အသက်အရွယ်ကို ပစ်မှတ်ထားဝေဖန်တိုက်ခိုက်ခံနေရပေမယ့် သမ္မတအဖြစ် ဆက်လက်ယှဉ်ပြိုင်မှာဖြစ်ကြောင်း ဂျိုးဘိုင်ဒန် ထုတ်ဖော်ပြောဆို

310

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၉
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ၎င်းအနေနဲ့ လက်ရှိအချိန်မှာ သူရဲ့အသက်အရွယ်ကို ပစ်မှတ်ထား ဝေဖန်မှုများ ရှိနေတာကို နားလည်ကြောင်း၊ ဒါပေမယ့် သမ္မတဟောင်းဒေါ်နယ်ထရမ့်ဟာ အမေရိကန်ဒီမိုကရေစီစနစ်ကို ဖျက်ဆီးဖို့ လိုလားနေတဲ့အတွက် လာမယ့် သမ္မတရွေးကောက်ပွဲမှာ သမ္မတအဖြစ် ပြန်လည်ယှဉ်ပြိုင်မှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဂျိုးဘိုင်ဒန်က လက်ရှိအချိန်မှာ အသက် ၈ဝ ကျော်အရွယ်ရှိနေပြီး သူရဲ့အတွေ့အကြုံများက ကိုဗစ် ၁၉ နဲ့ ယူကရိန်းစစ်ပွဲကိစ္စများကို ဖြေရှင်းနိုင်ဖို့ အကူညီဖြစ်စေနိုင်ကြောင်း ဆိုပါတယ်။
ဒါပေမယ့် ဂျိုးဘိုင်ဒန်ဟာ အသက် ၈ဝ ကျော်အရွယ်ရှိနေပြီဖြစ်တဲ့အတွက် သူရဲ့ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေများကို သံသယဖြစ်မှုများမြင့်တက်နေကြောင်း သိရပါတယ်။
ဂျိုးဘိုင်ဒန်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က ဗီယက်နမ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာအဆီအလျော်မတည်တဲ့ စကားတွေပြောဆိုခဲ့ဖူးသလို ပြီးခဲ့တဲ့နှစ်ကလည်း စကားတွေကိုမှားယွင်းပြောဆိုခြင်းများ ရှိလာခဲ့ကြောင်း အတိုက်ခံအုပ်စုတွေက ပြောပါတယ်။
ဂျိုးဘိုင်ဒန်က "လူအများစုဟာ ကျွန်တော်ရဲ့အသက်အရွယ်ကြီးနေတာကို အာရုံစိုက်ဝေဖန်နေတယ်။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်။ ကျွန်တော်ဟာ အခြားသူတွေထက် ပိုမိုယုံကြည်မှုရှိပါတယ်။ ဒါကြောင့် လာမယ့် သမ္မတရွေးကောက်ပွဲကို ယှဉ်ပြိုင်သွားမှာပါ။ ဒေါ်နယ်ထရမ့် နဲ့ ရီပတ်ဘလီကန်တွေဟာ အမေရိကန်နိုင်ငံရဲ့ဒီမိုကရေစီကိုဖျက်ဆီးနေတာကြောင့် ကျွန်တော်လည်း သမ္မတရွေးကောက်ပွဲကို ဆက်လက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ထားတာပါ" လို့ ပြောပါတယ်။
ဒီမိုကရက်တစ်တွေအနေနဲ့ အာဏာရှင်များကို အလျော့ပေးမှာ မဟုတ်ကြောင်း၊ ဒေါ်နယ်ထရမ့်ဟာ ရုရှားသမ္မတပူတင်လိုမျိုး လုပ်ဆောင်လိုနေကြောင်း ၎င်းက ထပ်မံပြောဆိုခဲ့ပါတယ်။ဝါရှင်တန်ပိုစ့်သတင်းစာရဲ့ဆောင်းပါးရှင် David Ignatius က ဂျိုးဘိုင်ဒန်အနေနဲ့ သမ္မတရွေးကောက်ပွဲကို မယှဉ်ပြိုသင့်တော့ကြောင်း၊ ၎င်းအနေနဲ့ ဒေါ်နယ်ထရမ့်ကို အနိုင်ရဖို့ ကြီးမားတဲ့အောင်မြင်မှုတွေရဖို့ ထိခိုက်ဖွယ်ရှိနေကြောင်း သုံးသပ်ပြောဆိုခဲ့ပါတယ်။
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ဂျိုးဘိုင်ဒန်ဟာ အသက်အရွယ် အရမ်းမကြီးသေးကြောင်း၊ ဒါပေမယ့် ဂျိုးဘိုင်ဒန်ဟာ အရည်အချင်းပြည့်ဝသူမဟုတ်ကြောင်း ထပ်မံဝေဖန်ခဲ့ပါတယ်။

Zawgyi Version;
အသက္အ႐ြယ္ကို ပစ္မွတ္ထားေဝဖန္တိုက္ခိုက္ခံေနရေပမယ့္ သမၼတအျဖစ္ ဆက္လက္ယွဥ္ၿပိဳင္မွာျဖစ္ေၾကာင္း ဂ်ိဳးဘိုင္ဒန္ ထုတ္ေဖာ္ေျပာဆို
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၉
အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က ၎အေနနဲ႔ လက္ရွိအခ်ိန္မွာ သူရဲ႕အသက္အ႐ြယ္ကို ပစ္မွတ္ထား ေဝဖန္မႈမ်ား ရွိေနတာကို နားလည္ေၾကာင္း၊ ဒါေပမယ့္ သမၼတေဟာင္းေဒၚနယ္ထရမ့္ဟာ အေမရိကန္ဒီမိုကေရစီစနစ္ကို ဖ်က္ဆီးဖို႔ လိုလားေနတဲ့အတြက္ လာမယ့္ သမၼတေ႐ြးေကာက္ပြဲမွာ သမၼတအျဖစ္ ျပန္လည္ယွဥ္ၿပိဳင္မွာျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
ဂ်ိဳးဘိုင္ဒန္က လက္ရွိအခ်ိန္မွာ အသက္ ၈ဝ ေက်ာ္အ႐ြယ္ရွိေနၿပီး သူရဲ႕အေတြ႕အႀကဳံမ်ားက ကိုဗစ္ ၁၉ နဲ႔ ယူကရိန္းစစ္ပြဲကိစၥမ်ားကို ေျဖရွင္းႏိုင္ဖို႔ အကူညီျဖစ္ေစႏိုင္ေၾကာင္း ဆိုပါတယ္။
ဒါေပမယ့္ ဂ်ိဳးဘိုင္ဒန္ဟာ အသက္ ၈ဝ ေက်ာ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့အတြက္ သူရဲ႕႐ုပ္ပိုင္းဆိုင္ရာ နဲ႔ စိတ္ပိုင္းဆိုင္ရာက်န္းမာေရးအေျခအေနမ်ားကို သံသယျဖစ္မႈမ်ားျမင့္တက္ေနေၾကာင္း သိရပါတယ္။
ဂ်ိဳးဘိုင္ဒန္ဟာ ၿပီးခဲ့တဲ့သီတင္းပတ္က ဗီယက္နမ္ႏိုင္ငံမွာ ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာအဆီအေလ်ာ္မတည္တဲ့ စကားေတြေျပာဆိုခဲ့ဖူးသလို ၿပီးခဲ့တဲ့ႏွစ္ကလည္း စကားေတြကိုမွားယြင္းေျပာဆိုျခင္းမ်ား ရွိလာခဲ့ေၾကာင္း အတိုက္ခံအုပ္စုေတြက ေျပာပါတယ္။
ဂ်ိဳးဘိုင္ဒန္က "လူအမ်ားစုဟာ ကြၽန္ေတာ္ရဲ႕အသက္အ႐ြယ္ႀကီးေနတာကို အာ႐ုံစိုက္ေဝဖန္ေနတယ္။ ကြၽန္ေတာ္ကေတာ့ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈရွိတယ္။ ကြၽန္ေတာ္ဟာ အျခားသူေတြထက္ ပိုမိုယုံၾကည္မႈရွိပါတယ္။ ဒါေၾကာင့္ လာမယ့္ သမၼတေ႐ြးေကာက္ပြဲကို ယွဥ္ၿပိဳင္သြားမွာပါ။ ေဒၚနယ္ထရမ့္ နဲ႔ ရီပတ္ဘလီကန္ေတြဟာ အေမရိကန္ႏိုင္ငံရဲ႕ဒီမိုကေရစီကိုဖ်က္ဆီးေနတာေၾကာင့္ ကြၽန္ေတာ္လည္း သမၼတေ႐ြးေကာက္ပြဲကို ဆက္လက္ယွဥ္ၿပိဳင္ဖို႔ ဆုံးျဖတ္ထားတာပါ" လို႔ ေျပာပါတယ္။
ဒီမိုကရက္တစ္ေတြအေနနဲ႔ အာဏာရွင္မ်ားကို အေလ်ာ့ေပးမွာ မဟုတ္ေၾကာင္း၊ ေဒၚနယ္ထရမ့္ဟာ ႐ုရွားသမၼတပူတင္လိုမ်ိဳး လုပ္ေဆာင္လိုေနေၾကာင္း ၎က ထပ္မံေျပာဆိုခဲ့ပါတယ္။ဝါရွင္တန္ပိုစ့္သတင္းစာရဲ႕ေဆာင္းပါးရွင္ David Ignatius က ဂ်ိဳးဘိုင္ဒန္အေနနဲ႔ သမၼတေ႐ြးေကာက္ပြဲကို မယွဥ္ၿပိဳသင့္ေတာ့ေၾကာင္း၊ ၎အေနနဲ႔ ေဒၚနယ္ထရမ့္ကို အႏိုင္ရဖို႔ ႀကီးမားတဲ့ေအာင္ျမင္မႈေတြရဖို႔ ထိခိုက္ဖြယ္ရွိေနေၾကာင္း သုံးသပ္ေျပာဆိုခဲ့ပါတယ္။
အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္က ဂ်ိဳးဘိုင္ဒန္ဟာ အသက္အ႐ြယ္ အရမ္းမႀကီးေသးေၾကာင္း၊ ဒါေပမယ့္ ဂ်ိဳးဘိုင္ဒန္ဟာ အရည္အခ်င္းျပည့္ဝသူမဟုတ္ေၾကာင္း ထပ္မံေဝဖန္ခဲ့ပါတယ္။