အကြမ်းဖက်ကာ ပိုက်ဆံလုယက်မှု ရေးမြို့၌ဖြစ်ပွား

 796

သန့်ဇင်(NP News) - စက်တင်ဘာ ၂၀

မွန်ပြည်နယ်၊ ရေးမြို့တွင် ချေးငွေသိမ်းဆည်းလာသည့် အမျိုးသမီးတစ်ဦး၏ဆိုင်ကယ်အား အမျိုးသား(၂)ဦးမှ ခြေဖြင့်ကန်၍ ငွေကြေးများ လုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၁၉ ရက်)၊ ညနေ ၃နာရီ ၅၈မိနစ်အချိန်တွင် ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ရေး-အစင်သွားလမ်း၊ မီးရထားလမ်းအကျော်၊ ဆန်းမြတ်ထွန်းတည်းခိုခန်းအနီးတွင် ဖြစ်ပွားခဲ့ကြောင်း အောင်မင်္ဂလာလူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

“သူကချေးငွေကုမ္ပဏီက ချေးထားတဲ့ပိုက်ဆံတွေစုပြီးအပြန်ပေါ့။ အဲဒီအချိန်မှာ လူ(၂)ယောက်က ဆိုင်ကယ်နဲ့လိုက်လာပြီး ဘေးချင်းကပ်ကိုရောက်တော့ ဆိုင်ကယ်ကို ကန်လှဲလိုက်တယ်။ ကောင်မလေးက ဆိုက်ကယ်မှောက်သွားတော့ ပိုက်ဆံလုပြီး ဆိုင်ကယ်မောင်းပြေးသွားတာပေါ့”ဟု အောင်မင်္ဂလာလူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ အကြမ်းဖက်လုယက်ခံရမှုကြောင့် ချေးငွေများပြန်ဆပ်ရန် စုစည်းလာသည့် အစင်ကျေးရွာမှ အသက်(၂၆)နှစ်အရွယ် မဇင်မာဝင်း၏ ဝဲဘက်လက်ဖျံရိုးတွင် အရိုးအက်ဒဏ်ရာနှင့် ပြင်ပထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ချေးငွေပိုက်ဆံ (၁၀)သိန်းကျော် လုယက်ခံလိုက်ရကြောင်း သိရသည်။

“မျက်နှာတွေဒူးတွေအပြင် ဝဲဘက်လက်ဖျံရိုး အရိုးအက်တဲ့သဘောပေါ့နော်။ အဲဒီလိုဒဏ်ရာတွေတော့ ပြင်းပြင်း ထန်ထန်ရသွားတယ်။ သူကချေးငွေကုမ္ပဏီမှာ အုပ်စုလိုက်ငွေချေးထားတာပေါ့။ အဲဒီချေးထားတဲ့ငွေတွေကို သူကလိုက်သိမ်းပြီး ကုမ္ပဏီကိုပြန်သွားသွင်းဖို့ အလာမှာ ခုလိုဖြစ်တာပေါ့”ဟု ၎င်းကဆက်လက်ပြောသည်။

အဆိုပါဖြစ်စဉ်တွင် လုယက်သူအသက်(၂၀)ဝန်းကျင် အမျိုသား(၂)ဦးအား သက်ဆိုင်ရာနှင့် လုံခြုံရေးတပ်ဖွဲ့မှ လိုက်လံစုံစမ်းလျက်ရှိပြီး ဒဏ်ရာရရှိသူ အမျိုးသမီးအား ရေးမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ အောင်မင်္ဂလာလူမှုကယ်ဆယ်ရေးအသင်းမှ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

“ဒီမှာက အဲလိုဖြစ်စဉ်တွေက ခုနောက်ပိုင်းမကြာမကြာဖြစ်တယ်ပေါ့။ မနေ့တုန်းကဆိုရင် ခုလိုလုယက်တာက (၃)ခုလောက်ထိဖြစ်တယ်။ မြို့လည်ခေါင်နဲ့ ရဇသစ်လမ်းမကြီးပေါ်မှာလဲဖြစ်ပါတယ်။ အခါတိုင်းလဲ ဖုန်းလုခံရတာတို့ ပိုက်ဆံအိတ်လုခံရတာတို့ ဖြစ်တယ်” ဟု ၎င်းကထပ်မံပြောသည်။

ရေးမြို့တွင် လုယက်မှုဖြစ်စဉ်များ ယခင်နှစ်ကထက်များလာလျက်ရှိပြီး လုယက်သူများအနေဖြင့် လုံခြုံရေးအင်အားနည်းမှုကို အခွင့်ကောင်းယူကာ အကြမ်းဖက်လုယက်မှုအား အုပ်စုဖွဲ့လုပ်ဆောင်လျက်ရှိကြောင်း အထက်ပါကူညီကယ်ဆယ်ရေးအသင်းမှ မှတ်ချက်ပြုပြောကြားထားသည်။

zawgyi version
အၾကမ္းဖက္ကာ ပိုက္ဆံလုယက္မႈ ေရးၿမိဳ႕၌ျဖစ္ပြား
သန႔္ဇင္(NP News) - စက္တင္ဘာ ၂၀

မြန္ျပည္နယ္၊ ေရးၿမိဳ႕တြင္ ေခ်းေငြသိမ္းဆည္းလာသည့္ အမ်ိဳးသမီးတစ္ဦး၏ဆိုင္ကယ္အား အမ်ိဳးသား(၂)ဦးမွ ေျချဖင့္ကန္၍ ေငြေၾကးမ်ား လုယက္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (စက္တင္ဘာလ ၁၉ ရက္)၊ ညေန ၃နာရီ ၅၈မိနစ္အခ်ိန္တြင္ ေရးၿမိဳ႕၊ ေအာင္မဂၤလာရပ္ကြက္၊ ေရး-အစင္သြားလမ္း၊ မီးရထားလမ္းအေက်ာ္၊ ဆန္းျမတ္ထြန္းတည္းခိုခန္းအနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း ေအာင္မဂၤလာလူမႈကယ္ဆယ္ေရးအသင္းထံမွ သိရသည္။

“သူကေခ်းေငြကုမၸဏီက ေခ်းထားတဲ့ပိုက္ဆံေတြစုၿပီးအျပန္ေပါ့။ အဲဒီအခ်ိန္မွာ လူ(၂)ေယာက္က ဆိုင္ကယ္နဲ႔လိုက္လာၿပီး ေဘးခ်င္းကပ္ကိုေရာက္ေတာ့ ဆိုင္ကယ္ကို ကန္လွဲလိုက္တယ္။ ေကာင္မေလးက ဆိုက္ကယ္ေမွာက္သြားေတာ့ ပိုက္ဆံလုၿပီး ဆိုင္ကယ္ေမာင္းေျပးသြားတာေပါ့”ဟု ေအာင္မဂၤလာလူမႈကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ အၾကမ္းဖက္လုယက္ခံရမႈေၾကာင့္ ေခ်းေငြမ်ားျပန္ဆပ္ရန္ စုစည္းလာသည့္ အစင္ေက်း႐ြာမွ အသက္(၂၆)ႏွစ္အ႐ြယ္ မဇင္မာဝင္း၏ ဝဲဘက္လက္ဖ်ံ႐ိုးတြင္ အ႐ိုးအက္ဒဏ္ရာႏွင့္ ျပင္ပထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ၿပီး ေခ်းေငြပိုက္ဆံ (၁၀)သိန္းေက်ာ္ လုယက္ခံလိုက္ရေၾကာင္း သိရသည္။

“မ်က္ႏွာေတြဒူးေတြအျပင္ ဝဲဘက္လက္ဖ်ံ႐ိုး အ႐ိုးအက္တဲ့သေဘာေပါ့ေနာ္။ အဲဒီလိုဒဏ္ရာေတြေတာ့ ျပင္းျပင္း ထန္ထန္ရသြားတယ္။ သူကေခ်းေငြကုမၸဏီမွာ အုပ္စုလိုက္ေငြေခ်းထားတာေပါ့။ အဲဒီေခ်းထားတဲ့ေငြေတြကို သူကလိုက္သိမ္းၿပီး ကုမၸဏီကိုျပန္သြားသြင္းဖို႔ အလာမွာ ခုလိုျဖစ္တာေပါ့”ဟု ၎ကဆက္လက္ေျပာသည္။

အဆိုပါျဖစ္စဥ္တြင္ လုယက္သူအသက္(၂၀)ဝန္းက်င္ အမ်ိဳသား(၂)ဦးအား သက္ဆိုင္ရာႏွင့္ လုံၿခဳံေရးတပ္ဖြဲ႕မွ လိုက္လံစုံစမ္းလ်က္ရွိၿပီး ဒဏ္ရာရရွိသူ အမ်ိဳးသမီးအား ေရးၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ေအာင္မဂၤလာလူမႈကယ္ဆယ္ေရးအသင္းမွ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

“ဒီမွာက အဲလိုျဖစ္စဥ္ေတြက ခုေနာက္ပိုင္းမၾကာမၾကာျဖစ္တယ္ေပါ့။ မေန႔တုန္းကဆိုရင္ ခုလိုလုယက္တာက (၃)ခုေလာက္ထိျဖစ္တယ္။ ၿမိဳ႕လည္ေခါင္နဲ႔ ရဇသစ္လမ္းမႀကီးေပၚမွာလဲျဖစ္ပါတယ္။ အခါတိုင္းလဲ ဖုန္းလုခံရတာတို႔ ပိုက္ဆံအိတ္လုခံရတာတို႔ ျဖစ္တယ္” ဟု ၎ကထပ္မံေျပာသည္။

ေရးၿမိဳ႕တြင္ လုယက္မႈျဖစ္စဥ္မ်ား ယခင္ႏွစ္ကထက္မ်ားလာလ်က္ရွိၿပီး လုယက္သူမ်ားအေနျဖင့္ လုံၿခဳံေရးအင္အားနည္းမႈကို အခြင့္ေကာင္းယူကာ အၾကမ္းဖက္လုယက္မႈအား အုပ္စုဖြဲ႕လုပ္ေဆာင္လ်က္ရွိေၾကာင္း အထက္ပါကူညီကယ္ဆယ္ေရးအသင္းမွ မွတ္ခ်က္ျပဳေျပာၾကားထားသည္။

Related news

© 2021. All rights reserved.