လယ်ယာမြေပေါ်၌ ခွင့်ပြုချက်မရရှိဘဲ အသုံးပြုထားမှုများနှင့်ပတ်သက်၍ အချိန်ကာလ(၂)ပိုင်းသတ်မှတ်ကာ ခွဲခြားစိစစ်သွားမည်

 10746

မျိုးကြီး (NP News) - စက်တင်ဘာ ၂၀

လယ်ယာမြေပေါ်၌ ခွင့်ပြုချက်မရရှိဘဲ အသုံးပြုထားမှုများနှင့်ပတ်သက်၍ အချိန်ကာလ (၂)ပိုင်းသတ်မှတ်ကာ ခွဲခြားစိစစ်သွားမည်ဖြစ်ကြောင်း နစက၏သတင်းအချက်အလက်များအရ သိရသည်။

လက်ရှိတွင် လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်းရေးဆွဲပြုစုရေးဦးစီးကော်မတီကို နစကမှ ဖွဲ့စည်းထားသည်။

၎င်းဦးစီးကော်မတီတွင် ဥက္ကဋ္ဌအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးအား နစကမှ တာဝန်ပေးအပ်ထားပြီး သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုဝန်ကြီးများ၊ ဒုမြို့တော်ဝန်များဖြင့် ဦးစီးကော်မတီကို ဖွဲ့စည်းထားခြင်းဖြစ်သည်။

လယ်ယာမြေပေါ်၌ ခွင့်ပြုချက်မရရှိမီ အခြားနည်းစတင်ကျူးလွန်အသုံးပြုထားခဲ့သည့် ရက်သည် ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်ကာလမတိုင်မီနှင့် ၎င်းနောက်ပိုင်းကာလဟူ၍ ခွဲခြားစိစစ်အတည်ပြုကာ နစကထံသို့ တင်ပြရမည်ဟု ဦးစီးကော်မတီကို တာဝန်ပေးထားသည်။

ထို့ပြင် လယ်ယာမြေများကို ဥပဒေနှင့်ညီညွတ်မှုမရှိဘဲ အခြားနည်းဖြင့် ကျူးလွန်အသုံးပြုမှုများတွင် စီးပွားရေးလုပ် ငန်းများအတွက် အသုံးပြုမှုများနှင့်စပ်လျဉ်း၍ ဆောင်ရွက်သင့်သည့် နည်းလမ်းများကိုလည်း ဦးစီးကော်မတီအနေဖြင့် နစကထံ အဆိုပြုတင်ပြရမည်ဟု တာဝန်ပေးထားသည်။

အလားတူ လယ်ယာမြေဥပဒေပုဒ်မ ၁၉(က)အရ ဒဏ်ကြေးသတ်မှတ်မည်ဆိုပါက သတ်မှတ်သင့်သည့် တွက်ချက်မှုနည်းလမ်းများကိုလည်း အတည်ပြုပေးရမည်ဟု တာဝန်ပေးထားသည်။

လယ်ယာမြေပေါ်၌ ကျူးလွန်အသုံးပြုထားသော အဆောက်အဦးအား ဖျက်သိမ်းလိုက်ပါက စိုက်ပျိုးနိုင်သော လယ် ယာမြေအဖြစ် ပြန်လည်ရောက်ရှိနိုင်ခြင်း ရှိ၊ မရှိကိုလည်း သုံးသပ်တင်ပြပေးရမည်ဖြစ်ကြောင်း သိရသည်။

၎င်းလုပ်ငန်းများကို အကောင်အထည်ဖော်ရန်အတွက် လက်ရှိတွင် ပြည်ထောင်စုအဆင့်လုပ်ငန်းကော်မတီ၊ တိုင်းနှင့်ပြည်နယ်အဆင့် လုပ်ငန်းကော်မတီများကိုလည်း ဆက်လက်ဖွဲ့စည်းထားကြောင်း သိရသည်။

နိုင်ငံအတွင်း၌ လယ်ယာမြေများပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အဆောက်အဦးဆောက်လုပ်သည်ဟုဆိုကာ ဖျက်သိမ်းခံခဲ့ရသည့် လူနေအိမ်အဆောက်အဦးများစွာ ရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် လယ်ယာမြေများပေါ်၌ အဆောက်အဦးဆောက်လုပ်ထားသည့် လူနေအိမ်များကိုလည်း ဖျက်သိမ်းမည်ဖြစ် ကြောင်း အကြောင်းကြားစာပေးပို့ခဲ့ပြီး နေအိမ်အများအပြားရှိခဲ့ခြင်းကြောင့် လက်ရှိတွင် ဖျက်သိမ်းခြင်းမပြုလုပ်တော့ဘဲ သက်ဆိုင်ရာအဖွဲ့အစည်းများက စိစစ်နေသည့် ဆောင်ရွက်မှုလည်းရှိနေကြောင်း သိရသည်။

zawgyi version
လယ္ယာေျမေပၚ၌ ခြင့္ျပဳခ်က္မရရွိဘဲ အသုံးျပဳထားမႈမ်ားႏွင့္ပတ္သက္၍ အခ်ိန္ကာလ(၂)ပိုင္းသတ္မွတ္ကာ ခြဲျခားစိစစ္သြားမည္
မ်ိဳးႀကီး (NP News) - စက္တင္ဘာ ၂၀

လယ္ယာေျမေပၚ၌ ခြင့္ျပဳခ်က္မရရွိဘဲ အသုံးျပဳထားမႈမ်ားႏွင့္ပတ္သက္၍ အခ်ိန္ကာလ (၂)ပိုင္းသတ္မွတ္ကာ ခြဲျခားစိစစ္သြားမည္ျဖစ္ေၾကာင္း နစက၏သတင္းအခ်က္အလက္မ်ားအရ သိရသည္။

လက္ရွိတြင္ လယ္ယာေျမကို အျခားနည္းသုံးစြဲထားမႈမ်ား ေျဖရွင္းေဆာင္႐ြက္မည့္နည္းလမ္းႏွင့္ ထပ္မံမျဖစ္ပြားေစေရးအတြက္ ေဆာင္႐ြက္မည့္နည္းလမ္းမ်ား လုပ္ထုံးလုပ္နည္းစံႏႈန္းေရးဆြဲျပဳစုေရးဦးစီးေကာ္မတီကို နစကမွ ဖြဲ႕စည္းထားသည္။

၎ဦးစီးေကာ္မတီတြင္ ဥကၠ႒အျဖစ္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးအား နစကမွ တာဝန္ေပးအပ္ထားၿပီး သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားမွ ဒုဝန္ႀကီးမ်ား၊ ဒုၿမိဳ႕ေတာ္ဝန္မ်ားျဖင့္ ဦးစီးေကာ္မတီကို ဖြဲ႕စည္းထားျခင္းျဖစ္သည္။

လယ္ယာေျမေပၚ၌ ခြင့္ျပဳခ်က္မရရွိမီ အျခားနည္းစတင္က်ဴးလြန္အသုံးျပဳထားခဲ့သည့္ ရက္သည္ ၂၀၁၂ ခုႏွစ္၊ ၾသဂုတ္လ ၃၁ ရက္ကာလမတိုင္မီႏွင့္ ၎ေနာက္ပိုင္းကာလဟူ၍ ခြဲျခားစိစစ္အတည္ျပဳကာ နစကထံသို႔ တင္ျပရမည္ဟု ဦးစီးေကာ္မတီကို တာဝန္ေပးထားသည္။

ထို႔ျပင္ လယ္ယာေျမမ်ားကို ဥပေဒႏွင့္ညီၫြတ္မႈမရွိဘဲ အျခားနည္းျဖင့္ က်ဴးလြန္အသုံးျပဳမႈမ်ားတြင္ စီးပြားေရးလုပ္ ငန္းမ်ားအတြက္ အသုံးျပဳမႈမ်ားႏွင့္စပ္လ်ဥ္း၍ ေဆာင္႐ြက္သင့္သည့္ နည္းလမ္းမ်ားကိုလည္း ဦးစီးေကာ္မတီအေနျဖင့္ နစကထံ အဆိုျပဳတင္ျပရမည္ဟု တာဝန္ေပးထားသည္။

အလားတူ လယ္ယာေျမဥပေဒပုဒ္မ ၁၉(က)အရ ဒဏ္ေၾကးသတ္မွတ္မည္ဆိုပါက သတ္မွတ္သင့္သည့္ တြက္ခ်က္မႈနည္းလမ္းမ်ားကိုလည္း အတည္ျပဳေပးရမည္ဟု တာဝန္ေပးထားသည္။

လယ္ယာေျမေပၚ၌ က်ဴးလြန္အသုံးျပဳထားေသာ အေဆာက္အဦးအား ဖ်က္သိမ္းလိုက္ပါက စိုက္ပ်ိဳးႏိုင္ေသာ လယ္ ယာေျမအျဖစ္ ျပန္လည္ေရာက္ရွိႏိုင္ျခင္း ရွိ၊ မရွိကိုလည္း သုံးသပ္တင္ျပေပးရမည္ျဖစ္ေၾကာင္း သိရသည္။

၎လုပ္ငန္းမ်ားကို အေကာင္အထည္ေဖာ္ရန္အတြက္ လက္ရွိတြင္ ျပည္ေထာင္စုအဆင့္လုပ္ငန္းေကာ္မတီ၊ တိုင္းႏွင့္ျပည္နယ္အဆင့္ လုပ္ငန္းေကာ္မတီမ်ားကိုလည္း ဆက္လက္ဖြဲ႕စည္းထားေၾကာင္း သိရသည္။

ႏိုင္ငံအတြင္း၌ လယ္ယာေျမမ်ားေပၚတြင္ ခြင့္ျပဳခ်က္မရွိဘဲ အေဆာက္အဦးေဆာက္လုပ္သည္ဟုဆိုကာ ဖ်က္သိမ္းခံခဲ့ရသည့္ လူေနအိမ္အေဆာက္အဦးမ်ားစြာ ရွိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ လယ္ယာေျမမ်ားေပၚ၌ အေဆာက္အဦးေဆာက္လုပ္ထားသည့္ လူေနအိမ္မ်ားကိုလည္း ဖ်က္သိမ္းမည္ျဖစ္ ေၾကာင္း အေၾကာင္းၾကားစာေပးပို႔ခဲ့ၿပီး ေနအိမ္အမ်ားအျပားရွိခဲ့ျခင္းေၾကာင့္ လက္ရွိတြင္ ဖ်က္သိမ္းျခင္းမျပဳလုပ္ေတာ့ဘဲ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားက စိစစ္ေနသည့္ ေဆာင္႐ြက္မႈလည္းရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.