ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေသည့် အငှားယာဉ်(၆)သောင်းကျော်တွင် (၅)သောင်းကျော် City Taxi မှတ်ပုံတင်ထား

3968
NP News - စက်တင်ဘာ ၂၁
ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် အငှားယာဉ်များကို စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်ဆောင်ရွက်ပေးလျက်ရှိရာ လက်ရှိအချိန်ထိ အစီးရေ ၅၃၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း YRTC မှ သိရသည်။
လက်ရှိတွင်ပြေးဆွဲနေသည့် အငှားယာဉ်အားလုံးနီးပါးမှတ်ပုံတင်ထားပြီး ကျန်ရှိနေသည့် အငှားယာဉ်များကို ကန့်သတ်နေများသို့ ဝင်ထွက်သွားလာခွင့်ပိတ်ပင်ထားကြောင်းသိရသည်။
ယခင်က ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခရိုင်အပေါ်အခြေခံ၍ City Taxi ယာဉ်၏ ဘေးစတေကာနံပါတ်များအား E၊ W၊ S၊ N သင်္ကေတများဖြင့် မှတ်ပုံတင်ဆောင်ရွက်ပေးခဲ့ပြီး ယခုအခါတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင်လေးခရိုင်မှ ၁၄ ခရိုင်သို့ ပြောင်းလဲဖွဲ့စည်းသတ်မှတ်ခဲ့ခြင်းကြောင့် မော်တော်ယာဉ်နံပါတ်များအား မြို့နယ်အလိုက် သင်္ကေတအမှတ်အသားများ ပြောင်းလဲသတ်မှတ်လျက်ရှိကြောင်း သိရသည်။
City Taxi ယာဉ်မှတ်ပုံတင်ဆောင်ရွက်ရာတွင် ယခင်ကကောက်ခံသည့်နှုန်းများ နှင့် ဒဏ်ကြေးများကို ကောက်ခံမည်မဟုတ်ဘဲ မှတ်ပုံတင်ခအနေဖြင့် ၃၀၀၀ ကျပ်၊ ယာဉ်မောင်းလိုင်စင်ခ ၆၀၀ ကျပ်၊ ယာဉ်မောင်း လိုင်စင်ကတ်စနစ် ၃၅၀၀ ကျပ် နှင့် ဘေးစတေကာနံပါတ်အတွက် ၁၂၀၀ ကျပ်ကောက်ခံမည်ဖြစ်သည့်အတွက် စုစုပေါင်းငွေကျပ် ၈၃၀၀ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် တက္ကစီယာဉ်အစီးရေ ၆၀၀၀၀ ကျော်ရှိနေကြောင်း YRTC ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

zawgyi version
ရန္ကုန္တိုင္းအတြင္း ေျပးဆြဲေနသည့္ အငွားယာဥ္(၆)ေသာင္းေက်ာ္တြင္ (၅)ေသာင္းေက်ာ္ City Taxi မွတ္ပုံတင္ထား
NP News - စက္တင္ဘာ ၂၁
ရန္ကုန္ၿမိဳ႕အတြင္း ေျပးဆြဲေနသည့္ အငွားယာဥ္မ်ားကို စီးတီးတကၠစီအျဖစ္ မွတ္ပုံတင္ေဆာင္႐ြက္ေပးလ်က္ရွိရာ လက္ရွိအခ်ိန္ထိ အစီးေရ ၅၃၀၀၀ ေက်ာ္ရွိၿပီျဖစ္ေၾကာင္း YRTC မွ သိရသည္။
လက္ရွိတြင္ေျပးဆြဲေနသည့္ အငွားယာဥ္အားလုံးနီးပါးမွတ္ပုံတင္ထားၿပီး က်န္ရွိေနသည့္ အငွားယာဥ္မ်ားကို ကန္႔သတ္ေနမ်ားသို႔ ဝင္ထြက္သြားလာခြင့္ပိတ္ပင္ထားေၾကာင္းသိရသည္။
ယခင္က ရန္ကုန္တိုင္းေဒသႀကီး ခ႐ိုင္ေလးခ႐ိုင္အေပၚအေျခခံ၍ City Taxi ယာဥ္၏ ေဘးစေတကာနံပါတ္မ်ားအား E၊ W၊ S၊ N သေကၤတမ်ားျဖင့္ မွတ္ပုံတင္ေဆာင္႐ြက္ေပးခဲ့ၿပီး ယခုအခါတြင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ခ႐ိုင္ေလးခ႐ိုင္မွ ၁၄ ခ႐ိုင္သို႔ ေျပာင္းလဲဖြဲ႕စည္းသတ္မွတ္ခဲ့ျခင္းေၾကာင့္ ေမာ္ေတာ္ယာဥ္နံပါတ္မ်ားအား ၿမိဳ႕နယ္အလိုက္ သေကၤတအမွတ္အသားမ်ား ေျပာင္းလဲသတ္မွတ္လ်က္ရွိေၾကာင္း သိရသည္။
City Taxi ယာဥ္မွတ္ပုံတင္ေဆာင္႐ြက္ရာတြင္ ယခင္ကေကာက္ခံသည့္ႏႈန္းမ်ား ႏွင့္ ဒဏ္ေၾကးမ်ားကို ေကာက္ခံမည္မဟုတ္ဘဲ မွတ္ပုံတင္ခအေနျဖင့္ ၃၀၀၀ က်ပ္၊ ယာဥ္ေမာင္းလိုင္စင္ခ ၆၀၀ က်ပ္၊ ယာဥ္ေမာင္း လိုင္စင္ကတ္စနစ္ ၃၅၀၀ က်ပ္ ႏွင့္ ေဘးစေတကာနံပါတ္အတြက္ ၁၂၀၀ က်ပ္ေကာက္ခံမည္ျဖစ္သည့္အတြက္ စုစုေပါင္းေငြက်ပ္ ၈၃၀၀ က်သင့္မည္ျဖစ္ေၾကာင္း သိရသည္။
လက္ရွိ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ေျပးဆြဲေနသည့္ တကၠစီယာဥ္အစီးေရ ၆၀၀၀၀ ေက်ာ္ရွိေနေၾကာင္း YRTC ၏ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။