အငြင်းပွားမှုများရှိလာခဲ့ပြီးနောက် ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ ကူညီထောက်ပံ့ပေးတော့မှာမဟုတ်ကြောင်း ပိုလန်ဝန်ကြီးချုပ် ထုတ်ဖော်ပြော

 1842

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၁

ပိုလန်နိုင်ငံအနေနဲ့ ၎င်းနိုင်ငံရဲ့လုံခြုံရေးကို ပိုမိုအာရုံစိုက်တော့မှာဖြစ်တဲ့အတွက် ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးမှာမဟုတ်တော့ကြောင်း ပိုလန်ဝန်ကြီးချုပ် Mateusz Morawiecki က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ပိုလန် နဲ့ ယူကရိန်းနိုင်ငံကြား သီးနှံတင်ပို့ရေးနဲ့ပတ်သက်ပြီး အငြင်းပွားမှုများရှိခဲ့ပြီးနောက် ပိုလန်အစိုးရက ယူကရိန်းကို စစ်လက်နက်ပစ္စည်းများကူညီပေးတာတွေ ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ယူကရိန်း နဲ့ ရုရှားတို့ စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပိုလန်ဟာ ယူကရိန်းကို စစ်လက်နက်ပစ္စည်းများအချိန်တစ်နှစ်ကျော်ကြာ ကူညီထောက်ပံ့ပေးခဲ့ကြောင်းသိရပါတယ်။ ပိုလန်ဝန်ကြီးချုပ်က "ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးဖို့ သင်္ဘောတွေ စေလွှတ်တော့မှာမဟုတ်ဘူး။ ကျွန်တော်တို့ဟာ ကိုယ်နိုင်ငံအတွက် ခေတ်မီစစ်လက်နက်ပစ္စည်းတွေ ပိုမိုပိုင်ဆိုင်ရေးကို ဦးစားပေးလုပ်တော့မှာပါ။ ယူကရိန်းကို ကုန်သွယ်ရေးပိတ်ပင်မှုတွေလည်း လုပ်ဆောင်ဖွယ်ရှိနေပါတယ်" လို့ ပြောပါတယ်။

ပိုလန်နိုင်ငံရဲ့ဈေးကွက်အတွင်းမှာ ယူကရိန်းသီးနှံပစ္စည်းများရောင်းချခွင့်ပေးဖို့ ယူကရိန်းအစိုရရဲ့တောင်းဆိုချက်တွေနဲ့ပတ်သက်ပြီး နှစ်နိုင်ငံကြား အငြင်းပွားနေတာဖြစ်ကြောင်း သိရပါတယ်။
ပိုလန်သမ္မတကလည်း "ယူကရိန်းဟာ ကျွန်တော်တို့နိုင်ငံထံကနေ အကူညီတွေအများကြိး ရရှိခဲ့တာကို သတိရစေလိုတယ်။ ပိုလန်ဟာ ယူကရိန်းအတွက် အဓိကအရေးပါတဲ့နိုင်ငံဖြစ်တယ်ဆိုတာကိုလည်း သတိရစေလိုတယ်" လို့ပြောပါတယ်။

ပိုလန်နိုင်ငံရဲ့စစ်ရေးအကူအညီပေးမှုတွေ ရပ်တန့်လိုက်ပြီးနောက် ရုရှားနိုင်ငံအပေါ်ပြုလုပ်နေတဲ့ ယူကရိန်းရဲ့တန်ပြန်ထိုးစစ်ဆင်မှုတွေ ကြီးမားတဲ့သက်ရောက်မှုတွေရှိလာနိုင်ကြောင်း သုံးသပ်နေပါတယ။် ယူကရိန်းနဲ့ ရုရှားစစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေဟာ ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ၊ ကူညီပေးခြင်း၊ စစ်သင်တန်းတွေ လေ့ကျင့်သင်ကြားပေးခြင်း၊ထောက်လှမ်းရေးအချက်အလက်များ မျှဝေပေးခြင်းတွေကို လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

Zawgyi Version;
အျငင္းပြားမႈမ်ားရွိလာခဲ့ၿပီးေနာက္ ယူကရိန္းကို စစ္လက္နက္ပစၥည္းေတြ ကူညီေထာက္ပံ့ေပးေတာ့မွာမဟုတ္ေၾကာင္း ပိုလန္ဝန္ႀကီးခ်ဳပ္ ထုတ္ေဖာ္ေျပာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၁

ပိုလန္ႏိုင္ငံအေနနဲ႔ ၎ႏိုင္ငံရဲ႕လုံၿခဳံေရးကို ပိုမိုအာ႐ုံစိုက္ေတာ့မွာျဖစ္တဲ့အတြက္ ယူကရိန္းကို စစ္လက္နက္ပစၥည္းမ်ား ကူညီေထာက္ပံ့ေပးမွာမဟုတ္ေတာ့ေၾကာင္း ပိုလန္ဝန္ႀကီးခ်ဳပ္ Mateusz Morawiecki က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ပိုလန္ နဲ႔ ယူကရိန္းႏိုင္ငံၾကား သီးႏွံတင္ပို႔ေရးနဲ႔ပတ္သက္ၿပီး အျငင္းပြားမႈမ်ားရွိခဲ့ၿပီးေနာက္ ပိုလန္အစိုးရက ယူကရိန္းကို စစ္လက္နက္ပစၥည္းမ်ားကူညီေပးတာေတြ ရပ္တန႔္ဖို႔ ဆုံးျဖတ္လိုက္တာျဖစ္ပါတယ္။

ယူကရိန္း နဲ႔ ႐ုရွားတို႔ စစ္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ပိုလန္ဟာ ယူကရိန္းကို စစ္လက္နက္ပစၥည္းမ်ားအခ်ိန္တစ္ႏွစ္ေက်ာ္ၾကာ ကူညီေထာက္ပံ့ေပးခဲ့ေၾကာင္းသိရပါတယ္။ ပိုလန္ဝန္ႀကီးခ်ဳပ္က "ယူကရိန္းကို စစ္လက္နက္ပစၥည္းမ်ား ေထာက္ပံ့ေပးဖို႔ သေဘၤာေတြ ေစလႊတ္ေတာ့မွာမဟုတ္ဘူး။ ကြၽန္ေတာ္တို႔ဟာ ကိုယ္ႏိုင္ငံအတြက္ ေခတ္မီစစ္လက္နက္ပစၥည္းေတြ ပိုမိုပိုင္ဆိုင္ေရးကို ဦးစားေပးလုပ္ေတာ့မွာပါ။ ယူကရိန္းကို ကုန္သြယ္ေရးပိတ္ပင္မႈေတြလည္း လုပ္ေဆာင္ဖြယ္ရွိေနပါတယ္" လို႔ ေျပာပါတယ္။

ပိုလန္ႏိုင္ငံရဲ႕ေဈးကြက္အတြင္းမွာ ယူကရိန္းသီးႏွံပစၥည္းမ်ားေရာင္းခ်ခြင့္ေပးဖို႔ ယူကရိန္းအစိုရရဲ႕ေတာင္းဆိုခ်က္ေတြနဲ႔ပတ္သက္ၿပီး ႏွစ္ႏိုင္ငံၾကား အျငင္းပြားေနတာျဖစ္ေၾကာင္း သိရပါတယ္။
ပိုလန္သမၼတကလည္း "ယူကရိန္းဟာ ကြၽန္ေတာ္တို႔ႏိုင္ငံထံကေန အကူညီေတြအမ်ားႀကိး ရရွိခဲ့တာကို သတိရေစလိုတယ္။ ပိုလန္ဟာ ယူကရိန္းအတြက္ အဓိကအေရးပါတဲ့ႏိုင္ငံျဖစ္တယ္ဆိုတာကိုလည္း သတိရေစလိုတယ္" လို႔ေျပာပါတယ္။

ပိုလန္ႏိုင္ငံရဲ႕စစ္ေရးအကူအညီေပးမႈေတြ ရပ္တန႔္လိုက္ၿပီးေနာက္ ႐ုရွားႏိုင္ငံအေပၚျပဳလုပ္ေနတဲ့ ယူကရိန္းရဲ႕တန္ျပန္ထိုးစစ္ဆင္မႈေတြ ႀကီးမားတဲ့သက္ေရာက္မႈေတြရွိလာႏိုင္ေၾကာင္း သုံးသပ္ေနပါတယ။္ ယူကရိန္းနဲ႔ ႐ုရွားစစ္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္ အေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စုႏိုင္ငံေတြဟာ ယူကရိန္းကို စစ္လက္နက္ပစၥည္းေတြ၊ ကူညီေပးျခင္း၊ စစ္သင္တန္းေတြ ေလ့က်င့္သင္ၾကားေပးျခင္း၊ေထာက္လွမ္းေရးအခ်က္အလက္မ်ား မွ်ေဝေပးျခင္းေတြကို လုပ္ေဆာင္ခဲ့ေၾကာင္း သိရပါတယ္။

Picture

L Mone

21/09/2023 13:10

သီးနှံစျေးကွက်က အလုပယက်ဖြစ်နေကြတာပါ ...ယူကရိန်းက ဟိုးအရင်ငြိမ်းချမ်းနေချိန်မှာ..သီးနှံစျေးကွက်..အရမ်းမြင့်တယ်လေ...ဗျာ...

Related news

© 2021. All rights reserved.