စဥ့်ကူးမြို့နယ်၌ အကြမ်းဖက်အဖွဲ့က ထမင်းဆိုင်အတွင်းဝင်ရောက်လာပြီး ဆိုင်ပိုင်ရှင်အပါအဝင် (၄)ဦးအား ဖမ်းဆီးခေါ်ဆောင်၍ သတ်ဖြတ်မှုဖြစ်ပွား

2006
Pearl (NP News) - စက်တင်ဘာလ ၁၉
စဉ့်ကူးမြို့နယ်၌ အကြမ်းဖက်အဖွဲ့က ထမင်းဆိုင်အတွင်းဝင်ရောက်လာပြီး ဆိုင်ပိုင်ရှင်အပါအဝင် (၄)ဦးအား ဖမ်းဆီးခေါ်ဆောင်၍ သတ်ဖြတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသတင်းရရှိသည်။

ဖြစ်စဉ်မှာပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက်၊ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်း ၊ စဉ့်ကူးမြို့နယ်၊ ငွေတောင်ကျေးရွာ၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာရှိ “ကုဋေစု”ထမင်းဆိုင်သို့ အကြမ်းဖက်အဖွဲ့ကရောက်ရှိလာပြီး ထမင်းဆိုင်ပိုင်ရှင်ဖြစ်သူ ဦးသိန်းဇော် (၄၉)နှစ် နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်သဲနုငယ်(၄၈)နှစ်၊ ဆိုင်အလုပ်သမားများဖြစ်ကြသည့် ဦးခင်မောင်ချင်း(၄၃)နှစ်နှင့် ဒေါ်လွင်လွင်ဌေး(၄၂)နှစ်တို့ (၄)ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေတောင်ကျေးရွာအနီး၌ ဦးသိန်းဇော်အားလည်းကောင်း၊ ညောင်ဝန်းကျေးရွာအနီး၌ ဦးခင်မောင်ချင်းပါ (၃)ဦးတို့အားလည်းကောင်း သတ်ဖြတ်သွားခဲ့သဖြင့် ကျည်ထိမှန်ဒဏ်ရာများအသီးသီးရရှိကာ သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှအသိပေးထားသည်။
အလားတူ နေ့လည်(၂)နာရီခွဲအချိန်တွင် ငါန်းဇွန်မြို့နယ်၊ ထန်းတပင်ကျေးရွာတွင် နေထိုင်သော ကိုကျော်မင်းဦး(၂၉)နှစ်နှင့် ဦးမျိုးနိုင်(၄၉)နှစ်တို့သည် ကျေးရွာအရှေ့ဘက်ရှိ တောအတွင်း၌ထင်းခုတ်နေစဉ် အကြမ်းဖက်အဖွဲ့ အင်အား (၈)ဦးခန့်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့ (၂)ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များနှင့်ပတ်သက်၍ ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version
စဥ့္ကူးၿမိဳ႕နယ္၌ အၾကမ္းဖက္အဖြဲ႕က ထမင္းဆိုင္အတြင္းဝင္ေရာက္လာၿပီး ဆိုင္ပိုင္ရွင္အပါအဝင္ (၄)ဦးအား ဖမ္းဆီးေခၚေဆာင္၍ သတ္ျဖတ္မႈျဖစ္ပြား
Pearl (NP News) - စက္တင္ဘာလ ၁၉
စဥ့္ကူးၿမိဳ႕နယ္၌ အၾကမ္းဖက္အဖြဲ႕က ထမင္းဆိုင္အတြင္းဝင္ေရာက္လာၿပီး ဆိုင္ပိုင္ရွင္အပါအဝင္ (၄)ဦးအား ဖမ္းဆီးေခၚေဆာင္၍ သတ္ျဖတ္သြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွသတင္းရရွိသည္။
ျဖစ္စဥ္မွာၿပီးခဲ့သည့္ စက္တင္ဘာလ ၁၇ ရက္၊ နံနက္ ၁၀ နာရီ ၅၀ မိနစ္အခ်ိန္ခန႔္တြင္ မႏၲေလးတိုင္း ၊ စဥ့္ကူးၿမိဳ႕နယ္၊ ေငြေတာင္ေက်း႐ြာ၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါေက်း႐ြာရွိ “ကုေဋစု”ထမင္းဆိုင္သို႔ အၾကမ္းဖက္အဖြဲ႕ကေရာက္ရွိလာၿပီး ထမင္းဆိုင္ပိုင္ရွင္ျဖစ္သူ ဦးသိန္းေဇာ္ (၄၉)ႏွစ္ ႏွင့္ ၎၏ဇနီးျဖစ္သူ ေဒၚသဲႏုငယ္(၄၈)ႏွစ္၊ ဆိုင္အလုပ္သမားမ်ားျဖစ္ၾကသည့္ ဦးခင္ေမာင္ခ်င္း(၄၃)ႏွစ္ႏွင့္ ေဒၚလြင္လြင္ေဌး(၄၂)ႏွစ္တို႔ (၄)ဦးအား ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ဖမ္းဆီးေခၚေဆာင္သြားၿပီး ေငြေတာင္ေက်း႐ြာအနီး၌ ဦးသိန္းေဇာ္အားလည္းေကာင္း၊ ေညာင္ဝန္းေက်း႐ြာအနီး၌ ဦးခင္ေမာင္ခ်င္းပါ (၃)ဦးတို႔အားလည္းေကာင္း သတ္ျဖတ္သြားခဲ့သျဖင့္ က်ည္ထိမွန္ဒဏ္ရာမ်ားအသီးသီးရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွအသိေပးထားသည္။
အလားတူ ေန႔လည္(၂)နာရီခြဲအခ်ိန္တြင္ ငါန္းဇြန္ၿမိဳ႕နယ္၊ ထန္းတပင္ေက်း႐ြာတြင္ ေနထိုင္ေသာ ကိုေက်ာ္မင္းဦး(၂၉)ႏွစ္ႏွင့္ ဦးမ်ိဳးႏိုင္(၄၉)ႏွစ္တို႔သည္ ေက်း႐ြာအေရွ႕ဘက္ရွိ ေတာအတြင္း၌ထင္းခုတ္ေနစဥ္ အၾကမ္းဖက္အဖြဲ႕ အင္အား (၈)ဦးခန႔္ေရာက္ရွိလာၿပီး ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္သြားခဲ့သျဖင့္ ၎တို႔ (၂)ဦးတြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
အထက္ပါျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍ က်ဴးလြန္ခဲ့သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ အေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။