အီရန်နိုင်ငံက နျူကလီးယားလက်နက်ပိုင်ဆိုင်သွားမယ်ဆိုရင် ဆော်ဒီအာရေဗျနိုင်ငံကလည်း နျူကလီးယားလက်နက်ရရှိအောင် လုပ်ဆောင်မယ်

 749

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၁

ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသားက အီရန်နိုင်ငံ နျူကလီးယားလက်နက်ပိုင်ဆိုင်သွားမယ်ဆိုရင် ဆော်ဒီအာရေဗျ နိုင်ငံကလည်း နျူကလီးယားလက်နက်ပိုင်ဆိုင်အောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက် ပါတယ်။

ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသားဖြစ်သူ မိုဟာမက်ဘင်ဆယ်လ်မန်က "အီရန်နိုင်ငံဟာ နျူကလီးယားလက်နက် တစ်ခုပိုင်ဆိုင်ရင် ကျွန်တော်တို့ကလည်း တစ်ခုရရှိအောင်လုပ်ဆောင်မယ်" လို့ ပြောပါတယ်။

ဘယ်နိုင်ငံမဆို နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့အခါတိုင်း ဆော်ဒီအာရေဗျနိုင်ငံက စိုးရိမ်မှုဖြစ်မိကြောင်း၊ နျူကလီးယားလက်နက် ပိုင်ဆိုင်ထားပေမယ့်လည်း ဒုတိယကမ္ဘာစစ်နောက်ပိုင်းဖြစ်ပွားတဲ့စစ်ပွဲတွေမှာ နျူကလီးယားလက်နက်အသုံးပြုခြင်းမျိုးတော့ မရှိသေးကြောင်း ၎င်းက ပြောပါတယ်။

အမေရိကန်သမ္မတ ဟောင်းဒေါ်နယ်ထရမ့်လက်ထက်ဖြစ်တဲ့ ၂ဝ၁၅ ခုနှစ်မှာ အမေရိကန်အစိုးရဟာ အီရန်နိုင်ငံနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေချုပ်ဆိုထားတဲ့ နျူကလီးယားစာချုပ်ကနေ နုတ်ထွက်သွားခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် သမ္မတဂျိုးဘိုင်ဒန်လက်ထက်မှာတော့ အမေရိကန်အစိုးရဟာ အီရန်နိုင်ငံ နဲ့ နျူကလီးယားစာချုပ်ကိစ္စ တွေကို ပြန်လည်စေ့စပ်ဆွေးနွေးဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။

အီရန်နိုင်ငံက နျူကလီးယားလက်နက်များ ပိုင်ဆိုင်ဖို့ ကြိုပမ်းလာခြင်းဟာ ဒေသအတွင်း တည်ငြိမ်ရေးကို ခြိမ်းခြောက်မှုအဖြစ် ရှုမြင်တာမျိုးတွေလည်းရှိနေပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံက ၎င်းတို့အနေနဲ့ လာမယ့် နှစ်ပေါင်း ၂ဝ အတွင်း အမေရိကန်ဒေါ်လာ ၈ဝ ဘီလျံ အကုန်ခံပြီး နျူကလီးယားဓါတ်ပေါင်းဖို ၁၆ ခု တည်ဆောက်ဖို့ စီစဉ်နေကြောင်း ၂ဝ၁၆ ခုနှစ်က သတင်းထုတ်ပြန်ထားပါတယ်။

ဆော်ဒီအာရေဗျဘုရင်ဟာ နိုင်ငံ အဏုမြူစွမ်းအင်အေဂျင်စီကို ငြိမ်းချမ်းတဲ့ရည်ရွယ်ချက်နဲ့ နျူကလီးယားကို အကန့်အသတ်နဲ့အသုံးပြုဖို့ ခွင့်ပြုပေးထားကြောင်း သိရပါတယ်။

Zawgyi Version;
အီရန္ႏိုင္ငံက န်ဴကလီးယားလက္နက္ပိုင္ဆိုင္သြားမယ္ဆိုရင္ ေဆာ္ဒီအာေရဗ်ႏိုင္ငံကလည္း န်ဴကလီးယားလက္နက္ရရွိေအာင္ လုပ္ေဆာင္မယ္
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၁

ေဆာ္ဒီအာေရဗ်အိမ္ေရွ႕မင္းသားက အီရန္ႏိုင္ငံ န်ဴကလီးယားလက္နက္ပိုင္ဆိုင္သြားမယ္ဆိုရင္ ေဆာ္ဒီအာေရဗ် ႏိုင္ငံကလည္း န်ဴကလီးယားလက္နက္ပိုင္ဆိုင္ေအာင္ လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ ပါတယ္။

ေဆာ္ဒီအာေရဗ် အိမ္ေရွ႕မင္းသားျဖစ္သူ မိုဟာမက္ဘင္ဆယ္လ္မန္က "အီရန္ႏိုင္ငံဟာ န်ဴကလီးယားလက္နက္ တစ္ခုပိုင္ဆိုင္ရင္ ကြၽန္ေတာ္တို႔ကလည္း တစ္ခုရရွိေအာင္လုပ္ေဆာင္မယ္" လို႔ ေျပာပါတယ္။

ဘယ္ႏိုင္ငံမဆို န်ဴကလီးယားလက္နက္ပိုင္ဆိုင္တဲ့အခါတိုင္း ေဆာ္ဒီအာေရဗ်ႏိုင္ငံက စိုးရိမ္မႈျဖစ္မိေၾကာင္း၊ န်ဴကလီးယားလက္နက္ ပိုင္ဆိုင္ထားေပမယ့္လည္း ဒုတိယကမာၻစစ္ေနာက္ပိုင္းျဖစ္ပြားတဲ့စစ္ပြဲေတြမွာ န်ဴကလီးယားလက္နက္အသုံးျပဳျခင္းမ်ိဳးေတာ့ မရွိေသးေၾကာင္း ၎က ေျပာပါတယ္။

အေမရိကန္သမၼတ ေဟာင္းေဒၚနယ္ထရမ့္လက္ထက္ျဖစ္တဲ့ ၂ဝ၁၅ ခုႏွစ္မွာ အေမရိကန္အစိုးရဟာ အီရန္ႏိုင္ငံနဲ႔ ကမာၻ႔အင္အားႀကီးႏိုင္ငံေတြခ်ဳပ္ဆိုထားတဲ့ န်ဴကလီးယားစာခ်ဳပ္ကေန ႏုတ္ထြက္သြားခဲ့ေၾကာင္း သိရပါတယ္။ ဒါေပမယ့္ သမၼတဂ်ိဳးဘိုင္ဒန္လက္ထက္မွာေတာ့ အေမရိကန္အစိုးရဟာ အီရန္ႏိုင္ငံ နဲ႔ န်ဴကလီးယားစာခ်ဳပ္ကိစၥ ေတြကို ျပန္လည္ေစ့စပ္ေဆြးေႏြးဖို႔ ႀကိဳးပမ္းေနေၾကာင္း သိရပါတယ္။

အီရန္ႏိုင္ငံက န်ဴကလီးယားလက္နက္မ်ား ပိုင္ဆိုင္ဖို႔ ႀကိဳပမ္းလာျခင္းဟာ ေဒသအတြင္း တည္ၿငိမ္ေရးကို ၿခိမ္းေျခာက္မႈအျဖစ္ ရႈျမင္တာမ်ိဳးေတြလည္းရွိေနပါတယ္။ ေဆာ္ဒီအာေရဗ်ႏိုင္ငံက ၎တို႔အေနနဲ႔ လာမယ့္ ႏွစ္ေပါင္း ၂ဝ အတြင္း အေမရိကန္ေဒၚလာ ၈ဝ ဘီလ်ံ အကုန္ခံၿပီး န်ဴကလီးယားဓါတ္ေပါင္းဖို ၁၆ ခု တည္ေဆာက္ဖို႔ စီစဥ္ေနေၾကာင္း ၂ဝ၁၆ ခုႏွစ္က သတင္းထုတ္ျပန္ထားပါတယ္။

ေဆာ္ဒီအာေရဗ်ဘုရင္ဟာ ႏိုင္ငံ အဏုျမဴစြမ္းအင္ေအဂ်င္စီကို ၿငိမ္းခ်မ္းတဲ့ရည္႐ြယ္ခ်က္နဲ႔ န်ဴကလီးယားကို အကန႔္အသတ္နဲ႔အသုံးျပဳဖို႔ ခြင့္ျပဳေပးထားေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.