အနောက်အုပ်စုနိုင်ငံများ၏ စိုးရိမ်မှုများမြင့်တက်နေသည့်ကြားက အီရန်နိုင်ငံသို့ ရုရှားကာကွယ်ရေးဝန်ကြီး သွားရောက်လည်ပတ်

 1306

Pika (NP News) - စက်တင်ဘာ ၂ဝ

ရုရှားကာကွယ်ရေးဝန်ကြီးဆာဂေးရှိုဂူသည် အီရန်နိုင်ငံ တီဟီရန်မြို့သို့ စက်တင်ဘာလ (၁၉)ရက်တွင် ရောက်ရှိလာခဲ့ပြီး အီရန်ကာကွယ်ရေးအကြီးတန်းအရာရှိများနှင့်တွေ့ဆုံမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံပိုင် သတင်းအေဂျင်စီ IRNA က ဖော်ပြခဲ့သည်။

ရုရှားနိုင်ငံသို့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်း လာရောက်လည်ပတ်ပြီးနောက် ရက်ပိုင်းအကြာတွင် ရုရှားကာကွယ်ရေးဝန်ကြီးက အီရန်နိုင်ငံကို ယခုကဲ့သို့ ထပ်မံသွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဆာဂေးရှိုဂူသည် အီရန်စစ်တပ်၏ ထိပ်တန်းစစ်ဦးစီးချုပ် Mohammad Bagheri နှင့် ပထမဆုံးတွေ့ဆုံသွားမည်ဖြစ်ကြောင်း IRNA က ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံမှုအတွင်း ကာကွယ်ရေးဆိုင်ရာ သံတမန်ရေးရာဖွံ့ဖြိုးတိုးတက်ရေး၊ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုချဲ့ထွင်ရန်၊ ခြိမ်းခြောက်မှုများ နှင့် နိုင်ငံတကာ အကြမ်းဖက်မှုတို့ကို ကိုင်တွယ်ဖြေရှင်းခြင်းများ အပါအဝင် အကြောင်းအရာအမျိုးမျိုးကို ဆွေးနွေးသွားနိုင်ဖွယ်ရှိနေကြောင်း IRNA ၏ ဖော်ပြချက်အရ သိရသည်။

ရုရှားကာကွယ်ရေးဝန်ကြီးဆာဂေးရှိုဂူသည် အီရန်ကာကွယ်ရေးဝန်ကြီးနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း Tasnim သတင်းဌာနက အစောပိုင်းတွင် ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်နှစ်များအတွင်း နိုင်ငံတကာပိတ်ဆို့အရေးယူမှုများကို ခံခဲ့ရသည့် အီရန် နှင့် ရုရှား နှစ်နိုင်ငံတို့သည် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကို အလေးပေးလုပ်ဆောင်မှုများနှင့်အတူ အခြားကဏ္ဍများစွာတွင် ဆက်ဆံရေးများကို ပိုမိုမြှင့်တင်ခဲ့ကြောင်း သိရသည်။

ယူကရိန်းနှင့်စစ်ပွဲတွင် အသုံးပြုရန်အတွက် အီရန်သည် စစ်လက်နက်ပစ္စည်းများကို ရုရှားကို ထောက်ပံ့ပေးခဲ့ကြောင်း ယူကရိန်းနှင့် ၎င်း၏ မဟာမိတ်အနောက်အုပ်စုနိုင်ငံများက စွပ်စွဲပြောဆိုခဲ့သည်။ သို့သော်လည်း အဆိုပါစွပ်စွဲပြောဆိုချက်များကို အီရန်ဖက်က ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။

ယခုလအစောပိုင်းတွင် အီရန်လေတပ်သည် လေ့ကျင့်ရေးလုပ်ငန်းများ နှင့် တိုက်ခိုက်ရေးစွမ်းရည်များကို ပိုမိုမြှင့်တင်ရန်အတွက် ရုရှားနိုင်ငံထံမှ YAK-130 အမျိုးအစား လေ့ကျင့်ရေးတိုက်လေယာဉ်တစ်စီးကို လက်ခံရယူခဲ့ကြောင်း အီရန်မီဒီယာများက ဖော်ပြခဲ့သည်။

အီရန် နှင့် ရုရှားတို့သည် နှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများအား ပိုမိုချဲ့ထွင်လုပ်ဆောင်သွားမည်ကို စိုးရိမ်မိကြောင်း အမေရိကန်အစိုးရက ပြီးခဲ့သည့် မေလတွင် ထုတ်ဖော်ပြောခဲ့သည်။

Zawgyi Version;
အေနာက္အုပ္စုႏိုင္ငံမ်ား၏ စိုးရိမ္မႈမ်ားျမင့္တက္ေနသည့္ၾကားက အီရန္ႏိုင္ငံသို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီး သြားေရာက္လည္ပတ္
Pika (NP News) - စက္တင္ဘာ ၂ဝ

႐ုရွားကာကြယ္ေရးဝန္ႀကီးဆာေဂးရႈိဂူသည္ အီရန္ႏိုင္ငံ တီဟီရန္ၿမိဳ႕သို႔ စက္တင္ဘာလ (၁၉)ရက္တြင္ ေရာက္ရွိလာခဲ့ၿပီး အီရန္ကာကြယ္ေရးအႀကီးတန္းအရာရွိမ်ားႏွင့္ေတြ႕ဆုံမႈမ်ား လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း အီရန္ႏိုင္ငံပိုင္ သတင္းေအဂ်င္စီ IRNA က ေဖာ္ျပခဲ့သည္။

႐ုရွားႏိုင္ငံသို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္း လာေရာက္လည္ပတ္ၿပီးေနာက္ ရက္ပိုင္းအၾကာတြင္ ႐ုရွားကာကြယ္ေရးဝန္ႀကီးက အီရန္ႏိုင္ငံကို ယခုကဲ့သို႔ ထပ္မံသြားေရာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔အျပင္ ဆာေဂးရႈိဂူသည္ အီရန္စစ္တပ္၏ ထိပ္တန္းစစ္ဦးစီးခ်ဳပ္ Mohammad Bagheri ႏွင့္ ပထမဆုံးေတြ႕ဆုံသြားမည္ျဖစ္ေၾကာင္း IRNA က ေျပာၾကားခဲ့သည္။

အဆိုပါေတြ႕ဆုံမႈအတြင္း ကာကြယ္ေရးဆိုင္ရာ သံတမန္ေရးရာဖြံ႕ၿဖိဳးတိုးတက္ေရး၊ ႏွစ္ႏိုင္ငံၾကား ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ပိုမိုခ်ဲ႕ထြင္ရန္၊ ၿခိမ္းေျခာက္မႈမ်ား ႏွင့္ ႏိုင္ငံတကာ အၾကမ္းဖက္မႈတို႔ကို ကိုင္တြယ္ေျဖရွင္းျခင္းမ်ား အပါအဝင္ အေၾကာင္းအရာအမ်ိဳးမ်ိဳးကို ေဆြးေႏြးသြားႏိုင္ဖြယ္ရွိေနေၾကာင္း IRNA ၏ ေဖာ္ျပခ်က္အရ သိရသည္။

႐ုရွားကာကြယ္ေရးဝန္ႀကီးဆာေဂးရႈိဂူသည္ အီရန္ကာကြယ္ေရးဝန္ႀကီးႏွင့္လည္း ေတြ႕ဆုံသြားမည္ျဖစ္ေၾကာင္း Tasnim သတင္းဌာနက အေစာပိုင္းတြင္ ေဖာ္ျပခဲ့သည္။

ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္း ႏိုင္ငံတကာပိတ္ဆို႔အေရးယူမႈမ်ားကို ခံခဲ့ရသည့္ အီရန္ ႏွင့္ ႐ုရွား ႏွစ္ႏိုင္ငံတို႔သည္ စစ္ေရးပူးေပါင္းေဆာင္႐ြက္မႈမ်ားကို အေလးေပးလုပ္ေဆာင္မႈမ်ားႏွင့္အတူ အျခားက႑မ်ားစြာတြင္ ဆက္ဆံေရးမ်ားကို ပိုမိုျမႇင့္တင္ခဲ့ေၾကာင္း သိရသည္။

ယူကရိန္းႏွင့္စစ္ပြဲတြင္ အသုံးျပဳရန္အတြက္ အီရန္သည္ စစ္လက္နက္ပစၥည္းမ်ားကို ႐ုရွားကို ေထာက္ပံ့ေပးခဲ့ေၾကာင္း ယူကရိန္းႏွင့္ ၎၏ မဟာမိတ္အေနာက္အုပ္စုႏိုင္ငံမ်ားက စြပ္စြဲေျပာဆိုခဲ့သည္။ သို႔ေသာ္လည္း အဆိုပါစြပ္စြဲေျပာဆိုခ်က္မ်ားကို အီရန္ဖက္က ျငင္းဆန္ပယ္ခ်ခဲ့ေၾကာင္း သိရသည္။

ယခုလအေစာပိုင္းတြင္ အီရန္ေလတပ္သည္ ေလ့က်င့္ေရးလုပ္ငန္းမ်ား ႏွင့္ တိုက္ခိုက္ေရးစြမ္းရည္မ်ားကို ပိုမိုျမႇင့္တင္ရန္အတြက္ ႐ုရွားႏိုင္ငံထံမွ YAK-130 အမ်ိဳးအစား ေလ့က်င့္ေရးတိုက္ေလယာဥ္တစ္စီးကို လက္ခံရယူခဲ့ေၾကာင္း အီရန္မီဒီယာမ်ားက ေဖာ္ျပခဲ့သည္။

အီရန္ ႏွင့္ ႐ုရွားတို႔သည္ ႏွစ္ႏိုင္ငံၾကား ကာကြယ္ေရးဆိုင္ရာပူးေပါင္းေဆာင္႐ြက္မႈမ်ားအား ပိုမိုခ်ဲ႕ထြင္လုပ္ေဆာင္သြားမည္ကို စိုးရိမ္မိေၾကာင္း အေမရိကန္အစိုးရက ၿပီးခဲ့သည့္ ေမလတြင္ ထုတ္ေဖာ္ေျပာခဲ့သည္။

Related news

© 2021. All rights reserved.