အကျဉ်းသားများကို လျှပ်စစ်ဓါတ်အားထုတ်လုပ်ရာတွင် အသုံးပြုရန် ယူကရိန်းလွှတ်တော်အမတ်တစ်ဦး အကြုံပြု

 967

Pika (NP News) - စက်တင်ဘာ ၂ဝ

ယူကရိန်းလွှတ်တော်အမတ်ဆာဂေးဂရစ်ဗ်ကိုသည် နိုင်ငံတွင်းရှိ အကျဉ်းထောင်လူဦးရေကို လျှပ်စစ်စွမ်းအင် အရင်းအမြစ်အဖြစ် အသုံးပြုရန် အကြံပြုပြောဆိုခဲ့ကြောင်း သိရသည်။

အကျဉ်းသားများကို လျှပ်စစ်ဓါတ်အားထုတ်လုပ်ရန်အတွက် စက်ဘီးဂျင်နရေတာများတွင် အသုံးပြုနိုင်ကြောင်း အာဏာရ ပြည်သူ့အစေခံပါတီမှ လွှတ်တော်အမတ်ဆာဂေးဂရစ်ဗ်ကိုက ပြောကြားခဲ့သည်။ အပြန်အလှန်အနေဖြင့် အကျဉ်းသားများ၏ ထောင်ဒဏ်သက်တမ်းကို လျှော့ချပေးသွားမည်ဖြစ်ကြောင်း ၎င်းက အကြုံပြုပြောခဲ့သည်။

၎င်းက "လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖို့အတွက် အကျဉ်းသားတွေကို အသုံးပြုဖို့ လွှတ်တော်ကို အဆိုပြုတင်သွင်း ထားပါတယ်။ စက်ဘီးဂျင်နရေတာတွေနဲ့အတူ အကျဉ်းသား(၅ဝဝဝဝ)ခန့်ကို လျှပ်စစ်ဓါတ်အားထုတ်လုပ်ရာမှာ အသုံးပြုဖို့ ရည်ရွယ်ထားပါတယ်။ အပြန်အလှန်အနေနဲ့ကတော့ အဲဒီအကျဉ်းသားတွေရဲ့ထောင်ဒဏ်သက်တမ်းကို တစ်နှစ်မှာ တစ်လ လျှော့ပေးသွားဖို့လည်း အဆိုပြုထားပါတယ်" ဟု ပြောခဲ့သည်။

အဆိုပါအစီအစဉ်အရ နိုင်ငံအတွင်းရှိ လျှပ်စစ်ဓါတ်အားလိုအပ်ချက်များကို အခြားနည်းလမ်းများဖြင့် ဖြေရှင်းနိုင် သည်ဆိုသည့်အချက်ကို ယူကရိန်းလူ့အဖွဲ့အစည်းအား သက်သေပြသွားနိုင်လိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် gym ရုံများကိုလည်း လျှပ်စစ်ဓါတ်အား ထုတ်လုပ်သည့်အဆောက်အဦးများအဖြစ် ပြောင်းလဲလုပ်ဆောင် နိုင်ကြောင်း ၎င်းက အကြုံပြုပြောခဲ့သည်။ ရာသီဥတု ပိုမိုအေးမလာမီ ရုရှားနှင့် ပဋိပက္ခအတွင်း ပျက်စီးသွားသော အခြေခံအဆောက်အဦးအားလုံးကို ပြန်လည်ပြုပြင်ရန် မဖြစ်နိုင်ကြောင်း ယူကရိန်းနိုင်ငံ လျှပ်စစ်ဓါတ်အားပေး ကုမ္ပဏီ Ukrenergo အကြီးအကဲ Vladimir Kudritsky က ပြီးခဲ့သည့်လတွင် သတိပေးပြောဆိုခဲ့သည်။ ထို့အပြင် ရုရှားဖက်က ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံအတွင်းရှိ အခြေခံအဆောက်အဦး ထက်ဝက်ခန့် ပျက်စီးသွားခဲ့ကြောင်း ၎င်းက ခန့်မှန်းပြောခဲ့သည်။

Zawgyi Version;
အက်ဥ္းသားမ်ားကို လွ်ပ္စစ္ဓါတ္အားထုတ္လုပ္ရာတြင္ အသုံးျပဳရန္ ယူကရိန္းလႊတ္ေတာ္အမတ္တစ္ဦး အႀကဳံျပဳ
Pika (NP News) - စက္တင္ဘာ ၂ဝ

ယူကရိန္းလႊတ္ေတာ္အမတ္ဆာေဂးဂရစ္ဗ္ကိုသည္ ႏိုင္ငံတြင္းရွိ အက်ဥ္းေထာင္လူဦးေရကို လွ်ပ္စစ္စြမ္းအင္ အရင္းအျမစ္အျဖစ္ အသုံးျပဳရန္ အႀကံျပဳေျပာဆိုခဲ့ေၾကာင္း သိရသည္။

အက်ဥ္းသားမ်ားကို လွ်ပ္စစ္ဓါတ္အားထုတ္လုပ္ရန္အတြက္ စက္ဘီးဂ်င္နေရတာမ်ားတြင္ အသုံးျပဳႏိုင္ေၾကာင္း အာဏာရ ျပည္သူ႔အေစခံပါတီမွ လႊတ္ေတာ္အမတ္ဆာေဂးဂရစ္ဗ္ကိုက ေျပာၾကားခဲ့သည္။ အျပန္အလွန္အေနျဖင့္ အက်ဥ္းသားမ်ား၏ ေထာင္ဒဏ္သက္တမ္းကို ေလွ်ာ့ခ်ေပးသြားမည္ျဖစ္ေၾကာင္း ၎က အႀကဳံျပဳေျပာခဲ့သည္။

၎က "လွ်ပ္စစ္ဓါတ္အားထုတ္လုပ္ဖို႔အတြက္ အက်ဥ္းသားေတြကို အသုံးျပဳဖို႔ လႊတ္ေတာ္ကို အဆိုျပဳတင္သြင္း ထားပါတယ္။ စက္ဘီးဂ်င္နေရတာေတြနဲ႔အတူ အက်ဥ္းသား(၅ဝဝဝဝ)ခန႔္ကို လွ်ပ္စစ္ဓါတ္အားထုတ္လုပ္ရာမွာ အသုံးျပဳဖို႔ ရည္႐ြယ္ထားပါတယ္။ အျပန္အလွန္အေနနဲ႔ကေတာ့ အဲဒီအက်ဥ္းသားေတြရဲ႕ေထာင္ဒဏ္သက္တမ္းကို တစ္ႏွစ္မွာ တစ္လ ေလွ်ာ့ေပးသြားဖို႔လည္း အဆိုျပဳထားပါတယ္" ဟု ေျပာခဲ့သည္။

အဆိုပါအစီအစဥ္အရ ႏိုင္ငံအတြင္းရွိ လွ်ပ္စစ္ဓါတ္အားလိုအပ္ခ်က္မ်ားကို အျခားနည္းလမ္းမ်ားျဖင့္ ေျဖရွင္းႏိုင္ သည္ဆိုသည့္အခ်က္ကို ယူကရိန္းလူ႔အဖြဲ႕အစည္းအား သက္ေသျပသြားႏိုင္လိမ့္မည္ျဖစ္ေၾကာင္း ၎က ေျပာၾကားခဲ့သည္။

ထို႔အျပင္ gym ႐ုံမ်ားကိုလည္း လွ်ပ္စစ္ဓါတ္အား ထုတ္လုပ္သည့္အေဆာက္အဦးမ်ားအျဖစ္ ေျပာင္းလဲလုပ္ေဆာင္ ႏိုင္ေၾကာင္း ၎က အႀကဳံျပဳေျပာခဲ့သည္။ ရာသီဥတု ပိုမိုေအးမလာမီ ႐ုရွားႏွင့္ ပဋိပကၡအတြင္း ပ်က္စီးသြားေသာ အေျခခံအေဆာက္အဦးအားလုံးကို ျပန္လည္ျပဳျပင္ရန္ မျဖစ္ႏိုင္ေၾကာင္း ယူကရိန္းႏိုင္ငံ လွ်ပ္စစ္ဓါတ္အားေပး ကုမၸဏီ Ukrenergo အႀကီးအကဲ Vladimir Kudritsky က ၿပီးခဲ့သည့္လတြင္ သတိေပးေျပာဆိုခဲ့သည္။ ထို႔အျပင္ ႐ုရွားဖက္က ဒုံးက်ည္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ ယူကရိန္းႏိုင္ငံအတြင္းရွိ အေျခခံအေဆာက္အဦး ထက္ဝက္ခန႔္ ပ်က္စီးသြားခဲ့ေၾကာင္း ၎က ခန႔္မွန္းေျပာခဲ့သည္။

Related news

© 2021. All rights reserved.