အာမေးနီးယားလူမျိုးများနေထိုင်သော ဒေသအား စစ်ဆင်ရေးများလုပ်ဆောင်နေခြင်းကို ရပ်တန့်ရန် အဇာဘိုင်ဂျန်အစိုးရကို အမေရိကန်သတိပေး

 908

Pika (NP News) - စက်တင်ဘာ ၂ဝ

အာမေးနီးယားလူမျိုး အများဆုံးနေထိုင်သော Nagorno-Karabakh ဒေသကို စစ်ဆင်ရေးများ လုပ်ဆောင်နေခြင်း အပေါ် ချက်ချင်းရပ်တန့်ရန် အဇာဘိုင်ဂျန်အစိုးရကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်က သတိပေးပြောဆိုခဲ့ကြောင်း သိရသည်။

ထို့အပြင် အဇာဘိုင်ဂျန်အစိုးရ လုပ်ရပ်များကို ဥရောပသမဂ္ဂ၊ အမေရိကန် နှင့် ရုရှားတို့က ပြစ်တင်ရှုတ်ချခဲ့ကြောင်း လည်း သိရသည်။ အန်တိုနီဘလင်ကန်က "အဇာဘိုင်ဂျန်အစိုးရရဲ့ စစ်ရေးဆောင်ရွက်မှုတွေဟာ လက်မခံနိုင်တဲ့ လုပ်ရပ်တစ်ခုဖြစ်ပြီး Nagorno-Karabakh မှာရှိတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေတွေကို ပိုမို ဆိုးရွားစေပါတယ်။ စစ်ဆင်ရေးများ လုပ်ဆောင်နေတာတွေကို ရပ်တန့်ဖို့ နဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ဆောင်ဖို့ အဇာဘိုင်ဂျန်အစိုးရကို ကျွန်တော်တို့ တိုက်တွန်းထားပါတယ်" ဟု ပြောဆိုခဲ့သည်။

အဆိုပါ ကိစ္စများကို အဆုံးသတ်ရန်အတွက် အန်တိုနီဘလင်ကန်သည် အဇာဘိုင်ဂျန်၊ အာမေးနီးယား နှစ်ဖက်လုံး နှင့် တွေ့ဆုံဆွေးနွေးမှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမည်မဖော်လိုသည့် အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာလ(၁၉)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။

အဇာဘိုင်ဂျန်အစိုးရသည် အကြမ်းဖက်မှုများကို ပြန်လည်လက်တုံ့ပြန်ခြင်းဟုခေါ်ဆိုသည့် စစ်ဆင်ရေးကို စက်တင်ဘာလ(၁၉)ရက် အစောပိုင်းတွင် စတင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါစစ်ဆင်ရေးသည် Nagorno-Karabakh ဒေသတွင် အာမေးနီးယား စစ်တပ်ထူထောင်ရေးလုပ်ငန်းများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်ကြောင်း အဇာဘိုင်ဂျန်က ပြောကြားခဲ့သည်။

သို့သော်လည်း Nagorno-Karabakh ဒေသတွင် စစ်တပ်များ ဖြန့်ကျက်ချထားခြင်းမျိုးမရှိကြောင်း နှင့် အဇာဘိုင်ဂျန်အစိုးရသည် အာမေးနီးယားလူမျိုးအား လူမျိုးတုံးသတ်ဖြတ်မှုများ လုပ်ဆောင်ရန် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း အာမေးနီးယားအစိုးရက ပြန်လည်တုံ့ပြန်ပြောခဲ့သည်။ ၂ဝ၂ဝ ပြည့်နှစ်တွင် အဇာဘိုင်ဂျန်နှင့် အာမေးနီးယားအစိုးရတို့သည် Nagorno-Karabakh ဒေသတွင် စတင်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်နိုင်ငံကြား အပစ်အခတ်ရပ်စဲရေးကို ရုရှားက ကြားဝင်စေ့စပ်ပေးခဲ့ပြီး ငြိမ်းချမ်းရေးတပ်ဖွဲ့များကို ဒေသတွင်းတွင် ထားရှိပေးခဲ့ကြောင်း သိရသည်။

အဆိုပါဒေသကို စစ်ဆင်ရေးများမလုပ်ဆောင်မီ ရုရှားအစိုးရအား အကြောင်းကြားခဲ့ကြောင်း အဇာဘိုင်ဂျန်အစိုးရက ပြောကြားခဲ့သည်။ သို့သော်လည်း အဆိုပါအကြောင်းကြားချက်သည် စစ်ဆင်ရေးများ မစတင်မီ တစ်မိနစ်အလိုလောက်တွင်သာ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ပြောကြားခဲ့သည်။

အမေရိကန်၏ မိတ်ဖက်နိုင်ငံများဖြစ်သော ပြင်သစ် နှင့် ဂျာမနီတို့သည် အဇာဘိုင်ဂျန်အစိုးရ၏ လုပ်ရပ်များကို ပြစ်တင်ရှုတ်ချခဲ့ပြီး အဆိုပါလုပ်ရပ်မှာ လက်ခံနိုင်စရာမရှိကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ကတ်သရင်းကို လွန်နာ က ပြောကြားခဲ့သည်။ ထို့အပြင် အာမေးနီးယားခွဲထွက်ရေးသမားများက လက်နက်ချမှသာ Nagorno-Karabakh ဒေသတွင် လုပ်ဆောင်နေသော စစ်ဆင်ရေးများကို ရပ်တန့်သွားမည်ဖြစ်ကြောင်း အဇာဘိုင်ဂျန်သမ္မတ က ထုတ်ဖော်ပြောခဲ့သည်။

Zawgyi Version;
အာေမးနီးယားလူမ်ိဳးမ်ားေနထိုင္ေသာ ေဒသအား စစ္ဆင္ေရးမ်ားလုပ္ေဆာင္ေနျခင္းကို ရပ္တန႔္ရန္ အဇာဘိုင္ဂ်န္အစိုးရကို အေမရိကန္သတိေပး
Pika (NP News) - စက္တင္ဘာ ၂ဝ

အာေမးနီးယားလူမ်ိဳး အမ်ားဆုံးေနထိုင္ေသာ Nagorno-Karabakh ေဒသကို စစ္ဆင္ေရးမ်ား လုပ္ေဆာင္ေနျခင္း အေပၚ ခ်က္ခ်င္းရပ္တန႔္ရန္ အဇာဘိုင္ဂ်န္အစိုးရကို အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးအန္တိုနီဘလင္ကန္က သတိေပးေျပာဆိုခဲ့ေၾကာင္း သိရသည္။

ထို႔အျပင္ အဇာဘိုင္ဂ်န္အစိုးရ လုပ္ရပ္မ်ားကို ဥေရာပသမဂၢ၊ အေမရိကန္ ႏွင့္ ႐ုရွားတို႔က ျပစ္တင္ရႈတ္ခ်ခဲ့ေၾကာင္း လည္း သိရသည္။ အန္တိုနီဘလင္ကန္က "အဇာဘိုင္ဂ်န္အစိုးရရဲ႕ စစ္ေရးေဆာင္႐ြက္မႈေတြဟာ လက္မခံႏိုင္တဲ့ လုပ္ရပ္တစ္ခုျဖစ္ၿပီး Nagorno-Karabakh မွာရွိတဲ့ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအေျခအေနေတြကို ပိုမို ဆိုး႐ြားေစပါတယ္။ စစ္ဆင္ေရးမ်ား လုပ္ေဆာင္ေနတာေတြကို ရပ္တန႔္ဖို႔ နဲ႔ တိုက္႐ိုက္ေတြ႕ဆုံေဆြးေႏြးပြဲေတြ လုပ္ေဆာင္ဖို႔ အဇာဘိုင္ဂ်န္အစိုးရကို ကြၽန္ေတာ္တို႔ တိုက္တြန္းထားပါတယ္" ဟု ေျပာဆိုခဲ့သည္။

အဆိုပါ ကိစၥမ်ားကို အဆုံးသတ္ရန္အတြက္ အန္တိုနီဘလင္ကန္သည္ အဇာဘိုင္ဂ်န္၊ အာေမးနီးယား ႏွစ္ဖက္လုံး ႏွင့္ ေတြ႕ဆုံေဆြးေႏြးမႈမ်ားကို လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း အမည္မေဖာ္လိုသည့္ အေမရိကန္အစိုးရ တာဝန္ရွိသူတစ္ဦးက စက္တင္ဘာလ(၁၉)ရက္တြင္ ထုတ္ေဖာ္ေျပာခဲ့သည္။

အဇာဘိုင္ဂ်န္အစိုးရသည္ အၾကမ္းဖက္မႈမ်ားကို ျပန္လည္လက္တုံ႔ျပန္ျခင္းဟုေခၚဆိုသည့္ စစ္ဆင္ေရးကို စက္တင္ဘာလ(၁၉)ရက္ အေစာပိုင္းတြင္ စတင္ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။ အဆိုပါစစ္ဆင္ေရးသည္ Nagorno-Karabakh ေဒသတြင္ အာေမးနီးယား စစ္တပ္ထူေထာင္ေရးလုပ္ငန္းမ်ားကို ပစ္မွတ္ထား တိုက္ခိုက္ျခင္း ျဖစ္ေၾကာင္း အဇာဘိုင္ဂ်န္က ေျပာၾကားခဲ့သည္။

သို႔ေသာ္လည္း Nagorno-Karabakh ေဒသတြင္ စစ္တပ္မ်ား ျဖန႔္က်က္ခ်ထားျခင္းမ်ိဳးမရွိေၾကာင္း ႏွင့္ အဇာဘိုင္ဂ်န္အစိုးရသည္ အာေမးနီးယားလူမ်ိဳးအား လူမ်ိဳးတုံးသတ္ျဖတ္မႈမ်ား လုပ္ေဆာင္ရန္ ႀကိဳးပမ္းေနျခင္း ျဖစ္ေၾကာင္း အာေမးနီးယားအစိုးရက ျပန္လည္တုံ႔ျပန္ေျပာခဲ့သည္။ ၂ဝ၂ဝ ျပည့္ႏွစ္တြင္ အဇာဘိုင္ဂ်န္ႏွင့္ အာေမးနီးယားအစိုးရတို႔သည္ Nagorno-Karabakh ေဒသတြင္ စတင္တိုက္ခိုက္ခဲ့ၿပီးေနာက္ ႏွစ္ႏိုင္ငံၾကား အပစ္အခတ္ရပ္စဲေရးကို ႐ုရွားက ၾကားဝင္ေစ့စပ္ေပးခဲ့ၿပီး ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕မ်ားကို ေဒသတြင္းတြင္ ထားရွိေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါေဒသကို စစ္ဆင္ေရးမ်ားမလုပ္ေဆာင္မီ ႐ုရွားအစိုးရအား အေၾကာင္းၾကားခဲ့ေၾကာင္း အဇာဘိုင္ဂ်န္အစိုးရက ေျပာၾကားခဲ့သည္။ သို႔ေသာ္လည္း အဆိုပါအေၾကာင္းၾကားခ်က္သည္ စစ္ဆင္ေရးမ်ား မစတင္မီ တစ္မိနစ္အလိုေလာက္တြင္သာ ထြက္ေပၚလာခဲ့ျခင္းျဖစ္ေၾကာင္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ မာရီယာဇာခါ႐ိုဗာက ေျပာၾကားခဲ့သည္။

အေမရိကန္၏ မိတ္ဖက္ႏိုင္ငံမ်ားျဖစ္ေသာ ျပင္သစ္ ႏွင့္ ဂ်ာမနီတို႔သည္ အဇာဘိုင္ဂ်န္အစိုးရ၏ လုပ္ရပ္မ်ားကို ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး အဆိုပါလုပ္ရပ္မွာ လက္ခံႏိုင္စရာမရွိေၾကာင္း ျပင္သစ္ႏိုင္ငံျခားေရးဝန္ႀကီး ကတ္သရင္းကို လြန္နာ က ေျပာၾကားခဲ့သည္။ ထို႔အျပင္ အာေမးနီးယားခြဲထြက္ေရးသမားမ်ားက လက္နက္ခ်မွသာ Nagorno-Karabakh ေဒသတြင္ လုပ္ေဆာင္ေနေသာ စစ္ဆင္ေရးမ်ားကို ရပ္တန႔္သြားမည္ျဖစ္ေၾကာင္း အဇာဘိုင္ဂ်န္သမၼတ က ထုတ္ေဖာ္ေျပာခဲ့သည္။

Related news

© 2021. All rights reserved.