ရန်ကုန်မှရှမ်းပြည်သို့ တရားမဝင်သယ်ဆောင်လာသည့် ကျပ်သိန်း (၁၆၀၀)ကျော်တန်ဖိုးရှိ ဓာတုပစ္စည်းများကို သာစည်မြို့နယ်၌ဖမ်းဆီးရမိ

759
Pearl (NP News) - စက်တင်ဘာ ၂၀
ရန်ကုန်မှ ရှမ်းပြည်သို့ တရားမဝင်သယ်ဆောင်လာသည့် ငွေကျပ်သိန်း (၁၆၀၀)ကျော်တန်ဖိုးရှိ ဓာတုပစ္စည်းများကို သာစည်မြို့နယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်၊ နံနက် ၇ နာရီအချိန် မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီး၊ သာစည်-တောင်ကြီးသွားကားလမ်းတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကားလမ်း၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ထွန်းမြင့်ဦး မောင်းနှင်ပြီး ဝေဖြိုးကျော် လိုက်ပါလာသည့် DONGFENG ၂၂ ဘီးတွဲယာဉ်ကို သတင်းအရရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် ဒေသကာလတန်ဖိုးငွေကျပ်သိန်း (၁၆၈၀)တန်ဖိုးရှိ ဓာတုပစ္စည်း PHENOL LOOSE CRYSTALS (၂၁)တန် သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါဓာတု ပစ္စည်းများအား ရန်ကုန်မှ ရှမ်းပြည်နယ်သို့ တရားမဝင်သယ်ဆောင်ခြင်းဖြစ်သည်ဟုသိရကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
လက်ရှိတွင် ၎င်းတို့အား ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
zawgyi version
ရန္ကုန္မွရွမ္းျပည္သို႔ တရားမဝင္သယ္ေဆာင္လာသည့္ က်ပ္သိန္း (၁၆၀၀)ေက်ာ္တန္ဖိုးရွိ ဓာတုပစၥည္းမ်ားကို သာစည္ၿမိဳ႕နယ္၌ဖမ္းဆီးရမိ
Pearl (NP News) - စက္တင္ဘာ ၂၀
ရန္ကုန္မွ ရွမ္းျပည္သို႔ တရားမဝင္သယ္ေဆာင္လာသည့္ ေငြက်ပ္သိန္း (၁၆၀၀)ေက်ာ္တန္ဖိုးရွိ ဓာတုပစၥည္းမ်ားကို သာစည္ၿမိဳ႕နယ္၌ ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ စက္တင္ဘာလ ၁၄ ရက္၊ နံနက္ ၇ နာရီအခ်ိန္ မႏၲေလးတိုင္း၊ သာစည္ၿမိဳ႕နယ္၊ ကြၽဲတပ္ဆုံေက်း႐ြာအနီး၊ သာစည္-ေတာင္ႀကီးသြားကားလမ္းတြင္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါကားလမ္း၌ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕သည္ ထြန္းျမင့္ဦး ေမာင္းႏွင္ၿပီး ေဝၿဖိဳးေက်ာ္ လိုက္ပါလာသည့္ DONGFENG ၂၂ ဘီးတြဲယာဥ္ကို သတင္းအရရွာေဖြစစ္ေဆးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ စစ္ေဆးခဲ့ရာ ယာဥ္ေပၚတြင္ ေဒသကာလတန္ဖိုးေငြက်ပ္သိန္း (၁၆၈၀)တန္ဖိုးရွိ ဓာတုပစၥည္း PHENOL LOOSE CRYSTALS (၂၁)တန္ သိမ္းဆည္းရမိခဲ့ၿပီး စစ္ေဆးေဖာ္ထုတ္ခ်က္အရ အဆိုပါဓာတု ပစၥည္းမ်ားအား ရန္ကုန္မွ ရွမ္းျပည္နယ္သို႔ တရားမဝင္သယ္ေဆာင္ျခင္းျဖစ္သည္ဟုသိရေၾကာင္း ရဲတပ္ဖြဲ႕က ထုတ္ျပန္ထားသည္။
လက္ရွိတြင္ ၎တို႔အား ဥပေဒအရ အေရးယူထားၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားအား ဆက္လက္စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း ထုတ္ျပန္ထားသည္။