လက်ရှိပေါ်ထွက်လာမည့် မိုးစပါးအား ကုန်သည်များဝယ်ယူရမည့် ဈေးနှုန်းကို MRF မှသတ်မှတ်ထုတ်ပြန်

6075
NP News - စက်တင်ဘာ ၂၁
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ ၂၀၂၃ ခုနှစ် မိုးစပါးပေါ်ထွက်ချိန် ဆန်စပါးဝယ်ယူရာတွင် သင့်တင့်မျှတ သည့် ဈေးနှုန်းများဖြစ်စေရန် ကုန်သည်များဝယ်ယူရမည့် ရည်ညွှန်းဈေးနှုန်းများကို သတ်မှတ်ထားသည်။

တောင်သူလယ်သမားများ စိုက်ပျိုးထုတ်လုပ်မှုအပေါ် ထိုက်သင့်သည့်အကျိုးအမြတ်ရရှိရေး၊ ကြိတ်ခွဲထုတ်လုပ် ရောင်းဝယ်သူများအတွက်လည်း ထိုက်သင့်သည့်အကျိုးအမြတ်ရရှိရေး၊ သင့်တင့်မျှတသော ဆန်ဈေးနှုန်းဖြစ်စေရေးအတွက် ရည်ရွယ်၍ သတ်မှတ်ထားခြင်းဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။
အဆိုပါ သတ်မှတ်ရည်ညွှန်းဈေးနှုန်းသည် ဧည့်မထ/ငစိန်စပါးများ တင်း (၁၀၀) လျှင် ငွေကျပ် (၁၃) သိန်းမှ (၁၅) သိန်းအတွင်း၊ ဧရာဝတီပေါ်ဆန်းစပါးများ တင်း (၁၀၀) လျှင် ငွေကျပ် (၁၆) သိန်းမှ (၁၈) သိန်းအတွင်း၊ ရွှေဘိုပေါ်ဆန်းစပါးများ တင်း (၁၀၀) လျှင် ငွေကျပ် (၁၈)သိန်းမှ (၂၀)သိန်းအတွင်း၊ ဧရာမင်း၊ ဧရာပဒေသာစပါးများတင်း (၁၀၀)လျှင် ငွေကျပ် (၁၆)သိန်းမှ (၁၈) သိန်းအတွင်း သတ်မှတ်ထားကြောင်း သိရသည်။
စပါးမှဆန်ဖြစ်ရန် အဆင့်များစွာဖြတ်ကျော်ရပြီး စိုက်ပျိုးရေး သွင်းအားစုများ၏ ဈေးနှုန်းများလည်း မြင့်တက်နေသည့်အတွက် အဆိုပါ သတ်မှတ်သည့်ဈေးဖြင့်ရောင်းချနိုင်ရန်ဆိုသည်မှာ မဖြစ်နိုင်ကြောင်း ဆန်စက်ပိုင်ရှင် တစ်ဦးကပြောသည်။
“အမှန်တကယ်လုပ်ရမှာက စပါးစိုက်ဖို့အတွက် သွင်းအားစုတွေ အများကြီးလိုတယ်။ ဥပမာ မြေဩဇာ။ ဒီဇယ်၊ ပေါင်းသတ်ဆေး စတာတွေပေါ့။ ဒါတွေအကုန်လုံး ဈေးတက်နေတာလေ။ သူများနိုင်ငံက ဝယ်နေရတာ။ ဒါတွေ ကျအောင် လုပ်နိုင်မှ ဆန်ဈေးက အလိုလိုကျသွားမှာ။ လယ်သမားကလည်း သူ့စပါးကို ကိုက်မှရောင်းမှာပေါ့။ စပါးဝယ်တဲ့သူကလဲ သူပြန်ရနိုင်မယ့်အမြတ်ကိုတွက်ပြီးဝယ်မှာပေါ့ ”ဟု ဧရာဝတီတိုင်းမှ ဆန်စက်ပိုင်ရှင်တစ်ဦးကပြောသည်။
အဆိုပါ စပါးဈေးနှုန်းများဖြင့်ဝယ်ယူရန် အခက်အခဲရှိပါက အသင်းချုပ်နှင့်ညီနောင်အသင်းများ၊ ကုန်စည်ဒိုင်များသို့ အသိပေးအကြောင်းကြားနိုင်ကြောင်း သိရသည်။

zawgyi version
လက္ရွိေပၚထြက္လာမည့္ မိုးစပါးအား ကုန္သည္မ်ားဝယ္ယူရမည့္ ေဈးႏႈန္းကို MRF မွသတ္မွတ္ထုတ္ျပန္
NP News - စက္တင္ဘာ ၂၁
ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္(MRF)မွ ၂၀၂၃ ခုႏွစ္ မိုးစပါးေပၚထြက္ခ်ိန္ ဆန္စပါးဝယ္ယူရာတြင္ သင့္တင့္မွ်တ သည့္ ေဈးႏႈန္းမ်ားျဖစ္ေစရန္ ကုန္သည္မ်ားဝယ္ယူရမည့္ ရည္ၫႊန္းေဈးႏႈန္းမ်ားကို သတ္မွတ္ထားသည္။
ေတာင္သူလယ္သမားမ်ား စိုက္ပ်ိဳးထုတ္လုပ္မႈအေပၚ ထိုက္သင့္သည့္အက်ိဳးအျမတ္ရရွိေရး၊ ႀကိတ္ခြဲထုတ္လုပ္ ေရာင္းဝယ္သူမ်ားအတြက္လည္း ထိုက္သင့္သည့္အက်ိဳးအျမတ္ရရွိေရး၊ သင့္တင့္မွ်တေသာ ဆန္ေဈးႏႈန္းျဖစ္ေစေရးအတြက္ ရည္႐ြယ္၍ သတ္မွတ္ထားျခင္းျဖစ္ေၾကာင္း ေၾကညာခ်က္အရ သိရသည္။
အဆိုပါ သတ္မွတ္ရည္ၫႊန္းေဈးႏႈန္းသည္ ဧည့္မထ/ငစိန္စပါးမ်ား တင္း (၁၀၀) လွ်င္ ေငြက်ပ္ (၁၃) သိန္းမွ (၁၅) သိန္းအတြင္း၊ ဧရာဝတီေပၚဆန္းစပါးမ်ား တင္း (၁၀၀) လွ်င္ ေငြက်ပ္ (၁၆) သိန္းမွ (၁၈) သိန္းအတြင္း၊ ေ႐ႊဘိုေပၚဆန္းစပါးမ်ား တင္း (၁၀၀) လွ်င္ ေငြက်ပ္ (၁၈)သိန္းမွ (၂၀)သိန္းအတြင္း၊ ဧရာမင္း၊ ဧရာပေဒသာစပါးမ်ားတင္း (၁၀၀)လွ်င္ ေငြက်ပ္ (၁၆)သိန္းမွ (၁၈) သိန္းအတြင္း သတ္မွတ္ထားေၾကာင္း သိရသည္။
စပါးမွဆန္ျဖစ္ရန္ အဆင့္မ်ားစြာျဖတ္ေက်ာ္ရၿပီး စိုက္ပ်ိဳးေရး သြင္းအားစုမ်ား၏ ေဈးႏႈန္းမ်ားလည္း ျမင့္တက္ေနသည့္အတြက္ အဆိုပါ သတ္မွတ္သည့္ေဈးျဖင့္ေရာင္းခ်ႏိုင္ရန္ဆိုသည္မွာ မျဖစ္ႏိုင္ေၾကာင္း ဆန္စက္ပိုင္ရွင္ တစ္ဦးကေျပာသည္။
“အမွန္တကယ္လုပ္ရမွာက စပါးစိုက္ဖို႔အတြက္ သြင္းအားစုေတြ အမ်ားႀကီးလိုတယ္။ ဥပမာ ေျမဩဇာ။ ဒီဇယ္၊ ေပါင္းသတ္ေဆး စတာေတြေပါ့။ ဒါေတြအကုန္လုံး ေဈးတက္ေနတာေလ။ သူမ်ားႏိုင္ငံက ဝယ္ေနရတာ။ ဒါေတြ က်ေအာင္ လုပ္ႏိုင္မွ ဆန္ေဈးက အလိုလိုက်သြားမွာ။ လယ္သမားကလည္း သူ႔စပါးကို ကိုက္မွေရာင္းမွာေပါ့။ စပါးဝယ္တဲ့သူကလဲ သူျပန္ရႏိုင္မယ့္အျမတ္ကိုတြက္ၿပီးဝယ္မွာေပါ့ ”ဟု ဧရာဝတီတိုင္းမွ ဆန္စက္ပိုင္ရွင္တစ္ဦးကေျပာသည္။
အဆိုပါ စပါးေဈးႏႈန္းမ်ားျဖင့္ဝယ္ယူရန္ အခက္အခဲရွိပါက အသင္းခ်ဳပ္ႏွင့္ညီေနာင္အသင္းမ်ား၊ ကုန္စည္ဒိုင္မ်ားသို႔ အသိေပးအေၾကာင္းၾကားႏိုင္ေၾကာင္း သိရသည္။