ကနေဒါနိုင်ငံက အိန္ဒိယခွဲထွက်ရေးလှုပ်ရှားသူများကို အားပေးအားမြှောက်လုပ်ဆောင်နေကြောင်း အိန္ဒိယအစိုးရ ဝေဖန်

1112

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂ဝ
ကနေဒါသံတမန်တွေဟာ အိန္ဒိယနိုင်ငံရဲ့ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်နေသလို အိန္ဒိယဆန့်ကျင်ရေးလှုပ်ရှားမှု တွေကို အားပေးအားမြှောက်လုပ်ဆောင်နေကြောင်း အိန္ဒိယအစိုးရ ဝေဖန်ပြစ်တင်လိုက်ပါတယ်။
ကနေဒါနိုင်ငံမှာ နေထိုင်နေတဲ့ အိန္ဒိယအစိုးရဆန့်ကျင်ရေး ခါလီစတန် Khalistan ခွဲထွက်ရေးခေါင်းဆောင်တစ်ဦး လုပ်ကြံခံရပြီးနောက် အိန္ဒိယ နဲ့ ကနေဒါနိုင်ငံကြား သံတမန်တွေကို အပြန်အလှန်နှင်ထုတ်ပြီး တင်းမာမှု မြင့်တက် နေကြောင်း သိရပါတယ်။
ကနေဒါအစိုးက ခွဲထွက်ရေးခေါင်းဆောင်ဖြစ်သူ Hardeep Singh Nijjar အသတ်ခံရမှုမှာ အိန္ဒိယအစိုးရ ဆက်နွယ် နေကြောင်း စွပ်စွဲဝေဖန်မှုများရှိခဲ့ကာ ကနေဒါနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီးကို နှင်ထုတ်ခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယအစိုးရကလည်း ကနေဒါအစိုးရရဲ့လုပ်ရပ်ကို လက်တုံ့ပြန်ဖို့ အိန္ဒိယနိုင်ငံဆိုင်ရာ ကနေဒါ သံအမတ်ကြီးကို နှင်ထုတ်ခဲ့ကြောင်း သိရပါတယ်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက "ကနေဒါသံတမန်တွေဟာ အိန္ဒိယနိုင်ငံရဲ့ပြည်တွင်းကို စွက်ဖက်နေသလို အိန္ဒိယဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို အားပေးထောက်ခံနေတယ်။ ကနေဒါအစိုးရဟာ ခါလီစတန် ခွဲထွက်ရေးနဲ့ အကြမ်းဖက်အုပ်စုတွေကို နိုင်ငံအတွင်း နေထိုင်ခွင့်ပေးထားပြီး အိန္ဒိယနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်တွေကို ခြိမ်းခြောက်မှု ဆက်လုပ်နေတယ်။ အိန္ဒိယအစိုးရဆန့်ကျင်ရေးအုပ်စုတွေနဲ့ပတ်သက်ပြီး ကနေဒါအစိုးရရဲ့ လုပ်ရပ် တွေကို စိုးရိမ်မှုဖြစ်မိပါတယ်" လို့ ပြောပါတယ်။
ခွဲထွက်ရေးခေါင်းဆောင်လုပ်ကြံခံရမှုမှာ အိန္ဒိယနိုင်ငံ ပါဝင်နေတဲ့စွပ်စွဲချက်တွေဟာ အလွန်ဆိုးရွားကြောင်း အိန္ဒိယ အစိုးရကဝေဖန်ပြစ်တင်ခဲ့ပါတယ်။ ကနေဒါဝန်ကြီးချုပ်က ၎င်းတို့ပိုင်နက်မြေပေါ်မှာ အိန္ဒိယခွဲထွက်ရေး ခေါင်းဆောင်တစ်ဦးအသတ်ခံရခြင်းနဲ့ပတ်သက်ပြီး အိန္ဒိယအစိုးရနဲ့ အလားလာရှိတဲ့ ဆက်သွယ်ဆောင်ရွက်မှုများ ကို ရပ်တန့်ထားဖို့ ကနေဒါလုံခြုံရေးအဖွဲ့တွေကို တောင်းဆိုခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ် ခွဲထွက်ရေးလှုပ်ရှားသူများ (သို့မဟုတ်) ဆစ်ဘာသာရေးအဖွဲ့ဝင်များဟာ ကနေဒါ နိုင်ငံမှာ နေထိုင်လျက်ရှိနေရာဂျီ ၂ဝ ထိပ်သီးအစည်းဝေးမှာ ကနေဒါဝန်ကြီးချုပ်နဲ့ အိန္ဒိယဝန်ကြီးချုပ်တို့ ဆွေးနွေးခဲ့ ဖူးကြောင်း သိရပါတယ်။ ကနေဒါနိုင်ငံမှာ ရှိနေတဲ့ ဆစ်ဘာသာရေးအဖွဲ့ဝင်များနဲ့ပတ်သက်ပြီး စိုးရိမ်မှုများဖြစ်ရ တယ်လို့ ကနေဒါဝန်ကြီးချုပ်ကို အိန္ဒိယဝန်ကြီးချုပ် မိုဒီက ပြောဆိုခဲ့ဖူးကြောင်း သိရပါတယ်။

Zawgyi Version;
ကေနဒါႏိုင္ငံက အိႏၵိယခြဲထြက္ေရးလႈပ္ရွားသူမ်ားကို အားေပးအားေျမႇာက္လုပ္ေဆာင္ေနေၾကာင္း အိႏၵိယအစိုးရ ေဝဖန္
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂ဝ
ကေနဒါသံတမန္ေတြဟာ အိႏၵိယႏိုင္ငံရဲ႕ျပည္တြင္းေရးကို ၾကားဝင္စြက္ဖက္ေနသလို အိႏၵိယဆန႔္က်င္ေရးလႈပ္ရွားမႈ ေတြကို အားေပးအားေျမႇာက္လုပ္ေဆာင္ေနေၾကာင္း အိႏၵိယအစိုးရ ေဝဖန္ျပစ္တင္လိုက္ပါတယ္။
ကေနဒါႏိုင္ငံမွာ ေနထိုင္ေနတဲ့ အိႏၵိယအစိုးရဆန႔္က်င္ေရး ခါလီစတန္ Khalistan ခြဲထြက္ေရးေခါင္းေဆာင္တစ္ဦး လုပ္ႀကံခံရၿပီးေနာက္ အိႏၵိယ နဲ႔ ကေနဒါႏိုင္ငံၾကား သံတမန္ေတြကို အျပန္အလွန္ႏွင္ထုတ္ၿပီး တင္းမာမႈ ျမင့္တက္ ေနေၾကာင္း သိရပါတယ္။
ကေနဒါအစိုးက ခြဲထြက္ေရးေခါင္းေဆာင္ျဖစ္သူ Hardeep Singh Nijjar အသတ္ခံရမႈမွာ အိႏၵိယအစိုးရ ဆက္ႏြယ္ ေနေၾကာင္း စြပ္စြဲေဝဖန္မႈမ်ားရွိခဲ့ကာ ကေနဒါႏိုင္ငံဆိုင္ရာအိႏၵိယသံအမတ္ႀကီးကို ႏွင္ထုတ္ခဲ့ေၾကာင္း သိရပါတယ္။ အိႏၵိယအစိုးရကလည္း ကေနဒါအစိုးရရဲ႕လုပ္ရပ္ကို လက္တုံ႔ျပန္ဖို႔ အိႏၵိယႏိုင္ငံဆိုင္ရာ ကေနဒါ သံအမတ္ႀကီးကို ႏွင္ထုတ္ခဲ့ေၾကာင္း သိရပါတယ္။
အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာနက "ကေနဒါသံတမန္ေတြဟာ အိႏၵိယႏိုင္ငံရဲ႕ျပည္တြင္းကို စြက္ဖက္ေနသလို အိႏၵိယဆန႔္က်င္ေရးလႈပ္ရွားမႈေတြကို အားေပးေထာက္ခံေနတယ္။ ကေနဒါအစိုးရဟာ ခါလီစတန္ ခြဲထြက္ေရးနဲ႔ အၾကမ္းဖက္အုပ္စုေတြကို ႏိုင္ငံအတြင္း ေနထိုင္ခြင့္ေပးထားၿပီး အိႏၵိယႏိုင္ငံရဲ႕အခ်ဳပ္အျခာအာဏာပိုင္ေတြကို ၿခိမ္းေျခာက္မႈ ဆက္လုပ္ေနတယ္။ အိႏၵိယအစိုးရဆန႔္က်င္ေရးအုပ္စုေတြနဲ႔ပတ္သက္ၿပီး ကေနဒါအစိုးရရဲ႕ လုပ္ရပ္ ေတြကို စိုးရိမ္မႈျဖစ္မိပါတယ္" လို႔ ေျပာပါတယ္။
ခြဲထြက္ေရးေခါင္းေဆာင္လုပ္ႀကံခံရမႈမွာ အိႏၵိယႏိုင္ငံ ပါဝင္ေနတဲ့စြပ္စြဲခ်က္ေတြဟာ အလြန္ဆိုး႐ြားေၾကာင္း အိႏၵိယ အစိုးရကေဝဖန္ျပစ္တင္ခဲ့ပါတယ္။ ကေနဒါဝန္ႀကီးခ်ဳပ္က ၎တို႔ပိုင္နက္ေျမေပၚမွာ အိႏၵိယခြဲထြက္ေရး ေခါင္းေဆာင္တစ္ဦးအသတ္ခံရျခင္းနဲ႔ပတ္သက္ၿပီး အိႏၵိယအစိုးရနဲ႔ အလားလာရွိတဲ့ ဆက္သြယ္ေဆာင္႐ြက္မႈမ်ား ကို ရပ္တန႔္ထားဖို႔ ကေနဒါလုံၿခဳံေရးအဖြဲ႕ေတြကို ေတာင္းဆိုခဲ့ပါတယ္။
အိႏၵိယႏိုင္ငံ ပန္ဂ်ပ္ျပည္နယ္ ခြဲထြက္ေရးလႈပ္ရွားသူမ်ား (သို႔မဟုတ္) ဆစ္ဘာသာေရးအဖြဲ႕ဝင္မ်ားဟာ ကေနဒါ ႏိုင္ငံမွာ ေနထိုင္လ်က္ရွိေနရာဂ်ီ ၂ဝ ထိပ္သီးအစည္းေဝးမွာ ကေနဒါဝန္ႀကီးခ်ဳပ္နဲ႔ အိႏၵိယဝန္ႀကီးခ်ဳပ္တို႔ ေဆြးေႏြးခဲ့ ဖူးေၾကာင္း သိရပါတယ္။ ကေနဒါႏိုင္ငံမွာ ရွိေနတဲ့ ဆစ္ဘာသာေရးအဖြဲ႕ဝင္မ်ားနဲ႔ပတ္သက္ၿပီး စိုးရိမ္မႈမ်ားျဖစ္ရ တယ္လို႔ ကေနဒါဝန္ႀကီးခ်ဳပ္ကို အိႏၵိယဝန္ႀကီးခ်ဳပ္ မိုဒီက ေျပာဆိုခဲ့ဖူးေၾကာင္း သိရပါတယ္။