အနောက်အုပ်စုနိုင်ငံများကို ယုံကြည်သလောက် ရုရှားကို ယုံကြည်ကြောင်း တူရကီသမ္မတ ထုတ်ဖော်ပြော

 798

Pika (NP News) - စက်တင်ဘာ ၁၉

တူရကီသမ္မတအာဒိုဂန်က ၎င်းသည် အနောက်အုပ်စုနိုင်ငံများကို ယုံကြည်သည့်အတိုင်းအတာလောက် ရုရှားနိုင်ငံကို ယုံကြည်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ထို့အပြင် ယူကရိန်းပဋိပက္ခသည် အချိန်အတော်ကြာ ကြာမြင့်နိုင်သည်ဟုလည်း ယုံကြည်ကြောင်း ၎င်းက ထပ်မံပြောဆိုခဲ့သည်။
အာဒိုဂန်က "ရုရှားက ကျွန်တော်တို့ရဲ့ အနီးဆုံးအိမ်နီးချင်းနိုင်ငံတွေထဲက တစ်နိုင်ငံပါ။ ကျွန်တော်တို့မှာ သမိုင်းကြောင်းတွေရှိပေမယ့် ရုရှားကို မယုံကြည်သင့်တဲ့အကြောင်းပြချက်မျိုး ကျွန်တော့်မှာ မရှိပါဘူး။ အနောက်အုပ်စုနိုင်ငံတွေကို ယုံကြည်တဲ့အတိုင်းအတာတစ်ခုအထိ ရုရှားကိုလည်း ယုံကြည်ပါတယ်" ဟုပြောခဲ့သည်။

ထို့အပြင် ဝေဖန်သူများက ရုရှားသမ္မတပူတင်ကို မယုံကြည်ရလောက်သော လူမျိုးအဖြစ် မြင်နေခြင်းနှင့်ပတ်သက်သည့် မေးခွန်းများကိုလည်း အာဒိုဂန်က ပြန်လည်တုံ့ပြန်ဖြေဆိုခဲ့ကြောင်း သိရသည်။

၎င်းက "အဲဒါကိုတော့ ကျွန်တော် သဘောမတူပါဘူး။ ကျွန်တော်တို့နိုင်ငံမှာ သုံးစွဲနေတဲ့ သဘာဝါဓါတ်ငွေ့တွေအားလုံးရဲ့ ထက်ဝက်ခန့်က ရုရှားကနေ လာတာပါ။ကျွန်တော်တို့ဟာ အပြန်အလှန်ခြေလှမ်းတွေလုပ်ဆောင်နေပြီး ကာကွယ်ရေးပိုင်းမှာလည်း ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေပါတယ်" ဟု ပြောခဲ့သည်။

ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး တူရကီသမ္မတအာဒိုဂန်က"ဒီစစ်ပွဲဟာ အချိန်ကြာမြင့်မယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒီစစ်ပွဲ အမြန်ဆုံးပြီးဆုံးသွားဖို့ ကျွန်တော်မျှော်လင့်မိပါတယ်။ ရုရှားသမ္မတပူတင်ဟာ ဒီစစ်ပွဲကို အမြန်ဆုံး အဆုံးသတ်နိုင်မယ့်ဘက်မှာ ရှိနေပါတယ်။ ပူတင်ဟာ ဒီစစ်ပွဲကို အမြန်ဆုံး အဆုံးသတ်ဖို့ လိုလားနေတယ်လို့ပြောခဲ့ပြီး သူ့ရဲ့ပြောစကားတွေကို ကျွန်တော်ယုံကြည်ပါတယ်" ဟု ပြောခဲ့သည်။

Zawgyi Version;
အေနာက္အုပ္စုႏိုင္ငံမ်ားကို ယုံၾကည္သေလာက္ ႐ုရွားကို ယုံၾကည္ေၾကာင္း တူရကီသမၼတ ထုတ္ေဖာ္ေျပာ
Pika (NP News) - စက္တင္ဘာ ၁၉

တူရကီသမၼတအာဒိုဂန္က ၎သည္ အေနာက္အုပ္စုႏိုင္ငံမ်ားကို ယုံၾကည္သည့္အတိုင္းအတာေလာက္ ႐ုရွားႏိုင္ငံကို ယုံၾကည္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့သည္။

ထို႔အျပင္ ယူကရိန္းပဋိပကၡသည္ အခ်ိန္အေတာ္ၾကာ ၾကာျမင့္ႏိုင္သည္ဟုလည္း ယုံၾကည္ေၾကာင္း ၎က ထပ္မံေျပာဆိုခဲ့သည္။
အာဒိုဂန္က "႐ုရွားက ကြၽန္ေတာ္တို႔ရဲ႕ အနီးဆုံးအိမ္နီးခ်င္းႏိုင္ငံေတြထဲက တစ္ႏိုင္ငံပါ။ ကြၽန္ေတာ္တို႔မွာ သမိုင္းေၾကာင္းေတြရွိေပမယ့္ ႐ုရွားကို မယုံၾကည္သင့္တဲ့အေၾကာင္းျပခ်က္မ်ိဳး ကြၽန္ေတာ့္မွာ မရွိပါဘူး။ အေနာက္အုပ္စုႏိုင္ငံေတြကို ယုံၾကည္တဲ့အတိုင္းအတာတစ္ခုအထိ ႐ုရွားကိုလည္း ယုံၾကည္ပါတယ္" ဟုေျပာခဲ့သည္။

ထို႔အျပင္ ေဝဖန္သူမ်ားက ႐ုရွားသမၼတပူတင္ကို မယုံၾကည္ရေလာက္ေသာ လူမ်ိဳးအျဖစ္ ျမင္ေနျခင္းႏွင့္ပတ္သက္သည့္ ေမးခြန္းမ်ားကိုလည္း အာဒိုဂန္က ျပန္လည္တုံ႔ျပန္ေျဖဆိုခဲ့ေၾကာင္း သိရသည္။

၎က "အဲဒါကိုေတာ့ ကြၽန္ေတာ္ သေဘာမတူပါဘူး။ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ သုံးစြဲေနတဲ့ သဘာဝါဓါတ္ေငြ႕ေတြအားလုံးရဲ႕ ထက္ဝက္ခန႔္က ႐ုရွားကေန လာတာပါ။ကြၽန္ေတာ္တို႔ဟာ အျပန္အလွန္ေျခလွမ္းေတြလုပ္ေဆာင္ေနၿပီး ကာကြယ္ေရးပိုင္းမွာလည္း ပူးေပါင္းေဆာင္႐ြက္မႈေတြ လုပ္ေဆာင္ေနပါတယ္" ဟု ေျပာခဲ့သည္။

ယူကရိန္းစစ္ပြဲႏွင့္ပတ္သက္ၿပီး တူရကီသမၼတအာဒိုဂန္က"ဒီစစ္ပြဲဟာ အခ်ိန္ၾကာျမင့္မယ္ဆိုတာ ကြၽန္ေတာ္သိပါတယ္။ ဒီစစ္ပြဲ အျမန္ဆုံးၿပီးဆုံးသြားဖို႔ ကြၽန္ေတာ္ေမွ်ာ္လင့္မိပါတယ္။ ႐ုရွားသမၼတပူတင္ဟာ ဒီစစ္ပြဲကို အျမန္ဆုံး အဆုံးသတ္ႏိုင္မယ့္ဘက္မွာ ရွိေနပါတယ္။ ပူတင္ဟာ ဒီစစ္ပြဲကို အျမန္ဆုံး အဆုံးသတ္ဖို႔ လိုလားေနတယ္လို႔ေျပာခဲ့ၿပီး သူ႔ရဲ႕ေျပာစကားေတြကို ကြၽန္ေတာ္ယုံၾကည္ပါတယ္" ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.