အငြင်းပွားဒေသကျွန်းတွေအနီးထားရှိထားတဲ့ Buoy တွေကို ဖယ်ရှားပေးဖို့ တရုတ်ထံ ဂျပန်အစိုးရ တောင်းဆို

2134

ရောင်နီ (NP News) - စက်တင်ဘာ ၂၁
ဒိုင်ယာယူကျွန်း (သို့မဟုတ်) ဆမ်ကာကူကျွန်းလို့ လူသိများတဲ့ တရုတ်နိုင်ငံနဲ့ ဂျပန်နိုင်ငံကြားက အငြင်းပွားကျွန်းစုအနီး ပင်လယ်ပြင်မှာထားရှိထားတဲ့ Buoy တွကို ဖယ်ရှားပေးဖို့ ဂျပန်အစိုးရက တရုတ်အစိုးရထံ တောင်းဆိုလိုက်ပါတယ်။
အိုကီနာဝါ အနောက်တောင်ဘက် ရေမိုင် ၁၉ဝ ခန့်အကွာမှာ တည်ရှိတဲ့ သီးသန့်စီးပွားရေးဇုန် (EEZ) လို့လည်း သိကြတဲ့ လူသူနေထိုင်မှုမရှိတဲ့ အဆိုပါကျွန်းတွေကို ဂျပန်နိုင်ငံက ၁၈၉၅ ခုနှစ်ကတည်းက ထိန်းချုပ်ထားတာဖြစ်ပေမယ့် ထိုင်ဝမ်ကလည်း အဆိုပါကျွန်းကို ၎င်းရဲ့အပိုင်အဖြစ် ဆိုထားပါတယ်။
ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအရ အဆိုပါ EEZ ဟာ ရေမိုင် ၂ဝဝ အထိ တိုးချဲ့လာနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ဂျပန်ကမ်းခြေစောင့်တပ်က ဇူလိုင်လကစလို့ တရုတ်ရဲ့ Buoy တွေ အဆိုပါကျွန်းတွေအနီး ရစ်ဝဲနေတယ်လို့ အရှေ့တရုတ်ပင်လယ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
"နိုင်ငံတကာဥပဒေတွေကို ဆန့်ကျင်နေတဲ့ အဲဒီ Buoy တွေကို ချက်ချင်းဖယ်ရှားပေးဖို့ ကျွန်တော်တို့ တောင်းဆိုထားပါတယ်” လို့ အမည်မဖော်လိုတဲ့အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ ၂ဝ၁၈ ခုနှစ်ကလည်း ဂျပန်နိုင်ငံရဲ့ EEZ ဧရိယာမှာ Buoy တစ်ခု ချထားခဲ့ဖူးတယ်လို့ အဆိုပါအရာရှိက ပြောကြားခဲ့ပါတယ်။ အဲဒီတုန်းကလည်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ကျွန်းတွေတစ်ဝိုက်မှာ တရုတ်နိုင်ငံရဲ့ မညှာမတာကျူးကျော်မှုလို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ၂ဝ၂ဝ ပြည့်နှစ်က ဆမ်ကာကူကျွန်းတွေတစ်ဝိုက်မှာ ရက်ပေါင်း ၃၃၃ ရက်အတွင်း တရုတ်ကမ်းခြေစောင့်သင်္ဘောတွေကို ၁၁၁ ရက်ဆက်တိုက် ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ဖိလစ်ပိုင်ကလည်း တရုတ်ဟာ အငြင်းပွား တောင်တရုတ်ပင်လယ်မှာ ကမ်းခြေစောင့်တပ်ကို တိုးမြှင့်ခဲ့ပြီး အန္တရာယ်ရှိတဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေတယ်လို့ ဆိုထားပါတယ်။

Zawgyi Version;
အျငင္းပြားေဒသကြၽန္းေတြအနီးထားရွိထားတဲ့ Buoy ေတြကို ဖယ္ရွားေပးဖို႔ တ႐ုတ္ထံ ဂ်ပန္အစိုးရ ေတာင္းဆို
ေရာင္နီ (NP News) - စက္တင္ဘာ ၂၁
ဒိုင္ယာယူကြၽန္း (သို႔မဟုတ္) ဆမ္ကာကူကြၽန္းလို႔ လူသိမ်ားတဲ့ တ႐ုတ္ႏိုင္ငံနဲ႔ ဂ်ပန္ႏိုင္ငံၾကားက အျငင္းပြားကြၽန္းစုအနီး ပင္လယ္ျပင္မွာထားရွိထားတဲ့ Buoy တြကို ဖယ္ရွားေပးဖို႔ ဂ်ပန္အစိုးရက တ႐ုတ္အစိုးရထံ ေတာင္းဆိုလိုက္ပါတယ္။
အိုကီနာဝါ အေနာက္ေတာင္ဘက္ ေရမိုင္ ၁၉ဝ ခန႔္အကြာမွာ တည္ရွိတဲ့ သီးသန္႔စီးပြားေရးဇုန္ (EEZ) လို႔လည္း သိၾကတဲ့ လူသူေနထိုင္မႈမရွိတဲ့ အဆိုပါကြၽန္းေတြကို ဂ်ပန္ႏိုင္ငံက ၁၈၉၅ ခုႏွစ္ကတည္းက ထိန္းခ်ဳပ္ထားတာျဖစ္ေပမယ့္ ထိုင္ဝမ္ကလည္း အဆိုပါကြၽန္းကို ၎ရဲ႕အပိုင္အျဖစ္ ဆိုထားပါတယ္။
ပင္လယ္ျပင္ဥပေဒဆိုင္ရာ ကုလသမဂၢကြန္ဗင္းရွင္းအရ အဆိုပါ EEZ ဟာ ေရမိုင္ ၂ဝဝ အထိ တိုးခ်ဲ႕လာႏိုင္ဖြယ္ရွိတယ္လို႔ သိရပါတယ္။ ဂ်ပန္ကမ္းေျခေစာင့္တပ္က ဇူလိုင္လကစလို႔ တ႐ုတ္ရဲ႕ Buoy ေတြ အဆိုပါကြၽန္းေတြအနီး ရစ္ဝဲေနတယ္လို႔ အေရွ႕တ႐ုတ္ပင္လယ္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။
"ႏိုင္ငံတကာဥပေဒေတြကို ဆန႔္က်င္ေနတဲ့ အဲဒီ Buoy ေတြကို ခ်က္ခ်င္းဖယ္ရွားေပးဖို႔ ကြၽန္ေတာ္တို႔ ေတာင္းဆိုထားပါတယ္” လို႔ အမည္မေဖာ္လိုတဲ့အရာရွိတစ္ဦးက ေျပာၾကားခဲ့ပါတယ္။
တ႐ုတ္ႏိုင္ငံဟာ ၂ဝ၁၈ ခုႏွစ္ကလည္း ဂ်ပန္ႏိုင္ငံရဲ႕ EEZ ဧရိယာမွာ Buoy တစ္ခု ခ်ထားခဲ့ဖူးတယ္လို႔ အဆိုပါအရာရွိက ေျပာၾကားခဲ့ပါတယ္။ အဲဒီတုန္းကလည္း ဂ်ပန္ကာကြယ္ေရးဝန္ႀကီးဌာနက ကြၽန္းေတြတစ္ဝိုက္မွာ တ႐ုတ္ႏိုင္ငံရဲ႕ မညႇာမတာက်ဴးေက်ာ္မႈလို႔ ေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ ၂ဝ၂ဝ ျပည့္ႏွစ္က ဆမ္ကာကူကြၽန္းေတြတစ္ဝိုက္မွာ ရက္ေပါင္း ၃၃၃ ရက္အတြင္း တ႐ုတ္ကမ္းေျခေစာင့္သေဘၤာေတြကို ၁၁၁ ရက္ဆက္တိုက္ ရွာေဖြေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။
ဖိလစ္ပိုင္ကလည္း တ႐ုတ္ဟာ အျငင္းပြား ေတာင္တ႐ုတ္ပင္လယ္မွာ ကမ္းေျခေစာင့္တပ္ကို တိုးျမႇင့္ခဲ့ၿပီး အႏၲရာယ္ရွိတဲ့ စစ္ေရးေလ့က်င့္မႈေတြ ျပဳလုပ္ေနတယ္လို႔ ဆိုထားပါတယ္။