မြန်မာနိုင်ငံရေးအခက်အခဲဖြေရှင်းနိုင်ရေးနှင့်ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ထုတ်ဖော်ပြော

2270

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂ဝ
မြန်မာနိုင်ငံရေးအခက်အခဲပြဿနာများသည် ခက်ခဲရှုပ်ထွေးမှုရှိနေသည့်အတွက် အချိန်ယူဖြေရှင်းရမည့်အချက်ကို လူတိုင်းသိရှိကြကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက ထုတ်ဖော်ပြောဆိုလိုက်သည်။
စက်တင်ဘာလအစောပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော အာဆီယံထိပ်သီးအစည်းအဝေးနှင့်ပတ်သက်ပြီး ပြီးခဲ့သောရက်ပိုင်းတွင် .cnnindonesia သတင်းဌာနှင့် တွေ့ဆုံအင်တာဗျူးခဲ့ချိန်အတွင်း မြန်မာနိုင်ငံရေးနှင့်ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူသော ကာလအတွင်း မြန်မာနိုင်ငံရေးပဋိပက္ခများကို ဖြေရှင်းနိုင်ရန်ကြိုးပမ်းရာတွင် သိသာတိုးတက်မှုမရှိကြောင်းလူအချို့ဝေဖန်ပြောဆိုခြင်းနှင့်ပတ်သက်ပြီး စီအမ်အမ် သတင်းဌာန၏ မေးမြန်းမှုအပေါ် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက တုံ့ပြန်ခဲ့ခြင်းလည်းဖြစ်သည်။
၎င်းက "မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၇ဝ ကျော်ကြာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားခဲ့တယ်။ လက်ရှိအချိန်မှာလည်း အဲဒီအငြင်းပွားမှုတွေကို ဖြေရှင်းနိုင်တာမျိုးမရှိသေးဘူး။ ဒါကြောင့် မြန်မာနိုင်ငံရေးကိစ္စဟာ ခက်ခဲရှုပ်ထွေးနေတဲ့အတွက် အလွယ်တကူဖြေရှင်းလို့မရနိုင်ဘဲ အချိန်ယူရမယ်ဆိုတဲ့အချက်ကို လူတိုင်းသိပါတယ်" ဟု ပြောသည်။
အာဆီယံအဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်အတွင်း အင်ဒိုနီးရှားနိုင်ငံသည် မြန်မာနိုင်ငံရေးအငြင်းပွားမှုများကိုဖြေရှင်းနိုင်ရန် နှင့် လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးနိုင်ရန်ရည်ရွယ်ပြီး နစက အပါအဝင် မြန်မာနိုင်ငံရေးတွင် ပါဝင်နေသောအဖွဲ့အစည်းများနှင့် ယုံကြည်မှုတည်ဆောက်နိုင်ရန် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂ဝ၂၁ ခုနှစ်က အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အာဆီယံသည် မြန်မာနိုင်ငံရေးအခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် ကြားဝင်ဆောင်ရွက်ခဲ့သော်လည်း
လက်ရှိအချိန်အထိ သိသာသောတိုးတက်မှုမရှိဘဲဖြစ်နေကြောင်း ဝေဖန်မှုများရှိနေသည်။

Zawgyi Version;
ျမန္မာႏိုင္ငံေရးအခက္အခဲေျဖရွင္းႏိုင္ေရးႏွင့္ပတ္သက္ၿပီး အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး ထုတ္ေဖာ္ေျပာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂ဝ
ျမန္မာႏိုင္ငံေရးအခက္အခဲျပႆနာမ်ားသည္ ခက္ခဲရႈပ္ေထြးမႈရွိေနသည့္အတြက္ အခ်ိန္ယူေျဖရွင္းရမည့္အခ်က္ကို လူတိုင္းသိရွိၾကေၾကာင္း အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး ရက္ႏိုမာဆူဒီက ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
စက္တင္ဘာလအေစာပိုင္းတြင္ အင္ဒိုနီးရွားႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပခဲ့ေသာ အာဆီယံထိပ္သီးအစည္းအေဝးႏွင့္ပတ္သက္ၿပီး ၿပီးခဲ့ေသာရက္ပိုင္းတြင္ .cnnindonesia သတင္းဌာႏွင့္ ေတြ႕ဆုံအင္တာဗ်ဴးခဲ့ခ်ိန္အတြင္း ျမန္မာႏိုင္ငံေရးႏွင့္ပတ္သက္ၿပီး အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးက ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အင္ဒိုနီးရွားႏိုင္ငံက အာဆီယံအလွည့္က်ဥကၠ႒အျဖစ္ တာဝန္ယူေသာ ကာလအတြင္း ျမန္မာႏိုင္ငံေရးပဋိပကၡမ်ားကို ေျဖရွင္းႏိုင္ရန္ႀကိဳးပမ္းရာတြင္ သိသာတိုးတက္မႈမရွိေၾကာင္းလူအခ်ိဳ႕ေဝဖန္ေျပာဆိုျခင္းႏွင့္ပတ္သက္ၿပီး စီအမ္အမ္ သတင္းဌာန၏ ေမးျမန္းမႈအေပၚ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး ရက္ႏိုမာဆူဒီက တုံ႔ျပန္ခဲ့ျခင္းလည္းျဖစ္သည္။
၎က "ျမန္မာႏိုင္ငံဟာ ႏွစ္ေပါင္း ၇ဝ ေက်ာ္ၾကာ ျပည္တြင္းလက္နက္ကိုင္ပဋိပကၡေတြျဖစ္ပြားခဲ့တယ္။ လက္ရွိအခ်ိန္မွာလည္း အဲဒီအျငင္းပြားမႈေတြကို ေျဖရွင္းႏိုင္တာမ်ိဳးမရွိေသးဘူး။ ဒါေၾကာင့္ ျမန္မာႏိုင္ငံေရးကိစၥဟာ ခက္ခဲရႈပ္ေထြးေနတဲ့အတြက္ အလြယ္တကူေျဖရွင္းလို႔မရႏိုင္ဘဲ အခ်ိန္ယူရမယ္ဆိုတဲ့အခ်က္ကို လူတိုင္းသိပါတယ္" ဟု ေျပာသည္။
အာဆီယံအဖြဲ႕ဥကၠ႒အျဖစ္ တာဝန္ယူခ်ိန္အတြင္း အင္ဒိုနီးရွားႏိုင္ငံသည္ ျမန္မာႏိုင္ငံေရးအျငင္းပြားမႈမ်ားကိုေျဖရွင္းႏိုင္ရန္ ႏွင့္ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးႏိုင္ရန္ရည္႐ြယ္ၿပီး နစက အပါအဝင္ ျမန္မာႏိုင္ငံေရးတြင္ ပါဝင္ေနေသာအဖြဲ႕အစည္းမ်ားႏွင့္ ယုံၾကည္မႈတည္ေဆာက္ႏိုင္ရန္ ဆက္သြယ္ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံတြင္ ၂ဝ၂၁ ခုႏွစ္က အာဏာရယူမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း အာဆီယံသည္ ျမန္မာႏိုင္ငံေရးအခက္အခဲကို ေျဖရွင္းႏိုင္ရန္အတြက္ ၾကားဝင္ေဆာင္႐ြက္ခဲ့ေသာ္လည္း
လက္ရွိအခ်ိန္အထိ သိသာေသာတိုးတက္မႈမရွိဘဲျဖစ္ေနေၾကာင္း ေဝဖန္မႈမ်ားရွိေနသည္။