နိုင်ငံအတွင်း၌ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများသည် အသက်(၁၅)နှစ်နှင့်အထက် စာမတတ်သူ(၄)သန်းကျော်၏နောက်ဆက်တွဲ အကျိုးဆက်များကြောင့်ဟု ဒုတပ်ချုပ်ပြော

 7572

မျိုးကြီး (NP News) - စက်တင်ဘာ ၂၀

နိုင်ငံအတွင်း၌ ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများသည် အသက်(၁၅)နှစ်နှင့်အထက် စာမတတ်သူ(၄)သန်းကျော်၏ နောက်ဆက်တွဲ အကျိုးဆက်များကြောင့်ဟု ဒုတပ်ချုပ်က ပြောသည်။

နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယမန်နေ့(စက်တင်ဘာလ ၁၉ ရက်)တွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး၌ ပြုလုပ်သည့် ကျေးလက်ဒေသနေပြည်သူများ နှင့် တိုင်းရင်းသားပြည်သူများစာတတ်မြောက်ရေးအစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

စာတတ်မြောက်မှသာ အများသူငှာ၏ မြှောက်ပင့်စည်းရုံးဆွဲဆောင်မှုတို့အပေါ် ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ကြောင်း ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

ယနေ့အချိန်တွင် နိုင်ငံအတွင်းရှိ အချို့မြို့နယ်များနှင့် နယ်စပ်ဒေသအချို့တို့တွင် ဖြစ်ပေါ်လျက်ရှိသော အကြမ်းဖက်မှု များသည် ၂၀၁၉ ခုနှစ်ကြားဖြတ်သန်းခေါင်စာရင်းအရ (၁၅)နှစ်နှင့်အထက် စာမတတ်သူ (၄ ဒသမ ၁)သန်း၏ နောက်ဆက်တွဲ အကျိုးဆက်များကြောင့်ဖြစ်သည်ကို တွေ့ရမည်ဟု ဒုတပ်ချုပ်က ပြောသည်။

သမိုင်းအထောက်အထားများအရ ရှေးမြန်မာမင်းများလက်ထက် မြန်မာ့လူ့ဘောင်အဖွဲ့အစည်း၌ စာမတတ်သူနည်း ပါးကာ စာတတ်မြောက်သူများပြားခဲ့သည်ကိုတွေ့ရှိရကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံသည် အင်္ဂလိပ်၊ ဂျပန်၊ အင်္ဂလိပ်ကိုလိုနီခေတ် ကျွန်သပေါက်ကျရောက်ချိန်တွင် မြန်မာနိုင်ငံ၏ စာတတ်မြောက်မှုနှုန်းသည် (၃၅)ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ရကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ၁၉၇၃ ခုနှစ်လူဦးရေသန်းခေါင်စာရင်းအရ (၆၆ ဒသမ ၉)ရာခိုင်နှုန်း၊ ၁၉၈၃ ခုနှစ်လူဦးရေသန်းခေါင်စာရင်းအရ (၇၆ ဒသမ ၆)ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ်လူဦးရေသန်းခေါင်စာရင်းအရ (၈၉ ဒသမ ၅)ရာခိုင်နှုန်းနှင့် ၂၀၁၉ ခုနှစ်ကြားဖြတ်သန်းခေါင်စာရင်းအရ (၈၉ ဒသမ ၁)ရာခိုင်နှုန်းသည် စာတတ်မြောက်မှုရှိခဲ့ကြောင်း သိရသည်။

၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ မူလတန်းပညာရေးကို ဆုံးခန်းတိုင် မသင်ကြားခဲ့ရသည့် ကလေးပေါင်း (၂ ဒသမ ၇) သန်းခန့်ရှိပြီး အသက် (၁၅)နှစ်နှင့်အထက် စာမတတ်သူပေါင်း (၃ ဒသမ ၅၅)သန်းခန့်ရှိနေကြောင်း ထုတ်ပြန်ထား သည်ဟု ဒုတပ်ချုပ်က ပြောသည်။

ထို့အတူ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေစာရင်းအရ နိုင်ငံအတွင်း၌ အသက် (၁၅)နှစ်နှင့်အထက် စာမတတ်သူပေါင်းသည် (၄ ဒသမ ၁)သန်းခန့်ရှိကြောင်း ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရှိရပြီး ပြည်နယ်နှင့်တိုင်းအသီးသီး၌ စာမတတ်မြောက်သော အမျိုးသမီးရာခိုင်နှုန်းသည် အမျိုးသားများထက် မြင့်မားနေကြောင်း တွေ့ရှိရသည်ဟု ၎င်းက ထပ်မံပြောကြားထားသည်။

zawgyi version
ႏိုင္ငံအတြင္း၌ျဖစ္ေပၚေနေသာ အၾကမ္းဖက္မႈမ်ားသည္ အသက္(၁၅)ႏွစ္ႏွင့္အထက္ စာမတတ္သူ(၄)သန္းေက်ာ္၏ ေနာက္ဆက္တြဲ အက်ိဳးဆက္မ်ားေၾကာင့္ဟု ဒုတပ္ခ်ဳပ္ေျပာ
မ်ိဳးႀကီး (NP News) - စက္တင္ဘာ ၂၀

ႏိုင္ငံအတြင္း၌ ျဖစ္ေပၚေနေသာ အၾကမ္းဖက္မႈမ်ားသည္ အသက္(၁၅)ႏွစ္ႏွင့္အထက္ စာမတတ္သူ(၄)သန္းေက်ာ္၏ ေနာက္ဆက္တြဲ အက်ိဳးဆက္မ်ားေၾကာင့္ဟု ဒုတပ္ခ်ဳပ္က ေျပာသည္။

နစကဒုဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ယမန္ေန႔(စက္တင္ဘာလ ၁၉ ရက္)တြင္ ေနျပည္ေတာ္ရွိ နစကဥကၠ႒႐ုံး၌ ျပဳလုပ္သည့္ ေက်းလက္ေဒသေနျပည္သူမ်ား ႏွင့္ တိုင္းရင္းသားျပည္သူမ်ားစာတတ္ေျမာက္ေရးအစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

စာတတ္ေျမာက္မွသာ အမ်ားသူငွာ၏ ေျမႇာက္ပင့္စည္း႐ုံးဆြဲေဆာင္မႈတို႔အေပၚ ေဝဖန္ပိုင္းျခားႏိုင္မည္ျဖစ္ေၾကာင္း ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ေျပာသည္။

ယေန႔အခ်ိန္တြင္ ႏိုင္ငံအတြင္းရွိ အခ်ိဳ႕ၿမိဳ႕နယ္မ်ားႏွင့္ နယ္စပ္ေဒသအခ်ိဳ႕တို႔တြင္ ျဖစ္ေပၚလ်က္ရွိေသာ အၾကမ္းဖက္မႈ မ်ားသည္ ၂၀၁၉ ခုႏွစ္ၾကားျဖတ္သန္းေခါင္စာရင္းအရ (၁၅)ႏွစ္ႏွင့္အထက္ စာမတတ္သူ (၄ ဒသမ ၁)သန္း၏ ေနာက္ဆက္တြဲ အက်ိဳးဆက္မ်ားေၾကာင့္ျဖစ္သည္ကို ေတြ႕ရမည္ဟု ဒုတပ္ခ်ဳပ္က ေျပာသည္။

သမိုင္းအေထာက္အထားမ်ားအရ ေရွးျမန္မာမင္းမ်ားလက္ထက္ ျမန္မာ့လူ႔ေဘာင္အဖြဲ႕အစည္း၌ စာမတတ္သူနည္း ပါးကာ စာတတ္ေျမာက္သူမ်ားျပားခဲ့သည္ကိုေတြ႕ရွိရေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ေျပာသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံသည္ အဂၤလိပ္၊ ဂ်ပန္၊ အဂၤလိပ္ကိုလိုနီေခတ္ ကြၽန္သေပါက္က်ေရာက္ခ်ိန္တြင္ ျမန္မာႏိုင္ငံ၏ စာတတ္ေျမာက္မႈႏႈန္းသည္ (၃၅)ရာခိုင္ႏႈန္းအထိ က်ဆင္းခဲ့ရေၾကာင္းလည္း ၎က ဆက္လက္ေျပာသည္။

ျမန္မာႏိုင္ငံ လြတ္လပ္ေရးရရွိၿပီးေနာက္ပိုင္း ၁၉၇၃ ခုႏွစ္လူဦးေရသန္းေခါင္စာရင္းအရ (၆၆ ဒသမ ၉)ရာခိုင္ႏႈန္း၊ ၁၉၈၃ ခုႏွစ္လူဦးေရသန္းေခါင္စာရင္းအရ (၇၆ ဒသမ ၆)ရာခိုင္ႏႈန္း၊ ၂၀၁၄ ခုႏွစ္လူဦးေရသန္းေခါင္စာရင္းအရ (၈၉ ဒသမ ၅)ရာခိုင္ႏႈန္းႏွင့္ ၂၀၁၉ ခုႏွစ္ၾကားျဖတ္သန္းေခါင္စာရင္းအရ (၈၉ ဒသမ ၁)ရာခိုင္ႏႈန္းသည္ စာတတ္ေျမာက္မႈရွိခဲ့ေၾကာင္း သိရသည္။

၂၀၁၄ ခုႏွစ္သန္းေခါင္စာရင္းအရ မူလတန္းပညာေရးကို ဆုံးခန္းတိုင္ မသင္ၾကားခဲ့ရသည့္ ကေလးေပါင္း (၂ ဒသမ ၇) သန္းခန႔္ရွိၿပီး အသက္ (၁၅)ႏွစ္ႏွင့္အထက္ စာမတတ္သူေပါင္း (၃ ဒသမ ၅၅)သန္းခန႔္ရွိေနေၾကာင္း ထုတ္ျပန္ထား သည္ဟု ဒုတပ္ခ်ဳပ္က ေျပာသည္။

ထို႔အတူ ၂၀၁၉ ခုႏွစ္ ၾကားျဖတ္လူဦးေရစာရင္းအရ ႏိုင္ငံအတြင္း၌ အသက္ (၁၅)ႏွစ္ႏွင့္အထက္ စာမတတ္သူေပါင္းသည္ (၄ ဒသမ ၁)သန္းခန႔္ရွိေၾကာင္း ထုတ္ျပန္ထားသည္ကိုလည္း ေတြ႕ရွိရၿပီး ျပည္နယ္ႏွင့္တိုင္းအသီးသီး၌ စာမတတ္ေျမာက္ေသာ အမ်ိဳးသမီးရာခိုင္ႏႈန္းသည္ အမ်ိဳးသားမ်ားထက္ ျမင့္မားေနေၾကာင္း ေတြ႕ရွိရသည္ဟု ၎က ထပ္မံေျပာၾကားထားသည္။

Picture

L Mone

20/09/2023 13:32

ဟုတ်ပါတယ် တစ်ချိူ့​က..ငွေရှိတယ်ဆိုပြီး.. လူအထင်ကြီးအောင်တွေပြောရင်း.. အခုလို ဖြစ်ကုန်ကြရတာပါ..။စာတတ်သူတချိူ့ကလည်း...သယံဇာတလုပ်ငန်းများတဲ့ နိုင်ငံအတွင်း...ဆင်းရဲချမ်းသာကွာဟမှူ့ကနေ မြှောက်ပေးခြင်းဖြင့် အပြန်အလှန်..ပြောဖြစ်နေကြရာက...သူဌေးတွေကို ဗဟုသုတရှိတယ်ထင်နေကြတာပဲ..ဖြစ်ကြပါတယ်..။နိုင်ငံရေးကို...နားကန်းတစ်လုံးမှ..မလေ့လာထားကြပါပဲ...အခုလိုဖြစ်နေကြတာပဲ ဖြစ်ပါကြောင်း...ခင်ဗျာ...

Related news

© 2021. All rights reserved.