ PDF တို့က လုပ်ကိုင်ခွင့်ပြုထားခြင်းကြောင့် ရွှေကူမြို့၌ တရားမဝင်ရွှေတူးဖော်နေသည့် ဖောင်များ၊ လှေများကို စတင်ရှင်းလင်းနေကြောင်း ယနေ့(စက်တင်ဘာလ ၁၈ ရက်)တွင် နစကမှ မီဒီယာများကို အသိပေးထုတ်ပြန်ထားသည်။

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၊ ဧရာဝတီမြစ်အတွင်း၌ တရားမဝင်ရွှေတူးဖော်လျက်ရှိသည့် ရွှေဖောင်များ၊ စက်များ၊ လှေများကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အစီအမံဖြင့် ပေါင်းစပ်ညှိနှိုင်းကာ စတင်ရှင်းလင်းမှုများ ဆောင် ရွက်နေကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်းရှိ တရားမဝင်သတ္တုတူးဖော်မှု နှင့် ရွှေကျင်မှုများကို ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ရှင်းလင်း‌ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့က ပြီးခဲ့သည့် စက်တင်ဘာလ(၁၆)ရက်က ထုတ်ပြန်ထားသည်။

ကချင်ပြည်နယ်၊ ဗန်းနော်မြို့နယ်နှင့် ရွှေကူမြို့နယ်တို့တွင် မြစ်အတွင်း တရားမဝင်ရွှေကျင်မှုများရှိနေပြီး အဆိုပါလုပ်ငန်းများဆောင်ရွက်နေသည့် စက်လှေ၊ စက်များ၊ ဖောင်များကို ဖမ်းဆီးခြင်း၊ ဖျက်ဆီးခြင်းဖြင့် အရေးယူမှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သို့သော် ဒေသတွင်းရှိ KIA၊ PDF များက ဆက်ကြေးကောက်ယူ၍ လုပ်ငန်းလုပ်ကိုင်ခွင့်များကို ခွင့်ပြုထားခြင်းများရှိနေကြောင်း သိရသည်။

zawgyi version
လက္နက္ကိုင္အဖြဲ႕၏ခြင့္ျပဳခ်က္ျဖင့္ ေ႐ႊကူၿမိဳ႕၌ တရားမဝင္ေ႐ႊတူးေဖာ္ေန‌မႈမ်ားကို ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၏ အစီအမံျဖင့္ စတင္ရွင္းလင္းေနဟု နစကအသိေပး
ယြန္း (NP News) - စက္တင္ဘာ ၁၈

KIA၊ PDF တို႔က လုပ္ကိုင္ခြင့္ျပဳထားျခင္းေၾကာင့္ ေ႐ႊကူၿမိဳ႕၌ တရားမဝင္ေ႐ႊတူးေဖာ္ေနသည့္ ေဖာင္မ်ား၊ ေလွမ်ားကို စတင္ရွင္းလင္းေနေၾကာင္း ယေန႔(စက္တင္ဘာလ ၁၈ ရက္)တြင္ နစကမွ မီဒီယာမ်ားကို အသိေပးထုတ္ျပန္ထားသည္။

ကခ်င္ျပည္နယ္၊ ဗန္းေမာ္ခ႐ိုင္၊ ေ႐ႊကူၿမိဳ႕၊ ဧရာဝတီျမစ္အတြင္း၌ တရားမဝင္ေ႐ႊတူးေဖာ္လ်က္ရွိသည့္ ေ႐ႊေဖာင္မ်ား၊ စက္မ်ား၊ ေလွမ်ားကို ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၏ အစီအမံျဖင့္ ေပါင္းစပ္ညႇိႏႈိင္းကာ စတင္ရွင္းလင္းမႈမ်ား ေဆာင္ ႐ြက္ေနေၾကာင္း သိရသည္။

ကခ်င္ျပည္နယ္အတြင္းရွိ တရားမဝင္သတၱဳတူးေဖာ္မႈ ႏွင့္ ေ႐ႊက်င္မႈမ်ားကို ဌာနဆိုင္ရာမ်ားႏွင့္ပူးေပါင္း၍ ရွင္းလင္း‌ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ကခ်င္ျပည္နယ္အစိုးရအဖြဲ႕က ၿပီးခဲ့သည့္ စက္တင္ဘာလ(၁၆)ရက္က ထုတ္ျပန္ထားသည္။

ကခ်င္ျပည္နယ္၊ ဗန္းေနာ္ၿမိဳ႕နယ္ႏွင့္ ေ႐ႊကူၿမိဳ႕နယ္တို႔တြင္ ျမစ္အတြင္း တရားမဝင္ေ႐ႊက်င္မႈမ်ားရွိေနၿပီး အဆိုပါလုပ္ငန္းမ်ားေဆာင္႐ြက္ေနသည့္ စက္ေလွ၊ စက္မ်ား၊ ေဖာင္မ်ားကို ဖမ္းဆီးျခင္း၊ ဖ်က္ဆီးျခင္းျဖင့္ အေရးယူမႈမ်ားကို ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

သို႔ေသာ္ ေဒသတြင္းရွိ KIA၊ PDF မ်ားက ဆက္ေၾကးေကာက္ယူ၍ လုပ္ငန္းလုပ္ကိုင္ခြင့္မ်ားကို ခြင့္ျပဳထားျခင္းမ်ားရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.