ခရီးဆောင်အိတ်အတွင်း ဆပ်ပြာခွက်များဖြင့်ထည့်၍သယ်ဆောင်လာသည့် ကျပ်သိန်း(၅၀၀)ကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိ

829
သန့်ဇင်(NP News) - စက်တင်ဘာ ၂၁
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် ဆပ်ပြာခွက်များအတွင်း ထည့်၍သယ်ဆောင်လာသည့် ငွေကျပ်သိန်း(၅၅၀) တန်ဖိုးရှိ ဘိန်ဖြူများဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထား သည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်၊ နံနက် ၉နာရီခွဲအချိန်တွင် သပိတ်ကျင်းမြို့နယ်၊ ဖော့တောကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထိုသို့ စစ်ဆေးရှာဖွေခဲ့ရာ မန္တလေးမြို့မှ မြစ်ကြီးနားမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ကားပေါ်မှ လိုက်ပါလာသည့် မအေးစန္ဒာ၏ ခရီးဆောင်အိတ်အတွင်းမှ ဆပ်ပြာခွက်များအတွင်းထည့်ထားသော ငွေကျပ်သိန်း(၅၅၀) တန်ဖိုးရှိ ဘိန်းဖြူအလေးချိန် (၂ ဒသမ ၂) ကီလိုနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဆက်လက် စစ်ဆေးဖော်ထုတ်ချက်အရ မွန်းလွဲ ၁၂နာရီ ၄၀မိနစ်အချိန်တွင် ၎င်းငှားရမ်းနေထိုင်သည့် ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၅၄လမ်းနှင့်၅၅လမ်းကြား၊ ၂၉(C)လမ်းရှိ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ မနှင်းနှင်းဦးအား ငွေကျပ်(၈၅)သိန်းနှင့်အတူ လက်ကိုင်ဖုန်း တစ်လုံးတို့အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့(၂)ဦးအား သပိတ်ကျင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

zawgyi version
ခရီးေဆာင္အိတ္အတြင္း ဆပ္ျပာခြက္မ်ားျဖင့္ထည့္၍သယ္ေဆာင္လာသည့္ က်ပ္သိန္း(၅၀၀)ေက်ာ္တန္ဖိုးရွိ ဘိန္းျဖဴမ်ားဖမ္းဆီးရမိ
သန႔္ဇင္(NP News) - စက္တင္ဘာ ၂၁
မႏၲေလးတိုင္း၊ သပိတ္က်င္းၿမိဳ႕နယ္တြင္ ဆပ္ျပာခြက္မ်ားအတြင္း ထည့္၍သယ္ေဆာင္လာသည့္ ေငြက်ပ္သိန္း(၅၅၀) တန္ဖိုးရွိ ဘိန္ျဖဴမ်ားဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထား သည္။
မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က ၿပီးခဲ့သည့္ စက္တင္ဘာလ ၁၈ ရက္၊ နံနက္ ၉နာရီခြဲအခ်ိန္တြင္ သပိတ္က်င္းၿမိဳ႕နယ္၊ ေဖာ့ေတာေက်း႐ြာအနီးတြင္ ေမာ္ေတာ္ယာဥ္မ်ားအား စစ္ေဆးရွာေဖြစဥ္ ရွာေဖြေတြ႕ရွိခဲ့ျခင္းျဖစ္သည္။
ထိုသို႔ စစ္ေဆးရွာေဖြခဲ့ရာ မႏၲေလးၿမိဳ႕မွ ျမစ္ႀကီးနားၿမိဳ႕ဘက္သို႔ ေမာင္းႏွင္လာသည့္ ခရီးသည္တင္ကားေပၚမွ လိုက္ပါလာသည့္ မေအးစႏၵာ၏ ခရီးေဆာင္အိတ္အတြင္းမွ ဆပ္ျပာခြက္မ်ားအတြင္းထည့္ထားေသာ ေငြက်ပ္သိန္း(၅၅၀) တန္ဖိုးရွိ ဘိန္းျဖဴအေလးခ်ိန္ (၂ ဒသမ ၂) ကီလိုႏွင့္ လက္ကိုင္ဖုန္းတစ္လုံးတို႔အား သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
ဆက္လက္ စစ္ေဆးေဖာ္ထုတ္ခ်က္အရ မြန္းလြဲ ၁၂နာရီ ၄၀မိနစ္အခ်ိန္တြင္ ၎ငွားရမ္းေနထိုင္သည့္ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ကန္ေကာက္ရပ္ကြက္၊ ၅၄လမ္းႏွင့္၅၅လမ္းၾကား၊ ၂၉(C)လမ္းရွိ ေနအိမ္အား ဝင္ေရာက္ရွာေဖြခဲ့ရာ မႏွင္းႏွင္းဦးအား ေငြက်ပ္(၈၅)သိန္းႏွင့္အတူ လက္ကိုင္ဖုန္း တစ္လုံးတို႔အား ထပ္မံသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၎တို႔(၂)ဦးအား သပိတ္က်င္းၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမႈဖြင့္အေရးယူထားၿပီး ကြင္းဆက္မ်ားအား စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။